ပဲခူးမြို့တွင် ကျောင်းဆရာ၊ ဆရာမ မလုံလောက်လို့ တဦးလျှင် ၂ တန်းခွဲသင်နေရ
“ပဲခူးမှာ ကျောင်းတက်တဲ့ကလေးများပေမယ့် သင်ကြားရေးဆရာ၊ ဆရာမပိုင်း အင်အားနည်းနေပါတယ်။ ဆရာမ တယောက်ကို အတန်း ၂ ခုလောက် ခွသင်ပေးနေရတယ်။ အများစုက CDM ဝင်ကြပြီး တချို့က ရာထူးပြောင်းတွေ လုပ်နေကြတယ်။ CDM ဝင်သွားတဲ့ ဆရာမတွေနေရာမှာ သူတို့ကို(စစ်ကောင်စီ)ထောက်ခံတဲ့ ဆရာ၊ ဆရာမတွေကို ပြန်ထည့်ထားတယ်။ တချို့ ဆရာ၊ဆရာမတွေက CDMဝင်ချင်ကြပေမယ့် စကစခြိမ်းခြောက်ထားလို့ CDM မလုပ်ရတဲ့ ဆရာ၊ဆရာမတွေလည်းရှိပါသေးတယ် ”