Nan Khan

ဝမ်ပေါင် ကြေးနီစီမံကိန်းက ရဲကင်းဂိတ် ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံးဟု ဆို (ရုပ်/သံ)

“ဓားမဆိုင်းအနေနဲ့ အခုလို တရုတ်ဝမ်ပေါင်ကို သွားပစ်တာက ဒုတိယအကြိမ်ရှိပါပြီ၊ သွားရောက်ပစ်ခတ်ချိန်က ဘယ်လောက်မှ မကြာလိုက်ဘူး၊ ပြန်ဆုတ်ခွာတဲ့ အချိန်ပဲ ခက်ခဲတာ၊ ဘာလို့လည်းဆိုတော့ မိုးတွေရွာထားတဲ့အတွက် ရွံ့တွေ၊ ဗွက်တွေကြောင့် ဖိနပ်တောင်စီးလို့ မရပါဘူး။ ဒီနေ့ (ဇွန် ၁)မနက်မှာလည်း ဝမ်ပေါင်ထဲကို လေယာဉ်နဲ့ လူအင်အားတွေ ချထားတယ်လို့တော့ ကြားရတယ်”

စစ်တပ်က စစ်ကိုင်းနယ်က ရွာ ၂ ရွာကိုမီးရှို့လို့ နေအိမ် ၆ လုံးပျက်စီး

“သူတို့မနက်က သဗြူးရွာက အိမ် ၂ လုံးကို အရင်မီးရှို့တယ်။ ပြီတော့ ကုန်းတန်းလေးရွာထဲကို ဝင်လာပြီး သူတို့လိုက်ရှာနေတဲ့ လူတဦးရဲ့နေအိမ်ကို မီးလာရှို့လိုက်တယ်။ မီးရှို့ပြီးတော့ မအူပင်အနောက်ဘက်ကို ထွက်သွားတာ။ ထွက်သွားပြီး ကုန်းတန်းလေးရွာကို ပြန်လာတဲ့အချိန် မိုင်းမိသွားတော့ သူတို့ကား ၂ စီးက ကြေသွားတယ်။ အဲ့ဒါနဲ့ ကုန်းတန်းလေးရွာထဲဝင်ပြီ ထပ်ပြီ မီးရှို့တော့တာပဲ”

၂ ရက်အတွင်း ကျွန်းလှနယ်က ရွာ ၄ ရွာကို စစ်တပ်ကမီးရှို့ လို့ ဆေးခန်း ၁ ခုအပါ နေအိမ် ၂၅ လုံးပျက်စီး

“ဖမ်းဆီးခံရတဲ့ ရွာသားတွေတော့ မရှိပါဘူး၊ အခုချိန်ထိ ရွာသားအကုန်လုံးက ရွာထဲမဝင်ကြသေးဘူး။ တချို့တဝက်တွေပဲ ပြန်ဝင်နေကြတယ်။ တချို့ကတော့ တောထဲမှာ ပုန်းခိုနေကြတုန်းပဲ။ နောက်ထပ် စစ်ကြောင်းဝင်လာမှာစိုးလို့။ မီးရှို့ခံရတဲ့ကျေးရွာတွေက တရွာနဲ့တရွာ တမိုင်ခွဲလောက်ပဲ ဝေးကြတယ်”

ဝက်လက်မှာ စစ်တပ်က စစ်ကြောင်းထိုးလို့ ဒေသခံ ၂ ထောင်ကျော် ထွက်ပြေးနေရ

“အဲဒီ စကစတွေက မနေ့ (မေ ၃၀) ကတည်းက သခွတ္တောကျေးရွာမှာ တညအိပ်စခန်းချခဲ့တာ။ ဒီနေ့မနက် ပြန်ထွက်ချိန်တော့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့ပစ်ခတ်မှု ဖြစ်တယ်။ ကျနော်တို့ဘက်ကတော့ ထိခိုက်မှုမရှိပါဘူး၊ စကစတွေဘက်က ထိခိုက်မှုကိုတော့စုံစမ်းနေဆဲ။ အဲဒီစကစတွေက အရှေ့ဘက်ကို ပြန်တက်လာတော့ ရွာသားတွေထွက်ပြေးနေရတယ်၊ ထွက်ပြေးနေရတဲ့ ရွာသားဦးရေက ၂ ထောင်ကနေ ၅ ထောင်နီးပါးအထိ ရှိနိုင်တယ်”

ငါန်းဇွန်မှာ စစ်ကောင်စီယာဉ်တန်းကို မိုင်း ၁၅ လုံးဆွဲ တိုက်ခိုက်လို့ သေဆုံးမှုရှိ

“သူတို့ထွက်လာတာက ဖောကားတစီး၊ ထွေလာ (ထော်လာဂျီ)တစီး နဲ့ ဟိုက်ဂျက်တစီး စုစုပေါင်း ကား ၃ စီးနဲ့ ထွက်လာတာပါ။ ကျနော်တို့က ပွိုင့် ၂ ပွိုင့်နေရာယူပြီး မိုင်း ၁၅ လုံးဆွဲလိုက်တာပါ။ သူတို့ဘက်က ၂ ယောက်သေသွားတယ်လို့ ဖရဲသီး သတင်းပေးပို့ချက်အရ သိရပါတယ်။ ကျနော်တို့ မိုင်းဆွဲပြီတော့ စခဘက်က ရမ်းသမ်းပစ်ခတ်မှုတွေရှိတယ်။ ကျနော်တို့တွေတော့ ပြန်မပစ်ဘူးဗျ”

MSPDF မှ ကျဆုံးရဲဘော်အတွက် ၁ နှစ်ပြည့်အခမ်းအနားပြုလုပ်

“ညီမတို့အဖွဲ့ထဲမှာ ကျဆုံးတဲ့ရဲဘော်က ရဲလင်းတယောက်ပဲရှိတာရှင့်၊ သူက စိတ်ထားကောင်းတယ်၊ အနေအေးတယ်။ သဘောကောင်းတယ်။ တနှစ်ပြည့်သွားပေမဲ့လည်း မနေ့တနေ့ကလိုပါပဲ။ ရဲဘော် ရဲလင်း အမေကတော့ အောင်ပွဲကျသူ့သားအတွက် ပိုပြီး ဒေါက်ဖိနပ်စီးပြီး ကနေဦးမယ်ဆိုပြီး ငိုပြီးပြောတယ်”

လေယာဥ်ဆီတွေ သယ်လာတယ်ဆိုတဲ့ မီးသတ်ကားယာဥ်တန်း မိုင်းဆွဲခံရ( ရုပ်/သံ)

"ကျနော်တို့မိုင်းဆွဲလိုက်တော့ ကား ၅စီး ၆စီးမြောက်ကို ထိသွားတယ်လို့ထင်တယ်။ မိုင်းဆွဲတာနဲ့ပက်သက်ပြီး ထိခိုက်သေဆုံးတာတွေ နောက်ဆက်တွဲမသိသေးဘူး။ ဒါပေမဲ့ ကျနော်တို့ ထပ်ကြားရတာက မအူစစ်ဆေးရေးဂိတ်ရှိရဲ့သားနဲ့ မိုင်းဆွဲခံရမလားဆိုပြီးတော့ သူတို့အချင်းချင်း ပြသနာတွေဖြစ်နေတယ်လို့ ကြားရတယ်။ မီးသတ်ကားတွေထဲမှာလည်း သူတို့က လေယာဉ်ဆီတွေ သယ်လာတယ်လို့ ကျနော်တို့သတင်းရထားတယ်။"

ကျွန်းလှမြို့နယ်ထဲက ကျေးရွာ ၂ ရွာကို စစ်အုပ်စုကမီးရှို့၊ စစ်ဘေးရှောင်ရသူ တသောင်းကျော် ရှိလာ

“ကုက္ကိုကုန်းရွာက အခုလိုမီးရှို့ခံရတာပထမအကြိမ်ပါ။ ရွာသားတွေကတော့ ထွက်ပြေးနေရတုန်းပါ။ ဖမ်းဆီးခံရတဲ့ ရွာသားရှိမရှိကိုတော့ မသိရသေးဘူးဗျ။ နေအိမ်တွေဘယ်လောက် မီးထဲပါသွားလဲဆိုတာလည်း မသိရသေးပါဘူး။ လွှတ်တိုက်ရွာကိုတော့ မီးရှို့နေတုန်းပဲ၊ စကစတွေက ရွာထဲကနေမထွက်ရသေးဘူး။ အဲဒီရွာလည်း အခုမှ ပထအကြိမ်မီးရှို့ခံရတာပါ”

ရေစကြိုနယ်ထဲကရွာတွေကို စစ်ကြောင်း ၂ ကြောင်းခွဲပြီးမီးရှို့နေလို့ ဒေသခံ ၅၀၀၀ ကျော် ထွက်ပြေးနေရ

“အနောက်ဘက်ချင်းတွင်းမြစ်ဘက်ကလာတဲ့ စစ်ကြောင်းတကြောင်းနဲ့ ဧရာဝတီမြစ်ဘက်ကနေလာတဲ့ စစ်ကြောင်းပါ။ ဒီမနက်အထိမီးလောင်သွားတဲ့ အိမ်ခြေတွေကို မသိရသေးဘူး။ ရေယှားရွာကတော့ ၂၀၀ ဝန်းကျင်လောက် မီးထဲပါသွားတယ်လို့တော့ကြားရတယ်။ အတည်တော့မပြုနိုင်သေးဘူး ရွာသားတွေလည်း ရွာနားကိုဘယ်သူမှမကပ်ရဲသေးဘူး ”

ပခုက္ကူGTU ကျောင်းရှေ့က စစ်ကောင်စီဂိတ် ၂ ရက်ဆက် ဒရုန်းနဲ့ဗုံးကြဲခံရလို့ ၁ ဦးသေဆုံး ၂ ဦးဒဏ်ရာရဟုဆို

“ထိခိုက်သေဆုံးတာတွေကိုတော့ အတွင်းသတင်းအရသိရတာပါ ။ ဂိတ်စောင့်နေတဲ့ ၁ ကောင်ရယ်၊ ထမင်းချက်နေတဲ့ ၂ ကောင်သေတယ်လို့သိရတယ်။ သူတို့ကမထင်ရင်မထင်သလို လမ်းသွာ၊း လမ်းလာတွေကို ငွေညှစ်တယ်။ ရွာတွေကို ဆန် ၊ ဆီ ၊ ဆားတွေကိုသယ်တာမှာလည်း အဲ့ဂိတ်က အများကြီးသယ်ခွင့်မပေးတော့ဘူး”

ရေစကြို၊ မိဖုရားရွာကို စစ်တပ်က မီးရှို့၊ လက်နက်ကြီးနဲ့ပါပစ်လို့ အမျိုးသမီးတဦးသေဆုံး

“ဒီဘက်ကမ်းကိုရောက်တာနဲ့ သူတို့က တရစပ် လက်နက်ကြီးတွေ၊ စက်လက်နက်တွေနဲ့ ပစ်တယ်။ အခုချိန်ထိ နေအိမ်တွေ ဘယ်လောက်ထိ မီးထဲပါသွားလဲ မသိရသေးပါဘူး။ ရွာသားတွေလည်း ရွာထဲ မဝင်ရဲသေးဘူး၊ သေဆုံးသွားတဲ့သူက ကလေး ၂ ယောက်အမေလို့ သိရတယ်။ အသက် ၁၂ နှစ်အရွယ် မောင်ညီခန့်ဇင်က လက်နက်ကြီးထိမှန်သွားတယ်”

မိုင်းဆွဲခံရတဲ့စစ်အုပ်စုက ပင်းဇင်းရွာကိုမီးရှို့လို့ နေအိမ် ၁၃ လုံးပျက်ဆီး

“မိုင်းဆွဲတိုက်ခိုက်တဲ့အချိန် စစ်ကောင်စီဘက်က ၇ ယောက်လောက် ဒဏ်ရာရသွားတယ်လို့ ကြားတယ်။ ထိတွေ့ပစ်ခတ်မှုမှာတော့ ၃ ယောက်သေသွားတယ်။ သူတို့လဲ ကျသွားတာကို ကျနော်တို့ လှမ်းမြင်နေရတယ်။ ကျနော်တို့ဘက်ကတော့ ထိခိုက်ကျဆုံးတာတွေမရှိပါဘူး။ သူတို့က ပင်းဇင်းရွာထဲမှာလည်း အကြာကြီးမနေဘူး မီးရှို့ပြီတာနဲ့ ပြန်ထွက်တာပဲ။ ပင်းဇင်းရွာက အခုအကြိမ်နဲ့ဆို မီးရှို့ခံရတာ ၃ ကြိမ်ရှိပါပြီ”

ရွာမီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရလို့ ထိခိုက်သေဆုံးသူများဟုဆို

“မိုင်းဆွဲလိုက်တော့အလယ်ကားကို ထိသွားတယ်။ ထိခိုက်ဒဏ်ရာရသူတွေလည်း များနိုင်တယ်။ အတိအကျတော့ပြောလို့မရသေးပါဘူး။ မိုင်းဆွဲပြီတော့ သူတို့ဘက်ကလည်းလက်နက်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့တွေက အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။ အခုဆို မန်ကျည်းစုရွာနဲ့ ထိန်ပန်းရွာက ဒေသခံတွေ ထွက်ပြေးနေရတယ်”

ဓားစာခံအဖြစ် ဖမ်းဆီးခံရတဲ့ လှတောရွာသား ၁၅ ဦးအနက် ၃ ဦး ထွက်ပြေးလွတ်မြောက်

“သူတို့ကိုဖမ်းသွားကတည်းက ၅ ယောက်တဖွဲ့စီဖမ်းခေါ်သွားတယ်။ ဖမ်းခေါ်သွားတဲ့အချိန်မှာ သူတို့ကို ကျည်တွေ ထမ်းခိုင်းတယ်။ နောက်ပြီး ပြောသေးတယ်။ လှတောရွာကိုပြန်ဝင်ပြီ မီးရှို့ဦးမယ်ဆိုတာတွေ။ ဒီနေ့မနက်မိုးမလင်းတလင်းလောက်မှာ စကစတွေက အရက်သောက်ပြီး မူးနေတော့ သူတို့သုံးယောက်က အနောက်ပေါက်ကနေထွက်ပြေးခဲ့ကြတာ။ သူတို့နဲ့အတူ အခြားသူတွေလည်းထွက်ပြေးတယ်လို့ကြားတယ်။ အခုချိန်ထိတော့ ဘာသတင်းမှ မသိရသေးဘူး”

စစ်ကောင်စီတပ်က အမြင့်လမ်းပိုင်းမှာ ကား၊ဆိုင်ကယ်တွေကိုဖမ်းဆီးပြီး ကျပ် ၃ သိန်းအထိတောင်းယူနေဟုဆို

“အမြင့်မြို့ဟောင်းလမ်းပိုင်းကနေ ဖြတ်သန်းသွားလာနေတဲ့ ပြည်သူတွေဆီက ဆိုင်ကယ်တွေဖမ်းဆီးပြီး တစီးကို ၃ သိန်းနဲ့ ပြန်ရွေးခိုင်းတယ်။ ကားတွေဆို ကားပေါ်ပါတဲ့ပိုက်ဆံအကုန်ယူတယ်။ ဆိုင်ကယ်တွေဖမ်းပြီးရင် တရက်ထဲအပြီးရွေးခိုင်းတယ်။ သူတို့တောင်းတဲ့ငွေပမာဏ မပေးနိုင်ရင် တော်တော်တောင်းပန်ပြီးမှ တဝက်ကြေးပေးရတယ်”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10