စောကျော်ငြိမ်း

ဂန့်ဂေါနယ်ကစစ်ရှောင်စခန်းတခုမှာ သောက်သုံးရေခက်ခဲနေ

"ရေတွေက ခမ်းကုန်တော့ ရေရှားလာတယ်ဗျ။ အဝေးကနေ ရေသယ်ရတာ မလွယ်ပါဘူး။ သုံးရေနဲ့ သောက်ရေအတွက်ပါ ခက်ခဲလာတာပေါ့"

ဆောနယ်ကို လေယာဉ်နဲ့ဗုံးထပ်ကြဲ၊ လသားကလေးငယ်အပါအဝင် ၇ ဦးသေဆုံး

" ဘာတိုက်ပွဲမှလည်း မဖြစ်ဘူး။အဲဒါကို ဗုံးလာကြဲသွားတယ်။ အိမ် ၂ လုံး မီးလောင်ပြာကျသွားတယ်။ အိမ် ၉ လုံးလည်းပျက်စီးသွားတယ်။ သေဆုံးတာ ၇ ဦးနဲ့ ဒဏ်ရာရတာ ၉ ဦးရှိပါတယ်"

မကြီးအုပ်ရွာစာသင်ကျောင်း ဗုံးကြဲခံရမှု သေဆုံးသူ ၇ ဦးရှိလာပြီး ၂၃ ဦးဒဏ်ရာရ (ရုပ်/သံ)

"ကာကွယ်ရေးဘက်က ၄ ယောက်သေတယ်။ ပြည်သူက ၃ ယောက်သေတယ်။ ဒဏ်ရာရတဲ့သူတွေ ၂၃ ဦး ရှိတယ်။ အဲဒီအထဲက ခြေထောက်ဖြတ်ရတာ ၂ ယောက်နဲ့ လက်ဖြတ်လိုက်ရတာ ၃ ယောက်ရှိတယ် "

မကြီးအုပ်ရွာစာသင်ကျောင်း ဗုံးကြဲခံရမှု သေဆုံးသူ ၇ ဦးရှိလာပြီး ၂၃ ဦးဒဏ်ရာရ

"ကာကွယ်ရေးဘက်က ၄ ယောက်သေတယ်။ ပြည်သူက ၃ ယောက်သေတယ်။ ဒဏ်ရာရတဲ့သူတွေ ၂၃ ဦး ရှိတယ်။ အဲဒီအထဲက ခြေထောက်ဖြတ်ရတာ ၂ ယောက်နဲ့ လက်ဖြတ်လိုက်ရတာ ၃ ယောက်ရှိတယ် "

MBT တပ်ဖွဲ့မှာ မီးလောင်ဗုံးကို အောင်မြင်စွာထုတ်လုပ် (ရုပ်/သံ)

"**စခန်းတွေနဲ့ **ပျူရွာတွေကို တိုက်ခိုက်ဖို့ ထုတ်တာပါ။ တဖြည်းဖြည်းချင်း မီးစွဲလောင်တဲ့ ဗုံးမျိုးပေါ့။ မီးငြှိမ်းသတ်လေ လောင်အား ပိုကောင်းလေပဲ"

ဆားလင်းကြီးမှာ စစ်တပ်ကလက်နက်ကြီးနဲ့ပစ်လို့ ပြည်သူ ၁ ဦးဒဏ်ရာရပြီး နေအိမ် ၁၀ လုံးကျော်ပျက်စီး

"လက်နက်ကြီးနဲ့ တောက်လျှောက် ပစ်နေတာ။ ယောက်ျားတဦး ဒဏ်ရာရတယ်။ နေအိမ် အမိုးတွေလည်း ပျက်စီးတယ်။ ရွာသားတွေက စစ်ရှောင်နေရတယ်"

ရပ်ရွာလူထုအခြေပြု အထကကျောင်းမှာ အောင်လက်မှတ်ပေးအပ်ပြီး စုံညီပွဲတော်ပြုလုပ် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ ရပ်ရွာလူထုအခြေပြု အထက်တန်းကျောင်းတကျောင်းမှာ မေ ၉ ရက်က ပညာရေးစုံညီပွဲတော်ကို ပြုလုပ်ပေးခဲ့တယ်လို့ ရေစကြိုမြို့နယ် ပညာရေးမိသားစုဌာန PEC.5 ဆီက သိရပါတယ်။

ဆောနယ်ဘုန်းကြီးကျောင်းမှာ ဒေသဖွံ့ဖြိုးရေးအစည်းဝေးလုပ်ချိန် လေယာဥ်နဲ့ ဗုံးကြဲလို့ ပြည်သူ ၁၆ ဦးသေဆုံး၊ ၃၄ ဦးဒဏ်ရာရ

" မီးလောင်ဒဏ်ရာတွေနဲ့သေဆုံးတာ ၁၃ ဦးတွေ့ရတယ်။ လက်နက်ကြီးကျည်စမှန်ပြီး သေဆုံးတာ ၃ ဦး ရှိတယ်။ ဗုံးစထိမှန်လို့ ဒဏ်ရာရတာက ၃၄ ဦးရှိပါတယ်"

CDF-KKG တပ်ဖွဲ့က မိုင်းထိလို့ ကျဆုံးခဲ့တဲ့ရဲဘော်ကို ကောင်းမွန်စွာ ဂူသွင်းသင်္ဂြိုဟ်ပေး (ရုပ်/သံ)

" ရဲဘော်က ရှေ့တန်းမှာ ကိုယ့်မိုင်းကိုထိပြီး ကျဆုံးခဲ့တာပါ။ အရင်က အစိုးရဝန်ထမ်းပါ။ တပ်ဖွဲ့အနေနဲ့ ကောင်းမွန်စွာ သင်္ဂြိုဟ်ခဲ့ပါတယ် "

ငါန်းဇွန်နယ်အတွင်း တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က သေဆုံးသူများဟုဆို

"NRF တပ်ခွဲက ရဲဘော်တွေမှာ စစ်**သေနတ်တွေ ကိုင်ထားကြတယ်။ စစ်တပ်က သူတို့လူအထင်နဲ့ လှမ်းခေါ်တဲ့အချိန်မှာ ၄၀ မမ တလုံးပစ်လိုက်တာ (စစ်သား) ၄ ကောင်သေတယ်။ လက်နက်ငယ်နဲ့ ပစ်ဆုတ် ဆုတ်ခွာချိန်မှာ ၃ ကောင်ထပ်ကျတယ်”

လေပြင်းတိုက်၊ မိုးသီးကြွေကျလို့ ပျက်စီးသွားတဲ့ နေအိမ် ၃၅၀ ကျော်နဲ့ နှမ်းခင်းဧက ၅၀၀ (ရုပ်/သံ)

ရုတ်တရက် လေပြင်းတိုက်ခတ်ပြီး မိုးသီးများကြွေကျလာတာကြောင့် ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းရှိ တည်တော၊ သရက်ကန်၊ ကိုင်းကံ၊ မအုံး၊ မြင်းတန်းကျေးရွာက နေအိမ် ၃၅၀ ကျော် သွပ်အမိုးလန်တာ၊ ပြိုကျတာ၊ အိမ်ခေါင်မိုးပြုတ်ထွက်တာတွေဖြစ်ပြီး နှမ်းစိုက်ဧက ၅၀၀ နီးပါးပါ ပျက်စီးခဲ့ရတယ်လို့ ဆိုပါ တယ်။

မြစ်သားမှာ တာဝါတိုင်စောင့်စခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ စစ်သား ၁ ဦးသေဆုံး ၂ ဦးဒဏ်ရာရ

"ဗုံးသီး ၄ လုံးချ တိုက်ခိုက်ခဲ့တာပါ။ စစ်** ၁ ကောင်ပွဲချင်းပြီးသေတယ်။ ၂ ကောင် ဒဏ်ရာရခဲ့တယ်"

စားသုံးဆီဖူလုံဖို့စိုက်ပျိုးခဲ့တဲ့ CDF KKG ရဲ့ နေကြာစိုက်ခင်းတွေ အထွက်နှုန်းလျော့ကျ (ရုပ်/သံ)

ယခင်က နေကြာစိုက်ပျိုးရာမှာ ပုံမှန်ရာသီဥတုနဲ့ ရေရရှိမှုကောင်းမွန်ပါက ၁ ဧကကို နေကြာ ၁၀ တင်းအထက် ထွက်ရှိနိုင်ပေမယ့် ယခုစိုက်ပျိုးမှုမှာတော့ ၄ ဧကကိုမှ ၁၁ တင်းသာ ထွက်ရှိတဲ့အတွက် ပုံမှန်အထွက်နှုန်းရဲ့ တဝက်ခန့်ပင် မထွက်ခဲ့ဘူးလို့ သိရပါတယ်။

ယင်းမာပင်က စစ်ရှောင်တွေကို ရေဓာတ်ပြည့်ဝဖို့ ဓာတ်ဆားထုပ် ၃၀၀၀ ကျော် ထောက်ပံ့

"ကလေးတွေဆိုရင် အပူဖုတွေ၊ မျက်စိနာတာတွေ ဖျားနာတာတွေဖြစ်ကြတယ်။ လူကြီးတွေမှာ မူးဝေတာ အဖြစ်များနေပါတယ်။ ခန္ဓာကိုယ် ရေဓာတ်ပြည့်ဖို့ ဓာတ်ဆားတွေ မျှဝေပေးခဲ့တာ"

အင်တာနက်သုံးဖို့ သစ်ပင်တက်နေရသူတွေ (ရုပ်/သံ)

ဒေသခံတွေဟာ ဖုန်းတခါပြောဖို့နဲ့ အင်တာနက်သုံးဖို့အရေးကို သစ်ပင်ပေါ်နဲ့ တောင်ကုန်းတွေပေါ်တက်နေရပြီး တချို့ သော တော်လှန်ရေးအင်အားစုတွေကတော့ စတားလင့်ဂြိုလ်တုအင်တာနက်နဲ့ ချိတ်ပြီး ဆက်သွယ်နေကြပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10