စောကျော်ငြိမ်း

စလင်းမှာ ဒေါ်အောင်ဆန်းစုကြည် ၇၉ နှစ်ပြည့် မွေးနေ့လက်ဆောင်အဖြစ် အရိပ်ရပင် ၇၉ ပင်စိုက်ပျိုး

"အပူဒဏ်ကို လျှော့ချဖို့ သစ်ပင်စိုက်ကြစို့ " ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတန်ဖိုးထားတတ်စေဖို့နဲ့ အပူဒဏ်လျော့ကျစေဖို့ ရည်ရွယ်ပြီး မွေးနေ့လက်ဆောင်အဖြစ် စိုက်ပျိုးခဲ့တာလို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အဖြစ် ဆေးကုသမှုခက်ခဲတဲ့ဒေသက စစ်ရှောင်တွေကို ဆေးကုသပေး

"ဆေးကုဖို့ ခေါ်တာကတော့ ခဏခဏပါ။ ဆေးဝါးပြတ်တဲ့အထိ နေရာစုံ ကုပေးနေရတယ်။ ဒီရွာကုပေးရင် တခြားရွာတွေကလည်း ခေါ်ကြတယ်။ အခုလည်း ပြည်သူတွေ ထောက်ပံ့မှုနဲ့ အမေစုမွေးနေ့မှာ ကုသပေးရတာပါ"

အညာဒေသက PDF တပ်ဖွဲ့တွေမှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အမှတ်တရပွဲပြုလုပ်

အမှတ် ၁ စစ်ဒေသ၊ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း၊ သရက်ခရိုင် အမှတ် ၄ တပ်ရင်း၊ ပခုက္ကူခရိုင် Shwe Nyar Myae PDF၊ Khut Dawn Company Saw PDF၊ ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်း၊ မုံရွာခရိုင်တပ်ရင်း ၃ တပ်ခွဲ ၂ တပ်ဖွဲ့ဝင်တွေက ဒီနေ့ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်မြောက်မွေးနေ့ကို ဆုတောင်းရင်း ပန်းသပိတ်ပြုလုပ်ခဲ့ကြတာပါ။

ရေဦးမှာ စစ်တပ်ကပစ်တဲ့လက်နက်ကြီးထိလို့ အမျိုးသားတဦးသေဆုံး

အဲ့ဒီအမျိုးသားဟာ ဆေးခန်းကိုခေါ်သွားတဲ့လမ်းမှာ သေဆုံးခဲ့တာဖြစ်ပြီး အသက် ၁၉ နှစ်အရွယ် သူ့သမီးဖြစ်သူလည်း ခါးအောက်ပိုင်းမှာ မစိုးရိမ်ရဒဏ်ရာရခဲ့တဲ့အတွက် လက်ရှိအချိန်ထိ ဆေးကုသပေးနေရတယ်လို့ ဆိုပါတယ်။

ကျဆုံးရဲဘော် ၃ ဦးရဲ့ ၂ နှစ်ပြည့်အမှတ်တရအဖြစ် ဂူဗိမာန်ကိုသွားရောက် ဂါရဝပြု

"ရဲဘော် ၃ ဦးက တပြိုင်တည်း ကျဆုံးခဲ့တာပါ။ ကျနော်တို့ မိုင်းဆွဲတိုက်ခိုက်ရာမှာ လက်နက်ကြီးနဲ့ ကောင်တာပြန်တာခံရပြီး ထိမှန်တယ်။ ဖမ်းဆီးမိပြီးတော့ အသတ်ခံရတာဖြစ်ပါတယ်"

ဆားလင်းကြီးက စစ်ရှောင်အမျိုးသမီးတွေကို လစဥ်သုံးနဲ့ ငွေသားထောက်ပံ့

ကိုယ်ဝန်ဆောင်၊ လက်နက်ကြီးထိမှန်ဒဏ်ရာရရှိထားသူ၊ စစ်ကောင်စီလက်ချက်နဲ့ သေဆုံးခဲ့တဲ့ အမျိုးသမီးတွေရဲ့ မိသားစုဝင်အပါအဝင် စုစုပေါင်း ၂၆ ဦးအတွက် ၁ ဦးကို ၅ သောင်းနှုန်းနဲ့ ငွေကျပ် ၁၃ သိန်း ထောက်ပံ့ခဲ့တာလို့ ဆိုပါတယ်။

ပစ်မှတ်ကိုတိကျစွာပစ်နိုင်ဖို့ စစ်ခေါင်းဆောင်တွေကို ရုပ်ပုံပစ်မှတ်လုပ်ပြီး လေ့ကျင့်

" စစ်ခေါင်းဆောင်ပုံတွေ ချိတ်ဆွဲရထားတာက သာမန်ထက် စိတ်ခံစားချက်ပြင်းပြီး ဒေါသဖြစ်၊ ဝမ်းနည်းနေတဲ့အချိန်မှာတောင် ပစ်မှတ်ကိုမှန်အောင် ပစ်နိုင်ဖို့ပါ"

၅၀၀ - ၁၀၀၀ ကျပ်ကစပြီး ထောက်ပံ့လို့ရတဲ့ RKDF တပ်ဖွဲ့ရဲ့ ကမ်ပိန်းကာလ ထပ်မံတိုးမြှင့် (ရုပ်/သံ)

ကမ်ပိန်းကို ၂၀၁၄ မေ ၈ ရက်ကနေ ဇွန် ၈ ရက်အထိ ပြုလုပ်ခဲ့ရာ ၄၅ ရာခိုင်နှုန်းခန့်သာ ရရှိခဲ့တဲ့အတွက် ဇွန် ၈ ရက်ကနေ ဇူလိုင် ၈ ရက်အထိ သိန်း ၁၀၀၀ ပြည့်မီဖို့အတွက် ကမ်ပိန်းကာလကို ရက်ထပ်တိုးရတာ ဖြစ်ပါတယ်။

ချင်းဒေသစစ်ဆင်ရေးက ပြန်လာတဲ့ အောင်ပွဲရရဲဘော်တွေကို ဂုဏ်ပြုကြိုဆို၊ ကျဆုံးရဲဘော် ဂူဗိမာန်မှာ ဝင်ရောက်ဂါရဝပြု (ရုပ်/သံ)

မဟာမိတ်တပ်ဖွဲ့ဖြစ်တဲ့ ချင်းအမျိုးသားတပ်မတော်-CNA ရဲ့စစ်ရေးအကူအညီတောင်းခံမှုအရ ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံနဲ့ တီးတိန်မြို့နယ်တွေအတွင်းမှာ ၂ လခန့်ကြာ စစ်ဆင်ရေးတာဝန်တွေ သွားရောက်ထမ်းဆောင်ရာကနေ အောင်မြင်ပြီးဆုံးခဲ့တဲ့အတွက် မိခင်တပ်ဖွဲ့ကို ဇွန် ၆ ရက် ညပိုင်းမှာ ပြန်လည်ရောက်ရှိလာတာပါ။

ချင်းဒေသစစ်ဆင်ရေးက ပြန်လာတဲ့ အောင်ပွဲရရဲဘော်တွေကို ဂုဏ်ပြုကြိုဆို၊ ကျဆုံးရဲဘော် ဂူဗိမာန်မှာ ဝင်ရောက်ဂါရဝပြု

"ရဲဘော်တွေပြန်လာရာမှာ ပြည်သူလူထုကို အသိပေးတာ၊ ကြိုဆိုခိုင်းတာမျိုး မရှိခဲ့ပါဘူး။ တဆင့်စကား တဆင့်ကြားပြီး ပြည်သူတွေက ကြိုဆိုကြတာပါ။ သပြေပန်း၊ စံပယ်ပန်းတွေ အချိုရည်နဲ့မုန့်မျိုးစုံရော ဖုန်းဘေလ်တွေပါ ပေးခဲ့ကြတယ်။ အဲ့ဒီအတွက်လည်း ဝမ်းသာဂုဏ်ယူမိပါတယ် “

BTS Jin ​ကျွေးတဲ့ စစ်ရှောင်စခန်းက ထမင်းတနပ် (ရုပ်/သံ)

"K-Pop Fan တွေက လာလှူကြတာတွေရှိပါတယ်။ စစ်ရှောင်တွေအတွက် အထောက်အကူဖြစ်ပါတယ်။အဆိုတော် Jin အမှတ်တရ အလှူအတွက်လည်း ဝမ်းသာရပါတယ်"

BTS Jin ​ကျွေးတဲ့ စစ်ရှောင်စခန်းက ထမင်းတနပ်

BTS K-pop boy band အဖွဲ့ဝင်တဦးဖြစ်တဲ့ Jin ဟာ ၂၀၂၂ ဒီဇင်ဘာ ၁၃ ရက်မှာ စတင်စစ်မှုထမ်းခဲ့ရာ စစ်မှုထမ်းကာလ ၁၈ လပြည့်လို့ အိမ်ပြန်လာတဲ့ Jin အတွက် အမှတ်တရအနေနဲ့ JIN MYANMAR TEAM , MYANMAR ARMY အဖွဲ့က ကျွေးမွေးလှူဒါန်းခဲ့တာလို့ အညာပစ်တိုင်းထောင်လေးများ အဖွဲ့ဆီက သိရပါတယ်။

တော်လှန်ရေးအတွက်အသုံးပြုဖို့ ပြည်သူတဦးက ရွှေထည်ပစ္စည်းတွေထောက်ပံ့

"ရွှေထည်ပစ္စည်းတွေ ပြည်သူတဦးက ပေးခဲ့တာပါ။ တော်လှန်ရေးအတွက် လိုအပ်တဲ့နေရာမှာ သုံးဖို့ဆိုပြီးပေးခဲ့တာ။ တပ်ရင်းအနေနဲ့ အတိုင်းမသိ ဝမ်းသာပီတိဖြစ်မိပါတယ်"

ပဲခူးရိုးမမှာ PDF အမျိုးသမီးတွေဦးဆောင်ပြီး တပ်ရိက္ခာအတွက် သီးနှံများစိုက်ပျိုး (ရုပ်/သံ)

" အသီးအနှံစျေးတွေကကြီးတော့ နေ့တိုင်းစားဖို့အတွက် တိုင်ပင်ပြီး စိုက်ဖြစ်တာပါ။ မျိုးစေ့စိုက်တာပျိုးတာ ပေါင်းနှုတ်တာ ရေလောင်းတာတွေ ကျမတို့တွေပဲ နေ့တိုင်း လုပ်ကြပါတယ်"

ပေါက်နယ်က ပျူစောထီးစခန်း စီးနင်းခံရပြီး ပျူ ၅ ဦးသေ၊ သေနတ် ၉ လက်ရ

သစ်ချိုကုန်းရွာတိုက်ပွဲကနေ ရှော့ဂမ်း သေနတ် ၃ လက်နဲ့ တတောင့်ထိုးသေနတ် ၅ လက် ရရှိခဲ့တာဖြစ်ပြီး လက်နက်ခဲယမ်းအခြေအနေကြောင့် တပ်ဖွဲ့ဝင်တချို့ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10