စောကျော်ငြိမ်း

ဂန့်ဂေါနယ်က စစ်ရှောင်နဲ့ PDF ရဲဘော်တွေအတွက် ဆေးဝါးရရှိဖို့ခက်ခဲနေ (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက် ပေးရာမှာ ဆေးဝါးပစ္စည်းတွေရရှိဖို့ခက်ခဲနေတယ်လို့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -YPDF ဆီက သိရပါတယ်။

ဂန့်ဂေါနယ်က စစ်ရှောင်နဲ့ PDF ရဲဘော်တွေအတွက် ဆေးဝါးရရှိဖို့ခက်ခဲနေ

"ဆေးတွေ လိုတဲ့အချိန်မှာ လိုသလို မရပါဘူး။ မိုးရွာတော့ လမ်းတွေကလည်းမကောင်း၊ ဂိတ်တွေက စစ်တာနဲ့ ခရီးမတွင်ဘူးပေါ့။ ရှိတဲ့ဆေးဝါးနဲ့ပဲ အဆင်ပြေအောင် ကုပေးနေရတယ်"

တိုက်ပွဲမှာ လေးခွနဲ့ပစ်နေတဲ့ တော်လှန်ရေးရဲဘော် (ရုပ်/သံ)

တိုက်ပွဲအတွင်းမှာ Defender Of Motherland Force တပ်ဖွဲ့ကရဲဘော်အချို့ဟာ ကျည်ဆန်ကုန်သွားတာ‌ကြောင့်လေးခွနဲ့ပစ်ကာ ဆက်လက်တိုက်ပွဲခဲ့တယ်လို့လည်း ဆိုပါတယ်။

ကလေးနယ်မှာ ၃ နှစ်ကျော် စစ်ရှောင်နေရတဲ့ပြည်သူတွေကို ဆန်တင်း ၁၀၀ ကျော်ထောက်ပံ့ (ရုပ်/သံ)

" ရွာလုံးကျွတ် မီးရှို့ခံရတဲ့ရွာပါ။ အလုပ်အကိုင်လည်း ကြုံရာလုပ်ရပါတယ်။ ဝင်ငွေနဲ့ထွက်ငွေ မမျှကြပါဘူး။ စားဝတ်နေရေး ခက်ခဲနေကြပါတယ်"

မြောင်နယ်မှာ လိင်စိတ်ခံယူချက်ကွဲပြားသူတွေအကြောင်း အသိပညာပေးလှုပ်ရှားမှုပြုလုပ်(ရုပ်/သံ)

မြန်မာနိုင်ငံမှာရှိတဲ့ LGBTIQ တွေဟာ သူတို့ရဲ့ ဖြစ်တည်မှုကို လက်ခံနိုင်စေဖို့နဲ့ တန်းတူလူ့အခွင့်အရေးတွေရရှိဖို့အတွက် တိုက်ပွဲဝင်တောင်းဆိုနေကြသလို နွေဦးတော်လှန်ရေးစကတည်းက ပြည်သူတွေနဲ့အတူ လက်တွဲပြီး စစ်အာဏာရှင်ကို တွန်းလှန်ရာမှာလည်း တက်ကြွစွာနဲ့ ရှေ့တန်းက ပါဝင်နေသူတွေပါ။

စားဝတ်နေရေးခက်ခဲတဲ့ မီးဘေးသင့်စစ်ရှောင်တွေကို ကျပ်သိန်းပေါင်း ၁,၆၀၀ ကျော်ထောက်ပံ့

"ရွာလုံးကျွတ်မီးရှို့ခံထားရတဲ့ ရွာတွေလည်းရှိတယ်။ စစ်ကြောင်းဝင်တာ တိုက်ပွဲဖြစ်နေတာတွေနဲ့ နေရပ် မပြန်နိုင်သေးပါဘူး။ ကြုံရာအလုပ်တွေ လုပ်ကိုင်စားရတယ်။ အရမ်းကို ခက်ခဲတဲ့ စစ်ရှောင်တွေကို ထောက်ပံ့ပေးခဲ့တာပါ"

ချောင်းဦးရှိ ပျူစောထီးစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းဗုံး ၅ လုံးချတိုက်ခိုက်

" ဗုံးသီး ၁၀ လုံးချတိုက်ဖို့ ၅ လုံးပဲချနိုင်ခဲ့တယ်။ သူတို့ဘက်က ကောင်တာပြန်ပစ်တယ်။ တပ်ဖွဲ့အနောက်မှာ ကျတဲ့လက်နက်ကြီးက ထန်းပင်တောင် ပျက်စီးသွားတယ်"

PDF ၁ ဦးအတွက် မွေးနေ့လက်ဆောင် ပစ္စတိုသေနတ် ပေးအပ် (ရုပ်/သံ)

အထူးထောက်လှမ်းရေးအရာရှိ ကိုဖြိုး(ခ)အိုင်အို (IO)ရဲ့ ၃၅ နှစ်ပြည့်မွေးနေ့ဖြစ်တဲ့ ဇွန် ၂၀ ရက်မှာ တပ်ရင်းမှူးက သူကိုင်ဆောင်နေတဲ့ ၆၅ သိန်းတန် ပစ္စတိုသေနတ် SIG P320 အမျိုးအစားကို မွေးနေ့လက်ဆောင်အဖြစ် ချီးမြှင့်ပေးလိုက်တယ်လို့ ဓားမဆိုင်းတပ်မတော် တပ်ရင်းမှူး ဗိုလ်စွမ်း ကပြောပါတယ်။

စစ်ရှောင်စာသင်ကျောင်းက ကလေးတွေကို ဗလာစာအုပ်ထောက်ပံ့ပြီး အာဟာရကျွေးမွေး

"ကလေးငယ်တွေက အဆင်မပြေတာများပါတယ်။စာရေးကိရိယာဆိုလည်း ပြည့်စုံအောင်မရှိကြပါဘူး။ မိဘတွေက ကြုံရာကျပန်းအလုပ် လုပ်ကြသူတွေပါ။ထောက်ပံ့ကျွေးမွေးတဲ့အတွက် ဝမ်းသာရပါတယ်"

ရေမြက်နီရွာက စစ်ရှောင်တွေကို ပြည်ပကနေ ကျပ်သိန်း ၅၀ ထောက်ပံ့

"ထောက်ပံ့ငွေကို ခွဲဝေပေးထားပါတယ်။ စစ်တပ်က ရွာထဲမှာကတပ်စွဲထားတော့ ပြန်လို့ မရသေးတာပါ။ တောထဲမှာ တဲထိုးနေကြတယ်။ အလုပ်လည်း မရှိကြပါဘူး။ ကျန်းမာရေး၊ ပညာရေးပိုင်းရော လိုအပ်ချက်တွေရှိနေကြတယ်"

ပျက်စီးနေတဲ့ ကျေးရွာချင်းဆက်လမ်းကို PDF တွေပြုပြင်ပေး (ရုပ်/သံ)

"မိုးရောလေပါ ၄ ရက်လောက်ကျခဲ့တယ်။ ချိုင့်ခွက်တွေ မြေသားပဲ့ကျတာတွေ မြောင်းတွေ ဖြစ်ကုန်တယ်။ သစ်ပင်တွေလည်း ကျိုးကျတယ်။ ပြည်သူတွေအတွက် ကူညီပေးတာပါ။ ပြည်သူတွေဆီက ငွေကောက်တာမျိုး မရှိပါဘူး"

ပျက်စီးနေတဲ့ ကျေးရွာချင်းဆက်လမ်းကို PDF တွေပြုပြင်ပေး

"မိုးရောလေပါ ၄ ရက်လောက်ကျခဲ့တယ်။ ချိုင့်ခွက်တွေ မြေသားပဲ့ကျတာတွေ မြောင်းတွေ ဖြစ်ကုန်တယ်။ သစ်ပင်တွေလည်း ကျိုးကျတယ်။ ပြည်သူတွေအတွက် ကူညီပေးတာပါ။ ပြည်သူတွေဆီက ငွေကောက်တာမျိုး မရှိပါဘူး"

နွေဦးတော်လှန်ရေး မကျည်းတန် သို့မဟုတ် နှလုံးလှ အကျည်းတန် (ရုပ်ပုံလွှာ)

မကျည်းတန်ဟာ အညာသားတယောက်။ အမျိုးသားတဦးအဖြစ် မွေးဖွားခဲ့ပေမယ့် အမျိုးသမီးဖြစ်ချင်ခဲ့သူ။ အမျိုသမီးတယောက်လို နေထိုင်ပြောဆိုတယ်၊ ဝတ်စားဆင်ယင်တယ်။ သူ့နာမည်ကိုလည်း မကျည်းတန်လို့ မှည့်ခေါ်စေတယ်။ သူဟာ မြန်မာပြည်အထက်ပိုင်း ထနောင်းပင်၊ တမာပင်၊ ထန်းပင်၊ မကျည်းပင်တွေ အစီအရီပေါများလှတဲ့ အညာဒေသမှာ ကုန်ရောင်းကုန်ဝယ် အလုပ်နဲ့သက်မွေးဝမ်းကျောင်းနေရင်း စီးပွားရေး အတော်အသင့် အဆင်ပြေနေတဲ့ မိသားစုလေးတစုကပါ။

စစ်ကောင်စီတပ်သား ၁ ဦးကိုဖမ်းဆီးချိန် လူကိုမမိဘဲ လက်နက်ခဲယမ်းတွေကိုသိမ်းနိုင်ခဲ့

"ထန်းတဲမှာ တခါတလေ သုံးလေးယောက်လာတယ်ကြားလို့ စောင့်ကြည့်နေတာ။ ခုမှတဦးတည်းထွက်လာတာနဲ့ လက်ရဖမ်းဆီးဖို့ ကြိုးစားခဲ့တာပါ။ လူကတော့ လွတ်သွားတယ်။ လက်နက်ခဲယမ်းတွေ ရလိုက်တယ်"

"ငုံ့မခံဘဲ တုန့်ပြန်မယ့် သံမဏိနှင်းဆီတွေ” အဖြစ် ရှိနေမယ်လို့ ဒေါ်အောင်ဆန်းစုကြည်အတွက် ဂန့်ဂေါရဲမေတွေ ကတိပြု (ရုပ်/သံ)

အာဏာသိမ်းစစ်ကောင်စီကို ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ “ငုံ့မခံဘဲ တုန့်ပြန်မယ့် သံမဏိနှင်းဆီတွေ” အဖြစ် ရှိနေမယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်ပြည့် မွေးနေ့မှာ မကွေးတိုင်း၊ အမှတ် ၁ စစ်ဒေသ၊ ဂန့်ဂေါခရိုင် တပ်ရင်း ၁ PDF ရဲမေတွေက ကတိပြုခဲ့ကြပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10