စောကျော်ငြိမ်း

ကမ်ပိန်းငွေနဲ့ အရေးပေါ်လိုနေတဲ့ ကျည်ဆန်နဲ့ ပွိုင့်ဖိနပ် MBT တပ်ဖွဲ့ စတင်ဝယ်ယူ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြိုနယ်အခြေစိုက် Myingyan Black Tiger - MBT တပ်ဖွဲအနေဖြင့် "မြိုပြဆီသို့ သိန်း ၃၀၀၀ ကမ်ပိန်း" ပြုလုပ်ရာမှာ ရရှိလာတဲ့ငွေကြေးနဲ့ အရေးပေါ်လိုအပ်နေတဲ့ ပစ္စည်းတွေကို ဧပြီ ၁၁ ရက်က စတင်ဝယ်ယူထားတယ်လို MBT တပ်ဖွဲ့ဆီကသိရပါတယ်။

ရိက္ခာပို့ယာဥ်တန်းက ရှေ့ပြေးစစ်သားတွေ မိုင်းဆွဲခံရလို့ ၂ ဦးသေဆုံး (ရုပ်/သံ)

"ရှေ့ပြေးတက်လာတာကို ဆွဲခဲ့တယ်။ မိုင်းကတော့ ပုံးဝါမိုင်းတွေပါ။ မျက်မြင်သေတာစစ်** ၂ ကောင်သေတယ်။”

YPDF ဌာနချုပ်မှာပြုလုပ်တဲ့ နှစ်သစ်ကူးဆွမ်းလောင်းလှူပွဲ

"အဓိကတော့ တပ်ဖွဲ့ဝင်အများစုက လူငယ်တွေဖြစ်တယ်။ တော်လှန်ရေးကာလမှာ တလျှောက်လုံး ဘာသာရေးပွဲတွေ သိပ်မလုပ်ဖြစ်ပါဘူး။ ရဲဘော်တွေလည်း စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ အပြောင်းအလဲလေး ဖြစ်အောင်လို့ လုပ်ဖြစ်တာပါ"

ပုလဲမှာ ပေါ့ဆမီးကြောင့် အိမ်ခြေ ၁၀၀ ကျော်မီးလောင်ဆုံးရှုံး (ရုပ်/သံ)

"ထမင်းချက်နေတဲ့အချိန် မီးဖိုနားမှာကျန်ခဲ့တဲ့ ဂက်စ်မီးခြစ်ပါမီးလောင်ပေါက်ကွဲပြီးတော့ မီးကူးစက်တာပါ။ နေပူတဲ့အချိန်လောင်တာရယ် လေကလည်းတိုက်တော့ မီးမငြှိမ်းနိုင်ကြဘူး။ လူတွေလည်း ဘေးလွတ်ရာ ပြေးရတာပေါ့"

ရေနစ်သူတွေကို ကယ်ဆယ်ရင်း ကျဆုံးခဲ့တဲ့ရဲဘော် ၁ နှစ်ပြည့် လွမ်းသူ့ပန်းခွေချ၊ ချီတက်အလေးပြု

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂအဖွဲ့က မှတ်တမ်းရေးရာတာဝန်ခံ ရဲဘော် အောင်ခေတ်မာန် ကျဆုံးခြင်း ၁ နှစ်ပြည့်အနေဖြင့် ဧပြီ ၁၇ ရက်က အုတ်ဂူဆီကိုသွားရောက်ကာ ကျန်ရစ်သူ ရဲဘော်ရဲဘက်တွေက ချီတက်အလေးပြုခဲ့တယ်လို့ အဲဒီသမဂ္ဂအဖွဲ့ဆီက သိရပါတယ်။

ဥပုသ်သီလစောင့်တဲ့ သက်ကြီးရွယ်အိုတွေကို PDF ရဲဘော်တွေက ဆေးကုသိုလ်အဖြစ် ကုသပေး (ရုပ်/သံ)

နှစ်ဆန်းတရက်နေ့မှာ ဥပုသ်သီလစောင့်ဖို့ လာရောက်ကြတဲ့ သက်ကြီးရွယ်အိုတွေထဲက ကျန်းမာရေးမကောင်းသူ လူဦးရေ ၈၀ ကျော်ကို ဆေးကုသိုလ်ပြုတဲ့အနေဖြင့် ဆေးဝါးကုသပေးခဲ့တယ်လို့ ဆိုပါတယ်။

တော်လှန်ရေးကာလ လုပ်မှားကိုင်မှားတွေကို ထောက်ပြခဲ့တဲ့ အမျိုးသမီးသံချပ်အဖွဲ့ (ရုပ်/သံ)

"အမျိုးသမီးသံချပ်ဆိုတာ ရှိတော့ရှိတယ်။ ဒါပေမဲ့ ရှားတယ်။ NUG၊ NUCC အနေနဲ့ လူထုကို ကိုယ်စားမပြုတဲ့ ကိစ္စတွေရှိခဲ့ရင် သံချပ်ထိုးပြောနေဦးမှာပါ"

ကလေးဝမှ ဒု-ရဲအုပ် ၁ ဦး လက်နက်ခဲယမ်းနဲ့အတူ CDF-KKG တပ်ဖွဲ့ထံ အလင်းဝင်

"အလင်းဝင်လာတာ ရဲအရာရှိ တဦးပါ။ လက်နက်ခဲယမ်းတွေ ပါလာတယ်။ တပ်ရင်းက ငွေသိန်း ၅၀ ပေးခဲ့ပါတယ်"

သင်္ကြန်ကာလမှာ ပုလဲစစ်ရှောင်စခန်းနဲ့ ခက်ခဲနေတဲ့အမျိုးသမီးတွေကို ကျပ်သိန်း ၁၂၀ ကျော်ထောက်ပံ့

"ကျေးရွာတွေအထိ ကိုယ်တိုင်သွားရောက် ပေးခဲ့ပါတယ်။ သူတို့မှာ အခက်အခဲတွေက အများကြီးပေါ့။ သူတို့အတွက် တစိတ်တဒေသ အထောက်အကူဖြစ်နိုင်ဖို့ ကူညီပေးရတာပါ"

ဆားလင်းကြီးက စစ်တပ်ဂိတ်နဲ့ ထွေအုပ်ရုံးတိုက်ခိုက်ခံရပြီး စစ်သား ၃ ဦးသေဆုံး

"စစ်**စခန်းနဲ့ အနီးဆုံးနေရာကနေ တိုက်ခိုက်ခဲ့တာပါ။ လက်နက်ကြီးစပစ်ပြီးတော့ စစ်**တွေထွက်လာချိန်မှာ ၃ ကောင်သေတယ်လို့ အတွင်းသတင်းအရ သိရပါတယ်။ သူတို့ဘက်ကလည်း ၆၀ မမနဲ့ ပြန်ပစ်သေးတယ်"

ရိက္ခာစရိတ်သက်သာအောင် စိုက်ပျိုးထားတဲ့ကြက်သွန်တွေကို PDA တပ်ဖွဲ့ဝင်တွေ စတင်ရိတ်သိမ်း

"ကြက်သွန်တကျင်းကို ပိဿာ ၂၀ လောက်ထွက်ပါတယ်။ ဒီနှစ်က ဥတုမကောင်းလို့ အထွက်နည်းကြ တယ်။ နေပြင်းတာရော အချိန်အခါမဟုတ် မိုးရွာချလို့ပါ။ အပင်သိပ်မဖြစ်ဘဲ ကြက်သွန်ဥ သေးသွားတယ်"

ပခုက္ကူခရိုင်တပ်ရင်း ၁၇ မှ PDF ရဲဘော်တွေကို ယူနီဖောင်းနဲ့ ကိုယ်ပိုင်နံပါတ်များ ပေးအပ်

"အရင်ကလည်း ယူနီဖောင်း ဆင်ထားပါတယ်။ အခုယူနီဖောင်းတစုံစီ ထပ်ပေးတာပါ။ တိုက်ခိုက်ရေး ရဲဘော် အားလုံးတော့ မပေးနိုင်သေးပါဘူး။ အမာခံ ရဲဘော်တွေဖြစ်လို့ ကိုယ်ပိုင်နံပါတ်တွေလည်း ပေးတာပါ"

အိမ်စီးကားနဲ့လာတဲ့ စစ်သားနဲ့ရဲတွေ တိုက်ခိုက်ခံရလို့ ၂ ဦးသေဆုံး၊ ကားနဲ့ပစ္စည်းအချို့လည်း သိမ်းဆည်းခဲ့

"သူတို့ဘက်က ပြန်မပစ်နိုင်ဘူး။ ပစ်ခတ်ချိန် ၃ မိနစ်ခန့်ပါပဲဗျ။ နယ်ထိန်းနဲ့ရဲ ၁ ယောက်က ထွက်ပြေးသွားတယ်။၂ ယောက်သေပြီး ၁ ယောက်ဒဏ်ရာရခဲ့တယ်။ ကားနဲ့ပစ္စည်းတချို့လည်း သိမ်းဆည်းရခဲ့တယ်"

96 Soldiers PDF ရဲဘော်သစ်တွေ သင်တန်းဆင်းပြီး ပျော်ရွှင်စွာ သီချင်းဆို (ရုပ်/သံ)

" ရဲဘော်တွေ သင်တန်းဆင်းတဲ့ညမှာ ပျော်နေကြတာပါ။ ရဲဘော် ၆၀ ကျော် သင်တန်းဆင်းခဲ့တယ်။ မနောဆိုတဲ့ သင်္ကြန်သီချင်းနဲ့ ပျော်နေကြတာပါ"

စစ်တပ်ယာဥ်တန်းကိုတိုက်ခိုက်ပြီး ရလာတဲ့ရိက္ခာတွေကို မီးဘေးသင့်ပြည်သူတွေထံ ထောက်ပံ့

" ရိက္ခာတွေတန်ဖိုးတော့ သေချာမသိရသေးပါဘူး။ ရွာအမည်တွေကတော့ လုံခြုံရေးအရထုတ်ပြောလို့ မရတာပေါ့နော်။ မီးဘေးသင့်ပြည်သူတွေ စားဖို့ခက်ခဲနေလို့ ဝေမျှပေးခဲ့တာပါ "

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10