ဒုတပ်ကြပ်အဆင့် ရဲမေ ၁ ဦး YPDF ဆီအလင်းဝင်
"(အလင်းဝင်ရဲမေက) ယောဒေသခံတယောက်ပါ။ သူ့ရဲ့မိဘတွေက အကူအညီတောင်းလာလို့ ကယ်ထုတ်ခဲ့ရတယ်။ ရဲမေမှာ လက်နက်ခဲယမ်းပစ္စည်း ပါမလာပါဘူး"
"(အလင်းဝင်ရဲမေက) ယောဒေသခံတယောက်ပါ။ သူ့ရဲ့မိဘတွေက အကူအညီတောင်းလာလို့ ကယ်ထုတ်ခဲ့ရတယ်။ ရဲမေမှာ လက်နက်ခဲယမ်းပစ္စည်း ပါမလာပါဘူး"
စစ်ရှောင်စခန်းတွေကို ဆန်၊ ဆီ၊ ကုန်ခြောက်တွေနဲ့၊ ဟင်းသီးဟင်းရွက်မျိုးစုံတို့ကို ထောက်ပံ့ပေးခဲ့ပြီး သောက်သုံးရေရရှိဖို့နဲ့ လျှပ်စစ်မီးယာယီရရှိဖို့အတွက်ပါ စုစုပေါင်း ကာလတန်ဖိုးကျပ်သိန်း ၁၀၀ ဝန်းကျင်ခန့် ကူညီပေးခဲ့တယ်လို့ ခရိုင်ပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။
"အဆောင်ပတ်လည်မှာ သစ်ရွက်ခြောက်တွေကို မီးရှို့တာကနေ လောင်တာဗျ။ မီးလောင်ချိန်မှာ ရဲဘော်တွေက တခြားရောက်နေကြတယ်။ တနာရီလောက်ကြာမယ်။ လူမရှိတာရယ် ရေမရှိတာရယ်ကြောင့် မီးမနိုင်လိုက်တော့တာပါ။"
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးရွာတရွာမှာ ရှင်ပြုနားသအလှူပွဲပြုလုပ်ခဲ့ရာ သပိတ်ကော်မတီအဖွဲ့ဝင်များက တော်လှန်သီချင်းများနဲ့ ဖျော်ဖြေပေးခဲ့ကြတယ်လို့ လူငယ့်အားမာန် သပိတ်စစ်ကြောင်း အဖွဲ့ဆီက သိရပါတယ်။
" သံချပ်လုပ်ဖို့ ဧပြီလအစမှာ အားလုံးတိုင်ပင်ဖြစ်တာပါ။ မနှစ်ကလည်း သံချပ်လုပ်ခဲ့တော့ ဒီနှစ်လည်း လုပ်ဖြစ်တဲ့သဘောပါ။ တော်လှန်ကာလအတွင်းမှာ အလွဲတွေကို ထောက်ပြပြီး စနစ်ကို ဝေဖန်တဲ့စာသားတွေ ပါဝင်တယ်"
ဧပြီ ၉ ရက် ညနေ ၄ နာရီခွဲဝန်းကျင်မှာ လက်ပုကန်ရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲနေပြီး ပခုက္ကူမြို့ကို ပြန်ချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ၆ ဘီးကားကို လက်ပုကန်ရွာနဲ့ ချောက်ကန်ကြားအရောက်မှာ မိုင်း ၁ ပွိုင့်နဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အတွင်းသတင်းပေးအရ စစ်သား ၃ ဦးအထက် ထိခိုက်ဒဏ်ရာရတတယ်လို့ Young Force UG တပ်ဖွဲ့ သတင်းတာဝန်ခံ ကိုပိန် ကဆိုပါတယ်။
ဒဏ်ရာရရဲဘော်ကို အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည် ဆေးရုံတခုမှာ ၁ ကြိမ်ခွဲစိပ်ကုသခဲ့ရာ ကျပ်သိန်း ၂၀၀ ကျော် ကုန်ကျခဲ့ပြီး လက်ရှိမှာ ညာဘက်မျက်လုံးကို ထပ်မံခွဲစိပ်ရမှာကြောင့် အကူအညီလိုအပ်နေတာလို့ ဆိုပါတယ်။
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ ရေမြက်နီရွာကို စစ်ကောင်စီတပ်သားတွေက မီးရှို့လို့ အိမ်ခြေ၂၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပါတယ်။ ကျောမြို့ ကပစ ၂၃ က လာတဲ့ အင်အား ၇၀ ကျော်ပါခြေလျင်စစ်ကြောင်းက ဧပြီ ၃ ရက် နေ့လယ်ပိုင်းမှာ ရေမြက်နီရွာက နေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ Yaw Revolution Army-YRA တပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ အင်ကြင်းမှော်ရွာ၊ မနော်သာရွာကျွန်းကုန်းရွာတွေမှာ စစ်သားနဲ့ ပျူစောထီးတွေ အထိုင်ချတပ်စွဲထားတဲ့ စခန်း ၄ ခုကို ဧပြီ ၇ ရက်မှာ စခန်းသိမ်းတိုက်ခိုက်နိုင်ခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသ ထုတ်ပြန်ထားပါတယ်။
"စစ်ကြောင်းက ပြန်မသွားဘဲ ရွာထဲမှာ တပ်စွဲထားတယ်။ စစ်ရှောင်တွေလည်း များလာတော့ စားဖို့ခက်ခဲတာပေါ့။ ကျနော်တို့လည်း ဆန်၊ ဆီ၊ ကုန်ခြောက်နဲ့အသီးအနှံတွေ နိုင်သလောက်ကူညီပေးပါတယ်"
"ဆေးကုသတာနဲ့ခွဲစိတ်တာ တနှစ်နီးပါးရှိပြီ။ လူနာက စားနိုင်၊ အိပ်နိုင်ပါတယ်။ လမ်းမလျှောက်နိုင်ပါဘူး။ အရိုးကျိုးသွားတော့ ခြေထောက် နာတာ၊ ကိုက်ခဲတာ ခံစားနေရပါတယ်"
ရေရဖို့အတွက် ၄-၅ မိုင်ကျော်ဝေးတဲ့နေရာတွေကို ရေစည်လှည်းနဲ့သွားရောက် သယ်ယူပြီး ရေလှောင်ထားရသလို လမ်းခရီးမှာ မိုင်းနင်းမိသူတွေ စစ်ကြောင်းနဲ့တွေ့လို့ ဖမ်းဆီးသတ်ဖြတ်ခံရသူတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။
“စစ်ကြောင်းလာရင် ပြေးလွှားရှောင်ရတိမ်းရတော့ ရွာမှာရှိတဲ့ အိမ်တွေကလည်း သူတို့ဆီမှာ မဖွင့်စေချင်ဘူးပေါ့ဗျာ။ မသင်စေချင်လို့ မဟုတ်ဘူး။ ချောင်းဦးကြီးမှာလည်း မီးတွေရှို့တော့ သူတို့ဆီမှာလည်း စာသင်ရင်မီးရှို့မှာပဲဆိုပြီးကြောက်ကြတယ်။”
"ကြက်သွန်တွေက AK တလက် ဝယ်ဖို့စိုက်ထားတာပါ။ ဒေသမျိုးကိုပဲ ကျင်း ၂၀၀ စိုက်ထားတယ်။ အကုန်လုံး မနှုတ်ရသေးပါဘူး။ ငွေဘယ်လောက်ရမယ်ဆိုတာတော့ ရောင်းချပြီးမှပဲ သိရမှာပါ"
"ယာဥ်တန်းကားက ၄ စီးသွားတာ။ အပြန်ကျ မြို့နယ်မှူးပါတဲ့ ကား ၁ စီးပဲ ပြန်လာတာသိလို့ မိုင်းဆွဲခဲ့တာပါ။ ကားရော လူရောတစစီပဲ။ ရဲမှူးနဲ့ ရဲ** တွေ ၄ ယောက်သေတယ် "