စောကျော်ငြိမ်း

ကလေးနယ်က စစ်ရှောင်စခန်း ၄ ခုကို ဆန် တင်း ၂၀၀ ကျော်ထောက်ပံ့

"ကျနော်က အလှူရှင်တွေရှာရတယ်။ ပြည်ပကတော့ အလှူငွေပို့ပေးကြတာပေါ့။ အဓိက လိုတဲ့ဆန်တွေ စုဆောင်းဝယ်ပြီးတော့ စစ်ရှောင်စခန်း ၄ ခုကို အရင်ပို့ပေးခဲ့တယ်”

ဒီပဲယင်းမှာ ၃ ရက်ဆက် ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံး

"စုစုပေါင်းစစ်သား ၃ ယောက်သေတယ်လို့ ကင်းထောက်က တဆင့်သိရတယ်။ ထိခိုက်ပျက်စီးတာတော့ မသိရသေးပါဘူး"

ပုလဲနယ်မှာ ရက်ရှည်တပ်စွဲ စစ်ကြောင်းထိုးနေလို့ လူ ၁သောင်းကျော်စစ်ရှောင်နေရပြီး ရိက္ခာအတွက်ခက်ခဲနေ

“စစ်တပ်က ရွာတွေရော တောထဲတွေပါ ပတ်သွားနေကြတယ်။ စစ်ရှောင်တွေက လက်ဗလာနဲ့ ထွက်ပြေးလာတဲ့သူများတယ်။ စားသောက်ဖို့နဲ့ ဆေးဝါးကုသဖို့ လိုအပ်နေပါတယ်။ ကျနော်တို့ထက် ရက်ရှည်စစ်ရှောင်နေရတဲ့ ရွာတွေလည်းရှိတယ်။ ရပ်ရွာအဖွဲ့တွေလည်း တတ်နိုင်သလောက် ကျွေးမွေးကြပါတယ် ”

တိုက်ပွဲအတွင်းအထိနာတဲ့ စစ်အုပ်စုက သာစည်ရွာက နေအိမ် ၅၀ ကျော်ကို မီးရှို့

အင်အား ၁၀၀ ဝန်းကျင်ပါတဲ့ စစ်အုပ်စုက သာစည်ရွာကို ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၅၅ လုံး၊ ဆီစက် ၂ လုံး၊ မြေပဲတင်း ၃၀၀ ကျော် မီးလောင်ပျက်စီးပြီး ဆိတ် ၁၃ ကောင်လည်း မီးထဲပါသေဆုံးခဲ့ပါတယ်။

လျှပ်စစ်မီးနဲ့ပတ်သက်ပြီး လူမှုကွန်ယက်မှာ ဝေဖန်ရေးသားသူကို စစ်ကောင်စီဖမ်းဆီး

"မီတာရုံးကဝန်ထမ်းတွေ မီတာခတွေ မတရားတောင်းတာကို ပြောဖူးတယ်။ မီးမလာတဲ့ကိစ္စတွေကို လူမှုကွန်ယက်မှာ ရေးတင်နေတာတွေ့လို့ အဖမ်းခံရတာ ဖြစ်နိုင်တယ်"

YDF က သင်တန်းဆင်းရဲဘော်တွေကို ကိုယ်ပိုင်အမှတ်နဲ့ ရာထူးအဆင့်သတ်မှတ်ပေးတဲ့ အခမ်းအနားပြုလုပ်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်းရှိ ယောကာကွယ်ရေးတပ် - YDF ဗဟိုလေ့ကျင့်ရေးဌာနမှာ အခြေခံစစ်သင်တန်းဆင်းထားတဲ့ ရဲဘော်နဲ့ရဲမေတွေကို ကိုယ်ပိုင်အမှတ်နဲ့ ရာထူးအဆင့် သတ်မှတ်ပေးတဲ့ အခမ်းအနားကို ဒီဇင်ဘာ ၁၃ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ YDF က ထုတ်ပြန်ထားပါတယ်။

ခန္ဓာကိုယ်အောက်ပိုင်း မလှုပ်ရှားနိုင်တဲ့ PDF ရဲဘော်အတွက် ဆေးကုသစရိတ် အကူအညီလိုအပ်နေ

"စကားပြောနိုင်တယ်။ ထမင်းလည်း စားနိုင်တယ်။ လမ်းမလျှောက်နိုင်သေးပါဘူး။ ခန္ဓာကိုယ်အောက်ပိုင်းတခုလုံး ကိုင်တွယ်တာ နာကျင်တာလည်း မသိသေးပါဘူး"

ပုလဲနယ်က ဒေသအချို့မှာ ဆည်ရေမရလို့ စပါးအထွက်နှုန်းလျော့နည်း

"ဆည်ရေတံခါးပြုတ်ကျသွားလို့ ရေအလုံအလောက်မရခဲ့တဲ့ လယ်တွေရှိတယ်။ အခုရိတ်တော့ အထွက်တွေလျော့ကုန်တယ်။ ရသလောက်ပဲ သိမ်းရတာပေါ့"

မြိုင်မှာ PDF တွေက လုံခြုံရေးယူပြီး ပြည်သူတွေကို တော်လှန်ရုပ်ရှင်ပြသ (ရုပ်/သံ)

"နယ်မြေအနေနဲ့ကတော့ စစ်တပ်က လေယာဥ်နဲ့ လာပစ်တာမျိုးတွေတော့ ရှိနေပါတယ်။ ပြည်သူလူထု စိတ်အပန်းပြေစေဖို့ အတွက်လည်း လုပ်ရတာပါ"

ဖြူးနယ် ညောင်ပင်သာရဲစခန်းကို မဟာမိတ်တပ်ဖွဲ့ဝင်တွေက တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

စခန်းသိမ်းတိုက်ပွဲကို မနက် ၅ နာရီအချိန်ခန့်မှာ စတင်တိုက်ခိုက်ခိုက်ခဲ့ပြီး ၁ နာရီကျော်အကြာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ညောင်ပင်သာရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

ရွှေဘို အမှတ် ၈ လေ့ကျင့်ရေးတပ်ကနေထွက်လာတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရ၊ ၄ ဦးသေ (ရုပ်သံ)

“မိုင်းကတော့ ၃ မိုင်းနဲ့ဆွဲခဲ့တာ၊ ထိခိုက်သေဆုံးမှုက သေတဲ့ ရဲ ၃ ကောင်က ရွှေဘိုမြို့ထဲပြန်ခေါ်သွားတယ်၊ ရွှေဘိုစိုက်ပျိုးရေးခြံထဲက ဗိုလ်လို့ခေါ်တဲ့ ဗိုလ်ကိုတော့ လိပ်ချင်းရွာ သုသာန်ဇရပ်မှာ သင်္ဂြိုလ်တာ၊ ၄ ယောက်သေဆုံးတာ၊ မနေ့ကတည်းကတဲ့ သင်္ဂြိုလ်တာ”

မြေလတ်ဒေသက ပြည်သူတွေ မြို့သိမ်းစစ်ဘေးကို ဘယ်လိုပြေးတွေ့မလဲ (ရုပ်/သံ)

၂၀၂၃ နှစ်ကုန်ပိုင်းကစလို့ စစ်ကိုင်း၊ မကွေးနဲ့ ပဲခူးတိုင်းမှာ နှစ်ဖက် စစ်ရေးအတင်းမာဆုံး အချိန်လည်း ဖြစ်ပါတယ်။ တော်လှန်ရေးအင်အားအုပ်စုက ဒီစစ်ပွဲဟာ အာဏာရှင်ကို အပြီးတိုင် အဆုံးသတ်မယ့် စစ်ပွဲလို့ ယုံကြည်ထားနေကြသလို တိုက်ပွဲခေါ်သံကို အသင့်စောင့်နေကြတာပါ။

ရွှေကျင်ရှိ စစ်ကောင်စီရဲ့ ကွန်ဖဲ့စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်

"စစ်သားတွေထွက်ပြေးသွားတော့ လက်နက်ခဲယမ်းက မရလိုက်ပါဘူး။ ရိက္ခာနဲ့ စခန်းကုန်းကိုပဲ ရရှိခဲ့ပါတယ်"

အရပ်ဝတ်နဲ့လာတဲ့ ဒုရဲအုပ် PDF လက်ချက်နဲ့သေဆုံး

နွားထိုးကြီး-မြို့သာလမ်းပိုင်းမှာ ဒီဇင်ဘာ ၁၁ ရက် နေ့လယ် ၂ နာရီခန့်က NPDF ရဲဘော်တွေ ရှောင်တခင်စစ်ဆေးနေချိန် နွားထိုးကြီးဘက်ကနေ ဆိုင်ကယ်စီးလာတဲ့ အမျိုးသားတဦးကို သံသယရှိတဲ့အတွက် ဆိုင်ကယ်ရပ်ခိုင်းစဥ် စစ်ဆေးမခံဘဲ ထွက်ပြေးတာကြောင့် ကာကွယ်ရေးရဲဘော်တွေက ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်နေလို့ ပုလဲနယ်မှာ ပြည်သူ ၄၀၀ခန့် ခရီးမဆက်နိုင်ဘဲ လမ်းပိတ်မိနေ

ထီးလင်းမြို့နယ် ရေမျက်နီရွာနဲ့ ဂန့်ဂေါမြို့နယ် ကျောရွာအနီးတဝိုက်မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေတာကြောင့် ပုလဲ-ဂန့်ဂေါလမ်းပိုင်းမှ ကုန်တင်ကား၊ ခရီးသည်တင်ကား၊ ကိုယ်ပိုင်ကားတွေ ခရီးမဆက်နိုင်ဘဲ ခရီးသွားပြည်သူ ၄၀၀ ခန့်မှာ ပုလဲနယ်အတွင်း လမ်းပိတ်မိနေတာလို့ ဆိုပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10