MLAT

မင်းကင်းမှာ တော်လှန်ရေးရဲဘော် ၁၆ ဦးကို မြို့နယ်ပကဖက ခေတ္တခေါ်ယူထိန်းသိမ်း

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ အူကျေးရွာမှ တော်လှန်ရေးရဲဘော် ၁၆ ဦးကို မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ခေတ္တခေါ်ယူထိန်းသိမ်းထားတယ်လို့ မြို့နယ်ပကဖ ဒုတာဝန်ခံ ကိုစက်ြာက ပြောပါတယ်။

မင်းကွန်းဆရာတော်ဘုရားကြီး ကျောင်းနံဘေးနေအိမ်တွေအပါ လူနေအိမ် ၃၀ ကျော်ကို စစ်အုပ်စုမီးရှို့

"အရင်ရက်ကလည်း အဲဒီစခန်းက ပတ်ကင်းကား ထွက်တယ်ပြောတယ်။ အဲ့ဒါလည်း ကားမိုင်းဆွဲခံရပြီးတော့ပစ်ကြခတ်ကြ ဖြစ်ကြတယ်တဲ့။ မနေ့ကမနက်ကတော့ လက်ဖက်ရည်ဆိုင်မှာ ပစ်ခံရတာ သေလို့ ရွာကိုမီးနဲ့ထွက်ရှို့တာ"

ဒေါက်တာတေဇာဆန်းဆန္ဒပြခဲ့တဲ့ မန္တလေးမြို့ပေါ်နေရာတချို့ကို စစ်တပ်ကအရပ်ဝတ်နဲ့ စောင့်ကြည့်နေပြီး မြို့တွင်းလမ်းကြားတွေအထိ လုံခြုံရေးတင်းကျပ်

" ဒေါက်တာတေဇာဆန်း ဆန္ဒပြသွားတာ ဇူလိုင်တတိယအပတ်ထဲမှာ ဖြစ်မယ်။ အဲ့ဒီနေ့ ညနေပိုင်းမှာ အိမ်စီးကားအဖြူရောင်နဲ့ ရဲ ၅ ယောက်ပါတယ်။ အပွင့်နဲ့ ၁ ယောက်၊ ရိုးရိုး ရဲ ၃ ယောက်၊ ကျန်တဲ့ ၁ ယောက်တော့ မသိလိုက်ဘူး။ သူတို့ရောက်လာပြီးတော့ အိမ်တွေကိုလိုက်မေးတယ်။ ကြဲထားတဲ့ ဆန္ဒပြစာရွက်တွေကိုလည်း သူတို့ပဲ သိမ်းသွားတာ"

ကလေးမြို့မှာ ကိုဂျင်မီ၊ ကိုဇေယျာသော်တို့ ကြိုးပေးခံရခြင်း ၂ နှစ် ပြည့်အထိမ်းအမှတ် လူထုသပိတ်ပြုလုပ်

❝သူရဲကောင်းတို့မျှော်ရည်ချက် လူထုအားနဲ့ ဆက်ချီတက် ❞ ခေါင်းစဉ်နဲ့ပြုလုပ်ခဲ့တဲ့ဒီလှုပ်ရှားမှုကို ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီက ဦးဆောင်ခဲ့ပြီး ကလေးမြို့ဒေသခံ တော်လှန်ပြည်သူများက ပူးပေါင်းပါဝင်ခဲ့ ကြပါတယ်။

မြေလတ်ပေးစာ (Podcast)

-ပေါက်ခေါင်းမြို့နယ်၊ ရွာတရွာမှာ ကလေးတွေကို စိတ်ဒဏ်ရာပေးနေတဲ့ ဆရာမတယောက် အကြောင်း၊ -အောင်ပန်းမြို့၊ သာမိုင်းခမ်းအုပ်စု၊ ကုန်းလွင်ရွာကတောင်သူတွေရဲ့ဒုက္ခ၊ -ပြည်သူ့ကာကွယ်ရေး PDF ရဲဘော်လေးတွေအတွက် ဆုတောင်းအားပေးစာ၊

၂၀၀၈ ခြေဥနဲ့အညီ သမ္မတရာထူးလွှဲပြောင်းယူခဲ့တာလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၇ အရ အရေးပေါ်အခြေအနေကြေငြာမှု၊ ပုဒ်မ ၄၁၂ အရ အရေးပေါ် အခြေအနေကြေညာမှုတွေနဲ့ဆက်စပ်ပြီး ဆောင်ရွက်ရင် အရေးပေါ်ကာလမပြီး မြောက်သေးတဲ့ကာလအတွင်း အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ(ကာလုံ) မှာပါဝင်တဲ့ ပုဂ္ဂိုလ်အချို့ လစ်လပ်သွားစေကာမူ ကျန်ရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကပေးထားတဲ့တာဝန်တွေကို မလွဲမသွေ ဆက်လက်ဆောင်ရွက်ရမှာဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရက ဆိုပါတယ်။

ကံမမြို့အပါအဝင် ရွာ ၃၀ ခန့်မှာ နေအိမ်တွေနစ်မြုပ်တဲ့အထိ ရေကြီးနေတဲ့ မြင်ကွင်းများ (Photo News)

ဇူလိုင်လ ၁၀ ရက်က စတင်ကာ ဧရာဝတီမြစ်ရေဟာ တဖြည်းဖြည်းမြင့်တက်လာပြီး နေအိမ်တွေ အတွင်း ရေဝင်ရောက်တာကနေ နေအိမ်တွေနစ်မြုပ်တဲ့အထိ မြင့်တက်လာတာပါ။

ကုန်ဈေးနှုန်းဒဏ် ဖိနှိပ်ခံနေရတဲ့ စက်ရုံအလုပ်သမားများဘဝ

“အခု ရွှေဈေး၊ ဒေါ်လာဈေးတွေအရဆိုရင် အလုပ်သမားရဲ့အခြေခံလစာဟာ တစ်ရက် (ကျပ်)တစ်သောင်းခွဲလောက် သတ်မှတ်မှသင့်မယ်။ တစ်သောင်းခွဲသတ်မှတ်မှ ငွေလဲနှုန်းနဲ့ကြည့်ရင် သုံးဒေါ်လာစွန်းစွန်းပဲ ရှိပါတယ်။ ဖြစ်သင့်တာကတော့ ဘင်္ဂလားဒေ့ရှ်တို့၊ လာအိုတို့ နှုန်းလောက်ဖြစ်သင့်တာပေါ့”

ယာယီသမ္မတရာထူးကို စစ်ကောင်စီဥက္ကဌ လွှဲပြောင်းယူ

စစ်အာဏာသိမ်းကာ အရေးပေါ်ကာလကြေငြာမှု ၂ နှစ်ပြည့်မြောက်ခဲ့ပြီးနောက် ၂၀၂၃ သြဂုတ် ၁ ရက်က စတင်ကာ ၆ လသက်တမ်း ၂ ကြိမ်မြောက်တိုးပြီးဖြစ်တဲ့ စစ်ကောင်စီဟာ လာမယ့်ဇူလိုင်လကုန်မှာ နောက်ဆုံး ၆ လ သက်တမ်းပြည့်မြောက်မှာ ဖြစ်ပါတယ်။

ပထမအချီ အလဲထိုးနိုင်ပွဲနဲ့အတူ ပြန်ပေါ်လာတဲ့ ပုညစိုင်း (အားကစားသတင်း)

One Championship ရဲ့ လူသစ်ရှာဖွေရေးပွဲစဉ်တွေဖြစ်တဲ့ One Warrior Series ပြိုင်ပွဲတွေမှာ အစွမ်းပြခဲ့ပြီးနောက် နှစ်အတန်ကြာပျောက်ကွယ်နေတဲ့ ပုညစိုင်းဟာ မတ်လ ၂၁ ရက် တနင်္ဂနွေနေ့ည အင်ဒိုနီးရှားနိုင်ငံရဲ့ Canggu Fight Night 31 ပြိုင်ပွဲမှာ ပါဝင်ထိုးသတ်ခဲ့ပြီး ပြိုင်ဘက် Yadwinder Singh ကို ပထမအချီမှာတင် အလဲထိုးအနိုင်ရရှိခဲ့ကာ MMA လောကထဲကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

စဉ့်ကူးနယ် နာမည်ကြီးပျူခေါင်းဆောင် ရေတော်မောင်နိုင်ဆိုသူနဲ့ ပျူစောထီးအဖွဲ့ဝင် ၄၀ ကျော်ကို အရှင်ဖမ်းမိထား

ဖမ်းဆီးရမိသူဟာ စဉ့်ကူးမြို့နယ်၊ ရေတော်ရွာမှာအခြေပြုတပ်စွဲနေတဲ့ ပျူစောထီးခေါင်းဆောင် မောင်နိုင် (ဒေသအခေါ် ရေတော်မောင်နိုင်)ဆိုသူဖြစ်ပြီး ဇူလိုင် ၁၆ ရက်မှာ တော်လှန်ရေးတပ်တွေက ရေတော်ကျေးရွာကို တိုက်ခိုက်သိမ်းပိုက်စဉ် ၎င်းရဲ့သားဖြစ်သူ ပျူစောထီး ၂ ဦးအပါ မိသားစုဝင်တွေနဲ့ ပျူစောထီးအဖွဲ့ဝင် ၄၀ ဦးတို့ကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။

နှစ်ပူ၊ သုံးပူဆင့်နေသည့် အညာပြည်သူများ၏ သယ်ယူပို့‌ဆောင်စရိတ် (အတွေးအမြင်)

ပခုက္ကူနှင့် ပေါက်ကြား ခရီးတဝက် မိုင် ၂၀ အကွာအဝေးရှိ ကမ္မကိုသွားလျှင်ပင် လူတဦး လျှင် ကျပ် ၈၀၀၀ မှ ၁၀၀၀၀ ကျပ်အထိ ပေး‌နေရပြီး ကုန်ပစ္စည်းသယ်ယူခ ဆန် ၁၀၈ ပေါင်အိတ် တအိတ်လျှင် ကျပ် ၅၀၀၀ မှ ၆၀၀၀ ကျပ်၊ ပဲမျိုးစုံ ၂၅ ပိဿာအိတ် တအိတ် ၂၅၀၀- ၃၅၀၀ ကျပ်၊ ကြက်သွန်နီတပိဿာ ၁၀၀-၁၅၀ ကျပ်ဝန်းကျင်၊ ဓာတ်ဆီ ဒီဇယ်တပေပါကို ၂၅၀၀၀-၃၀၀၀၀ ကျပ်၊ စားအုန်းဆီ ၁၀ ပိဿာ တပုံးကို ၂၅၀၀-၃၀၀၀ ကျပ်၊ အထွေထွေကုန် တပေပတ်လည် ဂျပ်ဖာပုံးတပုံး ၁၅၀၀-၂၀၀၀ ကျပ် စသဖြင့်ပေးရ‌ကြောင်း ဒေသခံပြည်သူများက ပြောသည်။

ကလေးမြို့က ၇၇ ကြိမ်မြောက် အာဇာနည်နေ့ လှုပ်ရှားမှုများ

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဇူလိုင် ၁၉ ရက်မှာကျရောက်တဲ့ ၇၇ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အဖြစ် ဆန္ဒပြလှုပ်ရှားမှုနဲ့ လူထုချီတက် ဂါရဝပြုလှုပ်ရှားမှုတို့ကိုလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

တပတ်အတွင်း မြေလတ်သတင်း

- ယင်းမာပင်နဲ့ ကလေးမြို့တို့မှာ အာဇာနည်နေ့အကြို လူထုလှုပ်ရှားမှုနဲ့ စာစီစာကုံးပြိုင်ပွဲကျင်းပ - ပဲခူးတိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ် ၇ ခုမှာ မိုးကြီးပြီး လေပြင်းတိုက်နိုင် - ပျူစောထီးတွေ ဓားစာခံလုပ်ဖမ်းဆီးသွားတဲ့ အိုရင်းရွာဒေသခံ ၂၀ ကျော် ၁၀ ရက်ကြာအထိမလွတ်သေး - ဧရာဝတီမြစ်နဲ့ချင်းတွင်းမြစ်ရေမြင့်တက်လာမှုကြောင့် နှမ်းခင်းနဲ့ကွမ်းခြံတွေ ပျက်စီးဆုံးရှုံးရ - ပန်းတောင်းနယ်မှာ စစ်တပ်က လိုင်းကြေးယူပြီး ကျွန်းနဲ့သစ်မာတွေ ခိုးထုတ်ခွင့်ပြုထား - မင်းလှမှာ ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်အုပ်စုက ဒေသခံနေအိမ် ၃၀ ကျော်ကို မီးရှို့ခဲ့ - ၂ နှစ်ကျော်စစ်ရှောင်နေရတဲ့ စစ်ဘေးရှောင် ၁၀၀ ကျော် သောက်သုံးရေခက်ခဲနေ

လက်ပန်လှကျေးရွာ လေကြောင်းတိုက်ခံရပြီး အမျိုးသမီး ၁ ဦး ထပ်မံသေဆုံးကာ ၉ ဦးဒဏ်ရာရ

"တိုက်ပွဲလည်း မရှိဘူး။ ရဲစခန်းနဲ့လည်းဝေးတယ်။ ပြည်စိုးအောင်ရပ်ကွက်က လက်ပန်လှ တောင်ဘက် အဝင်မှာရှိတာ။ သပ်သပ်ယုတ်မာပြီး ပြည်သူတွေ ထိခိုက်အောင်လုပ်တာ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10