MLAT

ဆန္ဒမပါဘဲ အတင်းအကျပ်စစ်မှုထမ်းစာရင်းမသွင်းဖို့နဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ မသမာမှုမလုပ်စေဖို့ စစ်ကောင်စီကာကွယ်ရေးဝန်ကြီးပြော

စစ်မှုထမ်းစာရင်းကောက်ယူရာမှာ ကာယကံရှင်ဆန္ဒမပါဘဲ အတင်းအကျပ်စာရင်းသွင်းတာမျိုး မလုပ်ဆောင်ဖို့ ၊ မြေပြင်မှာဆောင်ရွက်နေတဲ့ ရပ်ကျေးအဆင့်အုပ်ချုပ်ရေးများအနေနဲ့လည်း မသမာမှုတွေမရှိစေဖို့ အလေးထားဆောင်ရွက်ရမယ်လို့ စစ်ကောင်စီကာကွယ်ရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။

ကာချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် မပါတဲ့ နေပြည်တော်စစ်ရုံး ကြည်း၊ရေ၊လေ သစ်ပင်စိုက်ပွဲ (ရုပ်/သံ)

ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် ဟာ ဇူလိုင်လအတွင်းမှာ ရာထူးကဖယ်ရှားခံရပြီး စစ်ဆေးခံနေရတယ်လို့ သတင်းတွေထွက်ပေါ်နေသလို ရေတပ်ချုပ်ရာထူးကနေ စစ်ခေါင်းဆောင်တွေထံ နုတ်ထွက်စာတင်ပြထားတယ်လို့ ဘီဘီစီ(မြန်မာပိုင်း)က မနေ့က သတင်းဖော်ပြပါတယ်။

အညာမြေရောက် ရန်ကုန်သူ ရဲဘော်ဖူး (အင်တာဗျူး) အပိုင်း ၂

အညာက တိုက်ပွဲတွေအကြောင်း၊ အညာပြည်သူတွေရဲ့အကြောင်းနဲ့ အညာမှာ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမီးရှို့သတ်ဖြတ်မှုတွေအကြောင်းကို အခုတင်ဆက်ပေးမယ့် "အညာမြေရောက် ရန်ကုန်သူ ရဲဘော်ဖူး" ရဲ့ အင်တာဗျူး အပိုင်း ၂မှာ မြင်တွေ့ရမှာပါ။

ကာချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် မပါတဲ့ နေပြည်တော်စစ်ရုံး ကြည်း၊ရေ၊လေ သစ်ပင်စိုက်ပွဲ

“ သူ(တပ်ချုပ်) ကိုယ်တိုင်ဝင်လှုပ်ရှားမှု(Activites)ပြရတဲ့ စစ်ရုံးအခမ်းအနားတွေမှာ ဘာပွဲလုပ်လုပ် ဒုချုပ်က စပြီး ရုံးအလိုက်က အကြီးဆုံးအရာရှိချုပ်ဆိုတဲ့ လူတွေတက်ရတာ။ ဥပမာ - ကကရေ ဆိုလည်း ရေချုပ်၊ လေ ဆိုလည်း လေချုပ် တက်ရတာပေါ့။ ဘာကိစ္စဖြစ်နေနေ ပျက်ကွက်လို့မရဘူး။ အဲ့ဒီ လိုမတက်နိုင်ဘူးဆို အဲ့ဒီအရာရှိချုပ်တခုခုဖြစ်နေလို့ဆိုတာ ကောက်ချက်ချလို့ရတယ်”

ပြိုင်ဘက် ဗီယက်နမ်ဖိုက်တာကို ဒိုင်ပွဲရပ်နဲ့ ထွန်းမင်းအောင်အနိုင်ရ (အားကစားသတင်း)

ယနေ့ညယှဉ်ပြိုင်ထိုးသတ်နေတဲ့ One Friday Fights 70 ရဲ့ FEATHERWEIGHT MUAY THAI ပွဲမှာ ထွန်းမင်းအောင်ဟာ ပြိုင်ဘက်ဗီယက်နမ်ကစားသမား ထရန်ကွက်ထွမ်ကို ဒိုင်ပွဲရပ်နဲ့အနိုင်ရရှိခဲ့ပါတယ်။

မန္တလေးမြို့ရှိ အထပ်မြင့်အဆောက်အဦနဲ့ စာသင်ကျောင်းတွေကို စစ်တပ်က တပ်စွဲပြီးခံစစ်ပြင် (ရုပ်/သံ)

မန္တလေးမြို့မြောက်ဘက်အဝင် မန္တလေးတောင်တော်၊ ဘုန်းတော်တိုးရပ်ကွက်မှ စက်ရုံအပေါ်ဆုံးထပ်၊ မြို့အလယ်က စျေးချိုတော်၊ မန်းမြန်မာပလာဇာ၊ ရတနာပုံစျေး၊ မြို့အနောက်ဘက်အဝင်က ၁၉ လမ်း၊ လမ်း ၉၀ အနီး၊ ကျုံးအနောက်ဘက် ၁၉ လမ်း၊ လမ်း ၈၀ အပေါ်ထပ်၊ မြို့အရှေ့ဘက်အဝင် မြရည်နန္ဒာအိမ်ယာအနီးတို့မှာ တပ်စွဲထားတယ်လို့သိရပါတယ်။

တပတ်အတွင်း မြေလတ်သတင်း

- ဆဲဗင်းဂျူလိုင်နေ့ အောက်မေ့ဖွယ်အခမ်းအနားများ ကျင်းပခဲ့ကြ - မကွေးထောင်အာဏာပိုင်တွေက နိုင်/ကျဥ်းတွေကို ရိုက်နှက်၊ တိုက်ပိတ်တာတွေလုပ်နေ - စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကြောင့် ပြည်သူတွေထိခိုက်သေဆုံးခဲ့ရ - ခန္တီးမှာ နှစ်ပေါင်း ၃၀ ကျော်အတွင်း အဆိုးဆုံးရေကြီးမှုပြန်ကြုံနေရပြီး လူဦးရေသောင်းချီ ရေဘေးသင့် - ၅ နှစ်ကျော်အကြာ ရေမကြီးတဲ့ မုံရွာမြို့တောင်ပိုင်းမှာ ရေကြီးရေလျှံဖြစ်နေ - ဝါသဝပျူစောထီးစစ်ကြောင်းက အမျိုးသမီး ၁၀ ဦးကို ဖမ်းဆီးပြီး ရိက္ခာနဲ့လဲခိုင်း - ဝက်လက်မှာ ဆယ်ကျော်သက်အရွယ် ဗကသရဲဘော်တဦး သတ်ဖြတ်ခံရ - ပန်းတောင်းမှာ မိုးစပါးစတင်စိုက်ပျိုးကာလ မိုးမရွာလို့ တောင်သူတွေ အခက်တွေ့နေ - တောင်ငူက တိုင်းရင်းသားမိဘမဲ့ကျောင်းမှာ နှစ်ရှည်ပင် ၂၀၀၀ စတင်စိုက်ပျိုး

မန္တလေးမြို့ရှိ အထပ်မြင့်အဆောက်အဦနဲ့ စာသင်ကျောင်းတွေကို စစ်တပ်က တပ်စွဲပြီးခံစစ်ပြင်

"မန္တလေးဆိပ်ကမ်းမှာ ခရီးသည်တင်နဲ့ ကုန်တင်မော်တော်တွေကို ပြန်ပြီး စစ်ဆေးနေပြီ။ မှတ်ပုံတင်စစ်တယ်။ ဘယ်သွား၊ ဘာလုပ်မှာလဲမေးတယ်။ မသင်္ကာရင် ဖုန်းတောင်းစစ်တယ်။ စစ်သားတွေကို မဲလို့ ကြောက်စရာဗျာ"

ကိုပါအမေရိက ဗိုလ်လုပွဲ အာဂျင်တီးနားနှင့် ကိုလံဘီယာအသင်းတို့ တွေ့ဆုံ (အားကစားသတင်း)

အမေရိကန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိက ၂၀၂၄ ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်မှာ အာဂျင်တီးနားနဲ့ ကိုလံဘီယာ​အသင်းတို့ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။

“အူမကြီးကင်ဆာမဖြစ်အောင် ဟန့်တားပေးနိုင်တဲ့ ချဉ်ပေါင်” (Podcast)

ချဉ်ပေါင်ပင်ရဲ့ဘယ်အစိတ်အပိုင်းတွေကို ဆေးဘက်ဆိုင်မှာအသုံးပြုလို့ရသလဲ။ ချဉ်ပေါင်ပွင့်လဘက်ခြောက်ကို ပုံမှန်သောက်ပေးရင် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်သလဲ။ အူမကြီးကင်ဆာကိုကာကွယ်ဖို့ ချဉ်ပေါင်စေ့ကိုဘယ်လိုအသုံးပြုနိုင်သလဲ။ ချဉ်ပေါင်ပင်မှာရော ဘေးထွက်ဆိုးကျိုးရှိသလား စတာတွေကို နားဆင်ရမှာပါ။

ယူရို ၂၀၂၄ ဗိုလ်လုပွဲ စပိန်နှင့် အင်္ဂလန် အသင်းတို့ တွေ့ဆုံ (အားကစားသတင်း)

ဂျာမနီနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်မှာ စပိန်နဲ့ အင်္ဂလန်​အသင်းတို့ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။

ဝက်လက်မှာ ဆယ်ကျော်သက်အရွယ် ဗကသရဲဘော်တဦး သတ်ဖြတ်ခံရ (ရုပ်/သံ)

“သားသားက ရန်ဖြစ်ဖို့ နေနေသာသာ စကားတောင်လူတိုင်းနဲ့ မပြောဘူး။သူ့ဘာသာ ကျောင်းနဲ့အိမ်နဲ့ ဂိမ်းတိုက်တဲ့နေရာနဲ့ ဒီ ၃ ချက်ပဲလုပ်နေတာ။ (ဘယ်သူသတ်တယ်ဆိုတာ)မျက်မြင်မဟုတ်တော့ သူများ တဖက်သားကို နစ်နာစေလိုတဲ့ ဆန္ဒတော့မရှိဘူး။ ဒါပေမယ့် အမှုမှန်လေးတော့ ပေါ်ပေါက်စေချင်တယ်”

ဝက်လက်မှာ ဆယ်ကျော်သက်အရွယ် ဗကသရဲဘော်တဦး သတ်ဖြတ်ခံရ

“ သူက ဦးကြီးတွေနဲ့ အိပ်တာ။ ဦးကြီးတွေက သားသားပြန်မလာဘူး၊ မင်းတို့ဆီများ အိပ်တာလားဆိုတော့ ငါတို့ဆီလည်း မအိပ်ဘူးဆိုပြီး သူသွားတတ်တဲ့နေရာတွေ (၂နေရာ)လိုက်ကြည့်တာ။ သင်္ချိုင်းကုန်းဘက်သွားကြည့်တော့ dead bodyတွေ့တော့တာပဲ”

စဉ့်ကူးမြို့ပေါ်ကို စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲလို့ ၄ ဦးဒဏ်ရာ

"ဘုန်းကြီးကျောင်းထဲကို စစ်ရှောင်လာတဲ့သူတွေလို့ သိရပါတယ်။ သွေးထွက်လွန်နေတာ။ မန္တလေးဆေးရုံကြီး ကိုသွားဖို့ ကားလမ်းတွေအကုန်ပိတ်ထားတော့ ဒီအတိုင်းထားရတယ်"

မြေလတ်ပေးစာ (Podcast)

- ပြည်မှာ ဒကစနဲ့ပေါင်းပြီး ပြည်သူတွေကိုဒုက္ခပေးနေသူတဦးအကြောင်း။ - ဆန်တွေကို မှတ်ပုံတင်နဲ့ဝယ်ရမယ်ဆိုကတည်း ဆန်ဈေးတွေတက်၊ - အုတ်ဖို၊ ကြို့ပင်ကောက်၊ ပေါင်းတည်က အုပ်ကြီးတွေက ပြည်သူတွေကို ဘာတွေလုပ်နေလဲ။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10