MLAT

စစ်ကောင်စီယာယီသမ္မတ ဦးမြင့်ဆွေ အာရုံကြောအားနည်းရောဂါကြောင့် အစာမစားနိုင်တာနဲ့ ပုံမှန်လှုပ်ရှားနိုင်မှုမရှိလို့ ဆေးခွင့်နဲ့ကုသနေရ

စစ်ကောင်စီလက်ထက် အမည်ခံသမ္မတအဖြစ် ထားရှိထားတဲ့ ဦးမြင့်ဆွေ မှာ အာရုံကြောအားနည်းရောဂါကြောင့် အစားမစားနိုင်တာ၊ နေ့စဉ် ပုံမှန်သွားလာလှုပ်ရှားမှု မလုပ်နိုင်တာတွေကြောင့် နေအိမ်မှာ ဆေးခွင့်နဲ့ဆေးကုသမှုခံယူနေရတယ်လို့ စစ်ကောင်စီက ဇူလိုင် ၁၈ ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

အာဇာနည်နေ့အကြို လူထုလှုပ်ရှားမှု ကလေးမှာ ပြုလုပ်

ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ဦးဆောင်ကာ ဇူလိုင်လ ၁၉ ရက်မနက်ဖြန်မှာ ကျရောက်မယ့် ၇၇ နှစ်မြောက် အာဇာနည်နေ့အတွက် အကြိုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြတာပါ။

စဉ့်ကူးမြို့နယ်က ထုံးကြီးရဲစခန်းကို PDF တွေထပ်သိမ်း၊ ၂ ရက်အတွင်း စခန်း ၂ ခုသိမ်းထားခြင်းဖြစ်

"ဖမ်းမိတဲ့သူတွေရှိသလို၊ သံခွန်နဲ့ထွက်ပြေးသွားကြသူတွေလည်းရှိတယ်။ ဖမ်းမိတဲ့အထဲက အများစုက ပျူတွေပါ။ ထုံးကြီးအနီးက ရွာသာယာပျူရွာရှိတော့ အဲဒီကို ထွက်ပြေးသွားတယ်"

“အိပ်မပျော်ခြင်းပြဿနာ” (Podcast)

အိပ်မပျော်ခြင်းဟာ ဘာကြောင့်ဖြစ်တာလဲ။ အိပ်မပျော်ခြင်းပြဿနာရင်ဆိုင်လာရရင် ဘယ်လိုလက္ခဏာတွေပြတတ်သလဲ။ အိပ်မပျော်ခြင်းကိုကုသနိုင်တဲ့ လက်တကမ်းကဆေးဝါး ဓာတ်စာတွေက ဘာတွေလဲ။ အိပ်မပျော်ခြင်းရဲ့ နောက်ဆက်တွဲရောဂါတွေဟာ ဘာတွေလဲ စတာတွေကို နားဆင်ရမှာပါ။

စဉ့်ကူးမြို့ကို တော်လှန်ရေးတပ်တွေထိန်းထား

"မြို့က ထိန်းထားနိုင်တယ်။ မီဒီယာမှာ သတင်းတွေတက်ပြီး ဒီကောင်တွေက မြေပြင်မတိုက်ဘဲ လေကြောင်းပဲတိုက်လို့ မြို့ကပျက်စီးသွားတာ။ အရင်နေ့တွေထဲက PDF အလံထောင်ထားပြီးသား"

မြေလတ်ပေးစာ (Podcast)

- ထုံးဘိုမှာ စစ်တပ်က ပြည်သူပိုင်လယ်မြေတွေကို စက်ရုံပိုင်မြေအဖြစ်သတ်မှတ်ပြီး ပြန်အငှားချနေတဲ့စာ၊ - မြင်းမူမြို့ကတော်လှန်နေသူတဦးရဲ့ ရင်ဖွင့်စာ။ - မင်းဘူးခရိုင်ထဲက အုပ်ကြီးနဲ့ စစ်တပ်လော်ဘီတွေ ပြည်သူတွေကို ဒုက္ခပေးနေတဲ့စာ

ဖမ်းဆီးခံ ပျူစောထီး ၄ ဦးကို လူ့အခွင့်အရေးနဲ့အညီထား၊ ပျူစခန်းတွေကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ တောင်သာ PDF ပြော

“ဖမ်းဆီးထားတဲ့သူတွေကိုတော့ လူ့ခွင့်ရေးနဲ့ အညီ၊ စစ်ဥပဒေနဲ့အညီ ထိန်းသိမ်းထားပါတယ်။ ကျန်တဲ့ ပျူစောထီး တွေကို ကျနော်တို့ဆက်လက်တိုက်ခိုက်တော့မှာဖြစ်တာကြောင့် တောင်သာမြို့နယ်အတွင်းရှိ ပျူစောထီးခေါ် ပြည်သူ့စစ်တွေ အနေနဲ့ လက်နက်ချပီးအလင်း၀င်ခဲ့ကြပါ”

ပြည်မြို့မှာ ရေဆက်တက်နေပြီး ရေလွတ်ရာရွှေ့ပြောင်းနေရ (Photo News)

"အနောက် လက်ခုတ်ပင်ရွာ ရွာဝင်လမ်းတောင် မြုပ်နေပြီ၊ ရွာတော့ အတော် မြုပ်လောက်ပြီ။ အဆင်ပြေသလို အမြင့်ပိုင်းတွေ ရွှေ့နေကြတာ၊ ခုလည်း မိုးရွာနေတယ်။"

ကိုပါအမေရိက ၂ ကြိမ်ဆက် ဗိုလ်စွဲခဲ့တဲ့ အာဂျင်တီးနား  (အားကစားသတင်း)

ယနေ့မနက် ယှဉ်ပြိုင်ခဲ့တဲ့ အာဂျင်တီးနားနဲ့ ကိုလံဘီယာတို့ရဲ့ ကိုပါအမေရိက ဗိုလ်လုပွဲမှာ အာဂျင်တီးနားအနိုင်ရရှိခဲ့ပြီး ကိုပါအမေရိကချန်ပီယံဆုဖလားကို ၂ ကြိမ်ဆက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ယူရို ၂၀၂၄ စပိန်ဗိုလ်စွဲ၊ နာမည်ကြီးအင်္ဂလန် ဒုတိယနဲ့သာကျေနပ်ရပြန် (အားကစားသတင်း)

ဂျာမနီနိုင်ငံကအိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ စပိန်အသင်းက အင်္ဂလန်အသင်းကို ၂ ဂိုး ၁ ဂိုး ရလဒ်နဲ့ အနိုင်ယူပြီး ယူရို ၂၀၂၄ ချန်ပီယံ ဖြစ်ခဲ့ပါပြီ။

ယနေ့ည ကြည့်ရှုရမည့် ဗိုလ်လုပွဲ ၂ ပွဲ (အားကစားသတင်း)

ယနေ့ည ဇူလိုင် ၁၅ ရက် မြန်မာစံတော်ချိန် မနက် ၁ နာရီ ၃၀ မိနစ်မှာ ယူရို ၂၀၂၄ ဗိုလ်လုပွဲနဲ့ မနက် ၆ နာရီ ၃၀ မိနစ်မှာ ကိုပါအမေရိက ဗိုလ်လုပွဲ တို့ ကျင်းပသွားမှာဖြစ်ပါတယ်။

ကနေဒါကို ပင်နယ်တီနဲ့အနိုင်ရပြီး​ ဥရုဂွေး ကိုပါအမေရိက တတိယနေရာရရှိ (အားကစားသတင်း)

ယနေ့မနက် မြန်မာစံတော်ချိန် ၆ နာရီ ၃၀ မိနစ်မှာ ကျင်းပခဲ့တဲ့ ကိုပါအမေရိက တတိယနေရာလုပွဲမှာ ဥရုဂွေးအသင်းက ကနေဒါအသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိပြီး ကိုပါအမေရိက တတိယနေရာကို ရရှိခဲ့ပါတယ်။

UFC မှာ ပထမဆုံးရှုံးပွဲကြုံခဲ့တဲ့ ဗန် (အားကစားသတင်း)

မြန်မာစံတော်ချိန် ၈း၃၀ ဝန်းကျင်မှာထိုးသတ်သွားခဲ့တဲ့ UFC Fight Night ပွဲ FLYWEIGHT တန်းမှာ ချင်းလူငယ်ဖိုက်တာ ဂျော့ရှုဝါဗန်ဟာ ပြိုင်ဘက်ကစားသမား ချားလ်ဂျွန်ဆင်ကို ရှုံးနိမ့်ခဲ့ပါတယ်။

ဗန် ပါဝင်ထိုးသတ်မယ့် UFC Fight Night (အားကစားသတင်း)

အမေရိကန်နိုင်ငံ၊ ဒန်ဗာမြို့မှာကျင်းပမယ့် UFC Fight Night မှာ အသက် ၂၂ နှစ်အရွယ် ချင်းလူငယ်ဖိုက်တာ ဂျော့ရှုဝါဗန်ရဲ့ပွဲစဉ်ပါဝင်ပါတယ်။

စခန်းသိမ်းတိုက်ပွဲမှာ လက်နက်ချခဲ့တဲ့ တပ်သားတွေကို MDY PDF က လက်ခုပ်တီးကြိုဆို (ရုပ်/သံ)

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ထဲက စစ်ကောင်စီရဲ့ ပင်လယ်ကြီး တပ်စခန်းသိမ်းတိုက်ပွဲမှာ လက်နက်ချအညံ့ခံခဲ့တဲ့ စစ်သားတွေကို မန္တလေး PDF ရဲဘော်တွေက လက်ခုပ်တီးပြီး အားပါးတရကြိုဆိုခဲ့ကြပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10