MLAT

ဝင်ငွေ နဲ့ ကုန်ဈေးနှုန်း မမျှတမှု ပြည်သူတွေ အလူးအလဲခံနေရ (ရုပ်/သံ)

ကျေးလက်ဒေသက လယ်၊ယာ စိုက်ပျိုးရေးလုပ်ငန်းတွေကို ကိုယ်ပိုင်လုပ်နေကြတဲ့ တောင်သူတွေမှာလဲ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် ကောက်ပဲသီးနှံက ပြန်ရတဲ့ဝင်ငွေနဲ့ မရပ်တည်နိုင်ကြပဲ နှစ်စဉ်စိုက်ပျိုးစရိတ်အကြွေးတင်နေကြရသလို၊ လယ်ယာလုပ်ငန်းခွင်တွေဝင် လုပ်ကိုင်နေရတဲ့ လုပ်သားတွေဆိုရင်လဲ အလုပ်အကိုင်ကရှားပါးတော့ ရရာအလုပ်မှာ ရရာဝင်ငွေနဲ့လုပ်ကိုင်နေရတဲ့အခြေအနေမို့ နေစဉ်ထမင်းနပ်မှန်ဖို့အတွက် မနဲရုန်းကန်နေကြရပါတယ်

PDFစခန်းစီးနင်းခံရပြီး မင်္ဂလာဆောင်ခါနီး ဇနီးမောင်နှံလည်း အသတ်ခံရတဲ့သတင်းအပါအဝင် တပတ်အတွင်းသတင်း

တောင်တွင်းနဲ့ ကလေးဝနယ်ခြားဖြတ်ကျော် ဆန်၊ စပါးရောင်းချခွင့် ပိတ်ထားတဲ့သတင်း ၊ NUG ကြားကာလ ပညာရေးကျောင်းတကျောင်းမှာ ပထမဆုံးအကြိမ် ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ခဲ့တဲ့သတင်း၊ စစ်ကောင်စီမီးရှို့လို့ အသက် ၇၀ ကျော် သီလရှင်ဆရာကြီးတပါး ပျံလွန်တော်မူတဲ့သတင်း၊ PIA ရဲ့ နောက်သင်တန်းမှာ မကွေးနဲ့ ပဲခူးတိုင်းက လူငယ်တွေလည်း ပါဝင်ဖို့ဖိတ်ခေါ် တဲ့သတင်းတွေကိုပါနားဆင်ရမှာပါ ။

"ဖရဲသီးသည် လာပြီဗျို့"

ဆောင်းပါးရှင် သခင်နွေရဲ့ မြင်မိ ကြားမိသမျှ အစီအစဉ် "ဖရဲသီးသည် လာပြီဗျို့"

အစာအိမ်ရောင်ရောဂါနဲ့ လက်တကမ်းဆေးပညာ လက်တကမ်းကျန်းမာရေး ၄

မြန်မာနိုင်ငံဒေသအသီးသီးမှာတော်လှန်ရုန်းကန်နေကြတဲ့ပြည်သူတွေအတွက် အသုံးတည့်မယ့် တိုင်းရင်းဆေး နည်းတွေကို တင်ဆက်ပေးနေတဲ့ “လက်တကမ်း ကျန်းမာရေး”အစီအစဉ်မှာ အခုတစ်ပတ်တင်ဆက်ပေးမှာက "အစာအိမ်ရောင်ရောဂါနဲ့ လက်တကမ်းဆေးပညာ" ဖြစ်ပါတယ် ။

ဗုံးသီးခွံတွဲကား ၃ စီး ပါသွားမှုနဲ့ သရက်တပ်နယ်မှူးကို တပ်အချုပ်ထဲမှာထားပြီး ၁ နှစ်နီးပါး အမှုစစ်ဆေးနေ

မကွေးတိုင်း၊ သရက်မြို့အခြေစိုက် အမှတ် ၁၂ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၂) စက်ရုံမှူး (သရက်တပ်နယ်မှူး) ဗိုလ်မှူးကြီးဝင်းကြူကို အောင်လံမြို့အခြေစိုက် ကပစ ၁၅ တပ်ဗဟိုကင်းမှာ စစ်ဘက်အချုပ်နဲ့ ချုပ်နှောင်ထားဆဲဖြစ်ပြီး အမှုဆက်လက်စစ်ဆေးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ဝေးကွာနေရသူတွေချင်း စာလွှာလေးတွေပေးပို့ အလွမ်းဖြေနိုင်မယ့် "မြေလတ်တံတား" ၆

တောင်ပေါ်မြေကမီးအိမ်ရှင်ဆရာဝန်မလေးအတွက် လေးစားအားကျတဲ့ ညီမလေးတယောက်က ရေးသားပေးပို့ လာတဲ့စာလွှာနဲ့ တောတွင်းတနေရာမှာ တာဝန်ထမ်းဆောင်နေတဲ့သူငယ်ချင်းလေး ကိုနေကောင်းကျန်းမာ အောင်နေပြီး ပြန်ဆုံကြဖို့ပေးပို့ထားတဲ့စာလွှာလေးတွေနဲ့အတူ အခြားစာလွှာလေးတွေကိုလည်း နားဆင်ကြရမှာပါ။

သစ်ခိုးထုတ်တာကို PDF က တားလို့ PDF စခန်းကိုလိုက်ပြခဲ့တဲ့ရာအိမ်မှူး ပစ်သတ်ခံရ

'သူက ဒလန်ထက်ဆိုးတယ် သစ္စာဖောက်ပေါ့။ အရင်က မင်းလှ PDF စခန်းကို အဝင်အထွက်ရှိတယ်။ PDF စခန်းကို သူလိုက်ပြလို့ စခန်းအစီးခံရတုန်းက ကျသွားတဲ့ ရဲဘော်ရိုးမက သူနဲ့ညီအစ်ကိုဝမ်းကွဲတော်တယ်၊ အဲ့တာကြောင့်လည်း သူ့ကို ဝင်၊ထွက်ခွင့်ပေးထားတာ။ သူသစ်ခိုးထုတ်တာတွေအရမ်းများလာလို့ PDF ကတားတာ၊ အဲ့ဒါကိုမကျေနပ်လို့ စစ်ကောင်စီနဲ့သွားပေါင်းပြီး PDF စခန်းကိုလိုက်ပြတာ။ အဲ့ဒီ စခန်းသိမ်းခံရပြီးနောက်ပိုင်းမှ သူ့ကိုရာအိမ်မှူးခန့်ပြီး သစ်ခိုးထုတ်ခွင့်ပေးထားတာ'' လို့ ပြောပါတယ်။

မကွေးနဲ့စစ်ကိုင်းတိုင်းထဲ ခွင့်နဲ့သွားမယ့်စစ်သားတွေ အပြင်မှာတည်းခွင့်မရ၊ နီးစပ်ရာစစ်တပ်မှာ တည်းဖို့ အမိန့်ထုတ်ထား

"ဒီကောင်(စကစ)တွေရဲ့အခြေအနေက စစ်ကိုင်းနဲ့မကွေးထဲကိုတော့ မိဘသေလို့တောင်ပြန်လာဖို့စိတ်မကူးနဲ့။ မြို့နယ်အလိုက် PDF တွေက ဘယ်နယ်က ဘယ်သူ့အိမ်က စစ်ကောင်စီတပ်ထဲက Inservice (တာဝန်ထမ်းဆောင်ဆဲ) နဲ့ပတ်သက်နေတယ်ဆိုတာ အချက်အလက်တွေရှိပြီးသား။ ကျနော့်နယ်ထဲမှာကို ဒီကောင်တွေမိသားစုဝင်တွေသေရင် ဗီဒီယိုကောခေါ်ပြပြီးနာရေးလုပ်နေရတာတွေရှိတယ်။ အဲ့လိုအသတ်ခံရမှာကြောင့်လည်း စစ်တပ်တွေမှာတည်းဖို့ ညွှန်ကြားတာ" လို့ CDM ရဲလည်းဖြစ်တဲ့ ​မြင်းမူ Truth Fighter PDF ခေါင်းဆောင်တဦးက မြေလတ်အသံကို ပြောပါတယ်

ဦးဝါသဝ အုပ်ချုပ်နေတဲ့ ပျူရွာကို ဝင်တိုက်ပြီး လက်နက်တချို့ပါ သိမ်းတဲ့သတင်းနဲ့ တပတ်အတွင်းသတင်းမျာ:

နတ္တလင်းမှာ ဆိုင်ကယ်မောင်းနှင်ခွင့်ကဒ် တကဒ် ၃၀၀၀ နဲ့လုပ်ခိုင်းနေတဲ့သတင်း၊ ဗုံးဆက်တိုက်ကွဲခဲ့တဲ့ ပဲခူးမှာ လူငယ် ၇ဦး ဖမ်းဆီးခံရတဲ့သတင်း၊ စစ်တပ်မွေးမြူရေးစခန်း ဝင်အစီးခံရလို့ အရာရှိ ၂ဦးအပါ ၇ဦးသေဆုံးပြီး ၃ဦးအရှင်ဖမ်းမိတဲ့သတင်းတွေကိုပါ နားဆင်ရမှာပါ။

"သူခိုးကျင့် သူခိုးကြံ" (မြင်မိ ကြားမိသမျှ အစီအစဉ်)

မြေလတ်အသံသတင်းဌာနမှာ အပါတ်စဉ်တင်ဆက်နေတဲ့ ဆောင်းပါးရှင် သခင်နွေရဲ့ မြင်မိ ကြားမိသမျှ အစီအစဉ်ရဲ့ ဒီတပါတ်မှာတော့ "သူခိုးကျင့် သူခိုးကြံ" ဆိုတဲ့ ခေါင်းစဉ်ကို နားဆင်နိုင်ကြပါပြီ။

မကွေးလေတပ် ရှော့ဒိုက်ဒုံးနဲ့ပစ်ခံရလို့ မြို့ပေါ်က စစ်တပ်မိသားစုဝင်တွေပါမကျန် ညလုံးပေါက် ကင်းထိုင်စောင့်ခိုင်းထား

"ညက အဲ့တာတွေလည်း ထကွဲပြီးရော အဲ့လေတပ်နားက ၃၀၁၊ ၃၁၇၊ စုဆောင်းရေး၊ မဆရ ၁၀၊ သံချပ်ကာ အဲ့နားတဝိုက်တပ်တွေ အကုန်လုံး အကုန်ပွက်လောတွေရိုက်ပြီးတော့ စစ်သားတွေရော သူတို့မိသားစုတွေရော အကုန်လုံးကို တပ်နယ်က ညလုံးပေါက် ကင်း‌ထိုင်စောင့်ခိုင်းတာ။ တပ်နယ်ကလည်း လေတပ်က ကိုင်တာလေ အကုန်မိုးလင်းမှ အိပ်ရတယ်" လို့ သူက ဆက်ပြောပါတယ်။

မကွေးမြို့လယ်ခေါင် လူမြင်ကွင်းမှာ ရဲ ၁ ဦး နဲ့ ယာဥ်ထိန်းရဲ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

"ကောင်းမွန်နားက Zan ကွမ်းယာဆိုင်မှာ ကွမ်းယာလာဝယ်တဲ့ ရဲ ၂ ယောက်ကိုပစ်သွားတာ ၂ ယောက်လုံး သေတယ်လို့ သိရတယ်။ အလောင်းတွေပါ ကားနဲ့ တင်သွားတာလို့လည်း ပြောကြတယ်။ ခုမကွေးတမြို့လုံးကို စစ်ကားတွေ ပတ်နေတာ၊ အပြင်သိပ်မထွက်ရဲကြဘူး၊ ရှုပ်ထွေးနေတာ" လို့ မကွေးမြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ညောင်ပင်ဝန်း ရဲကင်းစခန်း တိုက်ခိုက်ခံရပြီး သေဆုံးသူများရှိသလို စခန်းမှူး ဒဏ်ရာရဟုဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်း ရဲကင်းစခန်း တိုက်ခိုက်ခံရပြီး စခန်းမှူး ဒဏ်ရာရသလို သေဆုံးသူများ ရှိတယ်လို့ သိရပါတယ်။

ငါန်းဇွန်မှာ မိုင်းဆွဲခံရပြီး စစ်ကောင်စီ ၂ ပွင့် ဗိုလ် ၁ ဦး သေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ မြို့သာမြို့က ထွက်လာတဲ့ စစ်သားနဲ့ ရဲအင်အား ၁၀ ဦးဝန်းကျင်ပါတဲ့ ရဲပွိုင့် ကား ၁ စီးကို ဒေသခံကာကွယ်ရေးတပ်တွေက ငါန်းဇွန်မြို့နယ်၊ တောင်လယ်တောနဲ့ ရွာသာရွာအကြားမှာ ဖေဖော်ဝါရီလ ၅ ရက် နေ့လည်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

ဝေးကွာနေရသူတွေချင်း စာလွှာလေးတွေပေးပို့ အလွမ်းဖြေနိုင်မယ့် "မြေလတ်တံတား"၅

အဝေးတနေရာကို ရောက်နေတဲ့ အစ်ကိုအတွက် ညီမလေးတယောက်က ရေးသားပေးပို့လာတဲ့စာလွှာနဲ့ နွေဦးစာတိုက်က Admin အမကြီးကို အဝေးကငေးရင်း ချစ်နေတယ်ဆိုတဲ့ စာလွှာလေးတွေနဲ့အတူ အခြားစာလွှာလေးတွေကိုလည်း နားဆင်ကြရမှာပါ။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10