MLAT

မတ်ပဲစိုက်တောင်သူတွေ စိုက်ပျိုးရေးသုံးဆေး စျေးတက်မှုကို ရင်ဆိုင်နေရ

"အရင်နှစ်ကထက် ၅၀ ရာခိုင်နူန်းလောက် ခေါက်ချိုးတက်တယ်ပေါ့။ အရင်က တသောင်းတန်က တသောင်းရှစ်ထောင် ဖြစ်သွားတာမျိုးရှိသလို တချို့ကြတော့လည်း ကိုးထောင်တန်က တသောင်းသုံးထောင်လောက် ဖြစ်သွားတာမျိုးလည်းရှိတယ်။ အများစုကတော့ ခေါက်ချိုးတက်တာပေါ့"

နှမ်းခါးရွာကို မီးရှို့ပြီးပြန်လာတဲ့ စစ်အုပ်စု မိုင်းဆွဲတိုက်ခိုက်ခံရလို့ ၇ဦးသေဆုံး

“ ပဒေသာမိုင်းအနည်းဆုံး ၉ လုံးနဲ့ဆွဲလိုက်တာပါ၊အင်အားက ၇၀ လောက်ရှိတယ်၊ သူတို့ဘက်က သေဆုံးတာ ၇ ယောက်ရှိတယ်၊”

မြေနုကျွန်းမြေရှားပါးမှုကြောင့် ခရမ်းချဥ်သီး စိုက်ပျိုးမှုနည်းပြီး စျေးကောင်း

“ဒီနှစ်လေ ခရမ်းချဥ်ကသိပ်မစိုက်ကြဘူး။ မြေကုန်းမြေမရှိတာ၊ သိပ်လည်းမစိုက်ကြဘူး တဦးနှစ်ဦးလောက်ပဲစိုက်ကြတယ်။ သိပ်လည်းမသီးဘူး၊ အထွက်နှုန်းနည်းတော့ စျေးကောင်းတာပေ့ါ၊ တခြားကျွန်းတွေမှာလည်း သိပ်မစိုက်ဘူး၊ ကုန်းအမြင့်တို့ဘာတို့မှာစိုက်ကြတယ် ကျနောတို့ဆီမှာက ရေမြုပ်ကွင်းတွေ ပဲရှိတော့တယ်၊ ကုန်းမြေတွေကိုအိမ်တွေဆောက်လိုက်ရတယ်၊ တော်တော်များများ မစိုက်ကြတော့ဘူး၊”

ပဲခူးတိုင်းကသတင်းထောက်တဦး ထောင် ၃ နှစ်ချမှတ်ခံရပြီး နောက်တိုးအမှုတခုနဲ့ ထပ်မံတရားစွဲထား

အာဏာသိမ်းပြီးနောက်စစ်ကောင်စီက ပုဒ်မ ၅၀၅(က)ဖွင့်ထောင်ချခံရတဲ့ သတင်းသမားတွေကိုပြန်လွှတ်ပေးခဲ့ပေမယ့် ပုဒ်မ၅၀၅ (က)နဲ့ အမှုရင်ဆိုင်နေရတဲ့ ကိုငြိမ်းချမ်းဝေကတော့ ထောင် ၃ နှစ် အမိန့်ချခံလိုက်ရကြောင်း သိရပါတယ်။

၂ရက်အတွင်း စစ်ကောင်စီတပ်သား ၃၂ဦး သေဆုံးပြီး အများအပြားဒဏ်ရာရ

"စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီ တပ်မ ၁၁ လက်အောက်ခံ ခမရ ၂၁၇ တပ်ရင်းနဲ့တိုက်ပွဲဖြစ်ပါတယ်၊ကျန်တဲ့ဟာကတော့ပုလဲမြို့နယ်ကထွက်လာတဲ့ စစ်ကိုင်းတိုင်းဘက်ကိုနယ်မြေရှင်းလင်းရေးစစ်ကြောင်းထိုးလာ ကားတွေကို မိုင်းဆွဲတယ် ချောင်းမြောင်းပစ်ခတ်တာတွေလုပ်တာပေါ့"

ဇီးကုန်းမြို့ကလူငယ်တွေ နေ့စဥ်ဆိုသလိုဖမ်းဆီးခံနေရ

"မြို့ပေါ်ကလူငယ်တွေစစ်ကောင်စီကနေ့စဥ်ဆိုသလိုဖမ်းတာကိုခံနေရတယ် နှစ်ရက်သုံးကြာရင်ပြန်လွှတ်တယ် ဘာမှမဟုတ်ဘူးမဲမဲမြင်ရာ ဖမ်းနေကြတာအခုလူငယ်တွေက အိမ်မှာတောင်ရဲရဲမနေရဲကြဘူးအခုဆို ၈ဦး၉ဦးလောက်ရှိနေပြီ မြို့ပေါ်ရပ်ကွက်က ကလေးတွေအများစုပဲ"

PDF တွေတီထွင်ထားတဲ့ ရေမြုပ်မိုင်းနဲ့ စစ်ကောင်စီရေယာဉ် မိုင်းဆွဲတိုက်ခိုက်ခံရ

"မနေ့က မိုင်းခွဲတာဟာ ဝမ်းဗိုက်ပေါက်ပြီးမှ ဒီနေ့မှ နစ်မြုပ်တာပါ။ စစ်ကောင်စီတပ်ဖွဲ့အင်အား ၂၀၀ ကျော်လောက်ပါ ပါတယ်။ မနေ့က ၁၂ နာရီဝန်းကျင်လောက်မှာ မိုင်းဆွဲတိုက်ခိုက်တာပါ။ မဲဒင်ရွာ ကျွန်းခုံပေါ်တဲ့နေရာမှာနစ်မြုပ်သွားတာ၊ သေဆုံးမှုတော့ အတိအကျမသိရသေးပါဘူး။ဒဏ်ရာရတဲ့သူကတော့ များတယ်။ ကျနော်တို့ Kani People's Defense Force- KPDF-1ဦးဆောင်ပြီး Kani People's Defense Force- KLG၊DRPA မဟာမိတ်အဖွဲ့တွေ ပူးပေါင်းမိုင်းဆွဲတိုက်ခိုက်တာပါ"

ကျောင်းမှာတပ်စွဲထားတဲ့ စစ်အုပ်စုတိုက်ခိုက်ခံရလို့ ဗိုလ်တဦးလက်ပြတ်ပြီး ၅ဦးသေ

“ အပြန်အလှန်ပစ်ခတ်ကြပါသေးတယ်၊ကျနော်တို့ဘက်ကလည်း လက်နက်ကြီးတွေနဲ့ပြန်ပစ်တယ်၊ သူတို့ဘက်က ၄ ယောက်နဲ့ ပျူစောထီးခေါင်းဆောင်တစ်ယောက်သေတယ်၊ ဗိုလ်အဆင့်ရှိတဲ့လူက လက်ပြတ်သွားပါတယ်၊ ခုချိန်ထိ အဲ့ဒိကျောင်းမှာတပ်စွဲထားတုန်းပဲ”

သဲကုန်းမြို့မှာ စစ်ကောင်စီသတင်းပေးလို့ ကျော်ကြားသူ သေနတ်နဲ့ ပစ်ခံရပြီး သေဆုံး

" သူက အာဏာမသိမ်းခင် အရင်ကတည်းက ရဲသတင်းပေး၊ ရဲတွေလာရင် ကြက်ဝိုင်း‌တွေ၊ ၂လုံးဒိုင်တွေကို လိုက်ပြရတယ်၊ အင်ဖော်မာ ဇော်ဝင်းလို့ ခေါ်ကြတယ်၊ သူ့တူ နှစ်ယောက်က ဆင်တဲ က.ပ.စက တပ်ကြပ်ကြီးနဲ့ တပ်သားတွေပါ"

စက်သုံးဆီနဲ့ ဓါတ်မြေသြဇာဈေးအဆမတန်မြင့်တက်နေလို့ နွေစပါးစိုက်မယ့်တောင်သူတွေ စိတ်ပျက်နေ

"စပါးစိုက်မယ်ဆိုကတည်းက အရင်လိုကျွဲနဲ့နွားနဲ့မဟုတ်တော့ထွန်စက်သုံးရမယ် အဲမှာပဲဆီစျေးကတက်နေပြီ တဧကထွန်ယက်ခဘယ်စျေးပေါက်မယ်မသိသေးဘူး ဒီလိုပဲစပါးပင်တွေသန်ပြီးအပင်ပွားဖို့က ဓါတ်မြေသြဇာကိုအပင်ငယ်စဉ်ကတည်းက ကြွေးရတယ် အခုသူကစျေးတက်နေတယ်​သူတို့နှစ်မျိုးကအခြေခံပဲ အခြေခံကအစစျေးတက်တော့ လုပ်အားခပြန်ရဖို့တောင်မလွယ်လှဘူး"

စစ်သင်တန်းပေးနေတဲ့ ပျူစောထီးခေါင်းဆောင် သေနတ် ၁၀ ချက်မှန်သေဆုံး

" အပြန်အလှန်ပစ်တာပါ၊ကျနော်တို့ဘက်ကတော့ အရင်ဆုံးဦးအောင် ပစ်တယ်၊ သူ့ဆီမှာလည်းသေနတ်ပါတယ်ဆိုတာ မထင်မိဘူး၊ သူကကျနော်တို့ကိုပြန်ပစ်တော့ အဲဒီမှာပဲ အပြန်အလှန်ပစ်ကြတာပေါ့၊ သူကတစ်ယောက်ထဲပါ၊ ကျနော်တို့ပစ်တာက ကျည်ဗောက် ၂ ဗောက်လုံးကုန်သွားတယ်၊ ကျည်ဆံ ၂၀ လောက်ကုန်သွားတယ်၊သူ့ကိုကျည်မှန်တာကတော့ ၁၀ ချက်မှန်ပါတယ်၊ဆေးရုံမရောက်ခင်မှာ သေသွားတယ်လို့ သိရပါတယ်၊"

အသံတိတ်သပိတ်တွင် ဆိုင်ပိတ်ခဲ့သည့် စျေးဆိုင်များကို ငွေ ၁သိန်း မှ ၃သိန်းထိ စစ်ကောင်စီတောင်း

" ဆိုင်ကြီးတွေကို အဓိကတောင်းတာ မနေ့ကတည်းက ကြံ့ခိုင်ရေးအဖွဲ့ကလူတွေလည်း ပါတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ဆိုင်တွေကို ဓါတ်ပုံရိုက်တယ် မဖွင့်ရင်လည်း အတင်းဖွင့်ခိုင်းတယ်။ လုံးဝမဖွင့်တဲ့ဆိုင်တွေကိုတော့ ဒီနေ့ငွေညှစ်နေတယ်"

PDF အဖြစ်စွပ်စွဲခံရသူရဲ့ မိဘပိုင် စားသောက်ဆိုင်နဲ့ တိုက်ကို စစ်ကောင်စီ ဖျက်ဆီးချိတ်ပိတ်

"စစ်ကားတွေကော ရဲကားတွေကော ဆိုင်ရှေ့မှာအများကြီးဗျ၊ စစ်ကားကို ၅ စီး‌‌​ လောက်ပါတယ်။ ဆိုင်ပိုင်ရှင်ရဲ့သားက PDF အဖွဲ့ဝင်ဆိုပြီး ဆိုင်ကိုချိတ်ပိတ်ဖို့လာတာတဲ့။ အဲဒီကလေးကအဲလိုမဟုတ်ပါဘူး၊ မ‌​ကွေးတက္ကသိုလ်ကျောင်းသားပါ၊ အဲဒီကလေးကအိမ်မှာ မရှိတာကြာပါပြီ၊ အရင်ကလည်း တခါလာပြီးစစ်သေးတယ်။ အဲဒီတုန်းကလည်း ဆိုင်ပိုင်ရှင်ကို သေနတ်ဒင်နဲ့ခေါင်းကိုရိုက်လို့ ၃ ချက်ချုပ်လိုက်ရတယ်။ ဆိုင်ပိုင်ရှင်ရဲ့အမျိုးသမီးကိုလည်း ပါးတွေရိုက်သွားကြတယ်၊ ခုဟာက စိုးလွန်းတယ်ဗျ"

နတ်တလင်းမြို့က တိတ်ဆိတ်ခြင်းသပိတ်ကိုဒရုန်းဖြင့်မှတ်တမ်းတင်သူဖမ်းဆီးပစ်ခတ်ခံရ

"ည ၉ နာရီလောက်မှာ မြို့ထဲကသေနတ်သံတွေကြားရပြီး ည ၁၀ နာရီခွဲလောက်မှာ ရဲစခန်းထဲက သေနတ်ဖောက်သံတချက်ကြားလိုက်တယ်။ စုံစမ်းကြည့်တော့မှ မြို့မရပ်ကွက်၊ ဗိုလ်ချုပ်လမ်းက ဖိုးစိုင်းကို ဖမ်းတာလို့သိရတာ စစ်ဆေးနေတုန်း သေနတ်နဲ့ ပစ်တာတဲ့ သူရဲ့ပေါင်ကိုမှန်သွားတယ် လည်းကြားတယ်။ မနေ့က သူကဒရုန်းနဲ့ လျှောက်နေတာလေ ဒလန်တွေပဲသတင်းပေးတာ နေမှာပေါ့"

အသံတိတ်ပစ်ချက်

သပိတ်အောင်မြင်တဲ့အထိမ်းအမှတ် လက်ခုပ်တီးဖို့စောင့်ဆိုင်းနေချိန်ဟာရင်ခုန်စရာကောင်းသလို လက်ခုပ်သံသောသောညံချိန်မှာ ဝဲခဲ့မိတဲ့မျက်ရည်တွေဟာလည်း ငါတို့လုပ်နိုင်တယ်ဆိုတဲ့အတွေးကိုပေးခဲ့ပါတယ် ။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10