တပတ်အတွင်း မြေလတ်သတင်း
- စစ်ကိုင်းတိုင်းတွင် ၁၀၂၇ စစ်ဆင်ရေး ညီနောင်မဟာမိတ်သုံးဖွဲ့ ဖော်ဆောင်။ - ဘီးလူးစစ်ကြောင်း လက်ကျန်စစ်သားတွေ တိုက်ခိုက်ခံရပြီး စစ်သား ၄ ဦးသေ ၅ ဦးဒဏ်ရာရ။ - ရေတာရှည်နယ် တလအတွင်းတိုက်ပွဲတွေမှာ PDF ၂ ဦးသေဆုံးပြီး စစ်အုပ်စုတပ်ဖွဲ့ဝင် ၈၀ ကျော်ကို ရှင်းလင်းနိုင်ခဲ့ဟုဆို။ - စစ်အာဏာသိမ်း ရက် ၁၀၀၀ ပြည့် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်။ - ၁၀၂၇ စစ်ဆင်ရေးကို ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မယ်လို့ အညာတော်လှန်ရေးအဖွဲ့တွေ စာထုတ်။ - တရက်တည်း စစ်ကောင်စီဂိတ်စခန်း ၂ ခု ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး ၂ ဦး သေဆုံး။ - ဒီပဲယင်းနဲ့ ပေါက်မှာ စစ်တပ်က PDF ၂ ဦးအပါ ဒေသခံ ၈ ဦးကို ခေါင်းဖြတ်သတ်ပြီး ၂၀ ဦးကျော်ကို ဖမ်းဆီးထား။ - မြောင်မြို့ရဲစခန်းနဲ့ စစ်ဗိုလ်နေထိုင်ရာအိမ်တို့ကို ဒရုန်းသုံးပြီးတိုက်ခိုက်။ - NUG ကြားကာလပညာရေးစနစ်ကို ဗကသများအဖွဲ့ချုပ်က မေးခွန်းထုတ်။ - ပဲခူး၊ ပြည်၊ မကွေးနဲ့ မန္တလေးတို့မှာ ညမထွက်ရအမိန့်တွေကို ပယ်ဖျက်။