MLAT

မီတာမဆောင်ရင် ပြည်သူကို အမှုဖွင့် အရေးယူဖို့အထိ စစ်ကောင်စီ ညွှန်ကြားထား

"တရားစွဲဆိုဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးထံလိပ်မူ၍ အဆိုပါ မီးသုံးသူသည် နိုင်ငံတော်ဘဏ္ဍာငွေဖြစ်သည့် ဓါတ်အားခများပေးဆောင်ခြင်းမရှိသည့်အတွက် လိုအပ်သလိုအရေးယူဆောင်ရွက်ပေးပါဆိုပြီး အမှုဖွင့်ရန်" လို့ ညွှန်ကြားစာထုတ်ပြီး ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ် အသီးသီးကိုခိုင်းထားပါတယ်။

စစ်တပ်က ဖမ်းသွားတဲ့ စစ်ရှောင်တဦး ရက်ပေါင်း ၅၀ကျော် ပျောက်ဆုံးနေ၍ မိသားစုအကြွေးတင်နေ

"ကျမမှာ သားသမီး ၄ယောက်ရှိပါတယ်။ အကြီးဆုံးသားကတော့ ဆယ်တန်းတက်နေပါတယ်။ သားလတ်ကတော့ ၆တန်း၊ သားငယ်ကတော့ ၁တန်းတက်နေပါတယ်။ သမီးအငယ်ဆုံးကတော့ ၄နှစ်ပဲရှိသေးတယ်။ ဒီလထဲမှာဆိုရင် သမီးလေး နေမကောင်းဖြစ်လို့ ဆေးခန်းပြရတယ်။ အကူအညီပေးမယ့် ဆွေမျိုးတွေလည်းမရှိဘူး။ သူများဆီကယူထားတဲ့အကြွေးကိုတောင် ဘယ်လိုပြန် ပေးရမလဲမသိတော့ဘူး"

PDFတွေ ဆင်းရဲတယ်၊ PDFပဲ လှူတော့မယ်

“နွေဦးတော်လှန်ရေးစကတည်းက ဘာသာရေးအလှူအတန်းမှန်သမျှရပ်ပြီး အဲဒီကုန်ကျစရိတ်တွေကုန် PDF တွေကိုလှူတော့တယ်။ ဘကြီးရဲ့သူငယ်ချင်းတွေလည်း တသဘောတည်းပဲ။ PDFတွေကိုပဲလှူတော့တယ်”

တိုက်ပွဲကြောင့် မောင်တောမှကျေးရွာ ၇ ရွာခန့်ပိတ်မိနေ၍ စားနပ်ရိက္ခာများအခက်ကြုံနိုင်

"တိုက်ပွဲဖြစ်တာက ကားလမ်းမှာဖြစ်ကြတာ။ အဲဒီဖက်မှာက ကားလမ်းတလမ်းဘဲရှိတာ။ ပိတ်မိနေကြတာက သွားဖို့၊ လာဖို့အတွက် ဆိုင်ကယ်၊ ကားတွေမရှိလို့ပါ။ ဆိုင်ကယ်ရှိတဲ့သူတွေကတော့ ဘေးလွတ်ရာကိုသွားလို့ရောက်ခဲ့ကြတာပေါ့။ အရင်တုန်းက(တိုက်ပွဲမဖြစ်ခင်)ဆိုရင် ခရီးသည်တင်ကားတွေက တရက်မှာကားနှစ်စီး ထွက်ပါတယ်။အခုက အဲဒီကားမထွက်တာ တလကျော်လောက်ရှိပါပြီ။ အဲဒါကြောင့်မလို့ ဒေသခံတွေ ပိတ်မိကျန်ခဲ့ကြတာပါ"

မျက်နှာမွဲတို့အသက် ဘယ်လိုသတ်သတ် သေ၏

တချိန်က ဒီမိုကရေစီလက်သီးလက်မောင်းတန်းတဲ့ သူဌေးသူကြွယ်တို့ဟာလည်း ခုချိန်မှာ မျိုးဆွေဝင်းဖလား၊ ဘောလုံးပွဲ၊ ခြင်းလုံးပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေမှာ ထိပ်ဆုံးကနေ တက်တက်ကြွကြွ ကျွန်လက်မှတ်ရဖို့ ခံယူနေကြကုန်ပြီ။ အာဏာသိမ်းအခါတော်ပေး၊ မြှောက်ပင့်တဲ့ ကြံ့ဖွတ်၊ မဘသတွေ၊ မြို့နယ်ကဗိုလ်မှူးဆိုတဲ့ကောင်တွေနဲ့ ဂေါက်ရိုက်၊ ပရဟိတတွေကို ကာဗာလုပ်ပြနဲ့ အနေအစားအဆင်ပြေနေကြပြီ။

ဒုက္ခသည်စခန်းရေမြုပ်လို့ အသစ်ဆောက်ပေးခဲ့တဲ့ စခန်းအသစ်နေရာမှာလည်း ရေမြုပ်နေဆဲဖြစ်

"အစိုးရကလည်း ပြောင်းရွေ့ဖို့ကိစ္စနဲ့ဘာမှမပြောသေးဘူး။ အခုနေတဲ့စခန်းက ရေနစ်ပါတယ်။ ကလေးတွေနဲ့ဆိုတော့ အခက်အခဲဖြစ်တာပေါ့။ မိုးသဲတဲ့နေ့တွေဆိုရင် တညည့်လုံးမအိပ်ဘဲ နေရပါတယ်။"

စိုးမိုးနယ်မြေတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်နေပေမယ့် ဆေးဝါးပြတ်လပ်

" အခုက ညီမတို့စိုးမိုးထားတဲ့နယ်မြေ အကုန်လုံးကို Mobile Clinic လိုမျိုးသွားတာဆိုတော့ ဆေးဝါးကုန်ကျမှုက များပါတယ်၊ Mobile Clinic က ရွာတွေမှာ တပတ်ဆယ်ရက်ထိုင်မကုနိုင်သေးပေမဲ့ စိုးမိုးထားတဲ့နယ်မြေအားလုံးကိုတော့ လိုအပ်နေတဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ စီစဉ်ထားပါတယ်ရှင့်"

"မင်းအောင်လှိုင်သား တိုက်ဆောက်၊ ရဲဘော် အသက်ပျောက်၊ ပြည်သူ ဗိုက်မှောက်"

ဆောင်းပါးရှင် သခင်နွေရဲ့ မြင်မိကြားမိသမျှ အစီအစဉ် "မင်းအောင်လှိုင်သား တိုက်ဆောက်၊ ရဲဘော် အသက်ပျောက်၊ ပြည်သူ ဗိုက်မှောက်"

ရွာအပြန်-၄

ခုဆို ရှိတဲ့ ရွှေတိုငွေစလေးတွေရယ်၊ မှတ်ပုံတင်နဲ့ အရေးကြီးစာရွက်တွေရယ်ကို အိတ်တစ်ခုထဲ တစ်စုတစည်းတည်း ထည့်ထားရသတဲ့။ ဒါမှ အလွယ်တကူ ကိုယ်နဲ့မကွာ ယူဆောင်နိုင်အောင်တဲ့။ သေနတ်ကြီးတွေနဲ့ဆိုတော့ ကြောက်ကြရတာပေါ့ကွယ်။ ပြီးတော့ ဒင်းတို့က မထင်ရင် မထင်သလို ပစ်သတ်တတ်တာတဲ့လေ။ နင်တို့လည်း ကြားမှာပါ။ ခုဆို မီးရှို့ခံရတဲ့ရွာတွေ နည်းမှတ်လို့။ တကယ့်ကို ဘီလူး၊ သဘက်တွေတဲ့။

စစ်ကောင်စီက AA စခန်းကို တိုက်ဖို့ လာခဲ့ပေမယ့် ကြားဖြတ်ပြန်တိုက်ခံရလို့ သေဆုံးသူများနိုင်

"စစ်ကောင်စီက စခန်းကိုတိုက်ဖို့လာတဲ့အချိန်မှာ AAက သတင်းရလို့ကြားဖြတ်တိုက်တာ။ AAဖက် ကတချို့ ထိခိုက်ဒဏ်ရာရခဲ့လို့သိရတယ်။ စစ်ကောင်စီဖက်ကတော့ သေသူတွေ၊ဒဏ်ရာရသူ တွေ များတယ်လို့သိရတယ်။ အတိအကျအရေ အတွက်ကတော့မသိရသေးဘူး။ တိုက်ပွဲကတော့ မိနစ်၃၀လောက်ကြာခဲ့ပါတယ်။"

ပြည်ထောင်တွင်း ဖမ်းခံထားရသည့် NLD စည်းရုံးရေးမှူးနှင့် အခြား တဦးကို ၅၀၅(က) ဖြင့် ထောင်ဒဏ် ၂ နှစ်စီချ

“ပြည်မြို့ကပဲ ဦးတင်ဝင်းက NLD စည်းရုံးရေးမှူး မြတ်ဝသာန်ကိုက ပို့စ်တင် ရှယ်တာကို ဖမ်းဆီးထားတာ ဖမ်းထားတာတော့ ရှစ်လကျော်နေပြီ အမိန့်ချတာတော့ အခုမှချဖြစ်တယ်”

ပလက်ဝတွင် ပျောက်ဆုံးနေသော ယောကျ်ားကိုရှာဖွေသည့် ဇနီး မိုင်းနင်းမိကာသေဆုံး

"သူ့မှာ ခြေထောက်တွေ၊ လက်တွေ အကုန်လုံးပြတ်သွားပါတယ်။ သွေးထွက်လွန်သွားပြီးသေတာ။ အရမ်းသနားဖို့ကောင်းပါတယ်။ လင်ကိုတွေ့မယ်ဆိုပြီးတော့ သွားရှာတာ။ အခုတော့ သူလည်း သေရရှာတယ်။ အခုတော့ သားနှစ်ယောက်နဲ့သမီးငယ်တဦးကျန်ခဲ့ပါတယ်။"

ချမ်းသာရွာ‌ဒေသခံတွေကို လူမျိုးသုန်းသတ်မယ်လို့ စစ်ကောင်စီခြိမ်းခြောက်

ချမ်းသာရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်တပ်စွဲပြီး ‌ဒေသခံပြည်သူတွေရဲ့ နေအိမ်အချို့မှာ " မြန်မာနိုင်ငံက အပြီးပိုင်ထွက်သွားဖို့ လိုပြီ၊ ထွက်မသွားဘူးဆိုရင် လူမျိုးသုန်းသတ်ဖြတ်ရလိမ့်မယ်" ဆိုတဲ့ စာတွေကိုရေးခဲ့တာကို ဓါတ်ပုံမှတ်တမ်းတွေအရ တွေ့ရပါတယ်။

AAက ALPအဖွဲ့ဝင်ကျောင်းထိုင်ဆရာတော် ၄ပါး ကိုဖမ်းဆီးသွား

"ဖမ်းသွားတဲ့ဆရာတော် ၄ပါးစလုံးက ALPက မြို့နယ်အဆင့် ဥက္ကဌတွေဖြစ်ကြတယ်လို့သိရတယ်။ အဲဒါကြောင့် AAကဖမ်းသွားတာ။ အပြန် အလှန်ဖမ်းကြတဲ့သဘောပေါ့။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ ဖမ်းတာတော့ မဟုတ်ပါဘူး"

ရွာသားကြီးတဦးရဲ့ တနိုင်ဝန် တော်လှန်ရေး

‘နွေဦးတော်လှန်ရေး အောင်ပွဲခံတဲ့အထိ ဘကြီးအသက်ရှင်ချင်သေးတယ်။ တော်လှန်ရေးအောင်တဲ့ နေ့မှာ ဆွေမျိုးတွေအကုန်အိမ်ခေါ်ပြီး ညစာကျွေးမယ်။ အားလုံးဆုံချိန်မှာ နွေဦးတော်လှန်ရေးအတွက် ဘကြီး ဘာလုပ်ခဲ့သလဲဆိုတာ ပြောပြမယ်။ တကယ်မို့ ဒီကြားထဲ ဘကြီးသေသွားခဲ့ရင် ငါ့တူက ဘကြီးဘယ်လိုမ ကြောက်မရွံ့ဘဲ တတ်နိုင်သလောက်လုပ်ခဲ့သလဲဆိုတာ ဆွေမျိုးတွေကို ပြောပြပေးပါ’တဲ့။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10