စစ်ကောင်စီနဲ့ပေါင်းပြီး ရခိုင်ပြည်သူကို သစ္စာဖောက်နေသည်ဟု AA ရဲ့ စွပ်စွဲချက် မမှန်ကြောင်း ALP ငြင်းဆို
"ကျွန်တော်တို့အနေနဲ့ သစ္စာဖောက်နေတယ်ဆိုတာက ဘာကိုဆိုလိုတာလည်းလို့ ပြန်မေးရဖို့ဖြစ်တယ်။ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့အနေနဲ့ ပြည်သူအပေါ်မှာ သစ္စာဖောက်တာ ဘာတခုမှမရှိဘူး။ ကျွန်တော်တို့က အမျိုးသားရေလွတ် မြောက်ဖို့အတွက် ကြိုးစားနေတဲ့တပ်မတော် တခုဖြစ်တယ်။ဒီလိုအမျိုးသားရေး ဂုဏ်သိက္ခာကို စောင့်ထိန်းနေလို့ AA/ULA ပြည်တွင်းထဲမှာ ရပ်တည်နိုင်တာဖြစ်တယ်။ ကျွန်တော်တို့သာ တကယ် လို့သစ္စာဖောက်နေဖို့ ဆိုရင် ကျွန်တော်တို့ရခိုင်သားအချင်းချင်းအနေနဲ့ ULA/AA ရှိတဲ့နေရာတွေကို မသိနိုင်စရာ အကြောင်းမရှိ။ ဒီနေ့ထက်ထိ ကျွန်တော်တို့က ဒီဟာတွေကို လျှို့ဝှက်တားတုန်းဖြစ်တယ်။ သူ့အလုပ်ကိုသူလုပ်၊ ကိုယ့်အလုပ်ကို ကိုယ်လုပ်ပုံစံမျိုးနဲ့ ကိုယ်တို့လမ်းစဉ်အတိုင်း လမ်းလျှောက်နေကြတာဖြစ်တယ်။"