MLAT

ရဲဘော် ကျီးကန်း (ပထမပိုင်း) "ဆုံးရှုံးမှု၊ ယုံကြည်မျှော်လင့်ချက် နှင့် တော်လှန်ရေး"

ရဲဘော် ကျီးကန်း ရဲ့ တော်လှန်ရေးကာလအတွင်း ပါဝင်ခဲ့မှု၊ လက်နက်ကိုင်တော်လှန်ရေးအတွင်း ခန္ဓာကိုယ်အစိတ်အပိုင်း၊ မိသားစုဝင်နဲ့ ရဲဘော်ရဲဘက်တွေ ဆုံးရှုံးခဲ့ရတဲ့အကြောင်းတွေနဲ့အတူ သူ့ရဲ့ယုံကြည်ရဲရင့်မှုတွေကို အခု Podcast မှာ စကားပြောဖြစ်ခဲ့ပါတယ်။

"စီးပွါးရေးပိတ်ဆို့တာ ဒို့ မှုသွားပြီ"

မြေလတ်အသံသတင်းဌာနမှာ အပတ်စဉ်တင်ဆက်နေတဲ့ ဆောင်းပါးရှင် သခင်နွေရဲ့ မြင်မိ ကြားမိသမျှ အစီအစဉ် ဒီတပတ်မှာတော့ "စီးပွါးရေးပိတ်ဆို့တာ ဒို့ မှုသွားပြီ" ခေါင်းစဉ်ကို နားဆင်နိုင်ကြပါပြီ။

တပတ်အတွင်း မြေလတ်သတင်း

- ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကျဆုံးခြင်း နှစ်ပတ်လည်အခမ်းအနားကို အရှိုချင်းဌာနချုပ်မှာကျင်းပ - MPDFအဖွဲ့ကို ဖျက်သိမ်းပြီး ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)အဖြစ် ပြန်လည်ဖွဲ့စည်း - ဘုန်းကြီးတပါးအပါ ၁၀ဦး သေဆုံးခဲ့တဲ့ ညောင်ကုန်းရွာ လေယာဥ်ပစ်ခံရမှု - ချင်းတွင်းမြစ်ထဲ စစ်ကောင်စီ မော်တော်တွေ တိုက်ခိုက်ခံရလို့ ၅ ဦးသေဆုံးကာ မော်တော် ၁ စီး ရေနစ်မြုပ်ခဲ့ဟုဆို - အမျိုးသမီးရဲဘော်တွေပါ တိုက်ပွဲဝင်မယ့် မုံရွာခရိုင် အမှတ် ၅ တပ်ရင်း - ဆားတောင်မြို့မရဲစခန်း ၂ ရက်ဆက်တိုက် ဒရုန်းနဲ့ဗုံးကြဲခံရလို့ စခန်းမှူးအပါအဝင် ၄ ဦး‌ သေဆုံးဟု ဆို - မြနန္ဒာမြေကွက်ရောင်းချမှု ပြည်သူတွေ ရောင်းမှား၊ ဝယ်မှား မဖြစ်အောင် နတ်တလင်း PDF က အသိပေး - ဖြန့်ဖြူးရောင်းချသူများလာပြီး ဖမ်းဆီးသူ မရှိလို့ အင်းတော်မှာ မူးယစ်ဆေးတွေ ပေါများလာ - ပဲခူးရိုးမမှာ စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရလို့ ၁ ဦးသေဆုံး - ဆားလင်းကြီးက စစ်ရှောင် ၄ ထောင်ကျော်အတွက် အရေးပေါ် ရိက္ခာလိုအပ်

“သွေးတိုးရောဂါနှင့် လက်တကမ်းဆေးပညာ”

သွေးတိုးရောဂါဟာ ဘယ်လိုအခြေအနေတွေကြောင့်ဖြစ်တတ်လဲ။ သွေးတိုးရောဂါနဲ့ပတ်သက်တဲ့ ဆောင်ရန်ရှောင်ရန် အကြောင်းအရာတွေ။ သွေးတိုးရောဂါ ဖြစ်ပွါးလာရင် အနီးအနားက ဆေးဖက်ဝင်အသီးအရွက်တွေနဲ့ဘယ်လိုကုသပေးနိုင်မလဲဆိုတာတွေကို နားဆင်ရမှာပါ။

"စိုက်ပျိုးရေးနဲ့ ဓာတုဆေးဝါးအန္တရာယ်" (လူမှုစီးပွား)

မြန်မာနိုင်ငံရဲ့စိုက်ပျိုးရေးကဏ္ဍမှာ ဓာတုဆေးဝါးတွေပါဝင်တဲ့ ဓာတ်မြေဩဇာကစလို့ ပိုးသတ်ဆေးများအပါအဝင်၊ သီးနှံအားတိုးဆေးတွေနဲ့ စိုက်ပျိုးရေးသုံးပစ္စည်းတွေကို အကြောင်းအမျိုးမျိုးနဲ့ ကာလရှည်ကြာသုံးစွဲလာခဲ့ကြတာ တွေ့ရပါတယ်

ပုလဲမြို့နယ် ညောင်ကုန်းရွာဘုန်းကြီးကျောင်း လေယာဉ်နဲ့ပစ်ခံရပြီးအခြေအနေ( Photo News)

"ဘုန်းကြီးကျောင်းမှာက ဘုန်းကြီးတွေနဲ့ကိုရင်၊ ကျောင်းသားတွေပဲရှိတာလေ။ ဒလန်တွေက သတင်းအမှားပေးလို့ လာလုပ်တာလို့ထင်တယ်။ တပ်ရင်း၊ တပ်ဖွဲ့တွေရောက်နေတယ်လို့ သတင်းမှားတွေပေးလို့ လာပစ်တာထင်တယ် "

စိတ်ဖြောင့်ဖြောင့်နဲ့ချန်ခဲ့သူ ကိုတွတ်အတွက်စာနဲ့အတူ အခြားစာတွေကိုပါ နားဆင်ရမယ့် "မြေလတ်တံတား ၂၄"

အခုတပတ်မြေလတ်တံတားအစီအစဉ်မှာ Plug-X အတွက်စာ၊ စိတ်ဖြောင့်ဖြောင့်နဲ့ချန်ခဲ့သူ ကိုတွတ်အတွက်စာတွေနဲ့အတူ အခြားစာလေးတွေပါနားဆင်ရမှာပါ။

ဒေါင်းနဲ့အတူ တော်လှန်ပြည်သူတွေက စစ်ရှောင်တွေကိုစားသောက်ကုန်လှူဒါန်းတဲ့သတင်းအပါ တပတ်အတွင်း သတင်းများ

ညောင်ပင်ကြီးရှိ လူနေအိမ် ၁,၀၀၀ကျော်ကို စစ်ကောင်စီက အကုန်မီးရှို့ဖျက်ဆီးတဲ့သတင်း၊ တပွင်ရွာရဲစခန်းကို PDFတွေကစီးနင်းမီးရှို့ပြီး စေတုတ္တရာနယ်မှာစစ်ရေးတင်းမာနေလို့ ဒေသခံရာနဲ့ချီ နေရာပြောင်းရွှေ့ရတဲ့သတင်း၊ NLD လွှတ်တော်အမတ်ဦးဝင်းမြင့်အောင် ကို PDF က ဖမ်းဆီးထိန်းသိမ်းတဲ့ သတင်းအပါအဝင် အခြားသတင်းတွေကို နားဆင်ပါ။

"ဂန်းတို့‌ ကြောက်တဲ့ ပန်း"

မြေလတ်အသံသတင်းဌာနမှာ အပတ်စဉ်တင်ဆက်နေတဲ့ ဆောင်းပါးရှင် သခင်နွေရဲ့ မြင်မိကြားမိသမျှ အစီအစဉ် ဒီတပတ်မှာတော့ "ဂန်းတို့‌ ကြောက်တဲ့ ပန်း" ခေါင်းစဉ်ကို နားဆင်နိုင်ကြပါပြီ။

တပတ်အတွင်း မြေလတ်သတင်း

- ရန်ကုန် - ပြည်လမ်းပေါ်က စစ်ဆေးရေးဂိတ်တွေကို စစ်ကောင်စီ ဖျက်သိမ်း - ဒေသအခြေပြု သတင်းဌာန ၉ ခု စုပေါင်းပြီး Burma Media Consortium (BMC) ဖွဲ့စည်း - အညာက PDF အဖွဲ့အချို့ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည် ၇၈ နှစ်ပြည့်မွေးနေ့ - နိုင်ငံရေးမှု ၁၀၀ ကျော်ကို လိုက်ပေးခဲ့တဲ့ တရားလွှတ်တော်ရှေ့နေအမျိုးသမီးကို အကြမ်းဖက်မှုနဲ့ ထောင် ၁၀ နှစ်ချ - ပခုက္ကူမှာ သေနတ်ကိုင် ပျူအမျိုးသမီးတွေက ဒေသခံတွေရဲ့ပစ္စည်းတွေကို ခိုးယူနေ - စစ်အုပ်စု အစည်းအဝေးလုပ်နေချိန် ဒရုန်းနဲ့ဗုံးကြဲခံရလို့ သေဆုံးမှုများနိုင် - တိုင်းရင်းသားပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ မကွေးခရိုင် အမှတ်(၂)တပ်ရင်းရဲ့ အပတ်စဥ်(၁) သင်တန်းဆင်း - ကျောက်စစ်ပုံအခြေစိုက် အမြောက်တပ်စခန်း ဗုံးကြဲခံရလို့ ၂ ပွင့်ဗိုလ် ၃ ဦးအပါ သေဆုံးသူများဟု ဆို - ပျူ ၂ ရွာကို ထောက်ပို့မလုပ်ဖို့နဲ့ ကျေးရွာတွေကို လက်နက်ကြီးနဲ့ မပစ်ဖို့ စစ်အုပ်စုစခန်းကို သတိပေးပစ်ခတ် - မင်းလှက လူငယ်တွေကို စစ်ကောင်စီက စစ်သင်တန်းပေးပြီး လက်နက်ပါတပ်ဆင်ပေးမယ်လို့ စည်းရုံးနေ

Daniel Aung (Khant) ပထမပိုင်း "Pride Event နှင့် တော်လှန်ရေး"

Daniel Aung (Khant)ရဲ့ ထိုင်းနိုင်ငံ၊ ချင်းမိုင်နဲ့ ဘန်ကောက်မှာ ကျင်းပခဲ့တဲ့ Pride Event တွေမှာ ပါဝင်လှုပ်ရှားခဲ့တဲ့ အတွေ့အကြုံတွေနဲ့ LGBT တဦး အနေနဲ့ သူဖြတ်သန်းခဲ့တဲ့ တော်လှန်ရေးကာလ အတွေ့အကြုံများအကြောင်းကို အခု Podcast လေးမှာ စကားပြောဖြစ်ခဲ့ပါတယ်။

“ဆေးဖက်လည်းဝင် ကုက္ကိုပင်”

အာရုံကြောနဲ့အိပ်မပျော်ရောဂါရှိသူတွေအတွက် ကုက္ကိုပင်က ဘယ်လိုအသုံးဝင်သလဲ။ သွေးတိုးရောဂါသက်သာအောင် ကုက္ကိုရွက်ကိုဘယ်လိုအသုံးပြုရမလဲ။ အစာအိမ်နာ၊ လည်ချောင်းနာရောဂါတို့ဖြစ်ရင် ကုက္ကိုပင်ရဲ့ဘယ်အစိတ်အပိုင်းနဲ့ ဘယ်လိုကုသလို့ရသလဲ ဆိုတာတွေကို နားဆင်နိုင်ပါပြီ။

မြန်မာနိုင်ငံသားတွေရဲ့နှလုံးသားမှာ နေရာယူထားသူတဦးအတွက်စာနဲ့ အခြားစာတွေကိုနားဆင်ရမယ့် မြေလတ်တံတား ၂၃

အခုတပတ်မြေလတ်တံတားအစီအစဉ်မှာ မြန်မာနိုင်ငံသားတွေရဲ့နှလုံးသားထဲမှာ နေရာယူထားသူ တဦးအတွက်စာလေးတွေနဲ့အတူအခြားစာလေးတွေကို နားဆင်ရပါမယ်။

အညာက PDF အဖွဲ့အချို့ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည် ၇၈ နှစ်ပြည့်မွေးနေ့ (ရုပ်/သံ)

အကျဉ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နွေဦးတော်လှန်ရေးအတွင်း ဖမ်းဆီးထောင်ချခံထားရတဲ့ သူတွေအတွက် ကြွေးကြော်ဆန္ဒပြတာတွေ၊ မွေးနေ့ဆုတောင်းနဲ့ ပန်းသပိတ်တွေ နေရာအသီးသီးမှာ ပြုလုပ်ထားတွေကို စုစည်းတင်ဆက်ထားပါတယ်

ပေါက်မြို့နယ် တောတွင်းတနေရာက ပန်းသပိတ် (photo news)

"အရေးတော်ပုံအောင်နေပြီ၊ အားမငယ်နဲ့မိငယ်ရေ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10