MLAT

အညာဒေသအတွက်လိုအပ်တဲ့ ဝေဟင်တိုက်ခိုက်ရေးနည်းပညာသင်တန်းပို့ချတဲ့သတင်းအပါ တပတ်အတွင်း သတင်းများ

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ အညာတော်လှန်ရေးအဖွဲ့တွေ ပန်းသပိတ်ကျင်းပဖို့ပြင်ဆင်ခဲ့တဲ့ သတင်း၊ တမူးမှာ စစ်ကောင်စီစခန်းတိုက်ခိုက်ခံရပြီး အထိနာလို့ လေကြောင်းပစ်ကူပေးတဲ့သတင်း၊ ဝေါမြို့နယ်ထဲမှာ စစ်ကောင်စီက မဆုတ်တမ်းခံစစ် ပြင်ဆင်နေတဲ့သတင်းအပါအဝင် အခြားသတင်းတွေကို နားဆင်ပါ။

မသေခင် အလေးပြုချင်လို့ပါ

အစ်ကိုကြီး ညီလေး ပုခုံးဖက်တော်လှန်ရေးဖြစ်နေမလားဆိုတဲ့ အတွေးတွေကြားမှာပဲ တိုင်သမျှ၊ တင်ပြသမျှဟာ ပဲခူးအနောက်ခြမ်း သာယာဝတီခရိုင်အဖွဲ့တွေဆီ ဒီနေ့ထိ ဖြစ်ဖြစ်မြောက်မြောက် ရောက်မလာသေးဘူးလို့ ရိုးမအင်အားစုတွေဆီက သိရတယ်။

"မအလအင်အားချိမှ တိုင်းပြည်အင်အားရှိမည်"

မြေလတ်အသံသတင်းဌာနမှာ အပါတ်စဉ်တင်ဆက်နေတဲ့ ဆောင်းပါးရှင် သခင်နွေရဲ့ မြင်မိ ကြားမိသမျှ အစီအစဉ် ဒီတပါတ်မှာတော့ "မအလအင်အားချိမှ တိုင်းပြည်အင်အားရှိမည်" ခေါင်းစဉ်ကို နားဆင်နိုင်ကြပါပြီ။

တပတ်အတွင်း မြေလတ်သတင်း

- စစ်တောင်းမြစ် စစ်ဆေးရေးဂိတ် မိုင်းခွဲခံရလို့ ပျူခေါင်းဆောင် ၁ ဦးသေ၊ စစ်သား ၄ ဦး ဒဏ်ရာရ - ပြည်အကျဉ်းထောင်က နိုင်/ကျဉ်းတွေကို ရာဇဝတ်အကျဉ်းသားတွေနဲ့ ပေါင်းထားပြီး ရာဇဝတ်နှစ်ကြီးတွေကို အုပ်ချုပ်ခိုင်း - စီးနင်းခံရတဲ့ ညောင်ပင်ကြီးရဲစခန်းဝန်းကျင်ရှိ အိမ်တွေကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ဧရိယာတိုးချဲ့ - ပခုက္ကူမှာ ပျူစောထီးတွေက လူငယ်တွေကို လိုက်လံဖမ်းဆီးနေလို့ ရှောင်တိမ်းနေကြရ - ၃ ရက်ဆက်တိုက် တိုက်ခံရလို့ စစ်အုပ်စုဘက် ၃၀ ဝန်းကျင်သေဆုံးပြီး ၃၀ကျော် ဒဏ်ရာရဟုဆို - မြိုင်ဒေသ ကြားကာလပညာရေး အားကောင်းပေမယ့် ထောက်ပံ့မှုနည်းပါးလို့ ဆရာ၊ဆရာမတွေ ရပ်တည်ဖို့ခက်ခဲလာ - ပြည်-ပေါက်ခေါင်းလမ်းဘေးက နေအိမ်၊ ဈေးဆိုင်နဲ့ အဆောက်အဦတွေကို စစ်ကောင်စီက ဖယ်ရှားခိုင်းနေ - ပုလဲက ထွက်လာတဲ့စစ်ကြောင်း တိုက်ခိုက်ခံရလို့ ၂ ဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာရ - ဝက်လက် GZ Special Task Force က အထူးစစ်ဆင်ရေးနဲ့ မြို့ပြစစ်ဆင်ရေးလေ့ကျင့် - ကန့်ဘလူနယ်က ကျေးရွာတွေကို စစ်ကောင်စီမီးရှို့လို့ ဒေသခံ ၁၀၀၀၀ ကျော် ပြေးနေရ

“ဆီးချိုရောဂါနှင့် လက်တကမ်းဆေးပညာ”

အခုတပတ် “လက်တကမ်း ကျန်းမာရေး”အစီအစဉ်မှာ ဆီးချိုရောဂါနဲ့ လက်တကမ်းဆေးပညာ အကြောင်းကိုတင်ဆက်ပေးသွားမှာပါ။

"ရွှေဘိုဆန်အပါအဝင် မြန်မာ့ဆန်ဈေးကွက် စိန်ခေါ်မှုများ"

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး နောက်ပိုင်းဆန်မျိုးစုံဈေးဟာ အဆမတန်မြင့်တက်လာတာ တွေ့ရပါတယ်။ ပြည်သူလူထုရဲ့ အခြေခံလုပ်အားခ၊ လစာဝင်ငွေတို့ကတော့ ထူးပြီးတိုးမလာသလို အလုပ်အကိုင်ရှားပါးမှုနဲ့ပါ ပြည်သူအားလုံးရင်ဆိုင်နေကြရပါတယ်

နှင်းဆီပွင့်လို မိန်းကလေးတွေအတွက်စာလွှာလေးတွေနဲ့အတူ အခြားစာတွေကိုပါ နားဆင်ရမယ့် "မြေလတ်တံတား ၂၂"

အခုတပတ်မြေလတ်တံတားအစီအစဉ်မှာ ပြည်သူတွေရဲ့ချစ်ခင်လေးစားမှုကိုအပြည့်အဝရရှိထားတဲ့ ဒေါက်တာဖြိုးသီဟအတွက်စာနဲ့ နှင်းဆီပွင့်လိုကောင်မလေးတွေအတွက် စာလေးတွေကို နားဆင်ရပါမယ်။

အုပ်ချုပ်ရေးမှူး ၇၀ကျော် နှုတ်ထွက်ဖို့ နောက်ဆုံးအကြိမ် သတိပေးတဲ့သတင်းအပါ တပတ်အတွင်းသတင်းများ

ညောင်ပင်ကြီးရဲစခန်းတခုလုံးနီးပါး သိမ်းနိုင်ခဲ့ပြီး ရဲ ၂ ဦးဖမ်းမိ၊ လက်နက်တချို့ရတဲ့သတင်း၊ ကနီ CDMဆင်စခန်းကို ပြည်သူတွေက ကျပ်သိန်း ၇၀ကျော်လှူဒါန်းတဲ့သတင်း၊ ကန့်ဘလူ စစ်ရှောင်ကလေးငယ် ၁၀၀ကျော် ပညာသင်ပေးဖို့ ကျောင်းသုံးပစ္စည်းများလိုအပ်နေတဲ့သတင်း အပါအဝင် အခြားသတင်းတွေကို နားဆင်ပါ။

ဘိုကြင်စိုး ရဲ့ "နေဝင်ချိန် နမိတ်ဆိုးများ" (မြင်မိ ကြားမိသမျှ အစီအစဉ်)

မြေလတ်အသံသတင်းဌာနမှာ အပါတ်စဉ်တင်ဆက်နေတဲ့ ဆောင်းပါးရှင် သခင်နွေရဲ့ မြင်မိ ကြားမိသမျှ အစီအစဉ် ဒီတပါတ်မှာတော့ ဘိုကြင်စိုး ရဲ့ "နေဝင်ချိန် နမိတ်ဆိုးများ" ခေါင်းစဉ်ကို နားဆင်နိုင်ကြပါပြီ။

မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း အလုပ်အမှုဆောင်အဖွဲ့သို့ အိပ်ဖွင့်ပေးစာ

အမှုဆောင်များအတွက် တလလျင် အသင်းမှ ပေရသည့်ငွေသည် ကျပ် ၆၇ သိန်းရှိသည်။ တလလျှင် ဥက္ကဌက ကျပ် ၁၅သိန်း ၅ သောင်း၊ ဒုဥက္ကဌက ကျပ် ၁၄ သိန်း ၅ သောင်း၊ ဘဏ္ဍာရေးမှူးက ကျပ် ၁၃သိန်း ၅ သောင်း၊အတွင်းရေးမှူးက ကျပ် ၁၃သိန်း ၅ သောင်း၊ကျန် အမှုဆောင် ၁၅ ဦးအတွက် တယောက် ကျပ် ၂ သိန်းဖြစ်ရာ စုစုပေါင်း ကျပ်သိန်း ၃၀။

"ဝင်ပေါက်တခုထပ်တွေ့ပြီ"

"ဝင်ပေါက်တခုထပ်တွေ့ပြီ"

မုံရွာမြို့ နမခစစ်ဌာနချုပ်အနီးတိုက်ပွဲပြင်းထန်ခဲ့၊ ဒေသခံတွေ ထောင်ချီထွက်ပြေးနေရ

“ရဲစခန်းရဲ့တောင်ဘက်ခြမ်းတော့ သိမ်းနိုင်တယ်၊ မြောက်ဘက်ခြမ်းတော့ မသိမ်းနိုင်ဘူး၊ စခန်းမှူး လွတ်သွားတယ်လို့တော့သိရတယ်”

တပတ်အတွင်းမြေလတ်သတင်း

- စခန်း ၂ ခုသိမ်းနိုင်ခဲ့တဲ့ နတ်သံကွင်းတိုက်ပွဲမှာ စစ်တပ်ဘက်က ၃၀ ထက်မနည်းသေဆုံးပြီး KNLA ပူးပေါင်းအဖွဲ့က ၃ ဦးသေ၊ ၇ ဦးဒဏ်ရာရ - အခိုင်အမာတပ်စွဲထားတဲ့ စခန်းကို ဒရုန်းနဲ့ အကြိမ်၂၀ ကျော် တိုက်ခိုက်ခံရလို့ ၅ ဦးသေ၊ ၁၀ ဦးကျော် ဒဏ်ရာရ - ဒီပဲယင်းက စစ်ရှောင်မိသားစုတွေ နေထိုင်စားသောက်ရေး ခက်ခဲနေ - ဖောင်းပြင် ၃ ရက်တာတိုက်ပွဲ စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်းသေဆုံး၊ ခဲယမ်းအများအပြားသိမ်းဆည်းရမိ - ဇီးဖြူကုန်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၃ ဦးသေဆုံး၊ လေကြောင်းပစ်ကူလို့ စခန်းမသိမ်းနိုင်ခဲ့ဟုဆို - မကွေးတိုင်းထဲက ရေနံမှော်တွေကို စစ်ကောင်စီဘက်က ထပ်မံပိတ်သိမ်းခိုင်းလို့ ပြောင်းရွှေ့နေရ - စစ်တပ်က ပျူတပ်ထဲဝင်ခိုင်းလို့ ဂန့်ဂေါနယ်မှာ ရွာလုံးကျွတ်ထွက်ပြေး၊ ထွက်ပြေးလာသူ ၁,၀၀၀ ကျော်ကို PDF က စောင့်ရှောက်ထား - စစ်အုပ်စု တပ်စွဲထားတဲ့ရွာကို လက်နက်ကြီးနဲ့ အချက်ရေ ၁၃၀ ကျော်ပစ်လို့ ၅ ဦးဒဏ်ရာရ - ကလေးတောင်ပိုင်းမှာ စစ်တပ်က အင်အားတိုးချဲ့ပြီး ခြေကုတ်စခန်း ထပ်တိုးဆောက်လုပ်နေ - မုံရွာ PDF တွေကို လူထုဆက်ဆံရေး ကျင့်ဝတ်အပါအဝင် စစ်ရေးမွမ်းမံသင်တန်းတွေ ပို့ချ

“ဆေးဖက်ဝင် နှမ်း”

အာရုံကြောနဲ့မှတ်ဉာဏ်ကောင်းမွန်စေဖို့ နှမ်းကိုဘယ်လိုအသုံးချမလဲ။ အဆစ်အမြစ် ကိုက်ခဲတတ်သူတွေအတွက် နှမ်းက ဘယ်လိုအသုံးဝင်သလဲ။ လိပ်ခေါင်းသွေးယိုအတွက် နှမ်းဆီကို ဘယ်လိုအသုံးပြုလို့ရသလဲ ဆိုတာတွေကို နားဆင်ရပါမယ်။

စစ်ကိုင်းရဲ့ အရွေ့ဟာ တနိုင်ငံလုံးရဲ့ အရွေ့ပါပဲ (ရုပ်/သံ)

"ဝောာ်လှန်ရေး အားကောင်းတဲ့ ‌ဒေသတခုဖြစ်တဲ့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်ရေးအင်အားစု ၁၇၀ ကျော် ပါဝင်တဲ့ စစ်ကိုင်းဖိုရမ်ကို ပြီးခဲ့တဲ့ မေလ ၃၀ နဲ့ ၃၁ မှာ ၂ ရက်တာ အွန်လိုင်းတွေ့ဆုံမှုနဲ့ ပြုလုပ်ခဲ့ကြပါတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10