MLAT

ဇူလိုင် ၁၉ မှာ အာဏာရှင်ဆန့်ကျင်ရေးအလံတော် တလူလူလွှင့်

ကျနော်တို့နေ့တွေဟာ သွေးသံတရဲရဲ။ ကျနော်တို့ဘဝတွေ ရုန်းကန်အော်ဟစ်။ ဒီနေ့ထိတိုင် ဘုရားသခင်ဟာ ကျနော်တို့ဘက်မှာ ရှိမနေသေးဘူးလားလို့ နာနာကျင်ကျင်။ လူတယောက်အဖြစ်ဟာ တိရစ္ဆာန်နဲ့အတူတူလို့။ ဒါပေမဲ့ ယုံကြည်စွာ ကျနော်တို့ ရှေ့ဆက်နေဆဲ။

PTU ကျောင်းသားများသမဂ္ဂ ဥက္ကဌ ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရ

ကိုဇော်မင်းသူကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်နေ့ ည ၁၀ နာရီခွဲလောက်က သာယာဝတီခရိုင် အိုးသည်ကုန်းမှာရှိတဲ့ ၎င်းရဲ့နေအိမ်မှာတင် PDF တွေနဲ့ ဆက်သွယ်လို့ဆိုပြီး လာရောက်ဖမ်းဆီးသွားတာဖြစ်ပြီး ၆ လကြာမှ ထောင်ဒဏ်ချမှတ်ခံရတာလို့လည်း သိရပါတယ်။

ပုဏ္ဏားကျွန်းက အရပ်သား ၂ဦးကိုစစ်ကောင်စီ ဖမ်းသွား

"စစ်သားတွေပေါ့။ပြီးတော့ စစ်အဝတ်တွေကိုဝတ်လို့ ရဲတွေလည်းပါတယ်။ အရင်ဆုံး စံပြရပ်ကွက်က အိမ်နှစ်အိမ်ကို ခြံစည်းရိုးကျော်ပြီး ဝင်ကြတယ်။ နောက်တော့ ၂ယောက်ဖမ်းသွား ကြတယ်။ဘာဖြစ်လို့ဖမ်းတယ်ဆိုတာတော့ မသိရသေးဘူး"

ရဲဘော်တွေအတွက်လက်နက်လိုနေလို့ အိမ်ထုတ်ရောင်းခဲ့တဲ့ စစ်ဦးစီးချုပ်

"ကျနော့်မှာ ရောင်းစရာ အိမ်တလုံးတော့ ကျန်သေးတယ်ပေါ့နော်၊ လောလောဆယ်တော့ စကစက ချိတ်ပိတ်ထားတယ်ဆိုပေမယ့် ဒါက တရားမဝင်ဘူး၊ သူတို့က လူထုတင်မြှောက်ထားတဲ့ အစိုးရမဟုတ်ဘူး၊ အဲ့အတွက် ကျနော့်အိမ်ကို ကျနော် ပိုင်နေတယ်၊ ကျနော့်မှာ ရောင်းစရာ ဒီအိမ်လေးတလုံးပဲရှိတဲ့အတွက် ဒီအိမ်လေးကို ကျနော် ရောင်းတာပါ"

ရွာသားတွေပြန်အလာကို ၂ နှစ်ကျော်ကြာစောင့်နေသည့် ရွာပျက်ကြီး

“ စစ်သားတွေက ရွာထဲကို၀င်လာ ကြတယ်။ တစ်အိမ်၀င်တစ်အိမ်ထွက်လူတွေကိုဖမ်းတယ်။ လမ်းမှာတွေ့တဲ့သူတိုင်းကိုလည်းဖမ်းတယ်။ ဖမ်းပြီးတော့စစ်သားတွေက ဖမ်းထားတဲ့သူတွေကို နောက်ပြန် ကြိုးတုတ်ပြီးတော့ မြေပြင်မှာမှောက်ထားကြတယ်။ ကျွန်မယောက်ျားကိုကျတော့ ထမင်းစားနေချိန်မှာဖမ်းခေါ် သွားတာ။ ကျွန်မကစစ်သားတွေကို မေးတယ်ဘာကြောင့်ဖမ်းတာလည်းလို့။ သူတို့ကဘာတစ်ခုမှမပြောခဲ့ဘူး။”

ပေါက်ခေါင်းမြို့နယ်မှာ အရိပ်မဲ့ စစ်ဆင်ရေးအဖြစ် ရဲစခန်းထဲမိုင်းဝင်ထားပြီး ဖောက်ခွဲခဲ့

" အဆောက်အဦးတလုံးတော့ထိခိုက်ပျက်စီးသွားတယ်ဗျ ထိခိုက်ဒဏ်ရာရသူတွေရှိတယ်ဆိုပေမဲ့ခိုင်လုံမှုတော့မရှိသေးပါဘူး၊ အင်အားကတော့ အဲ့စခန်းမှာ ၁၀ ယောက်ကျော်ရှိမယ်လိုသိရတယ် စစ်သားတွေတော့မရှိဘူးဗျ ညကဖြစ်ပြီးတော့ ကပစ(၁၉)ကစစ်ကူသဘောလာတယ်လိုသိရတယ်"

စစ်တွေမြို့ ရွှေဆိုင်တဆိုင်မှ သိန်း ၄၀ တန်ဖိုးရှိရွှေထည်များကို အမျိုးသားတဦးက လုယူထွက်ပြေး

"သူဆိုင်ထဲကိုဝင်လာတဲ့အခါ အိတ်အမဲတလုံးကိုင်လို့ဝင်လာတယ်။ အိတ်ထဲမှာ မီးပြင်တဲ့ကိရိယာတခုပါတယ်။ ပြီးတော့ ငွေထုတ်ဖို့ပုံစံ လုပ်ပြီးတော့ စာရေးမဆီကလက်ကောက်ကြည့်ဖို့ တောင်းတယ်။စာရေးမကလည်း တစ်ကွင်းထုတ်ပြတယ်။သူကနောက်ထပ်ဒီလိုပုံစံတစ်ကွင်း မရှိဘူးလားမေးတော့။စာရေးမကထုတ်ပြလိုက်တယ်။အဲဒီနှစ်ကွင်းကို ကိုင်ပြီးတော့ထွက်ပြေးသွားတယ်။ ကျွန်မတို့လိုက်တော့ မမီလိုက်ဘူး"

ရခိုင်တွင် ၁ သောင်းကျပ်တန် ငွေစက္ကူအတုများဖမ်းဆီးရမိ၊ အသုံးပြုသူ ၃ ဦးကိုအမှုဖွင့်ထား

ဖမ်းဆီးရမိသည့်ငွေစက္ကူအတုများ၌ လေဆာကြိုးအရောင်မှာ ပြောင်းလဲခြင်းမရှိဘဲ သာမန်မိတ္တူကူးစက္ကူအမျိုးအစားဖြစ်ကာ ငွေစက္ကူအစစ်ထက် အလျား ၁ မီလီမီတာ ရှည်ပြီး အနံ ၁ မီလီမီတာ တိုနေကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု ရခိုင်ပြည်နယ်စစ်ကောင်စီသတင်းထုတ်ပြန်ရေး "ရခိုင်နေ့စဉ်"က ယနေ့ဇူလှိုင် ၁၃ ရက်နေ့တွင် ဖော်ပြထားသည်။

ရဲဘော်တဦး လက်လုပ်မိုင်းတွေဖောက်ခွဲပြီး အသေခံတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၁၅ဦးသေဆုံး

" သူတို့တပ်စွဲထားချိန် ညနေ ၆နာရီလောက်မှာ ကျနော်တို့နဲ့ မဟာမိတ်ရပ်ရွာကာကွယ်ရေးရဲဘော်လေးတဦးလည်း အဲ့လမ်းကြောင်းက သူ့ရွာကို ပြန်ရမှာ၊ တပ်စွဲထားတာကိုမသိတော့ အဲ့ဒီလမ်းကြောင်းကို သုံးမိသွားတာ၊ သဲတောဘုန်းကြီးကျောင်းရှေ့ရောက်တော့ စစ်ကောင်စီခွေးတွေက ပစ်လိုက်တာ ဆိုင်ကယ်ကိုထိပြီး လဲကျသွားတယ်၊ သူလည်း ပြေးပေါက်မရှိတော့တာနဲ့ သူ့မှာပါလာတဲ့ လက်လုပ်မိုင်း ၃လုံးကို ဂတ်စ်မီးခြစ်နဲ့ ရှို့ပြီး အသေခံမိုင်းခွဲလိုက်တာပဲဗျ"

ပုတီးကုန်းရဲက ပုပ်ပွသေဆုံးနေတဲ့အလောင်းကိုဆေးစစ်ချက်မယူဘဲ မီးသဂြိုလ်

"အလောင်းက ရင်းတိုက်မှော်ရွာအနီးက ကိုင်းတောထဲမှာ သေနေတာ ပိုးတွေလည်း တွယ်နေတယ်လို့ပြောတယ် ဘာဖြစ်သေမှန်းမသိဘူး ဒါကိုရဲက ဆေးစစ်ချက်မယူပဲ တခါတည်း မီးသဂြိုလ်ခိုင်းလို့ ​သဂြိုလ်ရတာကို မိသားစုဝင်တွေက သံယဝင်နေတယ် ခုဟာက ဘယ်လိုဖြစ် သေမှန်းမသိဘူး သူများပဲ သတ်သလားပေါ့ "

ပြည်မြို့က လွှတ်တော်ကိုယ်စားလှယ် ဖမ်းဆီးခံရပြီးနောက် ဒေသခံတချို့ ဆက်တိုက်ဖမ်းဆီးခံနေရ

"အဖမ်းခံနေရတာကတော့ ဆက်တိုက်ပဲ အရင် NLD ပြန်ကြားရေးလုပ်ခဲ့ဖူးသူလည်း အဖမ်းခံလိုက်ရတယ်။ နောက် မြို့ကနာမည်ကြီးစီးပွားရေးသမားတယောက်လည်း လာဖမ်းသွားတယ်။ ပြန်လွှတ်မလွှတ်တော့မသိဘူး နောက်ပြီး ပေါင်းတလည်နဲ့ ဝက်ထီးကန်မြို့တွေမှာလည်း ဖုန်းနဲ့လိုက်တိုက်စစ်ပြီး ရှာတယ်။ တချို့လည်း ရှောင်နေကြတယ်။ ကိုကျော်ဇေယျနဲ့ ဆက်စပ်မှုရှိတယ်မရှိဘူးကတော့ သေချာမပြောနိုင်ဘူး"

စစ်တွေမြို့တွင် ပထမဆုံး မွတ်ဆလင်နှင့်ရခိုင်လူယ်များ စုပေါင်းကာ ကုရ်ဗာနီနေ့ ပွဲပြုလုပ်

"ရခိုင်ပြည်မှာ နေထိုင်ကြတဲ့ လူမျိုးတိုင်း၊ ဘာသာတိုင်း အကြား သဟဇာတကျနိုင်ဖို့၊ ပြီးတော့ ကျွန်တော်တို့ရဲ့ နေ့ထူးနေ့မြတ်မှာ အကုန်လုံးအတူတူရှိနေစေချင်လို့ ဒီလိုလုပ်ရတာဖြစ်ပါတယ်။"

ပုလဲနဲ့ မြိုင်နယ်စပ်မှာ စစ်ကောင်စီနဲ့ PDF အဖွဲ့ ၄၀နီးပါးတို့ တိုက်ပွဲပြင်းထန်ခဲ့

" ကျနော်တို့ ဆွဲမိုင်းတွေထောင်ထားတဲ့ လမ်းပိုင်းကို သူတို့က ဆိတ်အုပ်ကို အရင်လွှတ်လိုက်တာ ဆိတ်တွေက ကြိုးတွေကို ဆွဲသွားသလိုဖြစ်ပြီး မိုင်းတွေ အကုန်ပေါက်ကွဲကုန်တာ၊ အဲ့ချိန်သူတို့ထွက်ပြေးတာကို ကျနော်တို့ လက်နက်ကြီးနဲ့ လိုက်ထုတာ"

ဘားအံထောင်က နိုင်ကျဉ်း ၅၀ကျော်နဲ့ တိုက်ပိတ်ခံရသူ ၈ဦးကို သာယာဝတီထောင်ကိုပြောင်းရွှေ့

" နိုင်ကျဉ်းတွေချည်းပဲ အကျဆောင်မှာ ချခံထားရတာ အားလုံး ၅၇ယောက်ရှိတယ်၊ တိုက်ပိတ်ခံရတဲ့ အကျဉ်းသား ၈ဦးပါတယ်၊ သူတို့ကတော့ ဘာပုဒ်မတွေဆိုတာ မသိရဘူး"

စစ်ကောင်စီပြင်ဆင်နေတဲ့ ရွေးကောက်ပွဲ အသိအမှတ်ပြုလက်မခံဘူးလို့ NLD ကြေညာ

စစ်ကောင်စီရဲ့ ဆောင်ရွက်သမျှ ဥပဒေ၊ နည်းဥပဒေနဲ့ လုပ်ငန်းစဉ်အားလုံး(ရွေးကောက်ပွဲအပါအဝင်) မည်သည့်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနဲ့ မျှ ညီညွတ်မှုမရှိလို့ မိမိတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က လုံးဝအသိအမှတ်ပြုလက်ခံမှာမဟုတ်ဘူးလို့ ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10