MLAT

သူငယ်ချင်းဖြစ်သူနဲ့ သေကွဲ ကွဲခဲ့ရတဲ့ ရဲဘော် ကိုတွင်ခုံ (ရုပ်/သံ)

အဲ့ဒီနေ့က ဗိုလ်လရောင်ကျဆုံးပြီး ရဲဘော်တွင်ခုံလည်း သေနတ်ဒဏ်ရာအပြင် ကားနဲ့ပါတိုက်ခံထားရလို့ လွတ်အောင်မပြေးနိုင်တော့တဲ့ အခြေအနေမှာ မုံရွာ ပျောက်ကြား၂ဖွဲ့က သူ့ကိုကယ်ထုတ်သွားခဲ့တဲ့ အကြောင်းကို ပြန်ပြောပြခဲ့ပါတယ်။ အရင်ကတော့ သူတို့ ၂ယောက်တူတူ မြေပေါ်မြေအောက် လှုပ်ရှားမှုတွေ၊ လက်နက်ထုတ်လုပ်ရေးတွေမှာ တူတူလုပ်ဆောင်ခဲ့ပေမယ့် အခုတော့ ရဲဘော် တွင်ခုံတယောက်တည်း ဂျိုင်းထောက် နှစ်ချောင်းနဲ့ မပြီးဆုံးသေးတဲ့ တော်လှန်ရေးတိုက်ပွဲမှာ ပါဝင်နေဆဲဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ထွက်ပေါက်က ဘယ်မှာလဲ

၂၀၀၈ အခြေခံဥပဒေပါ အရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်များကို ကိုင်စွဲ၍ အာဏာထိန်းပါသည်ဟု အကြောင်းပြခဲ့သော စစ်ကောင်စီ၏ လုပ်ပိုင်ခွင့်သည် လာမည့်နှစ် ဇန်နဝါရီလကုန်တွင် နိဌိတံပြီဖြစ်၏။ ၂၀၀၈ အခြေခံဥပဒေတွင် အရေးပေါ်ကာလသက်တမ်းကို ၂ နှစ်အထိသာ သတ်မှတ်ပေးထားပြီး ၂ နှစ် ပြည့်မြောက်ပါက "ပုဒ်မ ၄၁၈ အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်အာဏာ လွှဲအပ်ဆောင်ရွက်စေခဲ့သည့် အမိန့်ကို ပယ်ဖျက်ကြောင်း ကြေညာရမည်" ဟု အရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်များ ပုဒ်မ ၄၂၆ မှာ အတိအလင်းဖော်ပြထားသည်။

စစ်ကောင်စီက မောင်တောနှင့်ဘူးသီးတောင်တွင် စစ်အင်အား ၁ သောင်းနီးပါးချထားပြီး တိုက်ခိုက်နေသော်လည်း AAက အနိုင်ရနေဟုဆို

"မောင်တောက ကျနော်တို့ဖက်က နယ်မြေစိုးမိုးမှုကို ပိုလို့အားကောင်းအောင်လုပ်လာနိုင်လို့ ရန်သူစခန်းတချို့လည်း ဆုတ်သွားတာတွေရှိတယ်။ အဲဒီစခန်းတွေက BB-40 ကနေ မြောက်ဖက်အခြမ်းမှာရှိတဲ့ BB-53လောက်အထိ နယ်စပ်တလျောက်မှာရှိတဲ့ စခန်းငယ်တွေပေါ့။ အထူးသဖြင့် လူ ၂၀၊ ၃၀ လောက်နဲ့တပ်စွဲထားတဲ့စခန်းတွေ အများအပြားဆုတ်သွားတာရှိပါတယ်။ လက်ရှိမြေပြင်အနေအထားအရ ကျနော်တို့ဖက်က အသားစီးရထားတယ်လို့ ပြောလို့ရတယ်"

"စစ်ကောင်စီရဲ့ နိုင်ငံရေးခွေးတိုးပေါက် ရွေးကောက်ပွဲ"

ဆောင်းပါးရှင် သခင်နွေရဲ့ မြင်မိ ကြားမိသမျှ အစီအစဉ် "စစ်ကောင်စီရဲ့ နိုင်ငံရေးခွေးတိုးပေါက် ရွေးကောက်ပွဲ"

စစ်ကောင်စီရဲ့ စက်လှေဂိတ်စခန်းကို နတ်တလင်း PDF ကအလစ်တိုက်လို့ ၇ဦးထက်မနည်း သေဆုံး

" စစချင်းမှာ ရှေ့ထွက်လက်နက်ကြီးနဲ့ ပစ်ပြီး ဝင်တိုက်တာ၊ ၂ကောင်အရင်သေတယ်၊ ပြီးတော့ ၁၅ မိနစ်လောက် တိုက်ပွဲထပ်ပစ်ပြီးပြီးတော့ ၅ဦးကျော်လောက် သေတယ် အတည်ပြုနိုင်တာကတော့ ၇ဦးပါ"

ကောလင်းမှာ ထိတွေ့တိုက်ပွဲဖြစ်ကာ လူအင်အား၊ လက်နက်အင်အားမမျှလို့ PDF ရဲဘော် ၈ ဦးကျဆုံး

“လက်နက်ကြီးလက်နက်ငယ်အစုံနဲ့ပစ်တာ၊ တချို့ဆို ရွာထဲတွေတောင်ကျတယ်။ အင်အားကမမျှဘူး။ ဘယ်လိုမှကိုမမျှတာ၊ အဲ့တာကြောင့် ၈ ယောက်ပေးလိုက်ရတာ၊ အလောင်းတွေကိုတော့ သက်ဆိုင်ရာရွာတွေကို သယ်သွားကြတယ်။ အကုန်လုံးစျာပနလုပ်ပြီးပါပြီ၊ ကောင်းမွန်စွာသဂြိုလ်ပြီးပြီ”

"ကြောင်ခံတွင်းပျက် ပူတင် နဲ့ ဇရက်တောင်ပံကျိုး မင်း‌အောင်လှိုင်"

ဆောင်းပါးရှင် သခင်နွေရဲ့ မြင်မိ ကြားမိသမျှ အစီအစဉ် "ကြောင်ခံတွင်းပျက် ပူတင် နဲ့ ဇရက်တောင်ပံကျိုး မင်း‌အောင်လှိုင်"

သာယာဝတီ ခလရ(၃၅)တပ်က စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံး ၁၄ ရက်နေ့ မုန့်ဟင်းခါးနဲ့ ရက်လည်ဆွမ်းသွပ်မယ်

“သေကုန်ပြီဆိုတာသိတဲ့ ၉ ရက်နေ့ထဲက ၃၅ တပ်ထဲမှာ ကာလတွေပျက်နေတာ။ ဆူညံလို့ ငိုကြတာ။ ၆၆ က ကယားဘက်မှာ တအားကျတယ်။ သူတို့ ၃၅ တင် ၁၀ ယောက်ပါတယ်။ ရဲဘော်သစ် ၇ ယောက် အဟောင်းက ၃ ယောက်ကျတာ။ ဒဏ်ရာပြင်းထန်တာက အရာရှိ ၁ ယောက်အပါ ၆ ယောက်။ သေသွားတဲ့သူတွေအတွက် ၁၄ ရက်နေ့ရက်လည်လုပ်မှာ”

ရွာအပြန် - ၅

အဲဒီမှာ မောင်ခွေးက "စစ်တပ်အာဏာသိမ်းတာ ဒေါ်စုတို့ကမဲခိုးလို့၊ မဲမသမာမှုလုပ်လို့ဆို၊ အဲဒါဟုတ်ရဲ့လား" လို့ စကားစလိုက်တယ်။ "မဟုတ်လောက်ဘူးဆိုတာတော့ ငါတို့ သိထားတယ်ကွ၊ ဘာကြောင့်အာဏာသိမ်းတာလဲဆိုတာကို သိချင်တာ" လို့ ညိုမက ဆိုလာပြန်တယ်။ ကျုပ်ကတော့နွားအကြောင်း၊ ယာအကြောင်း၊ လယ်အကြောင်းလောက်သာ စိတ်ဝင်စားကြတဲ့ သူငယ်ချင်းတွေ နိုင်ငံရေးစိတ်ဝင်စားလာကြလို့ ဝမ်းသာနေမိတယ်။ ခေတ်ကတောင်းဆိုလိုက်ပြီကိုး။

ပုဏ္ဏားကျွန်းဒေသခံတဦး ဝါးခုတ်ပြီးအပြန် မိုင်းနင်းမိလို့ ခြေတဖက်ဆုံးရှုံး

"ဒဏ်ရာကတော့ ခြေထောက်ခြေချင်းဝတ်အောက်က ပြတ်သွားတာပါ။ ခန္ဓာကိုယ်အနှံ့မှာတော့ မိုင်းစတွေဝင်သွားတယ်။ အခုတော့ ယိုးတရုတ်ဆေးရုံကို ပို့ထားတယ်။ သိပ်တော့မစိုးရိမ်ရဘူး"

စစ်ဆေးရေးဂိတ်မှာ ရပ်မပေးတဲ့ကားကို ပစ်ခတ်တားဆီးခံရ၊ အရာရှိကားဟုဆို

"အရာရှိဗိုလ်မှူး အငြိမ်စားလို့ ပြောတယ် ကားကခဲနက်ရောင် အမျိုးအစားတော့ မသိဘူး အရေးကြီးလို့ ပြန်လာတာတဲ့ အဲဒါကို စစ်ဆေးရေး ဂိတ်ကို ဝင်ဝင်ချင်း ကားဘီးကို ပစ်ဖောက်ပစ်တာ မနေ့က ပြဿနာတွေ တက်နေတာလေ ထပ်ပြီး သိရတာက အဲကားက အင်းမမှာလည်း ရပ်မပေးဘူး ရပ်မပေးတော့ အင်းမဂိတ်ကနေ သတင်းလှမ်းပို့ထားတာလို့ သိရတယ် မနေ့က နောက်ထပ် အရာရှိလို ကားတွေပါ ထပ်ရောက်လာတာ ဂိတ်ကကောင်တွေလည်း တောင်းပန်နေရတယ်"

ပြည်သူများကို ရက်ရက်စက်စက်သတ်ဖြတ် အလောင်းဖျောက်တဲ့ ရုပ်သံများပျံ့နှံ့ထွက်ပေါ်

“သူတို့က ကားကျော်တက်ရင်လဲ ရိုက်သတ်ပါတယ်၊ တခြားလူမသိသူမသိ သေတာတွေလည်း မနည်းဘူး၊ ရွာထဲမှာ သူတို့ကိုလမ်းမဖယ်ရင် သေနတ်တွေဖောက်တယ်၊ အာဏာမသိမ်းခင်က ထိန်းထိန်းသိမ်းသိမ်းရှိတယ်၊ စကစနဲ့ပေါင်းပြီးကတည်းက စကစထက်ပိုရက်စက်ပြနေတာ၊ သခင်အားရကျွန်ပါးဝပေါ့ဗျာ၊ အဲ့ထဲမှာစိုင်းပြူးကတော့ ပိုဆိုးတာပေါ့၊ သူလည်း အာဏာရှင်စနစ်နဲ့သွားချင်တဲ့လူပဲလေ။”

စစ်ကောင်စီက မြောက်ဦးဈေးထဲ၌ မိုင်းရှာနေစဉ် နန်းတော်ယာကုန်းအနီးတွင် မိုင်းပေါက်ကွဲ

"လက်နက်ကြီးကျတာမဟုတ်ဘူး။ မိုင်းပေါက်တာ လို့သိရတယ်။ အသံကအရမ်းကျယ်တယ်။ မြို့ထဲမှာက မိုးလင်းကတည်းက လမ်းသွားလမ်း လာတွေသိပ်မရှိဘူး။ စစ်သားနဲ့ရဲတွေကတော့ ဈေးတခုလုံးကို အင်အားအပြည့်နဲ့နေရာယူထားတယ်။"

နတ်မောက်မှာ စစ်တပ်က နေအိမ်ရှိပစ္စည်းအကုန်ယူပြီးမှ အကြောင်းမဲ့ မီးရှို့သွား

" စစ်ကြောင်းလာတိုင်း သယ်နိုင်တဲ့ ပစ္စည်းတွေ ဝင်ယူတာမျိုးတွေ ရှိပါတယ်၊ လက်ရှိလည်း စက်တင်ဘာ ၄ရက် ညပိုင်းမှာ ဒီနေ့မီးရှိခံရတဲ့နေအိမ်က ပစ္စည်းတွေ ကားပေါ်မှာတင်ထားပြီး စစ်ဘက်သုံးကားအကြီးတစ်စီးအင်အား ၁၅ ယောက်ဝန်းကျင်လောက်နဲ့ သပွတ်ပင်ကျေးရွာမှာ တပ်စွဲနေထိုင်နေတာပါ"

"ယတြာမစွမ်းတော့တဲ့ ဒေါ်လာဈေး"

ဆောင်းပါးရှင် သခင်နွေရဲ့ မြင်မိကြားမိသမျှ အစီအစဉ် "ယတြာမစွမ်းတော့တဲ့ ဒေါ်လာဈေး"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10