MLAT

စစ်အုပ်စုမော်တော်ဘုတ် တိုက်ခိုက်ခံရလို့ ၁ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

"ကျနော်တို့တပ်ဖွဲ့တွေက အဲဒီမော်တော်ဘုတ်ကို ဗုံးသုံးလုံးနဲ့တိုက်ခိုက်တာ။ အဲဒီမှာတလုံးက မကွဲလိုက်ဘူး။ နောက်တလုံးကလည်း ပစ်မှတ်ကို လွှဲသွားတယ်။ နောက်ဆုံးတလုံးကပဲ ဘုတ်ရဲ့ ညာဖက်ဘောင်ကို ထိသွားတာပါ။ အဲဒါကြောင့် တယောက်သေပြီးတော့ ငါးယောက်ပဲ ဒဏ်ရာပြင်းထန်ရသွားတာပါ"

"နှုတ်ခမ်းပဲ့ချင်း မီးမှုတ်ကြတဲ့ပွဲ"

ဆောင်းပါးရှင် သခင်နွေရဲ့ မြင်မိ ကြားမိသမျှ အစီအစဉ်

စစ်ကောင်စီတွေမီးရှို့ခဲ့တဲ့ ရေဦးနယ်က ရွာပေါင်း ၂၃ ရွာ အကူအညီတွေလိုအပ်နေ

"ဒေသခံတွေမှာက စားဖို့ထက်အခုလက်ရှိနေဖို့ တဲလေးတွေတောင်မရှိတဲ့သူများတယ်ဗျ။ တောင်သူတွေမှာဆိုရင်လည်း စပါးတိုက်တွေ၊ နေလှန်းထားတဲ့စပါးတွေ မီးရှို့တဲ့အထဲပါသွားတော့ ဘာမှမကျန်တော့ဘူး။ ပြီးတော့တရက်လုပ်မှ တရက်စားရတဲ့သူတွေကများတယ်။ စားဖို့အတွက်ကိုတော့ ရွာနီးစပ်တွေက ထမင်းထုပ်တွေ၊ ဆန်ပိုင်းလေးတွေ လာပေးကြပါတယ်။ အဲဒါလေးတွေနဲ့ပဲ ဖြေရှင်းနေရတာပေါ့။ အကူအညီတွေတော်တော်လည်း လိုအပ်နေပါတယ်"

မတ္တရာနယ်က ဒေသခံ ၃ ထောင်ကျော် တောထဲမှာခိုလှုံနေရတာ ၁ လကျော်ပြီလို့ဆို

"တန်ဆောင်မုန်းလကတည်းက ပြေးနေရတာပါ။ အခုအချိန်ထိ တောထဲမှာပုန်းနေရတုန်းပါရှင့်။ တောထဲမှာကျူပင်တွေနဲ့ တဲဆောင်ငယ်တွေလုပ်ပြီးတော့ ပုန်းနေရတာပါ။ ကျူတောထဲမှာ အိပ်၊ ကျူတောထဲမှာစားနေရတယ်။ အခုကျမတို့ အအေးဒဏ်ကို တော်တော်လည်းခံစားနေရပါတယ်။ စောင်တထည်တည်းနဲ့ နှစ်ယောက်သုံးယောက်ကျစီခြုံနေရပါတယ်"

မတ္တရာနယ်မှာ တပ်စွဲနေတဲ့စစ်အုပ်စု ဒရုန်းနဲ့တိုက်ခိုက်ခဲ့ရလို့ ၄ ဦး ထိမှန်ဒဏ်ရာရ

"ကျနော်တို့တပ်ဖွဲ့တွေက ကင်ပုန်းဝပ်နေတဲ့ စစ်ကောင်စီတွေကို ဒရုန်းနဲ့တိုက်ခိုက်တဲ့အခါ ဗုံးသီးတလုံးက သူတို့ကင်းပုန်းဝပ်နေတဲ့ အနီးစပ်ဆုံးနေရာကို ကျသွားခဲ့ပါတယ်။ အဲဒါကြောင့် လေးယောက် ထိခိုက်ဒဏ်ရာရသွားခဲ့ပါတယ်။ သေတော့ မသေခဲ့ဘူးပေါ့။ ကျနော်တို့ဖက်ကတော့ အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့ပါတယ်"

တန့်ဆည်နဲ့ရေဦးနယ်က ကျေးရွာ ၁၇ ရွာကို စစ်ကောင်စီမီးရှို့လို့ နေအိမ် ၈၄၈ လုံးပြာကျပျက်စီး

"ဒီစကစတွေက ကန့်ဘလူနယ်ဘက်ကနေ စထွက်လာတာက ၁၈၀ လောက်ပါမယ်ဗျ။၈၀ လောက်က ကန့်ဘလူနယ်ဘက် ပြန်ဝင်သွားတယ်ဗျ။ ၁၀၀ လောက်က တန့်ဆည်နယ်နဲ့ အခုရေဦးနယ်ကိုဝင်လာပြီး ကျေးရွာတွေကို တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ မီးရှို့တာပါ။ အခုတော့ ပျက်စီးအခြေအနေကိုမသိရသေးဘူးဗျ။ စကစတွေကရွာထဲမှာဘဲရှိသေးတယ်။အပျက်အဆီးများနိုင်ပါတယ်။ ရွာဗုကြီး၊ ကလှဇဥ်၊ ပေကုန်း၊ ကြိုတိမ်ရွာတွေက ကပ်ရက်တွေပါဗျ"

အမ်းက စစ်ဘေးရှောင်ကလေး ၄ ဦးကို စစ်ကောင်စီရဲက ဖမ်းဆီးချုပ်နှောင်ထား

"၁၆ ရက်နေ့မှာ ၂ ယောက်ဖမ်းခံရတယ်။ ၁၇ ရက်နေ့မှာ ၁ ယောက်နဲ့ မနေ့က ၂၉ ရက်နေ့မှာ ၁ ယောက် အဖမ်းခံရတာပါ။ ကလေးတွေကို လမ်းခင်းနေတဲ့နေရာက သံချောင်းတွေကို ခိုးယူတယ်ဆိုပြီးတော့ စွပ်စွဲပြီး ဖမ်းသွားတာပါ။ အခုအချိန်ထိပြန်မလွတ်ပေးဘဲ အချုပ်ခန်းထဲမှာ ချုပ်ထားပါတယ်"

ရဲစခန်းရှေ့မှာ တိုက်ခိုက်ခံရတဲ့စစ်အုပ်စုက နေအိမ် ၂ လုံးကိုမီးရှို့ခဲ့

"ညောင်ပင်ဝန်းစခန်းထဲကစစ်ကောင်စီတွေက စခန်းအနားကအိမ်နှစ်လုံးကိုမီးရှို့သွားတယ်။ အကြောင်းမဲ့ရှို့တာပါ။ သူတို့ကိုလာပစ်ရင်ထပ်ရှို့မယ်လို့ ကြားထားပါတယ်။ မီးရှို့ခံရတဲ့နေအိမ်တွေနဲ့ရဲစခန်းက သံလမ်းပဲခြားတယ်"

အင်းတော်နယ်က နေအိမ် ၄၀ ကျော်နဲ့ စပါးကျီ ၃၀ ကို စစ်ကောင်စီမီးရှို့ ဖျက်စီးသွား

"စစ်**တွေက စစ်ကြောင်းနှစ်ခုပေါင်းထားတာ။ သူတို့က ၁၉ ရက်နေ့မှာ စက်တောကုန်းရွာကို ရောက်တယ်။ ညအိပ်ကြတယ်။ မနက်ရောက်တော့ ရွာကအထွက်မှာ အိမ်တွေကို မီးရှို့သွားခဲ့ကြတာပါ။ တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ အကြောင်းမဲ့မီးရှို့ခဲ့တာ။ စပါးကျီတွေ၊ အိမ်တွေကတော့ ပြာပဲရလိုက်တော့တယ်"

ရေဦးနယ်ရှိ မီးရှို့ခံ ရွာ ၃ ရွာကဒေသခံတွေ အရေးပေါ် အကူညီလိုအပ်နေ

"ဇဝရှာရွာမှာဆိုရင် အိမ်ခြေစုစုပေါင်းက ၁၀၀ လောက်ပဲရှိတာ။ အဲဒီထဲက ၇၀ လောက်ပြာကျသွားတယ်။ ကျနော်တို့ဆိုလည်း အခုစာသင်ကျောင်းမှာ ဖြစ်သလိုနေနေရတယ်။ အိမ်မှမရှိတော့တာ။ အိမ်က ပြာပုံပဲကျန်ခဲ့တယ်။ စားသောက်ရတာကလည်း မီးရှို့မခံရတဲ့ရွာကလူတွေ ပေးကမ်းလို့စားနေရတယ်။ အများကြီးတော့မဟုတ်ဘူး။ သူတို့တတ်နိုင်သလောက်လေးပေါ့။ ဒီလိုပဲစားနေရတယ်"

ခရီးသွားပြည်သူ အမျိုးသမီး ၄ဦးနဲ့ ကလေးငယ် ၁ ဦးကို စစ်ကောင်စီကဖမ်းဆီးတဲသတင်းအပါအဝင်နောက်ဆုံးရသတင်းများ

ခရီးသွားပြည်သူ အမျိုးသမီး ၄ဦးနဲ့ ကလေးငယ် ၁ ဦးကို စစ်ကောင်စီကဖမ်းဆီးတဲသတင်းအပါအဝင်နောက်ဆုံးရသတင်းများ(Podcast)

ခင်ဦးက ပြည်သူ ၆ သောင်းကျော် နေစရာနဲ့ စားနပ်ရိက္ခာအပြင် အနွေးထည်တွေ လိုအပ်နေ

"ရွာလုံးကျွတ်မီးရှို့ခံလိုက်ရတဲ့ရွာတွေထဲက တချို့ဒေသခံတွေဆိုရင် နေစရာမရှိတော့ ကိုယ့်ရွာကို ပြန်ဝင်ပြီးတော့ ပြာပုံပေါ်မှာဘဲ တဲထိုးပြီးနေရတဲ့သူတွေရှိတယ်။ တချို့ဆိုရင် ရွာကိုပြန်ဝင်ချင်ကြပေမယ့် စစ်ကောင်စီတွေက တပ်စွဲထားတယ်။ အဲဒါကြောင့် တောထဲတွေမှာ သစ်ပင်အောက်တွေမှာ မိုးကာနဲ့တဲထိုးပြီးတော့ ဖြစ်သလိုနေ နေကြရပါတယ်"

"မအလရဲ့ ၉၆၉၃ စီမံကိန်း"

ဆောင်းပါးရှင် သခင်နွေရဲ့ မြင်မိ ကြားမိသမျှ အစီအစဉ် "မအလရဲ့ ၉၆၉၃ စီမံကိန်း"

နေပူတောင်ကို ရောင်းစားဖို့ ကြိုးစားလာပြန်တဲ့ စစ်ကောင်စီ

ရှားပါးပြီးတန်ဖိုးရှိတဲ့ "မာဘယ်လ်" ကျောက်တုံးကြီးတွေနဲ့ ပြည့်နက်နေတဲ့နေရာကတော့ မြန်မာနိုင်ငံရဲ့အနောက်ဖက်က ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှာတည်ရှိတဲ့ "နေပူတောင်"မှာ ဖြစ်ပါတယ်။ နေပူတောင်မှာ တောင်ကုတ်မြို့နဲ့ မိုင်၃၀လောက် ကွာဝေးတဲ့ တောင်ကုတ်-ပန်းတောင်ကားလမ်းမပေါ်မှာ တည်ရှိပါတယ်။ ဒါ့အပြင် နေပူတောင်ဟာ ရခိုင်ရိုးမတောင်တန်းကြီးနဲ့ ဆက်စပ်သွယ်တန်းနေတဲ့ တောင်ကြီးတခုလည်း ဖြစ်ပါတယ်။

အပစ်ရပ်နေချိန် စစ်ကောင်စီက ရခိုင်ကို လက်နက်ခဲယမ်းအပြည့်ပါတဲ့ ကား ၄၀ ကျော်ချပေးခဲ့

"ဒီလက်နက်တွေပါတဲ့ကားတွေအကုန်လုံးက အပစ်ရပ်ပြီးနောက်မှာ ဝင်ရောက်လာတာပါ။ လူအင်အားကတော့မပါဘူး။ အကုန်လုံးလက်နက်တွေနဲ့ ရိက္ခာတွေချည်းပဲ။ ပြီးတော့ လေယာဥ်နဲ့ပို့တာတွေလည်းရှိပါတယ်။ တောင်ကုတ်နဲ့အမ်းမြို့ကို ဝင်ရောက်လာတဲ့ကားအရေအတွက်ကတော့ ၄၃ စီးလို့ ကျနော်တို့စာရင်း အတိအကျရထားတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10