MLAT

မြိုင်နယ်က ရွာ ၃ ရွာကို စစ်အုပ်စု မီးရှို့လို့ အိမ်ခြေ ၁၃၀ ကျော် မီးလောင်ပျက်စီး

"ဒီစစ်ကောင်စီတွေနဲ့ ပျူတွေက မနေ့ကဆိုရင် မန်ကျည်းလေးပင်ရွာကို စပြီးတော့ မီးရှို့တယ်။ ပြီးတော့ ကန်နက်ရွာကို မီးရှို့တယ်။ အဲဒီကနေ အိုးဘိုရွာကိုဝင်ပြီး ညအိပ်တယ်။ မနက်ရောက်တော့ အိမ်တွေကို မီးရှို့တော့တာပဲ။ မီးရှို့ပြီးတော့ အဲဒီကောင်တွေက ၁၂ နာရီလောက်မှာ ပြန်ထွက်သွားတယ်။ အခုတော့ မီးရှို့ခံရွာတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက ရှင်းလင်းရေးလုပ်ပေးနေကြတယ်"

ခင်ဦးမှာ နေအိမ်ကို လက်နက်ကြီးကျလို့ ၅ ဦး ဒဏ်ရာရပြီး ၁ ဦး ဒဏ်ရာပြင်းထန်

"ဒဏ်ရာရသူတွေရဲ့နာမည်တွေကိုတော့ လုံခြုံရေးအရပြောလို့ မရဘူးဗျ။ ငါးယောက်ဒဏ်ရာရတဲ့အထဲမှာ ဝါးရုံကုန်းရွာက အမျိုးသားတယောက်ကတော့ ဒဏ်ရာတော်တော်လေးပြင်းပါတယ်။ သူ့ရဲ့ခန္ဓာတကိုယ်လုံးမှာ ကျည်စတွေဝင်သွားတာ။ ကျန်တဲ့လေးယောက်ကိုတော့ ကျည်စတွေက အနည်းငယ်ပဲထိမှန်ခဲ့တာ။ အခုတော့ အကုန်လုံးဆေးကုသမှု ခံယူနေရတုန်းပါ"

မြိုင်နယ်က မန်ကျည်းလေးပင်ရွာကို စစ်အုပ်စုက ဒုတိယအကြိမ် မီးရှို့နေ

"လက်ရှိမီးခိုးတော့ ငြိမ်သွားပြီ။ မီးလောင်သွားတဲ့ အိမ်ခြေအတိကျတော့ မသိရသေးဘူး။ တိုက်ပွဲဆက်ဖြစ်မယ့်အခြေအနေမို့ ရွာခြေကပ်စုံစမ်း မရသေးပါဘူးရှင့်။ စစ်** က နည်းပါတယ် ကန်နီပျုရွာက ပျူတွေများတာပါ။ စစ်ကြောင်းကတော့ လယ်စုကနေပေါင်းလာတဲ့ စခတွေကန်နီရောက်ပြီး ကန်နီက ပျူတွေနဲ့ပေါင်းထွက်တဲ့ စစ်ကြောင်းပါ"

အောင်လံ စသုံးလုံးရုံးမှာ ဗုံးကွဲလို့ မြို့မရဲစခန်းကို ပြင်ပလူ ဝင်၊ထွက်ခွင့်မပြုဘဲ အချုပ်သားတွေ့ခွင့်ပါပိတ်ထား

''ဗုံးကွဲတာက စသုံးလုံးရုံးမှာကွဲတာ၊ စသုံးလုံးရုံးနဲ့ ကြံ့ ခိုင်ရေးရုံးက ကပ်လျက်ဘဲ။ ဗုံးကွဲတော့ ရုံး အဆောက် အဦအမိုးတွေ လန်ကုန်တယ်လို့ သိရတယ်။ လူထိခိုက်တာတော့ မကြားဘူး။ ဗုံးကွဲတဲ့နေရာနဲ့ရဲစခန်းနဲ့ကလမ်း ၁ လမ်းဘဲခြားတယ်။ အဲ့ဒီလမ်းကလည်း ရဲစခန်းနောက်ကျောလမ်းဖြစ်နေလို့ အာဏာသိမ်းပြီးထဲက ပိတ်ထားတာ မသုံးခိုင်းဘူး။ အဲ့ဒီမှာ စသုံးလုံရုံး ဗုံးကွဲလို့တဲ့ ရဲစခန်းက အပြင်လူပေးမဝင်တော့ဘူး။ အချုပ်သားတွေ့ခွင့်လည်း ပိတ်ထားတယ်။ ထမင်းတောင် ပို့လို့မရတော့ဘူး''

စစ်ကိုင်းနယ်က ကျေးရွာ၂ရွာကို စစ်ကောင်စီမီးရှို့နေ

"စကစတွေက ပထမတော့ မြင်းဆည်ရွာကို မီးရှို့တယ်။ ပြီးတော့ အဲဒီရွာနားကသုံးလင့်ရွာကိုရှို့တယ်။ မြင်းဆည်ကရွာတော်တော်လည်း ကြီးတယ်ဗျ။ မီးရှို့သွားတာရွာတခြမ်းလောက်တော့ ပျက်စီးသွားတယ်။ သုံးလင့်ရွာကတော့ အခုအချိန်ထိမီးရှို့နေတုန်းပါ။ စကစတွေက ရွာကမထွက်သေးဘူး"

ဖမ်းဆီးခံပြည်သူ ၁၅ ဦးပြန်လွှတ်လာပေမယ့် စစ်သင်တန်းဆင်း ၃ ဦးကိုတော့ စစ်အုပ်စုကပြန်မလွှတ်သေး

"အဲဒီသုံးယောက်က နယ်စည်းမခြားတပ်ရင်း ၁၈ ကနေ သင်တန်းဆင်းပြီး ပကဖဖွဲ့ဖို့ ရွာတွေပြန်ဆင်းလာတဲ့လူငယ်တွေပါ။ သူတို့နဲ့တူတူ ဖမ်းခံထားရတဲ့ပြည်သူတွေကိုတော့ ပြန်လွှတ်ပေးခဲ့တယ်။ စကစတွေက အဲဒီလူငယ်သုံးယောက်ကို ကြိုးတုတ်ပြီးတော့ ပိုဝရွာကနေ မတ္တရာဘက်ကို ထွက်သွားကြတယ်"

မတ္တရာမှာ ဖမ်းဆီးခံအမျိုးသား ၄ ဦးထဲက ၁ ဦးရဲ့အလောင်းကို ပြန်တွေ့

"အလောင်းတွေ့ခဲ့ရတဲ့ဒေသခံက စိန်ပန်းကုန်းရွာအနောက်ဘက် မြေနုကျွန်းမှာ တောင်သူလုပ်နေတဲ့ စစ်ကိုင်းတိုင်းဘက် မင်းရွာတောင်ကလို့ သိရပါတယ်။ တယောက်ထဲ တွေ့သေးတာပါ။ နောက်တယောက်ကို ရှာဖွေနေပါတယ်။ အလောင်းက တော်တော်စုတ်ပြတ်နေပြီ။ ခေါင်းလည်းပြားနေတယ်"

မန္တလေးရှိ ပုဂ္ဂလိကဆေးရုံ ၅ ရုံကို ယာယီပိတ်မယ်လို့သတင်းထွက်ပေါ်ပြီးနောက် ဆေးရုံ ၂ ရုံ ကလူနာတွေ ရွေ့ပြောင်းနေရ

"လူနာတွေ ဒီနေ့မှာပြောင်းရွေ့နေရတယ်ဆိုတာကို ကိုယ်တိုင်ပြောင်းရွေ့နေရတဲ့သူတယောက်က ပြောလို့သိရတာ။ ဘာဖြစ်လို့ပြောင်းရွေ့လည်းဆိုတာကိုတော့ ဆေးရုံအနေနဲ့ မပြောဘူးတဲ့။ ကံကော်နဲ့ နန်းတော်ဆေးရုံက လူနာတွေကို မင်္ဂလာပုဂ္ဂလိကဆေးရုံကို ရွေ့ပြောင်းနေတာပါ။ အခုမင်္ဂလာဆေးရုံမှာ လူနာတွေစုနေကြပြီး လူတောင်မနိုင်တော့ဘူးပြောတယ်"

လူမူကူညီရေးကားကိုမောင်းနှင်လာတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရလို့သေဆုံးမှုရှိနိုင်

"ဒီလူမူကူညီရေးကားနဲ့ စစ်ကောင်စီတွေလာတဲ့အခါမှာ ကျနော်တို့တပ်ဖွဲ့တွေကစောင့်ကြိုပြီးတော့ မိုင်းဆွဲလိုက်တာ။ ရှေ့ထွက်မိုင်းနဲ့ပေါ့။ ကားရဲ့မှန်တွေကတော့ ကွဲထွက်သွားတယ်။ လူတွေဘယ်နှစ်ဦး ထိခိုက်သေဆုံးလဲတော့ မသိခဲ့ဘူး။ ကျနော်တို့ကအရေးပေါ်လုပ်လိုက်ရတာဆိုတော့ ဗီဒီယိုမှတ်တမ်းတောင် မရိုက်ခဲ့ရဘူး"

မတ္တရာမှာ စစ်တပ်ကရွာကိုမီးရှို့ပြီး ဒေသခံ ၃၀ နီးပါးကိုပါဖမ်းဆီး

"စစ်ကောင်စီတွေက ပိုဝမြောက်ရွာက နေအိမ် တလုံးကိုမီးရှို့တယ်။ ပြီးတော့ ရွာထဲက လူကြီး၊လူငယ် ၂၀ ကျော် ၃၀ လောက်ကိုဖမ်းတယ်။ သူတို့ကို ကြိုးတုတ်ထားပြီးတော့ ရိုက်နှက်ကြတယ်။ ဖမ်းခံထားရသူတွေအကုန်လုံးက ပြည်သူတွေပါ။ နာမည်တွေမသိရသေးဘူး။ စကစတွေက သူတို့ကိုမတ္တရာဘက်ကို ခေါ်သွားတယ်"

မြင်းမူမှာ စစ်ကား ၃ စီး မိုင်းဆွဲခံရလို့ သေဆုံးမှုများနိုင်

"မိုင်းတွေကတော့ ကားသုံးစီးလုံးကို ထိသွားပါတယ်။ ရှေ့ကားဆိုရင် မှောက်မတတ်ဖြစ်ခဲ့တယ်။ ကျနော်တို့မိုင်းတွေက ကားအောက်တည့်တည့်ကနေ ခွဲလိုက်တာ။ တော်တော်လည်း သေကြမှာပဲ။ စကစတွေက ကားတွေကို ပြုပြင်ပြီးတော့ နောက်ပြန်ဆုတ်သွားခဲ့တယ်။ သူတို့ ပြန်မဆုတ်ခင်တော့ သေနတ်တွေနဲ့ တရပ်စပ်ယမ်းသမ်း ပစ်ခဲ့သေးတယ်။ ဒါပေမဲ့ ကျနော်တို့ကတော့ အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့တယ်"

ပဲခူးရိုးမတိုက်ပွဲ ဗိုလ်မှူးအပါအဝင် ၂၀ကျော်သေပြီး PDF သုံးဦးကျဆုံးတဲ့သတင်း အပါ နောက်ဆုံးရ သတင်းများ

ပဲခူးရိုးမက တိုက်ပွဲ ၁၁ကြိမ်မှာ စစ်ဗိုလ်မှူးအပါအဝင် ၂၀ကျော်သေပြီး PDF သုံးဦးကျဆုံးတဲ့သတင်း အပါအဝင် နောက်ဆုံးရသတင်းများ (Podcast)

သဲကုန်းမှာ စစ်မှုထမ်းဟောင်း ပျူစောထီးသင်တန်းဆင်းတဦး နေအိမ်မှာ ပစ်သတ်ခံရ

"သူက အရင်သဲကုန်းမြို့နယ် ကြံ့ဖွတ်ပါတီ ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ် ဉီးစိုး​အောင်နဲ့ ရင်းနှီးပြီးတော့ NLD မ​ကောင်း​ကြောင်း အပုတ်ချ အမြဲ​ပြောတယ်။ ပြည်မှာလုပ်တဲ့ ပျူစောထီးသင်တန်းကို သူနဲ့အတူ ရွာက ၅ ယောက် သွားတက်ထားတဲ့လူ၊ လာပစ်သတ်သွားတာ ၇ ယောက်လောက်ရှိတယ်။ အကုန်လုံးမျက်နှာဖုံးတွေ စွပ်ထားတာ၊ ဘယ်အဖွဲ့က သတ်တာလဲတော့ မသိဘူး"

အင်အားဖြည့်ဖို့သွားတဲ့ စစ်အုပ်စုမိုင်းဆွဲခံရလို့ ၃ ဦးသေဆုံး

"စစ်ကောင်စီတွေက ခြေကျင်သွားတာ။ အဲဒီနောက်က ကားတစီးက လိုက်ပါလာတယ်။ ကားပေါ်ကကောင်တွေနဲ့ ခြေကျင်သွားတဲ့ကောင်တွေ စုစုပေါင်းကတော့ သုံးဆယ်ကျော်လောက်ရှိတယ်။ ကျနော်တို့က မိုင်းတွေကို ခွဲလိုက်တဲ့အခါမှာ သုံးကောင်က နေရာမှာတင်သေတယ်ဗျ။ နောက်ထပ်လည်း တော်တော်များများ ဒဏ်ရာရသွားတယ်"

မတ္တရာနယ်က စိန်ပန်းကုန်းရွာကို စစ်တပ်က ရွာလုံးကျွတ် မီးရှို့နေ

"ရွာသားတွေကတော့ မနေ့ကတည်းကတိမ်းရှောင်နေကြရတယ်။ အခုဆိုရင် တရွာလုံးလောင်ကျွမ်းနေလောက်ပြီ။ စကစတွေက ဒီရွာကိုမီးမရှို့သေးခင် ရွာထဲကနေပြီးတော့ လက်နက်ကြီးတွေနဲ့ ရွာတန်းရှည်ရွာကို လှမ်းထုခဲ့လို့ အဲဒီရွာကနွားတွေတော်တော်များများ သေခဲ့တယ်ဗျ။ လူတွေကတော့ဘာမှမဖြစ်ခဲ့ဘူး"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10