MLAT

စစ်ကျွန်ပညာ မခံတဲ့ စစ်ကိုင်းက စစ်ရှောင်စာသင်ကျောင်း (ရုပ်/သံ)

စစ်ကောင်စီမီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကိုင်းတိုင်း ရွာတွေက ကျောင်းနေအရွယ်ကလေးငယ်တွေဟာ ပညာရေးတပိုင်းတစနဲ့ ဆက်လက်မသင်ကြားနိုင်ခဲ့တာ နှစ်နဲ့ချီ ရှိလာနေပြီ ဖြစ်ပါတယ်၊။ မြန်မာနိုင်ငံမှာ ကိုဗစ် နိုင်တင်းဖြစ်ခဲ့ပြီးနောက် ကျောင်းတွေပိတ်ထားရခဲ့သလို ၂၀၂၁ စစ်ကောင်စီ အာဏာသိမ်းလိုက်ပြီးနောက်ပိုင်မှာလည်း စာသင်ကျောင်းတွေ မီးရှို့ဖျက်ဆီးခံရလို့ ကျောင်းမတက်နိုင်ကြတာ အခုဆိုရင် ၃ နှစ်ဝန်းကျင် ရှိလာနေပါပြီ။

"ကျွဲနွား ရှားပါးပြီး တရုတ်ထုတ်စက်‌တွေ အစားထိုးသုံးစွဲနေမှု အကျိုးဆက်များ"

မြန်မာတနိုင်ငံလုံးက မြေလတ်ဒေသအပါအဝင် ကျေးလက်ဒေသတွေမှာ ယခင်က လယ်ယာ စိုက်ပျိုးရေးကဏ္ဍအတွက် အထူးအားထားရတဲ့ ကျွဲနွားတွေရှားပါးလာနေပါတယ်။ အဓိကကတော့ ပြည်တွင်းက လုပ်ငန်းရှင်အချို့ဟာ ကျွဲနွားတွေကို တရုတ်နိုင်ငံအပါအဝင် ပြည်ပနိုင်ငံတွေကိုတင်ပို့ဖို့ ဈေးကောင်းပေးဝယ်ယူမှုတွေပြုလုပ်ပြီး ဒီနေရာမှာ တရုတ်နိုင်ငံထုတ် လယ်ယာသုံးစက်ပစ္စည်းတွေကို တောင်သူလယ်သမားတွေ ဝယ်ယူနိုင်တဲ့နည်းလမ်းမျိုးစုံအသုံးပြုပြီး အစားထိုးတင်သွင်းရောင်းချမှုတွေ ပြုလုပ်လာတာ တွေ့ရပါတယ်။

နေပြည်တော် စရဖ စစ်ရုံးချုပ်က အမျိုးသမီး တပ်ကြပ်ကြီးစာရေး ၂ ဦး ထွက်ပြေးနေ၊ တွေ့တဲ့နေရာ ပစ်သတ်ဖို့ ညွှန်ကြားထားလို့သိရ

"၁ လပိုင်း လစာထုတ်ပြီး နောက်ရက်မှာ ပြေးသွားတာ၊ အစောပိုင်းမှာ သူတိုကိုလိုက်ပြီး ဆက်သွယ်ပြန်ခေါ်သေးတယ်။ ဘယ်လိုမှ ရှာမရတော့ ခွင့်မဲ့ကြေငြာပြီး တွေ့တဲ့နေရာမှာ ပစ်သတ်ဖို့ထိ ညွှန်ကြားထားတယ်လို့ သိရတယ်။ သူတို့ (တပ်ကြပ်ကြီး/စာရေးမ ၂ ဦး)က စရခချုပ်ရုံးရဲ့ အရေးကြီးထိပ်တန်း လျှိဝှက်တွေ ထိန်းထားတဲ့ဌာနမှာ တာဝန်ထမ်းဆောင်ခဲ့တာဆိုတော့ အရေးကြီး အချက်အလက်တွေ ပါသွားနိုင်တယ်ဆိုပြီး အဲ့ဒီလို အမိန့်ပေးထားတာလို့ သိရတယ်။ သူတို့နောက်ကို အဲ့ဒီဒေတာတွေ ပါ၊မပါဆိုတာ ဘယ်သူမှမသိဘူး။ စစ်ခေါင်းဆောင်တွေက ထင်မြင်ယူဆချက်တွေနဲ့ သတ်ခိုင်းနေတာ" လို့ နေပြည်တော်စစ်ကောင်စီတပ် စစ်ရုံးချုပ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တဦးက မြေလတ်အသံကို ပြောပါတယ်။

"ကျွဲနွား ရှားပါးပြီး တရုတ်ထုတ်စက်‌တွေ အစားထိုးသုံးစွဲနေမှု အကျိုးဆက်များ"

မြန်မာတနိုင်ငံလုံးက မြေလတ်ဒေသအပါအဝင် ကျေးလက်ဒေသတွေမှာ ယခင်က လယ်ယာ စိုက်ပျိုးရေးကဏ္ဍအတွက် အထူးအားထားရတဲ့ ကျွဲနွားတွေ ရှားပါးလာနေပါတယ်။

ထီးဆောင်းရွာစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၅ ဦးသေတဲ့သတင်းအပါ တပတ်တွင်းသတင်းများ

ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သိမ်းတိုက်ပွဲ စစ်ကောင်စီဘက်က ရဟတ်ယာဉ်တစ်စင်းကို ပစ်ချနိုင်ခဲ့တဲ့သတင်း၊ မြို့နယ်ပအဖရဲ့ ထိန်းချုပ်နယ်မြေအတွင်း သတိပေးချက် မလိုက်နာသူများကို အရေးယူခဲ့တဲ့သတင်း၊ အမျိုးသမီးအလွတ်တန်းသတင်းထောက်တစ်ဦးကို ထောင်ဒဏ် ၁ နှစ်ခွဲ ချမှတ်လိုက်တဲ့သတင်းတွေကိုပါ နားဆင်ရမှာပါ။

"မအလနဲ့ပြိုင် ဘယ်သူမှ မနိုင်မယ့် ရွေးကောက်ပွဲ" (မြင်မိ ကြားမိသမျှ အစီအစဉ်)

မြေလတ်အသံသတင်းဌာနမှာ အပါတ်စဉ်တင်ဆက်နေတဲ့ ဆောင်းပါးရှင် သခင်နွေရဲ့ မြင်မိ ကြားမိသမျှ ဒီတပါတ် အစီအစဉ်မှာတော့ "မအလနဲ့ပြိုင် ဘယ်သူမှ မနိုင်မယ့် ရွေးကောက်ပွဲ" ဆိုတဲ့ခေါင်းစဉ်ကို နားဆင်နိုင်ကြပါပြီ။

စစ်တပ်ကို ကြောက်လို့ PDF ထဲ ဝင်တာ မဟုတ်ဘူး ဆိုတဲ့ ရဲမေ

အသက် ၂၅ နှစ်ကျော် အမျိုးသမီးတယောက်ဟာ ရန်ကုန်မှာ အလုပ်လုပ်နေရင်း အာဏာသိမ်းဖြစ်စဉ်ထဲ ကြုံတွေ့လိုက်ပါတယ်။ အဲ့ဒီမတိုင်မီက သူ့သူငယ်ချင်းတွေနဲ့ ပုံမှန်အလုပ်သွား၊ အလုပ်ပြန် လုပ်နေခဲ့တာပါ။ သူငယ်ချင်းတွေနဲ့ ဝင်ငွေပိုကောင်းတဲ့ နိုင်ငံရပ်ခြားဆီထွက်ပြီး အလုပ်လုပ်ကြဖို့အထိ ရည်ရွယ်ထားကြတယ်လို့ ဆိုပါတယ်။

~~~ နာမည်တောင်ပြောင်းလိုက်ပြီ "၆ လခံ" တဲ့ ~~~

~~~ နာမည်တောင်ပြောင်းလိုက်ပြီ "၆ လခံ" တဲ့ ~~~

~~~ ၆ လတောင်ခံပါ့မလား ~~~

~~~ ၆ လတောင်ခံပါ့မလား ~~~

ကျောင်းတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့ တိုက်ခံရလို့ ၄ ဦးသေဆုံးပြီး ဒဏ်ရာရသူများဟုဆို

"သူတို့ကျောင်း ၂ ခုစလုံးမှာ စကစနဲ့ပျူတွေ တပ်စွဲထားတယ်။ ကျနော်တို့သွားတဲ့အချိန် မီးကပျက်နေတာ။ ကိုယ်ပိုင်အထက်တန်းကျောင်းနား ရောက်ခါနီးမှ မီးကထလာလို့ ပျူတွေက အရင်မြင်လို့ပစ်တာ။ ပထမ သူတို့ကို လက်နက်ကြီး ၂ လုံး ပစ်ထည့်လိုက်သေးတယ်။ နောက်မှ နာရီဝက်ကျော်ကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ်တာ။ အဲကျောင်းတွေက စကစကိုလက်ခံတယ်။ ကျောင်းပိုင်ရှင်ကိုယ်တိုင်က ပျူဖြစ်တယ်" လို့ ပြောပါတယ်။

"ဆောင်းရာသီကျန်းမာရေးနဲ့ လက်တကမ်းဆေးပညာ"လက်တကမ်းကျန်းမာရေး ၃

မြန်မာနိုင်ငံဒေသအသီးသီးမှာတော်လှန်ရုန်းကန်နေကြတဲ့ပြည်သူတွေအတွက် အသုံးတည့်မယ့် တိုင်းရင်းဆေး နည်းတွေကို တင်ဆက်ပေးနေတဲ့ “လက်တကမ်း ကျန်းမာရေး”အစီအစဉ်မှာ အခုတစ်ပတ်တင်ဆက်ပေးမှာက "ဆောင်းရာသီကျန်းမာရေးနဲ့ လက်တကမ်းဆေးပညာ" ပဲ ဖြစ်ပါတယ် ။

သေကြောင်းကြံတဲ့ ကျောင်းသူကို ကယ်တင်ဖို့ ကြိုးစားရင်း ဆရာတပည့် ၂ ဦးစလုံး သေဆုံး

"ကျောင်းဆင်းချိန် ညနေ ၄ ခွဲလောက်မှာ ဖြစ်တာ၊ ကျောင်းသူလေးက (Grade 10) ၉ တန်းကျောင်းသူ ၊ နာမည်က စုမြတ်စံမှူး ။ သူ့စိတ်အခံကိုက အဲ့ဒီလိုဖြစ်နေတာလို့ သိရတယ်။ ဒီလိုသေကြောင်းကြံဖို့ လုပ်တဲ့အကြောင်းအရင်းကိုတော့ သေချာမသိရဘူး။ အောက်က ကွန်ကရစ်နဲ့ဆို ပေ ၆၀ လောက် ကွာတယ်။ ကျောင်းသူခုန်ချဖို့ လုပ်နေတာကို ဆရာလေးက လှမ်းဆွဲဖို့လုပ်တာကနေ ၂ ယောက်စလုံး ပြုတ်ကျပြီး သေဆုံးတယ်" လို့ ကူညီဆောင်ရွက်ပေးခဲ့တဲ့ ဒေသအခြေစိုက် လူမှုကူညီရေးအသင်းအဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

ပစ်သတ်ခံရတဲ့ ပျူစောထီး အလောင်းလာကောက်တဲ့ စစ်အုပ်စု မိုင်းထပ်ခွဲခံရလို့ ၃ ဦးသေ

''ပျူစောထီးကျော်ဌေးကို ရွာထဲကို ဝင်ရှင်းပြီးတော့ သူ့ body(အလောင်း)ကို လာကောက်မယ်ဆိုတာသိလို့ ရွာပြင်က မိုင်းကွင်းကို သယ်လာပြီး ချထားတာ။ စကစ ကောင်တွေက ကား ၂ စီးနဲ့ လာကောက်တယ်။ အဲ့ဒီမိုင်းကွင်းတည့်တည့် ကားထိုးပြီးဆင်းတဲ့အချိန် ရှေ့ထွက်မိုင်း ၃ လုံး၊ ပဒေသာမိုင်း ၇ လုံးနဲ့ တိုက်ခိုက်တာ ၃ ယောက် သေတယ်။ ဒီကောင်တွေ အချင်းချင်း အော်ဟစ်ပြီး ပြောနေတာတွေ ကြားနေရတာ။ ပျူစောထီးအလောင်းတောင် မကောက်နိုင်ဘူး။ သူတို့အလောင်း သူတို့ပြန်သယ်သွားရတယ်'' လို့ အဖွဲ့ခေါင်း ဆောင် ဗိုလ်လင်းယုန်က မြေလတ်အသံကို ပြောပါတယ်။

၂၀၂၃ မှာ အဆုံးသတ် တိုက်ပွဲတွေကို အသင့်ဖြစ်နေပြီလို့ PDF တွေပြော (ရုပ်/သံ)

၂၀၂၃ ခုနှစ်ဟာ တော်လှန်ရေးအတွက် အဆုံးသတ်နှစ်ဖြစ်လာမလားဆိုတာကတော့ ကာကွယ်ရေးတပ်ဖွဲ့တွေမှာ လက်နက်လိုအပ်ချက်တွေ ရှိနေသေးလို့ ယတိပြတ်ပြောဖို့ ခဲရင်းနေပေမယ့် သူတို့က အဆုံးသတ်တိုက်ပွဲတွေအတွက် အဆင်သင့်ဖြစ်နေပြီလို့ ဆိုပါတယ်။

အာဏာသိမ်း ၂ နှစ်ထဲကနေ ရုန်းထွက်နေတဲ့ အညာ (ရုပ်/သံ)

စစ်ကောင်စီက အာဏာသိမ်းပြီး တော်လှန်ရေးအားကောင်းလာတဲ့ စစ်ကိုင်းတိုင်းထဲကို စစ်ကြောင်းထိုး ရည်ရွယ်ချက်ရှိရှိ ရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့သလို အခုထက်ထိလည်း လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ တော်လှန်ရေးကာလ ၂ နှစ်ပြည့်ချိန် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းဟာ စစ်ဒဏ်ကို အလူးအလဲ အခံရဆုံးဖြစ်ပြီး အဲဒီက အရပ်သားပြည်သူတွေဟာ စစ်ဘေး၊ မီးဘေး၊ ဗျူဘေး ဆိုပြီး တိုက်ပွဲကြားက မြေဇာပင်တွေ ဖြစ်ခဲ့ကြရတာပါ။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10