Danger

မိုင်းဆွဲခံရပြီး ခလရ ၂၅၆က စစ်သား၁ဦးသေဆုံးလို့  ဒေသခံတွေရဲ့ထန်းလျက်ချက် တဲတွေကိုမီးရှို့ခဲ့

“ကျနော်တို့ထောင်ထားတဲ့ မိုင်းတွေကများတယ်၊ ကျနော်တို့ရှိသမျှမိုင်းတွေကို ထောင်ထားတာ၊ **တွေကပစ်ထားတဲ့ ၆၀ မမအဖူးတွေ၊ မကွဲတာတွေနဲ့ ကပ်ထောင်ထားတာတော့ မိုင်းအရေအတွက်က တော်တော်များတယ်၊ တပွိုင့်ကို ၁၀ လုံးလောက်ထောင်ထားတာ၊ ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့တာ” လို့ ရေစကြိုပကဖ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အလင်းဝင်ရဲတပ်သားရဲ့ဇနီးဖြစ်သူ သေနတ်နဲ့ကျည်တွေခိုးပြီး PDF ဆီခိုလှုံလာ

“သူကထွက်ခွင့်မသာလို့ မထွက်ခဲ့တာ။ အရင်က ကျနော်တို့ဆီ ဆက်သွယ်ထားတာတော့ ကြာပြီ။ သူ့အမျိုးသားကလည်း အလင်းဝင်ထားတော့ သူ့မှာထွက်ဖို့အကြပ်အတည်းဖြစ်တယ်လို့ ပြောတယ်။ အဲ့ဒါကြောင့်လည်း အခုမှထွက်ခွင့်ရတယ်။”

စစ်ကူလာတဲ့ တပ်မ ၁၀၁ စစ်ကြောင်း တိုက်ခိုက်ခံရလို့ ၃ ဦးသေပြီး သေနတ် ၂ လက် ဆုံးရှုံး (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဇီးကုန်းရွာဘက်ကိုစစ်ကူလာတဲ့ ပခုက္ကူ တပ်မ ၁၀၁ က အင်အား ၇၀ ပါ စစ်ကြောင်းကို အောက်တိုဘာ ၁၁ ရက် ညနေ ၄ နာရီကျော်မှာ ဒေသခံကာကွယ်ရေးတပ်တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တယ်ို့ Southern YSO PDF ဆီက သိရပါတယ်။

ရေစကြိုတိုက်ပွဲမှာ နှစ်ဖက်သေဆုံးမှုရှိပြီး စစ်အုပ်စုဆီက လက်နက်ခဲယမ်းတွေသိမ်းဆည်းခံရ (ရုပ်/သံ)

“ဒီကောင်တွေက ဇီးကုန်းကျေးရွာထဲကို စတင်ဝင်ရောက်တာ။ ကျနော်တို့ရဲဘော်တွေက အသင့်စောင့်ရင်း ၁ နာရီခွဲအကြာထိ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တာ။ တိုက်ပွဲကတော့ ၆ နာရီခွဲမှ ပြီးသွားတာ။ ကျနော်တို့ နေရာမှာတင် ၆ ဦးကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့တယ်။ ကျန်တဲ့ ၂ လောင်းကတော့ ချောင်းထဲကို မျှောပါသွားတယ်”

ရေစကြိုတိုက်ပွဲမှာ နှစ်ဖက်သေဆုံးမှုရှိပြီး စစ်အုပ်စုဆီက လက်နက်ခဲယမ်းတွေသိမ်းဆည်းခံရ

“ဒီကောင်တွေက ဇီးကုန်းကျေးရွာထဲကို စတင်ဝင်ရောက်တာ။ ကျနော်တို့ရဲဘော်တွေက အသင့်စောင့်ရင်း ၁ နာရီခွဲအကြာထိ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တာ။ တိုက်ပွဲကတော့ ၆ နာရီခွဲမှ ပြီးသွားတာ။ ကျနော်တို့ နေရာမှာတင် ၆ ဦးကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့တယ်။ ကျန်တဲ့ ၂ လောင်းကတော့ ချောင်းထဲကို မျှောပါသွားတယ်”

လမ်းမပေါ်မိုင်းရှင်းနေတဲ့ တပ်မ ၃၃ တပ်သားတွေ တိုက်ခိုက်ခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မုံရွာ-မန္တ‌လေးလမ်းမကြီးပေါ်က ကန်ဖျားဇရပ်အနီး မိုင်းရှင်းလင်းရေးလုပ်နေတဲ့ တပ်မ ၃၃ က စစ်ကောင်စီတပ်သားတွေကို အီနာဂါ (M9 Rifle grenade) ၁ လုံးနဲ့ ပစ်ခတ်ပြီး လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Moe Nyo Revolution Force M.N.R.F ဆီက သိရပါတယ်။

အပတ်စဥ် ၃ စုဖွဲ့လေ့ကျင့်မှုသင်တန်းမှာ ပါဝင်ခဲ့တဲ့ ရဲဘော် ၆၅ ဦးကို လက်နက်တပ်ဆင်ပေး (ရုပ်/သံ)

“သင်တန်းတက်စဥ်က သင်တန်းသား ၁၈၂ ဦးတက်ခဲ့ပေမယ့် ကျန်းမာရေးအခြေအနေတွေကြောင့် ရဲဘော် ၂ ဦး မတက်ရောက်နိုင်ဘဲ ရဲဘော် ၁၈၀ ဦးသာကျန်ရှိပြီး သူတို့ထဲက ၆၅ ဦးကို လက်နက် တပ်ဆင်ပေးခဲ့တာ”

ပျူရွာမှာတာဝန်ကျနေတဲ့ ရဲတဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိ

“ဒီကောင်က ကင်းပတ်နေတာကြာပြီ။ ကျနော်တို့က ချောင်းနေတာ။ ဒီကောင်က လူစွာလုပ်နေတာ။ ဒီနေ့ တော့ ကျနော်အမိအရဖမ်းလိုက်တာ။ လာတာတော့ ပခုက္ကူရဲစခန်းက လာတာ။ ညောင်ဂျစ်ပင်ပျူရွာမှာ တာဝန်ကျတာ။”

အပတ်စဥ် ၃ စုဖွဲ့လေ့ကျင့်မှုသင်တန်းမှာ ပါဝင်ခဲ့တဲ့ ရဲဘော် ၆၅ ဦးကို လက်နက်တပ်ဆင်ပေး

“သင်တန်းတက်စဥ်က သင်တန်းသား ၁၈၂ ဦးတက်ခဲ့ပေမယ့် ကျန်းမာရေးအခြေအနေတွေကြောင့် ရဲဘော် ၂ ဦး မတက်ရောက်နိုင်ဘဲ ရဲဘော် ၁၈၀ ဦးသာကျန်ရှိပြီး သူတို့ထဲက ၆၅ ဦးကို လက်နက် တပ်ဆင်ပေးခဲ့တာ”

ပခုက္ကူမြို့မရဲစခန်းက ရဲတပ်သား ၁ ဦး ၂ ကြိမ်မြောက်ထွက်ပြေး အလင်းဝင်လာ

“မနေ့က သူကင်းကျတဲ့အချိန်မှာ လက်နက်ကိုတော့ ယူမရဘူး၊ သူကိုင်ထားတဲ့ ကျည်ဘောက်နဲ့ ကျည်တွေယူပြီး ပြေးလာတာ။ သူကချိတ်ဆက်လို့ မြို့မရဲစခန်းအနီးအထိ သွားခေါ်ခဲ့တာ”

ကောလင်းနယ်က စစ်ရှောင်တွေအတွက် တဲအလှူ (ရုပ်/သံ)

နေစရာ အခက်အခဲကြုံနေတဲ့ စစ်ဘေးရှောင်တွေအတွက် နောက်ထပ်တဲအိမ်တွေဆောက်လုပ်ပေးဖို့ လိုအပ်နေပြီး အဲ့ဒီအတွက်အလှူရှင်တွေရှိလာမှ ဆောက်လုပ်ပေးနိုင်မှာလို့ တာဝန်ခံ ကိုသဲကြီးက ပြောပါတယ်။

လင်းဇင်းရွာကဒေသခံတွေကို စစ်အုပ်စုက အကာကွယ်ယူပြီး သွားလာခွင့်ကန့်သတ်ထား   ■ရဲစခန်းကိုတိုက်ခိုက်ဖို့ ကာကွယ်ရေးတပ်တွေ အခက်တွေ့နေ

“ကျေးရွာနေပြည်သူတွေကို အပြင်မထွက်ဖို့ အမိန့်ထုတ်ထားတယ်၊ အပြင်ထွက်ရင် အိမ်နဲ့ပစ္စည်းတွေကို ချိတ်ပိတ်မယ်၊ သိမ်းဆည်းမယ်၊ မီးရှို့မယ်လို့ စစ်ကောင်စီကခြိမ်းခြောက်ထားတာတွေ ရှိတယ်၊”

ရဲတပ်ကြပ် ၁ ဦး နယ်ထိန်းခေါင်းဆောင်ရဲ့သေနတ်ကိုခိုးပြီး အလင်းဝင်လာ

“သူနဲ့က အချိတ်အဆက်မရှိဘူး။ မနက် ၁၀ နာရီခွဲမှ ကျနော်တို့ဆီချိတ်ဆက်ပြီး အလင်းဝင်လာတာ၊ မြို့အထွက်မှာ ကျနော်တို့အဖွဲ့သွားကြိုရတယ်။ သူအလင်းဝင်လာတဲ့အကြောင်းက အဲ့ဒီအထဲမှာ မနေချင်တော့ဘူးပဲပြောတယ်၊ အပြင်လည်းသွားလို့ လာလို့မရဘူး၊ နေ့တိုင်းစခန်းထဲမှာနေနေရတော့ စိတ်ညစ်လို့ထွက်လာတာ”

ရေစကြိုမြို့ပေါ်ဈေးဝယ်လာတဲ့လူငယ်ကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ပြီး အလောင်းကို မြစ်ထဲမျှော

“ ဖမ်းဆီးခံလိုက်ရတာက အမှတ် ၁ ထင်းတန်းရပ်ကွက်နဲ့ အမှတ် ၈ သုခဝတီရပ်ကွက်ကြားမှာ။ ကြက်မွှေးဆိပ်ကမ်းကို ခေါ်သွားပြီး တခါတည်း မျက်လုံးတွေလည်း ဖောက်တယ်၊ ဓါးနဲ့ လည်ပင်းလှီးသတ်ပြီး မြစ်ထဲကိုမျှောလိုက်တာ”

ရေစကြိုမြို့ပေါ်မှာ ဓါးပြတိုက်ခံရပြီး ကျပ်သိန်း ၃၀၀ ဖိုးဆုံးရှုံး

“စိတ္တသုခရပ်ကွက်၊ ဒေါ်သန်းအေးနေအိမ်က အကျယ်ကြီးပါ၊ မောင်နှမဝမ်းကွဲတွေ နေကြတယ်။ အိမ်က ၃ အိမ်ရှိတယ်။ မျက်နှာဖုံးစွပ်ထားတဲ့လူတစုက သေနက်တွေနဲ့ထောက်ပြီး အမျိုးသမီးတွေ အကုန်စုခိုင်းပြီး ဆွဲကြိုး၊ လက်ကောက်၊ နားကပ်ကအစချွတ်ယူသွားတာ။ ရွှေတန်ဖိုး သိန်း ၃၀၀ ကျော်ဖိုးပါသွားတယ်။”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10