Danger

NUG အစိုးရအနေနဲ့ ရေများရာမိုးမရွာဖို့ မြင်းခြံခရိုင် တပ်ရင်း ၉ သံချပ်ထိုး (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အနေနဲ့ ရေများရာ မိုးမရွာဘဲ အညာဒေသကတပ်ဖွဲ့တွေကို လက်နက်ခဲယမ်း ထောက်ပံ့ပေးစေချင်တယ်လို့ မြင်းခြံခရိုင်တပ်ရင်း ၉ Myingyan Black Tiger-MBT ရဲဘော်တွေက သံချပ်ထိုးပြီး‌ တောင်းဆိုခဲ့တယ်လို့ အဲဒီအဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲ က ပြောပါတယ်။

ပုလဲက မြို့နယ်ပညာရေးမှူးရုံး စီးနင်းခံရ ရုံးပစ္စည်းများ သိမ်းဆည်းရမိ (ရုပ်/သံ)

ပုလဲမြို့နယ်ပညာရေးရုံးကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက ရုံးဝန်ထမ်းတွေကို CDM လုပ်ကြဖို့၊ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းဖို့ အကြိမ်ကြိမ် သတိပေးခဲ့ပေမယ့် ရုံးဘက်က တစုံတရာ တုန့်ပြန်တာတွေ မရှိတဲ့အတွက် ဧပြီ ၅ ရက် နေ့လယ် ၁၁ နာရီဝန်းကျင်မှာ ဝင်ရောက်စီးနင်းခဲ့တာလို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် - သခင်ဒေါင်းညိုတပ်ရင်း၊ ဗျူဟာမှူး သခင်ဒေါင်းညိုက ပြောပါတယ်။

အလင်း၀င်လာတဲ့ ခလရ ၂၅၂ က တပ်သားကို ကျပ်သိန်း ၅၀ ချီးမြှင့်

"မနေ့က ညပိုင်း ၇ နာရီလောက်က ရေစကြိုမြို့ပေါ်မှာ တာဝန်ကျတဲ့တပ်သား အလင်းဝင်လာတာ၊ ကျနော်တို့သွားပြီးတော့ ခေါ်ခဲ့တာ၊"

ချင်းပြည်နယ်ကို ရိက္ခာပို့မယ့် စစ်ယာဉ်တန်းကို တိုက်ခိုက် ကား ၇ စီးကို မီးရှို့ဖျက်ဆီး (ရုပ်/သံ)

ပြီးခဲ့တဲ့ ဧပြီ ၂ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ ကမ္မမြို့ရဲ့အနောက်ဘက် သာကြီးတောင်ရေနံမြေအနီးကိုရောက်လာတဲ့ စစ်ကောင်စီယာဉ်တန်းရဲ့ နောက်ဆုံး ကား ၇ စီးကိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲချိန် မိနစ် ၄၀ ကြာခဲ့ကာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကိုတော့ မသိရသေးဘူးလို့ အနောက်လွင်ပြင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ရဲဘော်တေဇက ပြောပါတယ်။

စစ်လက်နက်ပစ္စည်းစက်ရုံကို မီးပေးနေတဲ့ ဓါတ်အားစက်ရုံနဲ့ကင်းပုန်းတွေ တိုက်ခိုက်ခံရ (ရုပ်/သံ)

စစ်လက်နက်ပစ္စည်းစက်ရုံကို လျှပ်စစ်ဓါတ်အားဖြတ်တောက်ဖို့ ရည်ရွယ်ချက်နဲ့ ဧပြီ ၃ ရက် ညနေ ၅ နာရီကနေ ညနက်အထိ ချောင်းကူးပင်မဓါတ်အားခွဲ လျှပ်စစ်စက်ရုံနဲ့ ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေကို ဒရုန်း ၄ စီးနဲ့ 3 kg ၆ လုံး၊ 1.8 kg ၂ လုံး ၊ 800 g ၆ လုံး ၊ 500 g ၂၄ လုံး ကြဲချပြီး Rocket ကျည်ဖူး ၁၅ ဖူးနဲ့ပစ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရခိုင်စစ်ပွဲကထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၆ ဦးကို PRA-Magway က ဖမ်းဆီး

“သူတို့ကတော့ ရခိုင်ဒေသမှာစစ်ရှူံးပြီးတော့မှ ပြည်မဘက်ကို ပြန်ပြေးလာတဲ့သူတွေပေါ့။ ကျနော်တို့ ဖမ်းဆီးရမိတဲ့ပုံစံကတော့ အရပ်သားပုံစံနဲ့လာတာကို ကျနော်တို့ မသင်္ကာတာကြောင့် စစ်မေးတဲ့အခါမှာ စစ်ရှုံးပြီးတော့ ပြေးလာတဲ့သူတွေဖြစ်နေတာ။ စစ်တပ်ထဲကို နည်းမျိုးစုံနဲ့ရောက်လာခဲ့ပြီးတော့ အခုလိုအခြေအနေမျိုးမှာ သေမှာကြောက်လို့ ဆိုပြီး ကိုယ်လွတ်ရုန်းပြီးပြေးလာကြတဲ့ သူတွေပေါ့”

ရေစကြိုမြို့ပေါ်က စစ်ကောင်စီတပ်သားတွေကို လက်လုပ် ၄၀ မမနဲ့ PDF တွေ တိုက်ခိုက်

“လက်လုပ် ၄၀ မမနဲ့ ၂ ချက်ပစ်တာပါ။ ၁ ချက်က မထွက်ပါဘူး။ ၁ ချက်ကတော့ထွက်ပြီးတော့ သူတို့နေတဲ့အဆောက်အဦတွေထဲက အနောက်အဖျားဆုံးအဆောင်ကို တည့်တည့်ကျခဲ့တာပါ။ အဲ့ဒီမှာ စစ်ကောင်စီတပ်သား ၂ ဦးဒဏ်ရာရသွားတယ်”

မြိုင်မှာ စစ်ကောင်စီလက်အောက်ခံတွေ ၂ ရက်ဆက်တိုက်ခံရပြီး ၂ ဦးသေဆုံး(ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ စက်မှု ၂ နဲ့ သရက်ကွရွာအနီးတို့မှာ စစ်ကောင်စီလက်အောက်ခံ စစ်သားတွေနဲ့ ပျူစောထီးတွေ ၂ ရက်ဆက် တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံးခဲ့တယ် လို့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့-မြိုင် ဆီက သိရပါတယ်။

PRF ရဲဘော်တဦးရဲ့ ကျဆုံးခြင်း ၁ နှစ်ပြည့် ဂုဏ်ပြုအခမ်းအနားပြုလုပ် (ရုပ်/သံ)

တော်လှန်ရေး ၃ နှစ်တာကာလအတွင်း ပြည်သူ့တော်လှန်ရေးတပ်ဦး-PRF မှာ ရဲဘော် ဝဿာန်က ပထမဆုံးကျဆုံးခဲ့တာလို့ သိရပါတယ်။

အိမ်စီးကားနဲ့ထွက်လာတဲ့ ခလရ ၂၅၈ က စစ်သားတွေကို PDFက အနီးကပ်ပစ်လို့ ၃ဦးသေဆုံး (ရုပ်/သံ)

မတ် ၂၈ ရက် နေ့လယ် ၁၁ နာရီခွဲလောက်မှာ ခလရ ၂၅၈ ထဲကနေ ကားအဖြူနဲ့ ရေစကြိုမြို့ထဲကို ပြန်တဲ့အချိန် ရေစကြိုမြို့အဝင်အနားမှာ အသင့်စောင့်ဆိုင်းပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်ရဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

မြောင်က ရဲစခန်းနဲ့ ထွေအုပ်ရုံးတို့ ဒရုန်းနဲ့ဗုံးကြဲခံရ (ရုပ်/သံ)

မြောင်မြို့ပေါ်က ထွေအုပ်ရုံးကို ၄ လုံး ရဲစခန်းထဲက ဘန်ကာထဲကို ၁၀ လုံးကြဲချခဲ့ပြီး Fixed Wing Drone တွေမှာ မီးတွေပါတာကြောင့် စစ်ကောင်စီဘက်က ၆၀ မမတွေနဲ့ ၅ လုံးခန့် ကောင်တာပြန်ပစ်တယ်လို့ Mandalay Drone Force MDF ကျားခင်စိန်က ပြောပါတယ်။

လဝကဦးစီးမှူး လိုက်ပါလာတဲ့ ကားကိုမိုင်းဆွဲချိန် လဝကဝန်ထမ်း ၁ ဦးထိမှန်သေဆုံး

မိုင်းဆွဲတိုက်ခိုက်ချိန် လဝကရုံးကထွက်လာတဲ့ ဝန်ထမ်းတဦး မိုင်းစထိမှန်သေဆုံးခဲ့ပြီး စစ်သား ၁ ဦးနဲ့ အနီးမှာရှိနေတဲ့ပြည်သူ ၂ ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ရွှေဘိုမြို့မှာ ရဲ ၂ ဦးနဲ့ သတင်းပေး ၁ ဦးကို PDF က ရှင်းလင်း

ရဲတပ်ဖွဲ့ဝင် ၂ ဦးနဲ့ သတင်းပေး ၁ ဦးတို့ ဖောင်ကြီးချုပ်အနားက လက်ဘက်ရည်ဆိုင်မှာ စု‌ဝေးနေချိန် ဆိုင်တွင်းအထိဝင်ရောက်ပြီး ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

မြို့ပြအထိစစ်ကောင်စီကိုခြိမ်းခြောက်တော့မယ့် MBT

အခုဆိုရင် မြို့ပေါ်တွေအထိ စစ်ကောင်စီကိုခြိမ်းခြောက်နိုင်မယ့် စခန်းသိမ်းတိုက်ပွဲတွေဖော်ဆောင်တော့မှာဖြစ်တဲ့အတွက် လက်နက်ကြီးနဲ့ လက်နက်ခဲယမ်း ဝယ်ယူဖို့အတွက် မြို့ပြဆီသို့ ကမ်ပိန်းကို ပြုလုပ်နေပါတယ်။

မဟာမိတ်တပ်ရင်း ၃ ဖွဲ့က PDF ရဲဘော် ၇၅ ဦးကို လက်နက်တွေတပ်ဆင်ပေး

“ပခုက္ကူမြို့နယ်မှာ တော်လှန်ရေးနဲ့ပတ်သက်ပြီး အားနည်းနေတာတွေ၊ အဖွဲ့အစည်း‌တွေ မညီညွတ်တာတွေ၊ ပြည်သူတွေမှာ အညာစကားလိုပေါ့၊ ဘယ်အဖေကို အဖေလို့ခေါ်ရမှန်းမသိ၊ ဘယ်ဘုရားက တန်ခိုးကြီးမှန်းမသိ ဖြစ်နေတာတွေရှိတာကြောင့် တမြို့နယ်ထဲမှာ တပ်ဖွဲ့တပ်ရင်းတစုတည်းရှိအောင်၊ အသင်းအဖွဲ့အနေနဲ့ ဟန်ချက်ညီညီ လက်တွဲလုပ်ဆောင်နိုင်အောင်၊ အဓိက သင်ကြားပေးခဲ့တာ”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10