ပေါက်ကပျူစောထီးတဦး ကင်းကျနေချိန် လက်နက်ခဲယမ်းတွေယူပြီး အလင်းဝင်လာ
“အခုအခွင့်သာလို့ သေနတ်ပါယူလာပြီး ပြေးလာတာ၊ သူကင်းကျတဲ့အချိန် သေနတ်ယူပြီးထွက်လာခဲ့တာ၊ သူတို့ကို ကင်းစောင့်တဲ့အချိန် (သေနတ်)ပေးထားတာ၊”
“အခုအခွင့်သာလို့ သေနတ်ပါယူလာပြီး ပြေးလာတာ၊ သူကင်းကျတဲ့အချိန် သေနတ်ယူပြီးထွက်လာခဲ့တာ၊ သူတို့ကို ကင်းစောင့်တဲ့အချိန် (သေနတ်)ပေးထားတာ၊”
“အရင်တုန်းကတော့ ဘဏ္ဍာငွေပေါ်မှုတည်ပြီး ထောက်ပံ့ပေးခဲ့တာပါ။ အခုတော့ ကျဆုံးရဲဘော်ရဲ့ မိသားစုဝင်တွေကို လစဉ် ၁ သိန်းထောက်ပံ့ပေးနေတာ။ ရှေ့ဆက်ပြီးတော့လည်း ကျနော်တို့က ဒီထက်ပိုပြီးထောက်ပံ့ပေးနိုင်အောင် ကြိုးစားသွားမှာပါ”
ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ဥက္ကံကျေးရွာက အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၂ ဦးသေဆုံးကာ အလောင်းတချို့ကပျက်စီးခဲ့တာကြောင့် လက်ရှိအချိန်ထိ သေဆုံးသူတွေနဲ့ပက်သက်တဲ့ အချက်အလက်တွေကို အတိအကျရဖို့ စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ယင်းမာပင်ဗျူဟာ ၄၉ရဲ့ လက်ရွေးစင် ရဲဘော်၈၄ဦးဟာ ကောလင်းမြို့နယ်အတွင်းရှိ စခန်းသိမ်းတိုက်ပွဲတွေမှာ စစ်ကူအဖြစ်သွားရောက်တိုက်ခိုက်ပြီးအပြန် စက်တင်ဘာ၂၉ရက်ညပိုင်းမှာ ပုလဲမြို့နယ်က ဒေသခံပြည်သူတွေက ကြိုဆိုခဲ့တာပါ။
သင်တန်းဆင်းရဲဘော် ၇၇ ဦးကို သင်တန်းဆင်းပွဲနေ့မှာပဲ EROsနဲ့ မဟာမိတ်တွေက ထောက်ပံ့ပေးတဲ့ KIA ထုတ် ပါရီအမျိုးအစားသေနတ်တွေ၊ RPG 7နဲ့ M 79 တွေအပြင် ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီဆီကသိမ်းဆည်းရရှိတဲ့ MA အမျိုးအစားသေနတ်တွေကို တပ်ဆင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
"သင်တန်းမှာတော့ လက်နက်မဲ့၊ လက်နက်နဲ့ စစ်ရေးပြတွေအပြင် စစ်နည်းဗျူဟာဘာသာရပ်၊ နိုင်ငံရေးဖက်ဒရယ်ဘာသာရပ်၊ စစ်ဖက်ဆိုင်ရာ ဥပဒေတွေကို ကျနော်တို့သင်ကြားပြသခဲ့တယ်"
“မိုင်း ၂ လုံးဆွဲခဲ့တယ်၊ ** ၅ ကောင်လောက် သေတယ်။ တော်တော်များများလည်း ဒဏ်ရာရသွားတာ။”
မြင်းခြံခရိုင်တပ်ရင်း ၉ ရဲ့ စစ်ကြောင်း ၃ အခြေစိုက်တပ်စခန်းကို စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုနဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်သား ၁၈ဦး သေဆုံးခဲ့တယ်လို့ MBT အဖွဲ့ဆီက သိရပါတယ်။
“ ကောလင်းအနောက်ဘက်အခြမ်းကို လေကြောင်းနဲ့ ပစ်ခတ်မှုလုပ်သွားပါတယ်။ အခုလက်ရှိ အခြေအနေအရ ၅ ကြိမ်ရှိပါပြီ။ ကောလင်းအနောက်ခြမ်းက ရွာတွေကိုပစ်သွားတာပါ”
"ကျေးရွာပြည်သူတွေက လန့်ဖြန့်ပြီးတော့ ရှောင်မယ်တိမ်းမယ် ကျနော်တို့ကြားသိတော့ ကားတွေနဲ့ စစ်ဘေးလွတ်ရာကို ခေါ်ဆောင်ခဲ့တာပါ"
“တိုက်ပွဲဖြစ်လာရင်တော့ ပျက်စီးမယ်၊ သေကြမယ်ဆိုတာတော့ သိပါတယ်။ ကျနော်တို့လူငယ်တွေက အကြောင်းမဟုတ်ဘူး။ အသက်ကြီးတဲ့ မိဘတွေကျ မပြေးနိုင်မလွှားနိုင်ဘူး၊ အဲ့ဒါကြောင့် ပြောင်းရွှေ့ရတာပါ။”
စက်တင်ဘာ ၂၁ ရက်မှာ ဗုံးသီး ၉ လုံး၊ ၂၂ ရက်မှာ ဗုံးသီး ၁၁ လုံးနဲ့ ၂၃ ရက်မနက်ပိုင်းမှာပါ ဗုံးကြဲချခဲ့တာလို့ တိုက်ခိုက်မှုမှာပါဝင်တဲ့ ရဲဘော်ညီနောင် PDF သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“ရန်သူ့စခန်းအနားကိုရောက်တဲ့အချိန် ကင်းစောင့်ရင်း ဖုန်းသုံးနေတဲ့ စစ်ကောင်စီတပ်သားတဦးကို သေနတ်နဲ့ထောက်ပြီး ဖမ်းခေါ်ခဲ့တာ။ ကျနော်တို့ ဖမ်းဆီးတဲ့အချိန် ပြန်လည်ခုခံခြင်းမရှိလို့ ဖမ်းဆီးနိုင်ခဲ့တာ။"
"ဒရုန်းနဲ့က မြေပြင်ဝင်ရောက်မတိုက်ခိုက်ခင်အချိန်ထိ ဗုံးကြဲချခဲ့တာ။ စစ်**တွေ အထိုင်ချနေတဲ့ အထက်တန်းကျောင်းနေရာတွေ၊ ရွာလယ်မှာရှိတဲ့ အုပ်ချုပ်ရေးမှူး ပျူခေါင်းဆောင် ကျော်တိုးအိမ်၊ ရွာတောင်ဖျားမှာရှိတဲ့ ဘန်ကာတွေကို အဓိကထားဗုံးကြဲခဲ့တာ"
တိုက်ခိုက်မှုမှာ စစ်အုပ်စုဘက်က သေဆုံးသူ ၂ ဦးကိုတော့ ရဲဘော်တွေ ကိုယ်တိုင်မြင်ခဲ့ရပြီး ၁၀ ဦးဝန်းကျင်ဒဏ်ရာရတဲ့အကြောင်းကို ဒေသခံပြည်သူအချို့ရဲ့ သတင်းပေးပို့ချက်အရ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။