Danger

ပျူစောထီးအဖွဲ့ဝင်၂ ဦး မြိုင်ရဲစခန်းက ရဲကိုသတ်ပြီး လက်နက်တွေနဲ့အလင်းဝင်

အလင်းဝင်လာသူတွေဟာ ပျူစောထီးအဖွဲ့ဝင် ညီညီထွန်းနဲ့ ဝေယံမင်းခန့်တို့ဖြစ်ပြီး မြိုင်မြို့မရဲစခန်းမှာ သူတို့နဲ့အတူနေထိုင်နေတဲ့ ရဲတပ်သား ယောကြီးဆိုသူကို ရဲစခန်းကနေခေါ်လာခဲ့ရာက မြိုင်မြို့နယ် တရားရုံးရှေ့မှာ ပစ်သတ်ပြီး ထွက်ပြေးခဲ့ကြတာလို့ ဆိုပါတယ်။

မြိုင်မှာ စစ်ကောင်စီက ဗုံးကြဲလို့ ရွာ ၈ရွာက ပြည်သူ ၃ထောင်ခန့် ထွက်ပြေးတိမ်းရှောင်နေရ (ရုပ်/သံ)

ဗုံးကြဲခံရတဲ့ ရွာတွေက ဒေသခံပြည်သူအများစုက ဗုံးကြဲတဲ့အချိန်မှာပဲ ထွက်ပြေးတိမ်းရှောင်ကြပြီး ကျန်နေခဲ့တဲ့ဒေသခံတွေကလည်း စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းမှာတော့ အားလုံးစစ်ရှောင်လာကြတယ်လို့ ထန်းငယ်တောရွာခံ စစ်ရှောင်ပြည်သူတဦးက ပြောပါတယ်။

ဆင်ဖြူကျွန်းမှာ စစ်ဆေးရေးလုပ်နေတဲ့ ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်အုပ်စုပစ်ခတ်မှုဖြစ်နေ

လက်ရှိအထိ နှစ်ဖက်တပ်တွေအကြား အပြန်အလှန်ပစ်ခတ်နေဆဲဖြစ်ပြီး ပစ်ခတ်မှုတွေအတွင်း ဆင်ဖြူကျွန်းမြို့ အုတ်ဖိုရပ်ကွက်ကို လက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွေရှိနေလို့ ရပ်ကွက်နေပြည်သူတွေလည်း တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာတဲ့ ခမရ ၁၀၇ တပ်သား ဆုကြေး သိန်း ၅၀ ရရှိ

"စက်တင်ဘာ ၁၆ ရက်မှာ သူ့ကို ဆုကြေးငွေ သိန်း ၅၀ ပေးအပ်တယ်။ ကျနော်တို့ တချို့သောအကြောင်းအရာတွေကြောင့် သတင်းထုတ်ပြန်တာ နောက်ကျသွားတာ။"

ချင်းတွင်းမြစ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ သင်္ဘော ၁၅ စီး တိုက်ခိုက်ခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မင်းဒေါင့်ဆိပ်ကမ်းကနေထွက်လာတဲ့ စစ်ကောင်စီ သင်္ဘော ၁၅ စီးကို ချင်းတွင်းမြစ်ကြောင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေက ရှေ့ထွက်မိုင်းအပြင် လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

ကံကြီးတောရွာကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲ

“ဘုန်းကြီးကျောင်းအနားလည်း ဗုံးကျတယ်။ စေတီတွေထိမှန်တာရှိတယ်။ ပြည်သူနေအိမ်တွေလည်း ဗုံးစတွေထိမှန်ခဲ့တယ်။ နွားတွေလည်း ဗုံးစထိမှန်တာရှိတယ်။ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းက မျက်နှာချင်းဆိုင်ဆိုတော့ စာသင်ကျောင်းလည်း ဗုံးစတွေထိမှန်ပါတယ်။”

ရေစကြိုမှာ လေကြောင်းဗုံးကြဲလို့ အမျိုးသမီးငယ် ၂ ဦး သေဆုံး၊ ၈ ဦးဒဏ်ရာရပြီး ဒေသခံတွေထွက်ပြေးနေရ

“ မအူတိုက်နယ်ဆေးရုံမှာက CDM ဝန်ထမ်းအချို့နဲ့ ဆေးကုသပေးနေတာတွေရှိတယ်။ တိုက်နယ်ဆေးရုံကို ဗုံးကြဲတာမှာ အနီးဝန်းကျင်ကအိမ်ကို ဗုံးသီးကျတာ။ အဲ့ဒီအိမ်ဝိုင်းထဲက အသက် ၁၈ နှစ် အရွယ်နဲ့ ၁၂ နှစ်အရွယ် ၂ ဦးနေရာတင်ပွဲချင်းပြီး သေသွားတယ်”

စလင်းမြို့ ငလင်ပန်းရွာကိုလာတဲ့ စစ်တပ်နဲ့ပျူစစ်ကြောင်း ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးမှုတွေရှိ (ရုပ်/သံ)

ခလရ ၂၅၃၊ ၂၅၄ က စစ်သားတွေနဲ့ ပွင့်ဖြူမြို့နယ် ဆင်လူးရွာက ပျူစောထီးတွေပေါင်းထားတဲ့ အင်အား ၄၀ ဝန်းကျင်ရှိတဲ့ စစ်ကြောင်းဟာ စလင်းမြို့ကနေ ငလင်ပန်းရွာကိုထွက်လာချိန် ရွာထိပ်အရောက် နေ့လယ် ၂ နာရီခန့်မှာ ဒရုန်းနဲ့ ဗုံးသီး ၅ လုံးအထက်ကြဲချခဲ့တာလို့ ဆိုပါတယ်။

မြိုင် စက်မှု ၂ က စစ်အုပ်စုတိုက်ခိုက်ခံရလို့ ၃ ဦးသေဆုံးပြီး ဒုအရာခံဗိုလ် ၁ ဦးအပါ ၄ ဦးအရှင်ဖမ်းမိ (ရုပ်/သံ)

“ပထမ ၄ ဦးက လက်နက်မပါဘူး၊ နောက် ၃ ဦးက လက်နက်ပါလာလို့ အသေပစ်ခတ်ပြီး လက်နက်ရယူနိုင်ခဲ့တယ်။ သေဆုံးတဲ့အချက်အလက်ကိုတော့ မရခဲ့ဘူး။”

ရေစကြိုမြို့ပေါ် ရပ်ကွက် ၄ ခုကို စစ်ကောင်စီက ပုံစံ ၁၀ ကောက်ပြီးနောက် အမျိုးသားတချို့ နေရပ်ကတိမ်းရှာင်

“အမှတ် ၆ က အုပ်ချုပ်ရေးမှူးရှိနေသေးတဲ့ ရပ်ကွက်တခုဖြစ်တယ်။ အဲ့ဒီရပ်ကွက် အုပ်ချုပ်ရေးမှူးကလည်း ပျူစောထီး ခေါင်းဆောင်လုပ်နေတာ။ အမည်က မင်းအောင်ပါ။ ပုံစံ ၁၀ ကောက်တဲ့ အကြောင်းကတော့ လိုအပ်ရင် စစ်မှုထမ်းခိုင်းဖို့လို့ သိရတယ်။ ရပ်ကွက်ထဲက လူငယ်တော်တော်များများ ရှောင်ကြတိမ်းကြရတယ်။ တချို့ လူငယ်တွေလည်း စစ်မှုထမ်းရမှာကြောက်လို့ ထွက်ပြေးနေကြရပြီ”

စစ်မှုထမ်းဥပဒေကို ဆန့်ကျင်လာသူတွေပါဝင်တဲ့ MBT ရဲ့ အပတ်စဥ် ၁၃ အခြေခံစစ်သင်တန်းဆင်းပွဲ (ရုပ်/သံ)

“အခုနောက်ပိုင်း သင်တန်းဆင်းပွဲတွေကို အရင်လိုစည်စည်ကားကားနဲ့ ခမ်းခမ်းနားနားမပြုလုပ်ပေးနိုင်တော့ပါဘူး။ နယ်မြေအနေအထားအရ လုံးဝအဆင်မပြေတော့လို့လည်း ပါတယ်။ ရန်သူရဲ့လေယာဉ်ကိုလည်း သတိထားရတာကြောင့် ခမ်းခမ်းနားနားမလုပ်နိုင်ဘဲ သာမန်ပုံစံပဲလုပ်နိုင်ခဲ့တယ်။”

စစ်မှုထမ်းဥပဒေကို ဆန့်ကျင်လာသူတွေပါဝင်တဲ့ MBT ရဲ့ အပတ်စဥ် ၁၃ အခြေခံစစ်သင်တန်းဆင်းပွဲ

“အခုနောက်ပိုင်း သင်တန်းဆင်းပွဲတွေကို အရင်လိုစည်စည်ကားကားနဲ့ ခမ်းခမ်းနားနားမပြုလုပ်ပေးနိုင်တော့ပါဘူး။ နယ်မြေအနေအထားအရ လုံးဝအဆင်မပြေတော့လို့လည်း ပါတယ်။ ရန်သူရဲ့လေယာဉ်ကိုလည်း သတိထားရတာကြောင့် ခမ်းခမ်းနားနားမလုပ်နိုင်ဘဲ သာမန်ပုံစံပဲလုပ်နိုင်ခဲ့တယ်။”

အချိန်မီဆေးမကုရတာနဲ့ ဆေးဝါးအခက်အခဲကြောင့် ၁၉နှစ်အရွယ် PDF ရဲဘော်တဦး ဆုံးပါး (ရုပ်/သံ)

၄ နာရီကြာသွားရတဲ့ ဆေးခန်းကိုပို့ပြီး ကုသခဲ့ပေမယ့်လည်း ဆေးဝါးမပြည်စုံတာ၊ စက်ပစ္စည်းမရှိတာတွေကြောင့် နောက်ထပ်ဆေးခန်းကိုအပြောင်းမှာ အချိန်မမီလိုက်ဘဲ ဆုံးပါးသွားခဲ့ရတာလို့ဆိုပါတယ်။

ခြုံကြီးရွာမှာအသတ်ခံလိုက်ရတဲ့ PDF ရဲဘော်ရဲ့မိသားစုကို ငွေကျပ် ၁၀ သိန်းထောက်ပံ့

အသတ်ခံခဲ့ရတဲ့ အသက် ၂၄ နှစ်အရွယ် ရဲဘော် အောင်ဖြိုးဇော် (ခ) ဘောကြီးရဲ့ မိသားစုဝင်တွေကို စက်တင်ဘာ ၁၉ ရက်မှာ MOD ကိုယ်စား သွားရောက်ထောက်ပံ့ပေးခဲ့တာလို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

စစ်တပ်က သေနတ်နဲ့ပစ်ခဲ့တဲ့အမျိုးသားတဦး ဒဏ်ရာပြင်းထန်လို့ ဆေးရုံတင်ထားရ

“ဆိုင်ကယ်စီးလာတာမှာ ဆိုင်ကယ်ဦးထုပ်မဆောင်းလို့ ရပ်ခိုင်းတာမှာ မရပ်လို့ဆိုပြီး စစ်အုပ်စုကပစ်တာ။ နောက်ကျောကနေ ရင်ဘတ်ကို ကျည်ဆန်က ထုတ်ချင်းပေါက်သွားတာ။”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10