ပုလဲမှာ စစ်တပ်ကမီးရှို့တဲ့ရွာကို မြို့နယ် ပအဖ က ငွေ ၂၇ သိန်းနဲ့ စားနပ်ရိက္ခာထောက်ပံ့
“စစ်ကောင်စီက နှောကန်ကျေးရွာကို ၄ လ ပိုင်း ၂ ရက်နေ့က မီးရှို့သွားတာကို သွားလှူဒါန်းတာ ၊မီးရှို့ခံရတာက ၁၀၄ အိမ်ပေါ့၊ ရွာမှာရှိတာက စုစုပေါင်း အိမ်ထောင်စု ၁၃၆ စုရှိတာ၊ ရွာလုံးကျွတ်လို့ ပြောလို့ရတာပေါ့။ သံဃသမဂ္ဂအဖွဲ့ နဲ့ တခြားအလှူရှင်အချို့တို့လှူဒါန်းတဲ့ ငွေ ၂၇ သိန်းကို မြို့နယ်အုပ်ချုပ်ရေးကျနော်တို့အဖွဲ့က ကြားကနေ သွားလှူပေးရတာ၊ စားနပ်ရိက္ခာကတော့ ဆန်တို့ ဆီတို့လည်း ပါတယ်”