ပဲခူးတိုင်းအနောက်ခြမ်းမှာ မတ်ပဲ အထွက်နှုန်းကျဆင်း
“မတ်ပဲအပင်ပေါက်ချိန်မှာ မြေအစိုဓါတ်များလို့ အပင်တွေသေတာရယ်၊ အပင်ကြီးလာတဲ့အချိန်မှာ မှိုရောဂါကျလို့ အပင်တွေဝါပြီး အသီး မသီးနိုင်တာရယ်ကြောင့်လည်း အထွက်နှုန်းကျတာ”
“မတ်ပဲအပင်ပေါက်ချိန်မှာ မြေအစိုဓါတ်များလို့ အပင်တွေသေတာရယ်၊ အပင်ကြီးလာတဲ့အချိန်မှာ မှိုရောဂါကျလို့ အပင်တွေဝါပြီး အသီး မသီးနိုင်တာရယ်ကြောင့်လည်း အထွက်နှုန်းကျတာ”
“တော်လှန်ရေးကာလအတွင်းမှာ အခုအချိန်အထိ ရပ်တည်ပေးနေတဲ့ ထောက်ပို့တပ်သား အားလုံးကို ကျေးဇူးတင်ပါတယ်၊ တော်လှန်ရေးကြီးပြီးရင် အောင်ပွဲတွေနဲ့ အတူတူ ပျော်ရွှင်စရာ အချိန်တွေကို အတူတူ ဖြတ်သန်းကြမယ် အရေးတော်ပုံ အောင်ရမည်” လို့ ဗလာစာရွက်မှာ ကိုယ်တိုင်လက်မှတ်ထိုးကာ ရေးသားခဲ့တဲ့ ရဲဘော်ကျော်ကြီးဟာ မတ်လ၂၀ ရက်က ရေတာရှည်မြို့နယ်၊ ကရင်ချောင်းတံတား တိုက်ပွဲမှာ ကျဆုံးခဲ့တယ်လို့ တောင်ငူခရိုင် တပ်ရင်း ၃၅၀၂၊ တပ်ခွဲ ၂ ရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော် မနေခြည်က ပြောပါတယ်။
“ဓါတ်အားတိုင်တွေက မြေပြင်ပေါ်ကို ကျိုးကျသွားတာပါ။ တိုင်တွေ အစားထိုး ပြင်ဆင်နေပါပြီ“
“ကိုမြင့်ဆွေနဲ့ စာရေးက ပြည်သူ့စစ်စာရင်းစုပြီး ရွာကို ဆိုင်ကယ်နဲ့ပြန်အလာ သူ့ရွာထိပ်နားမှာ ပစ်သတ်ခံရပြီး အဲနေရာမှာသေတာ“
မကွေးတိုင်း၊ စလင်းမြို့နယ်အနီးမှာ ဖွင့်လှစ်ထားတဲ့ စစ်ရှောင်စခန်းတခုဟာ နေ့စဉ် အလှူရှင်မရှိတာကြောင့် ကြွေးဟောင်းဆပ်ပြီး ကြွေးသစ်ယူကာ ရပ်တည်နေရတယ်လို့ ရန်ပုံငွေရှာကူညီဆောင်ရွက်ပေးနေတဲ့ Mission 21 - Magwe နဲ့ မကွေးနည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂတာဝန်ခံ အမိုး ကပြောပါတယ်။
”မိုင်းထိတော့ တစီးက ပက်လက်လန်ပြီး တစီးက ထိုးရပ်သွားတာ။ ပက်လက်လန်တဲ့ ကားနဲ့ စစ်သားအချို့ ခုထိအဲအနားမှာ ရှိနေတုန်းပဲ”
“ဦးခေါင်းနောက်စေ့ပွင့်ဒဏ်ရာ တွေ့ရတယ်။ လူသတ်မှုလား လူသေမှုလားကတော့ မသိရသေးဘူး”
“ကျည်က ရင်ဘတ်ကနေ နောက်ကျောကို ဖောက်ထွက်သွားတယ် ပွဲချင်းပြီးပဲ ပြည်သူ့စစ်စာရင်းသွားပို့တဲ့ သတင်းရလို့ စောင့်ပစ်တာ”
ပျဉ်ပုံရွာက ပျူစောထီးခေါင်းဆောင်လို့လူသိများတဲ့ အသက် ၅၀ နှစ်အရွယ် ကိုစိုးလေးကို တရွာတည်းနေ သူ့ယောက္မ ပျဉ်ပုံအုပ်စုအုပ်ချုပ်ရေးမှူး ကိုဘဲမီးအိမ်မှာ မတ်လ ၁၈ ရက် ည ၉ နာရီခွဲလောက်မှာ သေနတ်နဲ့ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
ကျဆုံးသူ အသက် ၂၁ နှစ်အရွယ် ရဲဘော်နိုင်မင်းဌေးဟာ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်း ၁၂ တပ်ခွဲ ၃ က ဖြစ်ပြီး ကောလင်းခရိုင်၊ ပင်လယ်ဘူးမြို့နယ်၊ ပလူတာကျေးရွာတိုက်ပွဲမှာ မတ်လ ၁၃ ရက် နေ့လယ်က ဒဏ်ရာရခဲ့ပြီး ဆေးကုသမှုခံယူနေချိန် နောက်တရက် မနက် ၃ နာရီခွဲမှာ ကျဆုံးခဲ့တာလို့ ပြောပါတယ်။
“By Name တပ်ပြီး ခေါ်တာဆိုတော့ သွားတဲ့ လူငယ်တွေလည်း သွားကြတယ် ကြားတယ်။ ကျနော်သိတဲ့ လူငယ်တွေကတော့ ရှောင်တိမ်းနေကြတယ်။ အားလုံးက ကြောက်လန့်နေကြတာလေ။ စစ်ကောင်စီမှာ စစ်မှု မထမ်းလိုကြဘူး”
”ကျနော်တို့ ရဲဘော်တွေ သူ့(ကိုဝင်းသိန်း)အိမ်ခြံဝန်းထဲ ဝင်သွားတော့ စကစတွေ လာတယ်ထင်ပြီး အိမ်ပြင်ထွက်လာတုန်းမှာ ပစ်ခတ်ခဲ့တာ ပွဲချင်းပြီးပဲ“
“ရွာထဲမှာက လူတွေနေတာမဟုတ်ဘူး။ တမင်ကို မီးလာရှို့သွားတာ။ နတ်ရေတွင်းရွာက အိမ် ၅ လုံးပါသွားတယ်။ မကျီးစမ်းရွာကိုလည်း မနေ့(မတ် ၁၄ ရက်)က မီးရှို့တယ်။ ဘယ်နှစ်လုံး မီးလောင်တယ်ဆိုတာ မသိရသေးဘူး”
”အပင်တွေ ကြီးထွားရမယ့်အချိန် အပင်ပွားတွေထွက်ရမယ့် အချိန်မှာ ရေမရရင် ကြာလာရင် စပါးပင်တွေသေမယ်၊ နောက်ကျပြီးမှ ရေပြန်ရရင်လည်း အပင်သားတက်နည်းပြီး စပါးထွက်နှုန်းကို ထိခိုက်မယ်။ အခုက သမန်း(ထွန်ယက်ထားတဲ့မြေ)ကလည်း ရေမရတော့ အက်ကွဲကုန်ပြီး အခုရေရရင်တောင် စိုက်စရိတ်ရဖို့ အတော်ကြိုးစားယူရမယ်”
အသတ်ခံရသူတွေဟာ လက်ပံတန်းမြို့နယ်၊ ရေငံအုပ်စု၊ သရက်တောရွာက အသက် ၅၀ နှစ်အရွယ် ဦးအောင်ထွန်းဝင်း၊ အသက် ၆၁ နှစ်အရွယ် ဦးစိန်ဦးနဲ့ ဇနီးဖြစ်သူအသက် ၅၆ နှစ်အရွယ် ဒေါ်လှလှရီ၊ ရေငံရွာက Non CDM အလယ်တန်းပြဆရာမ အသက် ၄၉ နှစ်အရွယ် ဒေါ်သွယ်သွယ်ထွန်းနဲ့ အမဖြစ်သူ အသက် ၅၇ နှစ်အရွယ် ဒေါ်ဝ င်းမင်းသန်းတို့ဖြစ်ပြီး မနေ့ည ၈ နာရီခွဲလောက်မှာ နေအိမ်တွေအတွင်း ဝင်ရောက်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။