ADPRA အဖွဲ့ဆီ အလင်းဝင်လာသူ စုစုပေါင်း ၅ ဦးရှိလာ (ရုပ်/သံ)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၃၀၊ အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် - ADPRA တပ်ဖွဲ့ဆီကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား နှစ်ဦးနဲ့ ပြည်သူ့စစ်တဦးတို့ဟာ နိုဝင်ဘာ ၁၉၊ ၂၀နဲ့ ၂၁ ရက်တွေမှာ တဦးချင်းဆက်သွယ်ပြီး အလင်းဝင်ရောက်ခဲ့တယ်လို့ ADPRA ဥက္ကဌ ကိုလင်းနွေက ပြောပါတယ်။