ခန့်အောင်

ပဲခူးရိုးမအနောက်ခြမ်းကို စစ်တပ်က ပစ္စည်းသယ်ယူခွင့် ကန့်သတ်၊ ဒေသခံပြည်သူတွေ ဒုက္ခရောက်

"ပေါက်ခေါင်းကနေ ရိုးမပတ်လမ်းကိုထွက်မယ့်ကားတွေကို အုတ်ပုံဂိတ်ကနေ စစ်ဆေးတယ်။ ကားတစီးကို ဆန် ၃ အိတ်ပဲ တင်ဆောင်ခွင့်ပြုပြီး ၃ အိတ်ထက်ကျော်လို့ မရဘူး" လို့ ပေါက်ခေါင်းဒေသခံတဦးက ပြောပါတယ်။

လက်ပံတန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးရှေ့ ဗုံးခွဲခံရ

"ဗုံးက ၃ လုံးခွဲတာမှာ ၂ လုံးက မပေါက်ဘူး။ ၁ လုံးပဲပေါက်တာ။ သယ်လာတဲ့အချိန်လမ်းမှာလည်း အစိုဓါတ်နဲ့ထိပြီး ရေငွေ့ရိုက်ခံရတာရယ် တပ်ဆင်ပြီးတဲ့အချိန်မှာ မိုးမိတာရယ်ကြောင့် Error တက်သွားတာ။ မိုးတွေရွာလာလို့ မခွဲချင်ပဲခွဲလိုက်ရတာ။ ပြည်သူတွေမပျော်ရတော့ဘူးပေါ့" လို့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LPN-PDF အဖွဲ့တာဝန်ခံက ပြောပါတယ်။

ပခုက္ကူက နယ်မြေရဲစခန်းရှိ လုံခြုံရေးရဲတဦး ပစ်ခတ်တိုက်ခိုက်ခံရလို့ သေဆုံး

"ရဲစခန်းရှေ့မှာ ဘန်ကာ ၄ ခုရှိတာ၊ ဘန်ကာတခုကို ရဲတယောက်ဆီ အသင့်စောင့်နေတာကို ဒုတိယမြောက် ဘန်ကာထဲကရဲကို အလစ်အငိုက်ပစ်ခတ်ခဲ့တာပါ။ ပွဲချင်းပြီးသေသွားတယ်။"လို့ သတင်းနဲ့ ပြန်ကြာရေးတာဝန်ခံ ရဲဘော်ဒိုင်းနမိုက်က ပြောပါတယ်။

ဝမ်းတွင်းမှာ SB ရဲအုပ်တဦး သေနတ်နဲ့ ပစ်ခံရလို့သေဆုံး

"သူကမီးပွိုင့်နားက ထမင်းဆိုင်နားမှာ တယောက်တည်း ရစ်တစ်တစ်လုပ်နေတာကိုပစ်ခဲ့တာပါ။ သူ့ကိုလိုက်ထောက်နေတဲ့သူက တွေ့တာနဲ့ ဆော်လိုက်တာပွဲချင်းပြီးပဲ" လို့ WTRF ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ယင်းမာပင်က ပျူစောထီးရွာကို ဒရုန်းနဲ့တိုက်ခိုက်စဥ် ဒရုန်းတစင်းဆုံးရှုံးခဲ့

"ဒရုန်း ၃ စင်း ဗုံးသီး ၆ လုံးနဲ့တိုက်ခိုက်ခဲ့တာမှာ ဒရုန်းတစင်းတော့ ပျက်ကျသွားပါတယ်။ မောင်းသူမဲ့ ဒရုန်းဖြစ်တော့ ကင်မရာ မပါတဲ့အတွက် ထိခိုက်သေဆုံးမှုတော့မသိရဘူး။ ထိခိုက်မှုရှိမှာပါ"

မြင်းမူမြို့နယ်က စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရလို့ သေဆုံးမှုများနိုင်

"ပေ ၁၀၀ လမ်းမပေါ်ကို စကစ စစ်ကြောင်း တပ်စိတ် ၂ စိတ်က အင်အား ၂၀ လောက်နဲ့ ကျနော်တို့ စောင့်နေတဲ့ နေရာကိုရောက်လာတာမှာ ကျနော်တို့က လမ်းဘေးမြောင်းထဲကနေ အနီးကပ် လက်နက်ငယ်တွေနဲ့ ပစ်တာ"

မြင်းမူမှာ စစ်အုပ်စုက ရွာသားတဦးကိုပစ်သတ်၊ ဘုန်းကြီးကျောင်းဆောက်မယ့်အလှူငွေကိုပါ လုယူ

"ဦးပဥ္ဇင်းကျောင်းပေါ် တက်လာပြီး လွယ်ထားတဲ့အိတ်ထဲက ဘာတွေလည်းဆိုပြီး ပိုက်ဆံတွေမြင်တော့ လုသွားတာ။ ပိုက်ဆံ ၂၆ သိန်းနဲ့ ရွှေက ၂ ကျပ်သား ဦးပဥ္ဇင်းက ကျောင်းဆောက်ဖို့ငွေတွေပါဆိုလို့ စစ်သားတယောက်က ရွှေတကျပ်သားကို ပြန်ပေးသွားတာ"

ULF ရဲ့ ထုတ်လုပ်ရေးစက်ပစ္စည်း မီးလောင်လို့ ကျပ်သိန်း ၅၀ ဖိုးဆုံးရှုံး

"ကာလတန်ဖိုးကျပ်သိန်း ၅၀ ခန့် ဆုံးရှုံးသွားပါတယ်။ စျေးသက်သာတဲ့ ရေနံစိမ်းကိုဝယ်သုံးရင်း အခုလို အလုပ်လုပ်နေတဲ့အချိန်မှာ မီးစက်က Error ဖြစ်ပြီး မီးလောင်ခံလိုက်ရတာပါ" လို့ Union Libratoin Front ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ကိုဂျော်ဒန်ကပြောပါတယ်။

ပြည်ဆေးရုံမှာ ကိုဗစ်အတည်ပြုလူနာတဦး သေဆုံး

"သေဆုံးတဲ့အဘွားက နာတာရှည်ရောဂါဝေဒနာသည်ပါ။ ဆေးရုံကိုလည်း ၃ ကြိမ်လောက် တက်ခဲ့ရတယ်လို့သိရပါတယ်" လို့ ခေတ္တရာလူငယ်များသာရေးနာရေး ကူညီပံ့ပိုးမှုအသင်းက ပြောပါတယ်။

မန္တလေးခရိုင်အမှတ် ၅ တပ်ရင်းနဲ့ တပ်ခွဲအမည်သုံးပြီး လိမ်လည်ငွေတောင်းခံမှုရှိနေ

"ကျနော်တို့တပ်ရင်း၊ တပ်ခွဲအမည်တွေကို အသုံးပြုပြီး Non CDM တွေကို သတိပေးစာပို့ခြိမ်းခြောက်တယ်။ စျေးဆိုင်ခန်းတွေကို စာပို့ပြီး အလှူငွေတောင်းခံတယ်။ မထည့်ဘူးဆိုရင် ဆိုင်ကိုဖောက်ခွဲမယ်၊ ပစ်ခတ်မယ်ဆိုပြီး ခြိမ်းခြောက်ငွေညှစ်နေတာပါ"

ကန့်ဘလူမှာ ဇူလိုင်လအတွင်း မြွေကိုက်ခံရသူ ၃ ဦးရှိ ၁ ဦးမှာအိပ်နေစဥ် အကိုက်ခံရ

"လူနာ ၃ ဦးကို မြွေဆိပ်ဖြေဆေးထိုးပေး ထားပါတယ်။ လက်ရှိကတော့ သူတို့ရဲ့ကျန်းမာရေးကို စောင့်ကြည့်နေဆဲပဲရှိပါတယ်"

ကန့်ဘလူမှာ အမျိုးသား ၆ ဦးကို စစ်ကောင်စီဖမ်း၊ ၂ ဦးပြန်လွှတ်ပြီး ၃ ဦးကို PDF လို့စွပ်စွဲထား

"သူတို့က ပြောင်းစိုက်တောင်သူတွေပါ။ အရပ်သားတွေပါ။ PDF လုံးဝ မဟုတ်ကြပါ။ ဒီအထဲမှာ ဦးမောင်စိုး၊ ဝေလွင်ထွန်း၊ ဝေလွင်ထူးတို့ ၃ ယောက်က သားဖအရင်းတွေပါ "

Myingyan Black Tiger ကနယ်မြေရှင်းလင်းစဥ် ရဲအသုံးအဆောင်အချို့ သိမ်းဆည်းရမိ

"ငြိမ်းဇာနည်ရဲစခန်းအနီးမှာ စစ်**တွေကင်းပုန်းဝပ်တယ်လို့ ပြည်သူကသတင်းပေးလို့၊ တိုက်ခိုက်ဖို့နယ်မြေရှင်းလင်းဖို့ သွားရောက်ခဲ့ပေမယ့်၊ စစ်**တွေကိုမတွေလို့ အရင်က ပျူဒလန်နေတဲ့အိမ်ကိုမသင်္ကာလို့ ဝင်စစ်တာမှာ အခုပစ္စည်းတွေ တွေ့ခဲ့တာပါ"

ပန်းတောင်းမှာ အမျိုးသားတဦး ရေနစ်သေဆုံး

"သူ့အမေနဲ့စကားများပြီး အိမ်ကနေ ရေချိုးဆိပ်ဘက်သွားရင်း ရေနစ်တာ။ ဘယ်လို ရေနစ်လည်းတော့ မသိရဘူး။ သူ့အဖေပြောတာတော့ အရက်တော့ သောက်ထားတယ် ပြောတယ်"

ABSDF Column - 3ရဲ့ အမှတ်စဥ် ၂ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

"အဓိကက စစ်ရေးပြ တိုက်ခိုက်ရေးကို အဓိကသင်တယ်။ စစ်မိန့်နာခံမှုတွေ တည်ဆောက်တယ်။ တပ်မတော်တခုအနေနဲ့ တပ်ဖွဲ့ဝင်တွေကို စနစ်တကျ တည်ဆောက်နေရတာပါ။" လို့ ABSDF Column - 3ရဲ့ ချင်းတွင်းဒေသ တပ်ရင်းမှူး ရဲဘော်ဇေယျက ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10