ခန့်အောင်

ဆိပ်ခွန်မြို့ထဲမှာ တပ်စွဲနေတဲ့ စစ်ကြောင်းကို တိုက်ခိုက်လို့  ၅ ဦးသေပြီး PDF ၁ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က ဆိပ်ခွန်မြို့ထဲကို လာရောက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဒေသခံမဟာမတ်တပ်ဖွဲ့တွေက ခုခံတိုက်ခဲ့လို့ နှစ်ဘက်ထိခိုက်သေဆုံးမှုရှိတယ်လို့ Shwebo Special Army - SBFA ရဲ့သတင်းပြန်ကြားရေးတာဝန်ခံ ကိုပိန်က ပြောပါတယ်။

ပန်းတောင်းမှာ အမျိုးသားတဦး ကြိုးဆွဲချသေဆုံး

"သူက အရက်ကို စွဲစွဲမြဲမြဲသောက်တဲ့သူ။ စိတ်ကလည်း ပုံမှန်အခြေအနေ မဟုတ်တော့ လုပ်မိလုပ်ရာလုပ်တာဖြစ်မယ်။ ပြီးတော့ သူကတအိမ်တည်းဆိုပေမယ့် မိသားစုက အပေါ်ထပ်မှာနေပြီး သူကအိမ်အောက်ထပ်မှာ တယောက်တည်းနေတာလို့ သိရတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

ယင်းမာပင်နယ်က PDF တပ်စိတ်မှူး ပစ်သတ်ခံရပြီး ရဲဘော်တဦးပါ အဖမ်းခံရ

"စစ်တပ်စစ်ကြောင်းက ကိုင်းတောရွာကနေစထိုးတော့ စစ်ကြောင်းကိုရှောင်ရင်း ထိပ်တိုက်တိုးတာဗျ။ ဖမ်းဆီးခံရတဲ့ရဲဘော်က အဆက်အသွယ်ပြတ်နေတယ်။ ကျဆုံးရဲဘော်ကိုတော့ မုံရွာနယ်ရပ်ကျေး ပြည်သူ့ကာကွယ်ရေးအဖွဲ့က အဲ့ဒီ (သြဂုတ် ၁) ညနေမှာပဲ သင်္ဂြိုဟ်ပေးခဲ့တယ်"

ပေါင်းတည်ရဲတပ်ဖွဲ့က အရပ်သားကို ရဲယူနီဖောင်းဝတ်ခိုင်းပြီး ပိုက်ဆံလိုက်တောင်းခိုင်း

“အရပ်သားဆိုပေမယ့် ရဲနဲ့ပေါင်းနေတော့ ရဲတွေဆီကမကောင်းတဲ့အကျင့်က အကုန်ရနေတာ။ ကားတွေ ဆိုင်ကယ်တွေကို ဓါးပြတိုက်သလိုတောင်းပြီး ရတဲ့ငွေကို စစ်သားပါရင်လည်း စစ်သားတွေကိုပါခွဲဝေယူကြတာ။ ဂိတ်တွေပိတ်တယ်သာပြောတာ ငွေတောင်းတာက ရပ်သွားတာမျိုးတော့မရှိဘူး”

အချုပ်ချထားတဲ့ အမျိုးသမီးတဦးအား အဓမ္မပြုတဲ့ အချုပ်ခန်းစောင့် ၈ ဦးကို ဖမ်းဆီးစစ်ဆေးနေ

“သူတို့ ၈ ဦးကို ဖမ်းဆီးထားတယ်။ လွှတ်ထားတာမျိုးမရှိဘူး။ ပုဒ်မတပ်တာ၊ အမှုဖွင့်တာနဲ့ ပတ်သက်ပြီး ပြည့်သူကာကွယ်ရေးအဖွဲ့နဲ့ ဥပဒေရေးရာတာဝန်ခံ ဆောင်ရွက်နေပြီး ပြစ်မှုပြစ်ဒဏ်နဲ့ညီတဲ့ ပြစ်ဒဏ်ချနိုင်ရေးကို တရားရေးဌာနဘက်က အမျိုးသားညီညွတ်ရေးအစိုးရဲ့ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်နေတာတွေ ရှိတယ် "

ရွှေတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေအိမ်ကို စစ်ကောင်စီချိပ်ပိတ်

“ကျမနေတဲ့အိမ်ကို ချိပ်ပိတ်သွားတာပါ၊ ရဲတွေစစ်သားတွေက သေနတ်တွေချိန်ပြီး ချိပ်ပိတ်တာလို့ သိရတယ်။ ကျမအိမ်ကထွက်ပြီးကတည်းက ကျန်တဲ့မိသားစုဝင်တွေလည်း CDM တွေဆိုတော့ အိမ်မှာမနေကြတော့ အိမ်မှာက ဘယ်သူမှမရှိဘူး" လို့ ဒေါ်မြခွာညိုဦးက ပြောပါတယ်။

ရွှေဘိုမြို့နယ်က စစ်ရှောင် ၁၀,၀၀၀ ကျော် ရွာထဲပြန်မဝင်နိုင်သေး

‘’စစ်တပ်က ဆိပ်ခွန်ရွာကနေ ပြန်မထွက်သေးတော့ ရွာ ၄ ရွာစလုံးက ပြန်မဝင်ရသေးဘူး။ တချို့က နီးစပ်ရာဘုန်းကြီးကျောင်းတွေမှာ ခိုလှုံကြပြီး တချို့က ဒီပဲယင်းနယ်ဘက်ကို သွားရှောင်ကြတယ်’’

သပိတ်ကျင်းက စစ်ရှောင်တွေကို ကြာညှပ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆန်လှူ

“ပြည်သူတွေ အရေးပေါ်အခြေအနေ ဖြစ်နေလို့ ကိုယ့်တပ်ဖွဲ့ရိက္ခာထဲကနေ စစ်ရှောင်ပြည်သူတွေကိုတော့ တတ်နိုင်သလောက် ပြန်ပြီးထောက်ပံ့ဖြစ်တာပါဗျ။ လောလောဆယ်စားဖို့ ဆန်တမျိုးပဲလှူဒါန်းခဲ့တာပါ"

ဝက်လက်မြို့ပေါ်မှာ အမျိုးသားတွေကို ပျူစောထီးထဲဝင်ရန် အဓမ္မစည်းရုံး၊ မဝင်တဲ့သူကို တလ ၃ သိန်းတောင်း

‘’ပြည်သူ့စစ်ထဲဝင်ရမယ်။ မဝင်နိုင်တဲ့သူက ၁ လကို ၃ သိန်းပေးရမယ်လို့ စစ်ခွေးကျွန်တွေက လိုက်ပြောတယ်။ ဝင်တဲ့သူတွေကို သေနတ်ပေးမယ်လို့လည်း ပြောတယ်။ ကြောက်လို့ ပိုက်ဆံမပေးနိုင်လို့ ဝင်ကြရသူ တချို့ရှိတယ်။ လူဘယ်လောက်ဝင်တယ်တော့ မသိရသေးဘူး’’

ပေါင်းတည်ထောင်မှ လွတ်ရက်စေ့ကာနီး နိုင်/ကျဉ်း ၅ ဦးပြန်လွတ်

''အခုပြန်လွတ်လာတဲ့ကလေးတွေက လွတ်ရက်စေ့ဖို့ ၃ လခွဲပဲလိုတော့တာမို့ ပြန်လွတ်လာတာပါ။ တကယ်လွှတ်ချင်တဲ့ စေတနာပါရင် နွေဦးတော်လှန်ရေးကြောင့် ဖမ်းဆီးခံရသူတွေအားလုံးဟာ ပြန်လွှတ်ရမယ့်သူတွေပါ”

ဆားတောင်ရဲစခန်းကို ဗုံးကြဲတိုက်ခိုက်တဲ့ဒရုန်း ၂ စီး မိုးလေပြင်းထန်လို့ ပြုတ်ကျပျက်စီး

‘’ပထမတစီးကဗုံးချပြီးပြန်လာတာ အနီးရောက်ကာနီးမှ လေတိုက်ပြီး မန်ကျည်းပင်ပေါ်သွားတင်တာ။ တစီးကကလည်းဗုံးချပြီးအပြန်မှာ မိုးကလည်းမိထားတော့ ထိန်းမရဘဲ ပြုတ်ကျတာ၊ အပြင်ပန်းမြင်ရတာ ခြေထောက်ကျိုးတယ်။ မော်တာပိုင်း ထိခိုက်သွားတယ်။ အသေးစိတ်ကို စစ်ဆေးနေတုန်းပဲ''

ဒီပဲယင်းက စစ်ကောင်စီဂိတ်ကိုဝင်တိုက်၊ စစ်ကောင်စီ ၆ ဦးသေပြီး သေနတ် ၅ လက်နဲ့ပစ္စည်းများသိမ်းဆည်းရမိ

“၆ ယောက်စလုံးမှောက်သွားလို့ ပစ္စည်းတွေသိမ်းနိုင်ခဲ့တာပါ။ တရုပ်ယွမ်ငွေတွေ ထိုင်းဘတ်ငွေတွေလည်းပါတယ်။ တိုက်ခိုက်မှုကြာမြင့်ချိန် ၄၅ မိနစ်လောက်ပဲကြာတယ်။"

ဝက်လက်နယ်မှာ စစ်ကောင်စီတပ်စွဲထားတဲ့ ကျေးရွာတွေအနီး စပါးစိုက်ပျိုးနိုင်ခြင်းမရှိ

ဝက်လက်မြို့အနီးနဲ့ ဟန်လင်း၊ စိုင်နံကြီး၊ စိုင်နံလေး၊ ရသာကြီးနဲ့ ပဒူကျေးရွာဝန်းကျင်တွေက လယ်ကွင်းတွေမှာဖြစ်ပြီး အဲဒီရွာတွေက ဒေသခံတွေဟာ တိမ်းရှောင်နေရတာအပြင် ဝင်ရောက်လုပ်ကိုင်သူတွေကို စစ်တပ်နဲ့ပျူစောထီးတွေက သေနတ်နဲ့ပစ်ခတ်တာတွေကြောင့် စပါးစိုက်ပျိုးနိုင်ခြင်းမရှိတာလို့ ဆိုပါတယ်။

ယင်းမာပင်မှာ စစ်ကောင်စီကစစ်ကြောင်းထိုးလို့ ပြည်သူ ၃၀၀၀ ကျော် တိမ်းရှောင်နေရ

"ကားတွေဆိုင်ကယ်တွေ သုံးဘီးတွေနဲ့ပြေးရတာဗျ။ ညကလည်းမိုးတွေရွာထားတော့ ရွှံ့တွေဗွက်တွေထဲ ပြေးရတာပေါ့ဗျာ အိမ်တွေကို မီးရှို့တာတော့မရှိဘူး။ လူကြီးလူငယ်မကျန် ရွာလုံးကျွတ်ပြေးရတာပေါ့"

သပိတ်ကျင်းမှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရ

"နောက်ဆုံးကားကို မိုင်းဆွဲတာပါ။ ထိချက်ကပြင်းတယ်။ မိုင်းထိတဲ့ကားကတော့ မိုင်းခွဲခံရတဲ့နေရာမှာပဲ ကျန်ခဲ့ပြီး ကျန် ၃ စီးကတော့ အထက် (မြစ်ကြီးနားဘက်)ကို ဆက်တက်သွားတယ်။ ရမ်းသမ်း ပြန်ပစ်တာတော့ရှိပေမယ့် ကျနော်တို့ရဲဘော်တွေတော့ ထိခိုက်မှုမရှိဘူး"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10