Kyaw Gyi

ဆင်အင်းရွာပအဖအဖွဲ့ ပြန်လည်ဖွဲ့စည်းပေးဖို့ ဒေသခံနဲ့စစ်ဘေးရှောင်တွေ ဆန္ဒပြ

"ယခုရှိနေတဲ့ ဆင်အင်းရွာ ပအဖအဖွဲ့ဆိုတာ ရွာခံတွေရဲ့ဆန္ဒနဲ့ရွေးထားသူတွေ မဟုတ်ဘူး။ ပြီးတော့ ရပ်ရွာနဲ့ စစ်ရှောင်တွေအတွက် အကူအညီမပေးတဲ့အပြင် တခုခုလုပ်မယ်ဆို ငါတို့ခွင့်ပြုချက် မရရင် မလုပ်ရဘူးဆိုပြီး လက်ထိပ်တကားကားနဲ့ အာဏာကပြချင်နေသေးတာ။ ဒါကြောင့် လက်ရှိ ပအဖအဖွဲ့ကို ဖြုတ်ချပေးပြီး ရပ်ရွာလူထုဆန္ဒနဲ့ လက်ခံတဲ့သူတွေကို ပြန်ဖွဲ့ပေးဖို့ ဆန္ဒပြတောင်းဆိုကြတာ"

အရှိန်ပြင်းမောင်းလာတဲ့ ကားပေါ်က ကျောင်းဆရာမ ၁ ဦး ပြုတ်ကျသေဆုံး

"ကားပေါ်မှာ ဆရာမနဲ့ နောက်လူငယ်တယောက်ပဲပါတာ။ အရှိန်မောင်းလာပြီး ရုတ်တရက် ချိုးကွေ့လိုက်တော့ ကားအနောက်ဘက်နားထိုင်စီးလာတဲ့ ဆရာမကလည်း ပြုတ်ကျသွားတာ"

ညောင်ဦးမှာ ကျေးရွာအုပ်ချုပ်ရေးမှူးမိသားစု ပစ်သတ်ခံရ

"သူတို့သားအဖ ၃ ယောက်စလုံး စစ်မေးပြီးမှာ ခြံထဲမှာပဲ ပစ်သတ်ခံလိုက်ရတယ်လို့ သိရတယ်။ ပစ်ခတ်သွားတာကတော့ အချက်ရေများတယ်။ နေရာမှာပဲ ၃ ယောက်စလုံးသေသွားတယ်"

ကျောက်တံခါးမြို့ပေါ်ရပ်ကွက်ထဲ လက်နက်ကြီးကျလို့ ပြည်သူ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ

"လက်နက်ကြီးမကျခင် နာရီပိုင်းလောက်က ရွှေဘုန်းတိုးစကစဂိတ်ဘက်မှာ ပစ်ခတ်မှုတွေဖြစ်တယ်လို့ သိရ တယ်။ အဲဒီဘက်ကနေ အကြီးအသေးအသံအစုံပဲ ကြားရတယ်။ အဲ့ဘက်က ပစ်ခတ်မှုဖြစ်ပြီး ရပ်ကွက်ထဲ လက်နက်ကြီးကျတာပဲ "

ဒိုက်ဦးမှာ အုပ်ချုပ်ရေးမှူးတဦး ပစ်သတ်ခံရလို့ သေဆုံး

"သူ့ကိုစောင့်ကြည့်နေတာဖြစ်မယ်။ သူလာမယ်မှန်းသိလို့ မျက်နှာချင်းဆိုင် ဆိုင်ကယ်နဲ့ မောင်းလာပြီး ပစ်သွားတာ။ နေရာမှာပဲ လဲကျသွားတယ်။ သူက ဘူတာဘက်က ရထားလမ်းကင်းကို စစ်ပြီးပြန်လာတာလို့ သိရတယ်။ "

တောင်တွင်းကြီးမှာ အုပ်ချုပ်ရေးမှူးနဲ့ စာရေးမ ပစ်သတ်ခံရ

"သူတို့နှစ်ယောက်စလုံးက တရွာတည်းနေတာ။ အုပ်ကြီးက စာရေးမအိမ်ကို အလုပ်ကိစ္စအလာ အိမ်ဝင်ပေါက်နားမှာ စကားရပ်ပြောနေတာကို လာပစ်သွားတာ။ သေနတ်သံက လေးငါးချက်လောက် ရှိမယ်။ "

ဆင်ပေါင်ဝဲမှာ ရဲတဦးရဲ့မိခင် အသတ်ခံရ

"သိရသလောက်က သေဆုံးသူအမျိုးသမီးမှာ ဓားခုတ်ခံထားရတဲ့ဒဏ်ရာတွေရော သေနတ်နဲ့ ပစ်ခတ်ထားတဲ့ ဒဏ်ရာတွေရောရထားလို့ ဒဏ်ရာဒဏ်ချက်ကများတော့ နေရာမှာပဲ သေသွားတယ်"

စပါးပေါင်းသတ်ဆေးသောက်လိုက်တဲ့ စစ်ရှောင်ကလေး ၁ဦး အရေးပေါ်ဆေးရုံတင်ထားရ

" (ပိုးသတ်ဆေးကို) ရေသောက်သလို သောက်ပစ်တာ။ ဘာစိတ်ညစ်စရာရှိနေလဲတော့မသိဘူး။ ကလေးတွေက စစ်ရှောင်နေရတာကြတော့ စိတ်ဒဏ်ရာရှိနေပုံရတယ်။ ကျောင်းပိတ်လို့ အိမ်ခဏပြန်ချိန်မှာ လုပ်လိုက်တာ။"

ပြည်မြို့မှာ ရဲသတင်းပေးလားမေးပြီး ဓားနဲ့ထိုးလို့ အမျိုးသား ၁ ဦးသေ

"ရဲသတင်းပေးလားမေးပြီးတော့ ရင်ဘတ်ကို ဓားနဲ့ သုံးလေးချက်လောက်ထိုးပြီး ပြေးသွားတာ။ အထိုးခံရသူက ပြန်လည်ခုခံတာတောင် မလုပ်နိုင်ဘူး"

ဖြူးက ရဲနဲ့စစ်ကောင်စီပူးပေါင်းစခန်း တိုက်ခိုက်ခံရပြီး ၁ ဦးသေ၊ လက်နက်အချို့သိမ်းဆည်းရမိ

"အဲဒီစခန်းက စကစနဲ့ရဲ ပူးပေါင်းစောင့်တဲ့ လမ်းကင်းစခန်းတစ်ခုပါ။ ပူးပေါင်းတပ်တွေဘက်က အချိန်ကောင်းစောင့်ပြီး ဝင်တိုက်ကြတာ။ စကစတွေဘက်က အချိန်အကြာကြီးတောင် ခုခံပြီးတိုက်ကြတာမဟုတ်ဘူး။ ဆုတ်ပြေးသွားကြတယ်။ လက်နက်အချို့ ရလိုက်တာရှိတယ်"

ဝင်းနိမ္မိတာရုံဆရာတော်ရဲ့အန္တိမဈာပနကို တပည့်သံဃာအများအပြား လာရောက်ဖူးမျှော်နေပြီး စစ်တပ်ကလုံခြုံရေးတိုးမြှင့်ထား (ရုပ်/သံ)

"ဆရာတော်ရဲ့ ဈာပနကို အစည်ကားဆုံးဖြစ်အောင်ပြုလုပ်ဖို့ စီစဥ်နေကြတယ်။ မန္တလေးက ကရဝိတ်ဖောင်တော်တွေလည်း ငှားထားတာရှိတယ်။ ဆရာတော်က ရွှေကျင်ဂိုဏ်းကဆိုတော့ ပွဲလမ်းသဘင်တွေတော့ မပါလောက်ဘူး"

ဝင်းနိမ္မိတာရုံဆရာတော်ရဲ့အန္တိမဈာပနကို တပည့်သံဃာအများအပြား လာရောက်ဖူးမျှော်နေပြီး စစ်တပ်ကလုံခြုံရေးတိုးမြှင့်ထား

ပဲခူးတိုင်း၊ ပဲခူးမြို့၊ ကလျာဏီရပ်ကွက်ရှိ ဝင်းနိမ္မိတာရုံဆရာတော်ဘုရားကြီးရဲ့ အန္တိမဈာပနကို ဇွန် ၂၇ ရက်နေ့လယ်ပိုင်းမှာ ပြုလုပ်သွားမှာဖြစ်ပြီး လက်ရှိမှာဆရာတော်ကြီးရဲ့ ရုပ်ကလာပ်ကို သံဃာအများအပြားက လာရောက်ဖူးမျှော်နေကြကာ စစ်ကောင်စီဘက်ကလည်း ဘုန်းကြီးကျောင်းတဝိုက် လုံခြုံရေးတိုးမြှင့်ထားတယ်လို့ ကျောင်းနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ရထားလမ်းကင်းစောင့် ပြည်သူ့စစ်အဖွဲ့ ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး

"ဒီဘက်မှာက မီးရထားလမ်းတွေ မကြာခဏမိုင်းခွဲခံရလို့ ပြည်သူစစ်တွေနဲ့ ဒေသခံတွေ အလှည့်ကျ ကင်းစောင့်ရတာရှိတယ်။ မနေ့က ပြည်သူ့စစ်တွေရှိနေချိန် ပစ်ခံရတာ"

စစ်ကိုင်းကမ္ဘောဇဘဏ် ဓားပြတိုက်ခံရပြီး ဓားပြ ၁ ဦးကို အသေဖမ်းဆီးနိုင်ဟု စစ်ကောင်စီထုတ်ပြန်

"ဓားပြတိုက်တဲ့သူတွေက ငွေတွေယူပြီးထွက်ကာနီးမှာ စကစအဖွဲ့တွေရောက်လာပြီး ပစ်ခတ်မှုဖြစ်တာ။ ဓားပြအဖွဲ့ထဲကတော့ တယောက်ကျကျန်ခဲ့တယ်။ ကျန်သူတွေကတော့ ထွက်ပြေးသွားတယ်။"

မဟနအဖွဲ့ဝင် ပဲခူး၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် လိုက်ပါလာတဲ့ကားကို စစ်တပ်ကပစ်လို့ ဆရာတော် ပျံလွန်တော်မူ (ရုပ်/သံ)

" ဆရာတော်ဟာ သံဃာ့နာယက ၄၇ ပါး စုံညီအစည်းအဝေးသွားဖို့ ပဲခူးကနေ ကြွသွားတာပါ။ လေဆိပ်ကအထွက်မှာ လုံခြုံရေးစစ်သားတွေက စစ်ဆေးဖို့ရပ်ခိုင်းပါတယ်။ ဆရာတော်ကိုလာကြိုတဲ့ကားသမားက သွားခိုင်းတယ်ထင်ပြီး မောင်းထွက်ချိန်မှာ အနောက်ကနေလိုက်ပစ်တာပါ။ ကားပေါ်မှာ ဆရာတော်ရယ်၊ ကားသမားရယ်၊ လာကြိုတဲ့ဆရာတော်တပါးရယ် ၃ ယောက်ပါပါတယ်”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10