Kyaw Gyi

စစ်ကောင်စီစစ်ကြောင်းနဲ့တိုးလို့ ပကဖအဖွဲ့ဝင် ၂ ဦး ဖမ်းဆီးပစ်သတ်ခံရ

"သူတို့ ၂ ဦးက ရွာထဲမှာ စစ်ကြောင်းရောက်နေတာမသိဘဲ ရွာကိုပြန်ဝင်လာတာ။ အဲဒီမှာ စစ်တပ်နဲ့တိုးပြီး ရှာဖွေတော့ သူတို့ဆီက ပစ္စည်းအချို့တွေ့တယ်ဆိုပြီးတော့ စစ်ဆေးပြီးမှ ပစ်သတ်သွားတာ။ အလောင်းကို တောင်ရွာလမ်းမှာပဲ ထားပစ်ခဲ့တာ"

ဆွံ့အ၊ မသန်စွမ်းမိန်းကလေးကို အိမ်နီးချင်းက အဓမ္မပြုကျင့်၊ ကိုယ်ဝန်ရှိလာမှ မိသားစုတွေက သိရ

"ကလေးမလေးက မွေးရာပါဆွံ့အ၊ လက်ရော ခြေထောက်ရော မသန်စွမ်း ထမင်းတောင်သူများခွံ့ ကျွေးမှ စားနိုင်တာ။ နေမကောင်းဖြစ်သလို တရှောင်ရှောင်ဖြစ်နေလို့ သူ့အဒေါ်ဖြစ်သူက ဆရာမနဲ့ ခေါ်စစ်ကြည့်လိုက်မှ ကိုယ်ဝန်ရှိတာသိရတာ။ အဲ့ဒါနဲ့သေချာအောင် OG ပြပြီးစစ်တော့ ကိုယ်ဝန်က ၅ လ ကျော်နေပြီဆိုတာ သိရတာ"

မောင်းဂွေးရေတံခွန်မှာ ရေသွားကစားတဲ့ အမျိုးသမီးငယ် ၂ ဦး ရေနစ်သေဆုံး

"တယောက်ရေနစ်နေတာကို နောက်တယောက်က ထပ်ဆယ်။ သူတို့နှစ်ယောက်စလုံး ရေနစ်နေတာကို အနီးအနားက ဝိုင်းဆယ်ကြပေမယ့် အချိန်နည်းနည်းကြာသွားတော့ ဆယ်ရတဲ့အချိန်မှာ ဆုံးနေပြီ"

စစ်တပ်ပစ်တဲ့လက်နက်ကြီးထိလို့ အဘွားအို ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ

ဇွန်လ ၉ ရက် မနက် ၅ နာရီခွဲမှာ ခမရ ၃၀၇ ရွှေဝါတပ်ရင်းကနေ ကျောက်တံခါးမြို့နယ်၊ နတ်လောင်ကျေးရွာအုပ်စုဘက်ကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ရာ သရက်တိုက်ကျေးရွာအတွင်း တလုံးကျရောက်ပေါက်ကွဲပြီး အသက် ၈၅ နှစ်အရွယ် ဒေါ်တင်မြကို ထိမှန်သေဆုံးခဲ့တာပါ။

ကိုဆာန် ပြောပြတဲ့ အညာက လေကြောင်းတိုက်ခိုက်မှုတွေအကြောင်း (ရုပ်/သံ)

အညာမှာ စစ်ကောင်စီက လေကြောင်းပစ်ခတ်မှုတွေကို ဇွန်လဆန်းကစလို့ နေ့စဉ်ဆက်တိုက် ပြုလုပ်လာနေပါတယ်။ ဒီလိုလေကြောင်းပစ်ခတ်မှုတွေအတွက် မြေပြင်ကနေ တည်နေရာကို သတင်းသတိအကျပေးလို့ အခုလို လေကြောင်းကနေ ဗုံးကြဲနိုင်တာလို့ အညာဒေသတော်လှန်ရေးအထူးတပ်ဖွဲ့ အတွင်းရေးမှူး ကိုဆာန်က ပြောပါတယ်။

အလုပ်ကိစ္စသွားတဲ့ PDF ၃ ဦးကို စစ်ကောင်စီအဖွဲ့တွေ ပစ်သတ်

"သူတို့က ထနောင်းတောဘက်ကိုအသွား ထနောင်းတောမြောက်ရွာ ဆီဆိုင်နားအရောက်မှာ ကြိုရောက်နေတဲ့ စကစကင်းပုန်းရဲ့ပစ်ခတ်တာကိုခံလိုက်ရတယ်။ ၃ ဦးစလုံးက ကျသွားတယ်။ စကစဘက်ကတော့ အလောင်းတွေကို ပစ်ထားခဲ့တာ"

မင်းဘူး-အမ်းကားလမ်းမှာ ခရီးသည်တင်ကား ပစ်ခံရလို့ ၄ နှစ် ကလေး ၁ ဦး၊ အမျိုးသမီး ၄ ဦး သေဆုံး

" တိုက်ပွဲဖြစ်တာမျိုးမရှိဘဲ သူတို့ကားကိုပဲ ဝိုင်းပစ်တယ်။ ပြီးတာနဲ့ပြန်ဆုတ်သွားကြတယ်လို့တော့ သိရတယ်။ ဘာကြောင့် ခရီးသည်တင်ယာဥ်ကို ဝိုင်းပစ်တယ်ဆိုတာတော့ မသိရဘူး"

PDF ကင်းအဖွဲ့နဲ့ စစ်ကောင်စီတို့ ပစ်ခတ်မှုဖြစ်ပြီး PDF ၄ ဦးကျဆုံး

"သိရသလောက်က စကစအဖွဲ့စစ်ကြောင်းထိုးလာတဲ့အချိန် ကင်းအဖွဲ့နဲ့တိုက်ပွဲဖြစ်ပြီး PDF တွေဘက် ကျတာရှိတယ်။ စကစဘက်ကတော့ အင်အားတော်တော်များများနဲ့ ဝိုင်းတာ။ ကင်းအဖွဲ့ဘက်က ဦးသွားလို့ ကျန်တဲ့ရဲဘော်တွေ ဆုတ်သွားနိုင်တယ်"

သပြေသာရွာဘုန်ကြီးကျောင်း ဗုံးကြဲခံရမှုမှာ သံဃာ ၂ ပါးအပါ ၈ ဦးသေဆုံးပြီး၊ ၅၀ ကျော်ဒဏ်ရာရ

"မနေ့ကအထိ ရှင်းလင်းပြီးချိန်မှာ သေဆုံးသူတွေက သံဃာ ၂ ပါး။ တော်လှန်ရေးအတွက် ထောက်ပို့ လုပ်နေသူလင်မယား ၂ ဦး။ ကျန်တာက ပကဖရဲဘော်တွေဖြစ်တယ်။ ဒဏ်ရာရ သူတွေထဲမှာလည်း ပြည်သူ ၁၅ ဦးလောက်ပါတယ်။ ကျန်တာ ပကဖ၊ ပလဖ၊ PDF ရဲဘော်တွေ။ ကလေးတွေတော့မပါဘူး"

စစ်ကိုင်းနယ်က ဘုန်းကြီးကျောင်း လေယာဉ်ဗုံး ၉ လုံး ကြဲခံရလို့ လူဆယ်နဲ့ချီသေဆုံးနိုင်

"အစည်းအဝေးစပြီး နာရီဝက်ကျော်မှာပဲ လေယာဥ်နဲ့ ကင်းလာထောက်ပြီး ဗုံး ၉ လုံးကြဲ ချသွားတာ။ အစည်းအဝေးထဲမှာ တော်လှန်ရေးအဖွဲ့ဝင်တွေနဲ့ ဒေသခံ ၅၀ ကျော်လောက်ရှိနေတာ။ ဗုံးတွေက ဘုန်းကြီးကျောင်းဝန်း နေရာအနှံ့မှာ ပေါက်ကွဲတာ"

Alpha ဘိလပ်မြေအိတ် ငါးသောင်းကျော်တင်လာတဲ့ တွဲသင်္ဘော ဧရာဝတီမြစ်အတွင်းနစ်မြုပ်

"တွဲသင်္ဘောက မောင်းလာရင်း အောက်သောင်ခုံနဲ့ငြိပြီး တံတားတိုင်ကိုလည်း ဝင်ချိတ်ပြီးမှ တဖြည်းဖြည်းချင်းနစ်သွားတာ။ လူတွေကတော့ ဘာမှမဖြစ်ဘူး။ အချိန်မီ ကယ်လိုက်နိုင်ကြတယ်"

ပဲခူးမှာ လင်မယား ၂ ဦး နေအိမ်အတွင်း အသတ်ခံရ

" ညပိုင်းလောက်ထဲက အသတ်ခံထားရတာမျိုး ဖြစ်နိုင်တယ်။ ကလေးတွေကငိုနေတော့ ဘေးအိမ်တွေကနေကြားပြီး သွားကြည့်ကြမှ သတ်ဖြတ်ခံထားရတာကို သိကြတာ”

စစ်မှုထမ်းလူစားထိုးငှားဖို့ကောက်ခံတဲ့ ငွေ ၁ သောင်းမပေးတဲ့ အမျိုးသမီး အကြမ်းဖက်ပုဒ်မတပ်ကာ ဖမ်းဆီးခံရ

" ပထမအခေါက်က စစ်မှုထမ်းတွေအတွက် ငွေထောက်ပံဖို့ဆိုပြီးကောက်တုန်းက သူနဲ့ရာအိမ်မှူးတွေ စကားများကြတယ်။ အဲတုန်းကတော့ ထည့်လိုက်သေးတယ်။ ခုတစ်ခါလာထပ်ကောက်တော့ မပေးနိုင်ဘူးပြောလိုက်ပြီး သူနဲ့အသိတွေကိုလည်းမထည့်ဖို့ လိုက်ပြောမိတယ်။ အဲဒါကို သူကိုမလိုတဲ့ သူတွေက တိုင်လို့ ဖမ်းခံရတာ"

ရွှေကျင်မြို့ပေါ်က အဟောင်းပစ္စည်းဝယ်တဲ့လုပ်ငန်းထဲ လက်နက်ကြီးဗုံးသီးကျလို့ အလုပ်သမား ၁ ဦး သေဆုံး ၁ ဦး ဒဏ်ရာရ

" အဟောင်းဆိုင်ဆိုတော့ သံတိုသံစတွေကော၊ ကော်ပစ္စည်းတွေနဲ့ အခြားပစ္စည်းအဟောင်းတွေလည်း ရှိတယ်။ ဗုံးသီးက ကော်ပစ္စည်းပုံထဲကို ကျလာတာ။ အုန်းကနဲဆိုပြီး လက်နက်ကြီးကျလာတာ အနားမှာရှိနေတဲ့ အလုပ်သမားနှစ်ယောက်ကို ထိသွားတာ"

လှည့်ကင်းပတ်တဲ့ စစ်သားတွေက ပစ်ခတ်လို့ အမျိုးသား ၁ ဦးသေဆုံး

"စကစလှည့်ကင်းနဲ့ဆုံလို့ ပစ်ခတ်ခံရတာ။ သိရသလောက်က သူကရွာခံတော့မဟုတ်ဘူး။”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10