Kyaw Gyi

စစ်ကောင်စီထံ စစ်မှုမထမ်းလိုသူ ၅၀ ကျော် ဝေါပကဖဆီရောက်ရှိ စစ်သင်တန်းတက်နေ (ရုပ်/သံ)

ဝေါပကဖထံ ရောက်ရှိလာတဲ့ လူငယ်တွေဟာ စစ်မှုထမ်းရမှာကြောက်ပြီး ပြည်ပထွက်ဖို့လာသူတွေမဟုတ်ဘဲ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ဖို့ ရောက်လာသူတွေဖြစ်လို့ သူတို့တွေကို အခြေခံစစ်ပညာသင်ကြားပေးနေတယ်လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ပစ်ခတ်မှုတွေကြောင့် အရပ်သား ၁ ဦးသေဆုံးပြီး KNLA တပ်ဖွဲ့၀င် ၅ ဦးအပါ ဒဏ်ရာရသူများ

"KNU စခန်းတွေကိုကျတော့ စကစဘက်က တရက်တည်း လေကြောင်းကနေ ၆ ကြိမ်လာပစ်သွားတာ။ ဗုံးကြဲတာကော၊ စက်သေနတ်နဲ့ပစ်တာကော။ ကျန်တဲ့အရပ်သားတွေ ထိခိုက်တာကျတော့ လက်နက်ကြီးနဲ့ပစ်လို့ ထိတာများတယ်"

မင်းလှမှာ ကလေး ၃ ဦးပျောက်ဆုံးနေ၊ ၁၇ ရက်ကြာတဲ့အထိ ပြန်မတွေ့သေး

"အဲ့နေ့က လူကြီးတွေက ပဲသွားနုတ်တော့ အိမ်မှာ မရှိကြဘူး။ သူ့ညီတွေ ညီမတွေနဲ့သူပဲရှိတာ။ ညနေပြန် လာတော့ အိမ်မှာသူ့ကိုမတွေ့တော့ လိုက်ရှာတာ။ နေရာနှံ့နေပြီ ဒီနေ့အချိန်ထိ ပြန်မတွေ့သေးဘူး။ သူကရွာထဲတောင်နှံ့အောင်မရောက်ဖူးဘူး။ ခြေထောက်တဖက်ကလည်း သိပ်မကောင်းဘူး"

ရဲကို ဓားနဲ့ခုတ်သူ ပစ်ခတ်ဖမ်းဆီးခံရ

" မူးပြီး နေအိမ်မီးရှို့လိုက်တာ။ အဲဒါကို ရဲကလာဖမ်းတော့ သူ့လာဖမ်းရမလားဆိုပြီး ဓားနဲ့ထခုတ်တာ။ ရဲတယောက်တော့ ထိသွားတယ်။ သူလည်း ပစ်ခံလိုက်ရတယ်"

သမီးရည်းစားချိန်းတွေ့စဥ် ကောင်လေးက ကောင်မလေးကို ဓါးနဲ့ထိုးသတ် (ရုပ်/သံ)

ဒေသခံတွေကတော့ ကောင်လေးနဲ့ကောင်မလေးဟာ သမီးရည်စားဖြစ်ပြီး မကြာသေးခင် ကာလက စိတ်သဘောထားချင်းမတိုက်ဆိုင်လို့ လမ်းခွဲထားတာဖြစ်ပြီး ကောင်မလေးက ဒူဘိုင်းနိုင်ငံကိုသွားဖို့ ပြင်ဆင်နေစဥ်ကာလမှာ ကောင်လေးဘက်က နောက်ဆုံးအကြိမ်တွေ့ခွင့်တောင်းလို့ သွားတွေ့ချိန် အသတ်ခံရတာလို့ ပြောပါတယ်။

မုက္ခမူစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး ဒုရဲအုပ် ၁ ဦးအပါ ၃ ဦးသေ၊ ၄ ဦးဒဏ်ရာရ

"သတင်းအချက်အလက် စုံစမ်းပြီး သူတို့လုံခြုံရေးပေါ့လျော့တဲ့အချိန်မှာ လျှပ်တပြတ် ဝင်တိုက်ခိုက်ခဲ့တာ။ ပစ်ခတ်ချိန်က ၁၀ မိနစ်ဝန်းကျင်လောက်ပဲ ကြာမယ်။ စကစဘက်က ထိခိုက်သေဆုံးတာက ခိုင်မာတဲ့သတင်းရင်းမြစ်ဆီက ရတာပါ"

သမီးရည်းစားချိန်းတွေ့စဥ် ကောင်လေးက ကောင်မလေးကို ဓါးနဲ့ထိုးသတ်

" ဘယ်လိုကိစ္စကြောင့် ခုလိုဓားနဲ့ထိုးတဲ့ အခြေနေထိဖြစ်သွားလဲဆိုတာတော့ မသိရဘူး။ ကောင်မလေးကတော့နေရာမှာပဲ သေသွားတယ်။"

အချုပ်ခန်းတန်းစီးတွေရဲ့ နှိပ်စက်ဒဏ်ကို မခံနိုင်လို့  LGBT တဦး ကိုယ့်ကိုကိုယ်အဆုံးစီရင်

"သိရသလောက်က ကြိုးဆွဲချတယ်လို့တော့ သိရပေမယ့် ဘယ်ပုံစံ သတ်သေလဲဆိုတာကို အတည်ပြု နိုင်ဖို့ စုံစမ်းနေတယ်။ သေတာကိုတော့ သေချာအတည်ပြုနိုင်တယ်။ အလောင်းကိုတော့ ရဲဘက်က နာရေးလုပ်လိုက်တယ်လို့ပဲ သိထားရပြီး မိသားစုကတော့ အဲကိစ္စကို မသိကြသေးဘူးနေမယ်"

သံဃာမောင်းလာတဲ့ကားကဝင်တိုက်လို့ လူငယ် ၂ ဦး သေဆုံး

"ဘုန်းကြီးကားက သူရှေ့က ယာဥ်ကိုကျော်တက်တာ ဖြစ်ပါလိမ့်မယ်။ အရှိန်မထိန်းနိုင်တော့ တဖက်ယာဥ်ကြောကို ရောက်လာပြီး ဆိုင်ကယ်ကိုဝင်တိုက်တာ။ ကောင်လေးကတော့ နေရာမှာပဲ သေသွားတယ်။ ကောင်မလေးက ဆေးရုံပို့ချိန်လမ်းမှာဆုံးတာ"

ရေတာရှည်နယ်က ကျေးရွာတွေမှာ ရထားလမ်းကင်းစောင့်ဖို့ စစ်ကောင်စီက ဖိအားပေးနေ

"ပထမက ပြည်သူ့စစ်ပေးဖို့ တောင်းတယ်။ လုပ်လိုသူတွေမရှိလို့ ခုတခါ ရထားလမ်းကင်းစောင့်ဖို့ လုပ်ခိုင်းတယ်။ ဒါကိုလည်း လုပ်လိုတဲ့သူတွေမရှိကြလို့ ထွေအုပ်ကနေပြီး ကျေးရွာအုပ်ကြီးတွေကို ဖိအားပေးနေတယ်။"

ပြည်မှာ ပြည်သူ့စစ်ဖွဲ့ဖို့ ၁ ရွာကို လူ ၈ ဦး မဲနှိုက်တောင်းပြီး မဲမပေါက်သူတွေက ပိုက်ဆံပေးရ

"စစ်တပ်ကလူတွေ မပါတာများတယ်။ ကျနော်တို့ရွာဆို ရဲနဲ့အုပ်ချုပ်ရေးအဖွဲ့တွေဘဲပါတယ်။ မဲနှိုက်ခိုင်းတယ်။ မဲပေါက်တဲ့သူတွေအတွက် ရွာမှာကျန်တဲ့သူတွေက ထောက်ပံ့ကြေးဆိုပြီး မပေးမနေရပေးရတယ်"

PDF ထောင်ထားတဲ့ မိုင်းတွေကိုသိမ်းလာချိန် ပေါက်ကွဲမှုဖြစ်ပြီး စစ်သား ၃ ဦးသေဆုံး

"သူတို့ဘက်က မိုင်းတွေကို ဖြုတ်သိမ်းပြီး ကားပေါ်တွေတင်ပြီးအပြန် သူတို့ဘက်ကသိမ်းသွားတဲ့ မိုင်းတွေထဲမှာ ကျနော်တို့ဘက်က နည်းပညာအရ လုပ်ထားတဲ့မိုင်းတလုံးကို ဖောက်ခွဲခဲ့တာ။ လိုက်ထရပ်ကားပေါ်ပါတဲ့ စကစ အဖွဲ့တွေထိခိုက်သေဆုံးတာရှိတယ်"

ရွှေကျင်မှာ စစ်တပ်ကပစ်တဲ့ လက်နက်ကြီးထိလို့ ပြည်သူ ၂ ဦးဒဏ်ရာရ

"လူနေအိမ်တွေနားကိုကျလာလို့ နေအိမ်မှာ စကာထိုင်ပြောနေသူတွေ အစမှန်ဒဏ်ရာတွေရခဲ့ကြတယ်။ စိုးရိမ်စရာတော့မရှိဘူး။ ရွာသားတွေကတော့ လန့်ကုန်တယ်"

မုံရွာရဲစခန်းမှာ အဖမ်းခံရထားသူ ၂၀၀ ဝန်းကျင် ၁ နှစ်ကျော်ကြာတဲ့အထိ တရားရင်ဆိုင်ခွင့်မရသေး

အဖမ်းခံထားရသူတွေထဲမှာ PDF အဖွဲ့ဝင်တွေ၊ PDF တွေနဲ့ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးခံရသူ၊ ဖုန်းစစ်ဆေးချိန် နိုင်ငံရေးနဲ့ပတ်သက်ပြီး ရေးသားထားတာ၊ တဆင့်ရှယ်ထားသူတွေ၊ ထောက်ပို့တွေပါဝင်ပြီး အများစုကိုတော့ ဘာကြောင့်အဖမ်းခံရလည်းဆိုတာ မသိရသေးပါဘူး။

ပျောက်နေတဲ့ ၃ နှစ်အရွယ်ကလေးကို ၃ ရက်အကြာ ဒဏ်ရာတွေနဲ့ရေထဲမှာ သေဆုံးလျက်ပြန်တွေ့

"ကလေးအလောင်းက ရေပေါ်ပေါ်နေမှ ဒီမနက် ထပ်ရှာကြတဲ့အချိန် တွေ့ကြတာ။ ပြီးခဲ့တဲ့ ရက်တွေကတည်းက ရှာတဲ့အထဲ အဲ့နေရာလည်းပါတယ်။ ရှာနေကြတာနေရာအစုံဘဲ။ ရရှိထားတဲ့ဒဏ်ရာနဲ့ ပတ်သက်ပြီးလို့တော့ ဘယ်လိုကြောင့်ရလဲဆိုတာပြောရခက်တယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10