Kyaw Gyi

မကွေးမှာ ရေပြိုင်ကူးရာမှ လူငယ် ၁ ဦး ရေနစ်သေဆုံး

“ဖြစ်တဲ့နားက မြစ်ဟိုဘက်ကမ်း ဒီဘက်ကမ်းက သိပ်မဝေးတော့ ရေကူးနေကြရင်းကနေ လူငယ် ၂ ဦးက ရေကူးပြိုင်ကြတာ။ အဲ့မှာ လူငယ်တယောက်က ကူးနေရင်းကနေ ကြွက်တက်ပြီး မြုပ်ကျသွားတာ"

စစ်ကောင်စီက PDF အသွင်ယူပြီး စမွန်းရွာထဲဝင်ပစ်ခတ်လို့ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရ

" စကစ က PDF ဝတ်စုံတွေနဲ့လာတော့ ရွာက လူတွေက ပထမတော့ မပြေးသေးဘူး။ နောက်မှ ပစ်ခတ်မှုတွေလုပ်တော့ PDF တွေမဟုတ်မှန်းသိလို့ ပြေးကြတာ။ ပြေးတဲ့ သူတွေလည်း သူတို့က မဲမဲမြင်ရာလိုက်ပစ်တော့တာပဲ။ ခုလည်း ပြေးလွှားရင်းနဲ့ ကျည်ထိသေဆုံး ဒဏ်ရာရသူတွေကို ကူညီပေးလာခဲ့ရသေးတယ်"

ဆားလင်းကြီးက စစ်ရှောင် ၄ ထောင်ကျော်အတွက် အရေးပေါ် ရိက္ခာလိုအပ်

"ခုက စစ်ရှောင်တွေက မုံရွာဘက်ကို လှေနဲ့ကူးပြီးလည်း အလုပ်လုပ်လို့မရဘူး။ စကစဘက်က ရေလမ်းကို ပိတ်ထားတယ်။ ရွာပြန်လို့ကလည်းမရ၊ တပ်ထိုင်ထားတယ်။ အလုပ်ကမရှိကြတော့ ကျနော်တို့ဘက်က စီစဥ်ပေးတဲ့ စားသောက်စရာတွေဘဲ မှီခိုစားနေကြရတယ်။ ရက်ရှည်လာတော့လည်း လိုအပ်ချက်ကများလာတယ်"

ရေတာရှည်မှာ PDF တွေ အလင်းဝင်လာတယ်ဆိုပြီး စစ်ကောင်စီဝါဒဖြန့်

"ခုက စကစ ဘက်က လုပ်ဇာတ်လုပ်တာပါပဲ။ PDF တွေကို စည်းရုံးနိုင်တယ် သူတို့လုပ်နိုင်တယ်ဆိုတာ ကို ပြချင်တာပေါ့။ နောက်တခုက PDF တွေဘက်က စိတ်ဓာတ်ကျနေပြီး သူတို့ဆီအလင်းဝင်ရတဲ့အထိ ဖြစ်နေပြီးဆိုပြီး ပြည်သူကို ဆိုက်ဝါးထည့်ချင်နေတာ"

ခင်ဦးမှာ ခရီးသည်တင်ယာဥ် ၁ စီး မိုင်းထိလို့ ၇ ဦးဒဏ်ရာရ

"ကလေးကနေ ရန်ကုန်အတက်ကားလို့ သိရတယ်။ ကားလည်း ဖြစ်တဲ့နေရာအရောက် မိုင်းလည်း ထကွဲတာ။ ကားက ရှေ့ဘန်ကာကြီးတောင် ပြုတ်ကျသွားတယ်။ ဒဏ်ရာတွေကတော့ မစိုးရိမ်ရတွေ ရသွားကြတယ်"

ရွှေကျင်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ၁ ဦးဒဏ်ရာရပြီး ဒေသခံတွေပါ ဘေးလွတ်ရာထွက်ပြေးနေရ

"သူတို့ကတော့ PDF တွေရှိတယ်ဆိုပြီး အကြောင်းပြချက်နဲ့ ပစ်နေတာပါဘဲ။ ခု လက်နက်ကြီးထိတဲ့ တယောက်ဆို သူဟာသူအိမ်ထဲနေနေတာကို အစလာမှန်တာ"

မုံရွာမြို့ပေါ်မှာ လူငယ် ၃ ဦးစီးလာတဲ့ဆိုင်ကယ် ပစ်ခံရလို့ ၁ ဦးသေ၊ ၁ ဦးဖမ်းခံရ

"စကစဘက်က သတင်းရလို့ စောင့်ပစ်တာနဲတူတယ်။ ဆိုင်ကယ်ကတော့ နေရာမှာပဲ လဲသွားတာ။ ဖြစ်တဲ့နေရာမှာ ကောင်လေးတယောက်က သေသွားတာ။ တယောက်ကိုလည်း စကစ က ဖမ်းခေါ်သွားတယ်။ တယောက်ကတော့ လွတ်သွားတယ်"

စစ်ကောင်စီ ဖမ်းဆီးထောင်ချထားတဲ့ အမျိုးသား ၁ ဦး နှိပ်စက်ခံရပြီး သေဆုံး

"၂၆ ရက်နေ့က ည ၇ နာရီလောက်ကမှ မိသားစုကို စကစ ဘက်က အကြောင်းကြားလာတယ်။ ဆေးရုံတင်ထားရတယ်။ လာကြည့်ပါပေါ့။ မိသားစုက ခရီးဝေးလို့ ဒီ မနက် (ဇွန် ၂၇)မှ သွားဖို့လုပ်နေချိန် ဖုန်းထပ်လာတယ်။ သေသွားပြီး မလာနဲ့တော့ဆိုပြီးပြောတယ်တဲ့။ ပြီးတော့ သင်္ဂြိုဟ်လိုက်ပြီလို့လည်း ပြောတယ်"

အမျိုးသမီးရဲဘော်တွေပါ တိုက်ပွဲဝင်မယ့် မုံရွာခရိုင် အမှတ် ၅ တပ်ရင်း

"စစ်အာဏရှင်လုပ်ရပ်ကို မကြိုက်လို့ တော်လှန်ရေးထဲပါဝင်လာတာ။ ခုလည်း စစ်သင်တန်းလည်း ပြီးပြီးဆိုတော့ တပ်ရင်းတာဝန်ရှိသူတွေက ပေးအပ်လာတဲ့ တာဝန်အတိုင်း ထမ်းဆောင်ပြီး စကစကို ဆက်လက်တိုက်ပွဲဝင်သွားမယ်။ ခုဆို တော်လှန်ရေးအရှိန်လည်း မြှင့်လာပြီဆိုတော့ ပြည်သူတွေ ပိုပြီး ပူးပေါင်းပါဝင်ပေးကြဖို့ လိုအပ်ပါတယ်"

ကောလင်းမြို့ဈေးအနီး မိုင်းပေါက်ကွဲလို့ စျေးရောင်းစျေးဝယ် အရပ်သား ၁၅ ဦး ဒဏ်ရာရ

"စက်ဘီးဆိုင်ကယ် အပ်ခံထားတဲ့ နေရာနားလောက်ကနေကွဲတော့ လူတွေလည်း စည်ကားနေချိန်ဆိုတော့ ၁၅ ယောက်လောက်ထိသွားတယ်။ နည်းပါးပွန်းပဲ့သူတွေလည်း ပါတာပေါ့။ ဒဏ်ရာများတဲ့သူတွေလည်းရှိတယ်။ ထိတာကတော့ စျေးရောင်းစျေးဝယ်သူတွေချည်းပဲ"

နေပြည်တော်-ကံပြားလမ်းမှာ ကား ၂ စီး ခေါင်းချင်းဆိုင်တိုက်မိလို့ ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ

"ဘယ်သူမှားတယ် မှန်တယ်လို့တော့မသိဘူး။ မျက်နှာချင်းဆိုင်ချိတ်ပြီး SURF ကားက ပက်လက်ပါ လန်သွားတယ်။ Hiace ကားကတော့ ခေါင်းပိုင်းကြေသွားတယ်။ Hiace ကားက မော်လမြိုင်ဘက်ကို နာရေးသွားဖို့ ကားစီးလုံးငှားလာတာ"

စစ်ကောင်စီတပ်ပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ကလေးအပါအဝင် ၃ ဦးဒဏ်ရာရပြီး ၁ ဦးစိုးရိမ်ရ

"စကစ ဘက်ကတော့ ရွာထဲမှာ PDF တွေရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရမ်းသမ်းပစ်တာပါပဲ။ တလုံးက ရွာလမ်းပေါ်ကျပြီး အိမ်အောက်မှာ လေဖြတ်လို့အိပ်နေတဲ့ အဖွားတဦးရယ်၊ လမ်းပေါ်ကလာတဲ့ သားအမိ ၂ ဦးရယ်ကို အစမှန်တာ"

ရာဇဂြိုလ် တံတားပေါ်က ကား ၁ စီးပြုတ်ကျလို့ လူ ၇ ဦးသေဆုံး

ဇွန် ၂၄ ရက် နေ့လယ် ၁၂ နာရီခန့်မှာ ကလေးမြို့နယ်၊ ရာဇဂြိုလ်ကျေးရွာဘက်မှ တွန်းဇံမြို့နယ်၊ ရှာလ်ထောဇန်ရွာဘက်သို့ မောင်းလာတဲ့ အိမ်စီးကား ၁ စီးဟာ ဘီးချော်ကာ တံတားအောက်ကို ပြုတ်ကျသွားပြီး အသက် ၅၀ အရွယ် ယာဥ်မောင်း ဦးမာန်ခင်း အပါအဝင် ၇ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ရေနစ်ပျောက်ဆုံးခဲ့တဲ့ လူငယ် ၃ ဦးထဲက ၂ ဦးကို သေဆုံးလျက်ပြန်တွေ့

"သူတို့က ရပ်ကွက်ကြီး ၆ မှာနေတာ။ အဝတ်အစားဝယ်မယ်ဆိုပြီး ညီအမ ၂ ဦးနဲ့ သူတို့ရဲ့ သူငယ်ချင်းကောင်လေး ၁ ဦးက မြို့ထဲကို စက်ဘီးနဲ့လာကြတာ။ အပြန်ကြတော့ မြို့ရှောင်လမ်းကနေ ပတ်ပြန်ရင်းက ရေတွေ့လို့ ဆင်းကူးကြတာနေမယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

ပြည်မှာ ဧရာဝတီမြစ်အတွင်း ကန်တော့ပွဲရေမျှောရာမှ အမျိုးသား ၁ ဦး ရေနစ်ပျောက်ဆုံး

"သိုက်ပွဲမျှောတာတဲ့။ ရေကလည်း တက်ထားတာသိပ်မကြာသေးတာကို သူကလည်းဆင်းတာ။ ရေနည်းနည်းနက်တဲ့အထဲရောက်ပြီး လူပါမြုပ်သွားတာတဲ့။ လေး၊ ငါးခါလောက်ပေါ်လိုက်မြုပ်လိုက် ဖြစ်သေးတယ်လို့ သိရတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10