Kyaw Gyi

ညောင်ဦးက ကြံ့ခိုင်ရေးပါတီ ရပ်/ကျေးစည်းရုံးရေးမှူး အသတ်ခံရ

"လည်ပင်းလည်း လှီးခံထားရသလို သေနတ်နဲ့လည်း ပစ်သတ်ခံထားရတဲ့ အခြေနေရှိတယ်။ ဖမ်းပြီးစစ်မေးပြီးမှ သတ်လိုက်တာလားတော့ မသိဘူး။ သူက ရွာအခေါ်ဆိုရင်တော့ ဗိန္ဒောဆရာပေါ့၊ ဆေးကုတာတွေလည်းလုပ်တယ်။ ခုလည်း ဆေးကုရာကနေ အပြန်အသတ်ခံရတာဖြစ်နိုင်တယ်"

ဖြူးမြို့ကို စစ်ကောင်စီတပ်က အင်အား ၅၀၀ ခန့်တိုးမြှင့်၊ ခံစစ်ပြင်ဆင်ခြင်းဖြစ်ဟု ပကဖသုံးသပ်

"သူတို့ဘက်က ဘာသတင်းရထားလဲတော့ မသိဘူး။ စစ်ရေးဗျူဟာ ပြောင်းလာတယ်လို့ ပြောရမယ်။ ခု ရက်ပိုင်းမှာ အင်အား ၅၀၀ လောက်ထပ်ဖြည့်လာတယ်။ လမ်းဟောင်းတလျှောက်မှာရှိတဲ့ သူတို့ စစ်ဆေးရေးဂိတ်တွေကို ဖြုတ်လိုက်ပြီးတော့ စစ်တောင်းမြစ်နဲ့ ပဲခူးရိုးမကြားကို တပ်စွဲနေရာတွေလုပ်ပြီး ကာလိုက်တဲ့ သဘောလုပ်နေတယ်"

မြောင်မြို့က ရဲစခန်း၊ ထွေအုပ်နဲ့ စုပေါင်းရုံးတွေ တပြိုင်တည်းဝင်တိုက်ခံရ( ရုပ်/သံ)

ဇွန်လ ၂၁ရက် မနက် ၅နာရီခွဲလောက်မှာ စတင်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲကြာချိန် ၁နာရီကျော်ကြာမြင့်ကာ PDF တပ်ပေါင်းစုတွေဘက်က လက်နက်ကြီး၊ငယ် အပါအဝင် ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်

စစ်တပ်က လက်နက်ကြီး နေ့တိုင်းပစ်နေလို့ ခရီးသွားတွေနဲ့ဒေသခံတွေ ကျည်ထိမှာ စိုးရိမ်နေရ

"နဘားလမ်းဆုံမှာက ထမင်းဆိုင်တန်းရှိတယ်။ အင်းတော်ကိုဖြတ်မယ့် ကားတွေက ညနေ ၆ နာရီနောက်ပိုင်း နဘားလမ်းဆုံရောက်လာရင် အဲမှာပဲ ကားတွေက ညအိပ်ရတာများတယ်။ စကစ က လက်နက်ကြီးတွေ ပစ်နေတော့ ထမင်းစားတာတောင်မှ ကမန်းကတန်းစားပြီး ကျည်လွတ်မယ်ထင်တဲ့ နေရာမှာ နေနေကြရတာ။ ဘယ်အချိန် ကိုယ့်အနား လက်နက်ကြီးကျလာမလဲဆိုတာ စိုးရိမ်နေရတယ်"

ရွှေဘိုမှာ အမောင်းသင်နေတဲ့ကား မိုင်းထိလို့ အမျိုးသား ၂ ဦးဒဏ်ရာရ

"ကားက ဆိုင်းဘုတ်နားအရောက်မှာ ထကွဲတာလို့တော့ သိရတယ်။ ကားက မိုင်းပေါ် တက်ကြိတ်မိတာတော့ မဟုတ်ဘူး။ လမ်းဘေးထောင်ထားတဲ့ မိုင်းကနေ ထကွဲတာမျိုးပါ။ ကားပေါ်မှာက အမျိုးသား ၂ ယောက်ပါတယ်"

ကင်းလှည့်လာတဲ့ စစ်ကောင်စီအဖွဲ့ တိုက်ခိုက်ခံရလို့ သေဆုံးမှုရှိ

"ကနဦးက သူတို့ကားကို ၄၀ မမ နဲ့အရင်ပစ်တာ။ ပြီးမှ လက်နက်ငယ်တွေနဲ့ ဝိုင်းပစ်တာ။ ပစ်ခံရတော့ သူတို့အဖွဲ့က ကားမောင်းပြေးတာ၊ ကမ္မရဲစခန်းနားမှာ ကားကရပ်သွားတယ်"

စစ်တပ်ထောက်တိုင် သတင်းဌာနအမည်ခံပြီး ငွေတောင်းကြမ်းနေသူ ၁ ဦး ပစ်သတ်ခံရ

"သူက သတင်းဌာန နာမည်ရော၊ စကစ နာမည်ပါသုံးပြီး လောင်းကစားဝိုင်းတွေ၊ ရေနံမြေတွေမှာပါ ခြိမ်းခြောက်ငွေတောင်းတာတွေရှိတယ်။ ငွေတောင်းကြမ်းတာကတော့ နာမည်ဆိုးထွက်နေသူပါ"

မြင်းခြံမှာ PDF ၅ ဦး တိုက်ခိုက်ခံရလို့ သေဆုံးပြီး လက်နက်တွေပါသိမ်းခံလိုက်ရ

"စကစဘက်က သင်္ချိုင်းကုန်းနားက လယ်ကသင်းကုန်းကို အကာအကွယ်ယူပြီး စောင့်နေတာ။ သတင်းပေါက်သွားတာဖြစ်နိုင်တယ်။ ကျနော်တို့ဘက်က ရဲဘော်တွေက ၁၀ ဦး ဆိုင်ကယ်နဲ့လာတာ။ မြင်လဲ မြင်ရော စကစ ဘက်က အော်တိုတွေနဲ့ပဲ အသားကုန်ပစ်ကြတာ။ ရှေ့ကသွားတဲ့ ဆိုင်ကယ် ၂ စီး ရဲဘော် ၄ ဦးက လွတ်သွားတယ်"

ကန့်ဘလူမှာ အုပ်ချုပ်ရေးမှူးအပါ ၃ ဦးမိုင်းထိလို့ ဒဏ်ရာရ

"နတ်ပေးက ကန့်ဘလူမြို့နဲ့ သိပ်မဝေးဘူး။ စကစ ထိန်းချုပ်နယ်မြေထဲမှာ ရှိတယ်လို့ပြောရမယ်။ အမျိုးသမီးကြီးက လမ်းသွားရင်း အရင်ထိတာ။ အဲ့ဒါကို အုပ်ကြီးနဲ့အဖွဲ့က လာစစ်ချိန် ထပ်ထိတာ"

CAF အဖွဲ့ရဲ့ လက်နက်ထုတ်စခန်း မီးလောင်လို့ ကျပ်သိန်း ၃၅၀ ကျော်ဖိုး ဆုံးရှုံး

"မီးလောင်သွားတာက ပင်မထုတ်လုပ်ရေး အမှတ် ၁ ပါ။ မီးလောင်တဲ့အချိန်မှာ ရေကလည်း အရန်သင့်မရှိနေတော့ မီးငြှိမ်းသတ်ဖို့ခက်သွားလို့ ဆုံးရှုံးမှုကြီးသွားတာ။ မီးက ၄၅ မိနစ်လောက် လောင်သွားတာ။ ကံကောင်းတာက သိုလှောင်ထားတဲ့ ဓာတ်ဆီတွေ မီးမလောင်သွားတာပဲ"

သံတောင်ကြီးက မြို့နယ်ပညာရေးမှူးရုံး မီးလောင်

"မီးက လူတွေ အိပ်ကောင်းချိန်လောင်တာ။ ဘာကြောင့်လောင်လဲဆိုတော့ ရှို့မီးလို့တော့ ပြောကြတာပဲ။ ကိုယ်တိုင်မမြင်လို့ အတည်ပြုဖို့တော့ ခက်တယ်။ တော်တော်လေးလည်း လောင်သွားတယ်"

စစ်ကိုင်းမှာ ပန်းသပိတ်လုပ်လို့ဆိုကာ အမျိုးသမီးငယ် ၁ ဦးအပါအဝင် ၂ ဦးဖမ်းဆီးခံရ

"မနေ့က ရဲတွေကော၊ တပ်တွေကော ဆိုင်မှာဝင်လာပြီး ဖမ်းသွားတာ။ စကစ တယ်လီဂရမ်ချန်နယ်တွေမှာ တင်ခံရလို့ လာဖမ်းသွားတာလို့ပဲ သိရတယ်။"

စစ်ကိုင်းမြို့မှာ မိုင်းထိလို့ အမျိုးသား ၁ ဦးဒဏ်ရာရ

"သူက စက်ဘီးနဲ့ပြန်လာချိန် အိတ်အမဲတလုံးလမ်းပေါ်မှာတွေ့လို့ စက်ဘီးရှေ့ဘီးနဲ့ လမ်းဘေးကို ဖယ်လိုက်တဲ့အချိန် ပေါက်ကွဲမှုဖြစ်ပြီး သူ့ကို အစတွေ စင်ကုန်တာ"

ပုလဲနယ်က ပျူစောထီးရွာ ဒရုန်းနဲ့ ၄ ရက်ဆက် တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ

"နဂိုက ပျူတွေပဲရှိနေတဲ့ရွာကို စစ်ကြောင်းကလာပေါင်းပြီး တပ်စွဲနေနေတာ။ ၄ ရက်မှာဗုံး ၁၄ လုံးကျော် ချခဲ့တာ။ သူတို့တွေက ရွာထဲမှာ ဘန်ကာတွေနဲ့ အသေအချာနေတာ"

ရှေ့တန်းရောက် PDF တွေ ပန်းသပိတ်ပြုလုပ်

"ကျနော်တို့က ရှေ့တန်းရောက်နေတာဆိုတော့ အထွေအထူးတွေတော့ အခမ်းအနားနဲ့မလုပ်နိုင်ဘူး။ ဒါပေမယ့် စစ်ကောင်စီတပ်တွေကိုလည်းတိုက်ရင်း ပန်းသပိတ်ကို အကျဥ်းချုံးလုပ်ခဲ့ကြတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10