သတင်း

တိုက်ပွဲအတွင်း ပျူရွာမှာ မနေချင်တော့တဲ့သူတွေအပါအဝင် ပိတ်မိနေတဲ့ ပြည်သူ ၄၆ ဦးကို ကယ်ထုတ်နိုင်ခဲ့ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက စစ်ကောင်စီနဲ့ပျူတပ်စွဲထားတဲ့ သရက်ကန်ကျေးရွာကို တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း ရွာခံပြည်သူ ၄၆ ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုဆီက သိရပါတယ်။

စစ်တပ်ရဲ့လက်နက်ကြီးကျည်ထိလို့ တမိသားစုလုံးသေဆုံး၊ ဒဏ်ရာနဲ့အသက်ရှင်ကျန်သူ ဆေးကုစရိတ်ခက်ခဲနေ

"လက်နက်ကြီးမှန်တဲ့အထဲ သူပဲအသက်ရှင်တာ။ သူလည်း တကိုယ်လုံးလောင်သွားတော့ ရေရှည်ကုရမှာ။ မလွယ်ဘူး "

ခင်ဦးနယ်၊ ရှားလွင်ရွာ ၂ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်ခံရပြီး ဒေသခံ ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း ၊ ခင်ဦးမြို့နယ်အရှေ့ခြမ်း၊ ရှားလွင်ရွာမှာ လေကြောင်းတိုက်ခိုက်ခံရလို့ ဒေသခံ ၃ ဦး သေဆုံးပြီး နေအိမ်နဲ့ တိရစ္ဆာန်တွေကိုလည်း ထိမှန်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းက ဖုံရွာကိုဝင်ပြီး ပြည်သူ ၃ ဦးကိုသတ်ကာ အိမ် ၃ လုံးကိုလည်းမီးရှို့ခဲ့

"ရွာကိုဝင်လာကတည်းက ပစ်ဝင်လာတာ။ ပြည်သူတွေကလည်း ပြေးကြတာ။ သူတို့က ရွာထဲတင်ဖမ်းမိပြီးမှ ပစ်သတ်သွားတာမျိုးပါ။ "

ပေါက်နယ်က ရွာ ၂ ရွာ လေကြောင်းဗုံးကြဲခံရလို့ သံဃာ ၁ ပါးဒဏ်ရာရပြီး ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေပျက်စီး

" တိုက်ပွဲပြီးချိန်လောက်မှာ လေယာဥ်ကလာပြီး ဗုံးကြဲတာ။ ၅ ခါလောက်ပတ်ပျံပြီး ၄ ကြိမ်ဗုံးကြဲသွားတာ။ ဗုံးက ဘုရားတောင်ရွာထဲကို ကျတာလည်းရှိတယ်။ တိုက်ပွဲဖြစ်ချိန်မှာလည်း စကစဘက်က လက်နက်ကြီးတွေနဲ့ပစ်တာရှိတယ်။"

စစ်ကောင်စီဝန်ထမ်းတွေမရှိတော့တဲ့ ဂမုန်းဆည်မှာ စိုးရိမ်ရေအမှတ်ကိုရောက်ရှိလာလို့ PDF တွေ ထိန်းသိမ်းပေး (ရုပ်/သံ)

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ဂမုန်းဆည်မှာ သတ်မှတ်စိုးရိမ်ရေအမှတ်ပြည့်တဲ့အထိ ရေတိုးလာနေတာကြောင့် လိုအပ်တဲ့ထိန်းသိမ်းဆောင်ရွက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုဆီက သိရပါတယ်။

ဆင်ဖြူကျွန်းမှာ တိုက်ပွဲဖြစ်ပြီးနောက် မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတချို့ကဒေသခံတွေ နေရပ်တိမ်းရှောင်

“တိုက်ပွဲဖြစ်လာရင်တော့ ပျက်စီးမယ်၊ သေ‌ကြမယ်ဆိုတာတော့ သိပါတယ်။ ကျနော်တို့လူငယ်တွေက အကြောင်းမဟုတ်ဘူး။ အသက်ကြီးတဲ့ မိဘတွေကျ မပြေးနိုင်မလွှားနိုင်ဘူး၊ အဲ့ဒါကြောင့် ပြောင်းရွှေ့ရတာပါ။”

ပေါင်းတည်က အုပ်ချုပ်ရေးမှူတဦး သေနတ်နဲ့ပစ်သတ်ခံရ

"အုပ်ကြီးက ညာဘက်မျက်လုံးထွက်တယ်။ ညာလက်မှာလည်း ဒဏ်ရာတွေရထားတယ်။ ရင်ဘတ်တွေ ရောပဲ။"

အုတ်တွင်းက ၅ နှစ်အရွယ်မိန်းကလေးငယ်ကို နှိပ်စက်ခဲ့သူထဲက အမျိုးသမီးဖြစ်သူကို ထပ်မံဖမ်းဆီး  ■ လင်မယားနှစ်ဦးစလုံးကို ရဲစခန်းမှာ ချုပ်ရက်ရမန်ယူထား

"မနေ့က ရဲက သူမိန်းမကိုသွားဖမ်းတယ်။ ညနေပိုင်းလောက် စခန်းရောက်လာတယ်လို့ သိထားရတယ်။ နောက်ဆက်တွဲအခြေနေတွေကတော့ ရဲစခန်းထပ်မရောက်သေးလို့ အခြေနေအသေးစိတ် ထပ်မသိရသေးဘူး"

စစ်ကောင်စီဝန်ထမ်းတွေမရှိတော့တဲ့ ဂမုန်းဆည်မှာ စိုးရိမ်ရေအမှတ်ကိုရောက်ရှိလာလို့ PDF တွေ ထိန်းသိမ်းပေး

" ဆည်ရေပိုလွှဲပေါက်က ပိတ်ဆို့နေတဲ့ အမှိုက်တွေရှင်းတာ၊ ရေထိန်းတံခါးကနေ ရေလျှော့ချတာတွေ လုပ်နေပါတယ်။ တောင်သူတွေထိခိုက်မှုမရှိအောင် ရေကိုဂမုန်းချောင်းထဲကို မူလလမ်းကြောင်းအတိုင်း ပြန်လွှတ်တာပါ"

နတ်တလင်းက နိုင်ကျဉ်းဟောင်း ၁ ဦးအပါ ၄ ဦးကို စစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ်တွေချမှတ်

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့က နိုင်ငံရေးအကျဉ်းသားဟောင်း ၁ ဦးအပါအဝင် ၄ ဦးကို စက်တင်ဘာ ၂၆ ရက်မနက် ၉ နာရီကျော်လောက်က ပေါင်းတည်ထောင်တွင်းစစ်ခုံရုံးကနေ အကြမ်းဖက်ပုဒ်မတွေနဲ့ နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ခဲ့တယ်လို့ နတ်တလင်းမြို့ခံတဦးဆီက သိရပါတယ်။

လက်နက်ကိုင်လမ်းစဥ်ကို စွန့်လွှတ်ကာ နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ PDF အပါ လက်နက်ကိုင်အဖွဲ့တွေကို စစ်ကောင်စီဖိတ်ခေါ်

နိုင်ငံတော်မှာ ဖြစ်ပေါ်နေတဲ့ ဆုံးရှုံးနစ်နာမှုတွေက်ို ထောက်ရှုပြီးတော့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းတွေ၊ PDF အဖွဲ့အစည်းတွေအနေနဲ့ လက်နက်ကိုင်လမ်းစဥ်ကို စွန့်လွှတ်ကာ ပါတီနိုင်ငံရေးလမ်းကြောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းတွေနဲ့ နိုင်ငံရေးပြဿနာကို ဖြေရှင်းဖို့ ကမ်းလှမ်း ဖိတ်ခေါ်တယ်လို့ ဆိုပါတယ်။

တံတားဦးမှာ စစ်တပ်က နေ့စဥ်နီးပါးပေါ်တာဆွဲဖမ်းဆီးနေ

"မနက် ၆ နာရီလောက်ဆို သူတို့ (စကစပူးပေါင်းအဖွဲ့)ရောက်နေပြီ။ လာသမျှဆိုင်ကယ်တွေ အကုန် တားပြီး ယောကျာ်းလေးမှန်သမျှ အကုန်ခေါ်တာ။ ကားပေါ်ဆွဲတင်တယ်။ ပြီးရင် တံတားဦး မြို့နယ်ထွေအုပ်ရုံးထဲကို ပို့တယ်။ အဲဒီမှာ လူပြန်စစ်တယ်။ အသက် ၄၀ ကျော်၊ ၅၀ တွေရော ပါတယ်။"

တော်လှန်ရေးတပ်တွေ သိမ်းယူထားတဲ့ စဉ့်ကူးမြို့မြင်ကွင်း (Photo News)

တော်လှန်ရေးတပ်တွေသိမ်းယူထားတဲ့ စဉ့်ကူးမြို့ကို တိုက်ပွဲတွေအပြီး ယခုစက်တင်ဘာလအတွင်းမှာ တွေ့မြင်ရတဲ့ မြင်ကွင်းတွေ ဖြစ်ပါတယ်။

ရေစကြို မင်းရွာက ပျူစောထီးစခန်း ၃ ရက်ဆက် ဒရုန်းနဲ့ဗုံးကြဲခံရ (ရုပ်/သံ)

စက်တင်ဘာ ၂၁ ရက်မှာ ဗုံးသီး ၉ လုံး၊ ၂၂ ရက်မှာ ဗုံးသီး ၁၁ လုံးနဲ့ ၂၃ ရက်မနက်ပိုင်းမှာပါ ဗုံးကြဲချခဲ့တာလို့ တိုက်ခိုက်မှုမှာပါဝင်တဲ့ ရဲဘော်ညီနောင် PDF သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10