သတင်း

PDF က လက်ဦးမှုယူ ပစ်ခတ်နိုင်လို့ ကင်းပုန်းလာဝပ်တဲ့ စစ်သား ၂ ဦးသေဆုံး၊ သေနတ် ၂ လက်ရ

“ကျနော်တို့ကလည်း ကင်းဝပ် သူတို့ကလည်း ကင်းဝပ်၊ သူတို့ဦးရင် သူတို့ဆော်မှာဆိုတော့ ခုက ကျနော်တို့ဦးတော့ သူတို့ခံလိုက်ရတာပေါ့။ အလောင်းကတော့ ခုထိလာမကောက်သေးဘူး”

စစ်ကောင်စီဘက်က ၂၀ ကျော်သေဆုံးခဲ့တဲ့ ဇီးဖြူကုန်းရွာတိုက်ပွဲ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို မေလ ၉ ရက်မနက် ၄ နာရီဝန်းကျင်မှာ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၂၀ ကျော် သေဆုံးခဲ့တယ်

မီးရှို့ခံရတဲ့ကျေးရွာက ဘိုးဘွားတွေအတွက် အညာပစ်တိုင်းထောင်လေးများအဖွဲ့က ပုဆိုးနဲ့ထမီ လှူဒါန်း

မီးရှို့ခံခဲ့ရတဲ့ ကျေးရွာက အဘိုး၊ အဘွား ၁၁၇ ဦးကို လုံချည် တယောက်တထည် ဂါရဝပြုလှူဒါန်းခဲ့တယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ မဖူးပွင့်ဝေက ဆိုပါတယ်

ခိုင်ကမ်းမြို့ ရဲစခန်းနဲ့ တမိုင်ပတ်လည်က ပြည်သူတွေကို နေရာပြောင်းရွှေ့ခိုင်း

စစ်**တွေဘက်က ရှောင်တဲ့အိမ်၊ ထွက်ပြေးတဲ့အိမ်တွေကို မီးရှို့မယ်လို့ ပြန်ခြိမ်းခြောက်တယ်၊ အများစုကတော့ ရှောင်နေကြပြီ

စခန်းမှာရှိတဲ့ PDFတွေ အားလပ်ချိန်ဗဟုသုတတွေရှာဖွေနိုင်ဖို့ စာကြည့်တိုက်ဖွင့်လှစ်

“အဓိက က တော့ ကျနော်တို့မှာအတတ်ပညာအသိပညာရှာဖွေဖို့ရာလုံလောက်တဲ့ အနေအထားတခုမရှိဘူး။ မခံချင်စိတ်နဲ့ဝင်လာကြတာ ဆိုတော့ လုံလောက်တဲ့ပညာအရည်အချင်းမရှိကြဘူး။ စာကြည့် တိုက်ဖွင့်ဖို့စီစဉ်ထားတာတော့ကြာပြီဗျ ။ ကြားထဲမှာ စစ်ရေးအနေအထားရော ၊ စာအုပ်စုစည်းရာမှာ အခက်အခဲရှိတာကြောင့်မလုပ်ဖြစ်တာပေါ့ ”

ရေဦးမှာ စစ်တပ်က လေယာဥ်နဲ့ဗုံးကြဲ၊ ဒေသခံ ၅၀၀၀ ကျော် တိမ်းရှောင်နေရ

"လေယာဉ်နဲ့တကြိမ်ဗုံးကြဲခံထားရတော့ ဒီနေ့လည်း ဗုံးလာကြဲမှာကိုကြောက်လို့ ရွာကို တယောက်မှမသွားရဲကြတာပါ။ ကျမသားလေးက အဲ့ကျောင်းမှာ စာသင်နေတာ။ CDM ကျောင်းဖြစ်လို့ ဗုံလာကြဲတာလို့ ထင်ပါတယ်။ ကျမသားအပါအဝင် ကလေးတွေကတော့ ကံကောင်းလို့ မထိခိုက်ခဲ့ဘူး။ ကျမတို့ကတော့ ရွာကို ဘယ်နေ့ပြန်ဝင်ကြရမလဲဆိုတာကို မသိရသေးဘူး။ အခုက တခြားရွာတွေမှာရှောင်နေရတော့ အခက်အခဲအများကြီး ရှိကြတာပေါ့နော်"

ဆောနယ်မှာ လေပြင်းတိုက်လို့ ဘုန်ကြီးကျောင်း၊စာသင်ကျောင်းနဲ့ နေအိမ် ၁၂ လုံး ပျက်စီး

"နေ့ခင်း ၃ နာရီလောက်ကနေ ညနေ ၅ နာရီခွဲလောက်ထိ လေရောမိုးရောချတာ။ အိမ် ၁၀ လုံးကျော် ပျက်စီးတယ်။ ဘုန်းကြီးကျောင်းအဆောင်သစ်နဲ့ အိမ်သာလည်းပျက်စီးတယ်။ တချို့အိမ်ဆို အိမ်ခေါင်မိုး လိုက်ပြုတ်ထွက်သွားတာ။ သစ်ပင်တွေလည်းကျိုးတယ်" လို့ ကျေးရွာသားတဦးက ပြောပါတယ်။

ချောင်းဦးမှာ တရက်တည်း အကြိမ်ကြိမ်အတိုက်ခံရလို့ စစ်ကောင်စီတပ်သား ၅ ဦးခန့် သေဆုံးဟုဆို

"ကျောင်းထဲက စကစတကောင်က အပြင်ထွက်ပြီးတော့ မုန့်ဟင်းခါးဝယ်စားနေတာဗျ။ သူက မုန့်ဟင်းခါးတောင် မစားလိုက်ရဘူး။ ကျနော်တို့က သွားပြီးပစ်ခတ်လိုက်တာ။ နေရာတင်ပွဲချင်းပြီးတယ်။ သူ့ရဲ့လက်နက်နဲ့ ကျည်တွေပါရခဲ့တယ်"

မြို့သာရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ရဲ ၅ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရဟုဆို

"အဲဒီရဲစခန်းရှေ့မှာ ဂိတ်ကြေးကောက်တာ၊ သာမန်ပြည်သူတွေကို အော်ငေါက်ပြီး ပိုက်ဆံတောင်းကြမ်းတာတွေ၊ ကားသမားတွေဆီကလည်း သူတို့ မထင်ရင်မထင်သလို တောင်းခဲ့တာတွေ ရှိနေတော့ တိုက်ခိုက်ခဲ့တာပါ။ ၅ ယောက် သေတယ်၊ ၄ ယောက် ဒဏ်ရာရတယ်"

နယ်မြေမငြိမ်သက်လို့ ညအချိန်ပြုလုပ်ခဲ့ရတဲ့ တော်လှန်ရေး ဟောပြောပွဲ (Photo news)

"နယ်မြေအခြေအနေကြည့်ပြီးတော့ ညပိုင်းလုပ်ခဲ့ရတာပါ။ တရက်ကိုတရွာချင်း ပြောဆိုဖြစ်တယ်။ လက်ရှိနိုင်ငံရေးနဲ့ တော်လှန်ရေးအခြေအနေ၊ လူထုပါဝင်လှုပ်ရှားတာ၊ ဖက်ဒရယ်ဒီမိုကရေစီနဲ့ပတ်သက်လို့ သိသင့်သိထိုက်တာတွေကို ပြောဆိုခဲ့တာပါလို့" ပညာပေးပြောဆိုသူ မမေဇင်မွန်က မြေလတ်အသံကို ပြောပါတယ်။

အောင်လံမှာ လေပြင်းတိုက်လို့ နေအိမ် ၃၄ လုံးထိခိုက်ပျက်ဆီး

"ခုက ကြေညာထားတဲ့ မုန်တိုင်းဝင်တာတော့မဟုတ်ဘူး။ သာမန်မိုးရွာလေပြင်းတိုက်တာလောက်ဘဲ။ လေတွေတိုက်တဲ့ တချက်ကတော့ တော်တော်ကြမ်းတယ်။ ရွာတွေမှာ လူထိခိုက်တာတွေတော့မရှိဘူး။ လေတိုက်တဲ့အချိန်ကတော့ ၁ နာရီလောက်တော့ကြာမယ်"လို့ ပြောပါတယ်။

မိုးညိုမှာ ရဲတပ်ဖွဲ့က ဆိုင်ကယ်တွေဖမ်းဆီးပြီး ငွေသိန်းဂဏန်းအထိ တောင်းနေ

" တွေ့သမျှအကုန်ဖမ်းတာ ဆိုင်ကယ်တွေကို။ အိမ်တွေဆောက်ဖို့ ဝါးလာဆွဲတဲ့ ဆိုင်ကယ်တွေ ဖမ်းပြီးယူသွားတာ။ ရဲစခန်းကိုပြန်လိုက်ရွေးရတယ်။ ဆိုင်ကယ်သမားတွေက ပြန်ရောင်းဖို့ ပုံးနဲ့ထည့်လာတဲ့ ဓာတ်ဆီပုံးတွေလည်း အကုန်သိမ်းတာ။ ဆိုင်ကယ်တော့ ပြန်ရတယ်။ ငွေတောင်းတာ ၃ သိန်းလောက်ပေးရတယ်။ တချို့ဆိုင်ကယ်တွေလည်း ဖမ်းပြီးသိမ်းသွားတာ ပြန်မရဘူး"

ကလေးတွေစာသင်နေတဲ့ စာသင်ကျောင်းကို စစ်တပ်က လေယာဥ်နဲ့ဗုံးကြဲလို့ ပျက်ဆီးမှုရှိ

"ဒီကျောင်းမှာ ကလေးတွေကိုမနက်ပိုင်းကနေ မွန်းလွဲ၁၂နာရီအထိသင်ကြားပေးခဲ့ပြီး ကျောင်းဆင်းတာ။ ဗုံးလာကြဲတာက ၂ နာရီဆိုတော့ ကလေးတွေ၊ ဆရာ၊မတွေနဲ့ ရွာသားတွေ ထိခိုက်တာမရှိခဲ့ဘူးဗျ။ ကံကောင်းသွားတာပေါ့။ လေယာဥ်က ကျောင်းကိုအသွားတခေါက် ဗုံးတလုံးကြဲချတယ်၊ ပြီးတော့ ပြန်ဝိုက်လာပြီးတော့ ဗုံးတလုံးထပ်ကြဲချခဲ့တာ။ လေယာဥ်ကကျောင်းပေါ်မှာ ၁၅ မိနစ်လောက် ကြာဝဲပျံခဲ့တယ်။ ဒီကျောင်းက ရွာရဲ့ထိပ်ဦးမှာတည်ရှိတာ"

တိုက်ပွဲမရှိပဲ စစ်တပ်က ရွာကိုမီးရှို့ပြီး ရွာထဲ တညအိပ်ကာ ချက်ပြုတ်စားသောက်ခဲ့

"ဒီရွာကို စကစတွေဝင်တာက ၃ ကြိမ်ရှိပြီ။ ဇန်နဝါရီလထဲမှာ ပထမအကြိမ်ဝင်လို့ မီးရှို့တယ်။ ဒုတိအကြိမ်တော့ မရှို့ခဲ့ဘူး။ အခုအကြိမ် မှာတော့ မီးရှို့လို့၂၂လုံးပျက်စီးတယ်။ ပြီးတော့ ရွာထဲက ဆိုင်တွေကစားသောက်ကုန်ပစ္စည်းတွေယူပြီး ဘုန်းကြီးကျောင်းထဲမှာ ချက်ပြုတ် စားသောက်တယ်။ ဘုန်းကြီးကျောင်းက မီးစက်ကိုနှိုးပြီး မီးထွန်းပြီးစားသောက်ကြတယ်။ ကျနော်တို့က ဒရုန်းနဲ့ကြည့်လို့မြင်ရတာ"

မစ်ရှင်လုပ်ဖို့သွားချိန် စစ်ကောင်စီနဲ့ထိပ်တိုက်တိုးပြီး ပစ်ခတ်မှုဖြစ်ရာမှာ နှစ်ဖက်သေဆုံးမှုရှိ

"မစ်ရှင်လုပ်ဖို့ တပ် CDM တယောက်၊ ရဲ CDM တယောက်နဲ့ နောက်ရဲဘော်တယောက် ၃ ယောက် သွားကြတာ။ သွားတာကို လမ်းမှာတွေ့တဲ့ ဒလန်သတင်းပေးကနေ တပ်ကို သတင်းပေးလိုက်လို့ စကစ အဖွဲ့တွေကလာတဲ့အချိန် ထိပ်တိုက်တွေ့တာ။ ရှောင်လို့မလွတ်တော့လို့ ကျနော်တို့ဘက်က ရဲဘော်က စပစ်လိုက်တာ။ သူတို့ဘက်က လဲ သေတဲ့သူရှိတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10