သတင်း

တိုက်ပွဲပါးချိန် တောတွင်းစစ်ဆင်ရေး လေ့ကျင့်နေတဲ့ ရဲဘော်များ (ရုပ်/သံ)

စစ်ကောင်စီစခန်းတွေ ဝင်ရောက်စီးနင်းနိုင်ဖို့ကို ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ရဲဘော်တွေ စွမ်းရည်မြှင့်တင်ဖို့ အခုလို စစ်ရေးလေ့ကျင့်နေကြတာ

နောင်ကြီးအိုင်ရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ စစ်သား ၃ ဦးသေ ၁၂ ဦးဒဏ်ရာရပြီး Jammer စက်ပျက်စီးဟုဆို

"ကြဲချလိုက်တာမှာ အဆောက်အဦပေါ်တည့်တည့်ကျတယ်။ ဘန်ကာ‌ထဲကိုလည်း တည့်တည့်ကျတယ်။ အဆောက်အဦတွေလည်း အမိုးတွေလန်ပြီး ပျက်ဆီးသွားတယ်။ အဲ့ဒီအဆောက်အဦမှာတပ်ထားတဲ့ Jammer စက်ပျက်ဆီးသွားတယ်"

စစ်ကောင်စီသတင်းပေးဆိုသူ ကြံ့ခိုင်ရေးပါတီဝင် ၂ ဦးကတိုင်လို့ စစ်ရှောင် ၄ ဦးဖမ်းဆီးခံရ

"အဖမ်းခံရသူတွေက စစ်ဘေးရှောင်တွေပါ။ သူတို့ကို ချစ်လွင်နဲ့သိန်းလွင်အပါအဝင် စကစလေးယောက်က နေအိမ်ကနေဖမ်းလာတာ။ ညောင်လေးပင်မြို့က စစ်တပ်ထဲကိုခေါ်သွားတာပါ။ အိမ်ပိုင်ရှင်တွေကိုတော့ ဘာမှမလုပ်ခဲ့ဘူး။ ဒီလိုပဲ ချစ်လွင်နဲ့သိန်းလွင်က ပိုက်ဆံရဖို့ဆိုရင် ဘာမဆိုလုပ်နေကြတာ"

ဝါစက်ရုံမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရလို့ ၃ ဦးသေ ၄ ဦးဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့အဝင်က ဝါစက်ရုံမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို မေလ ၃ ရက် မနက် ၅ နာရီကျော်မှာ တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၃ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့တယ်

ယာဉ်ထိန်းရဲနဲ့ပေါင်းပြီး ဆိုင်ကယ်ကူဖမ်းပေးသူအမျိုးသား ဆိုင်ကယ်တိုက်လို့ သေဆုံး

“ဆိုင်ကယ်သမားက အဖမ်းမခံပဲ မောင်းပြေးတာ၊ အဲဒီလူက ဆိုင်ကယ်ရှေ့ ပိတ်ရပ်လိုက်တာ အဲတာကို အရှိန်ကအရမ်းပါနေတော့ တိုက်မိပြီ ဦးခေါင်းကွဲသွားတယ်။ သူက အဲလိုကူဖမ်းပေးနေတာကြာပြီ။ တချို့ကားသမားတွေ ကယ်ရီသမားတွေကအစ ကူဖမ်းပေးကြတာ။ သူတို့ကို ကူဖမ်းပေးရင် ပိုက်ဆံအချိုးကျပေးသလို၊ လုပ်ပိုင်ခွင့်တချို့ကိုလည်း ပေးတယ်လို့ကြားတယ်”

တပတ်အတွင်း မြေလတ်သတင်း

- စစ်ကောင်စီက ခရီးသည်တွေကို လမ်းဆင်းလျှောက်ခိုင်းပြီး မိုင်းရှင်းလို့ မိုင်းအလုံးရေ ၁၀၀ ကျော်ဆုံးရှုံး - ပခုက္ကူရှိ ကျေးရွာတွေကို စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းကပါ စီးနင်းဝင်ရောက်လို့ ဒေသခံ သောင်းချီထွက်ပြေးနေရ - ဒရုန်းနဲ့ ဗုံးကြဲခံရလို့ ၁ ဦးသေ ၁ ဦးဒဏ်ရာရ - တနိုင်ငံလုံးအတိုင်းအတာနဲ့ ၅၀၅-က နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ပေးခဲ့ရာ ပဲခူးတိုင်းထဲက သာယာဝတီနဲ့ ပြည်အကျဉ်းထောင်တို့က နိုင်ငံရေးအကျဉ်းသားအချို့ ပြန်လည်လွတ်မြောက် - မုံရွာ ကညနရုံး နဲ့ စိုက်ပျိုးရေးရုံးရှိ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံးဟု ဆို - ညောင်ခါးရှည်ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် ဒေသခံ ၃၀ ကျော်ကို စစ်ကောင်စီဖမ်းဆီး - စခန်းစီးနင်းမီးရှို့ခံရပြီးနောက် ရေစကြိုတောင်ပိုင်း PDF စားနပ်ရိက္ခာအခက်အခဲ ကြုံတွေ့နေ - လှတောရဲစခန်း တိုက်ခိုက်ခံရလို့ ၅ ဦးသေဆုံးဟု ဆို - စစ်ရှောင်နဲ့ ရိက္ခာအတွက် သီးနှံတွေကို PDF ရဲမေတွေက တိုက်ပွဲနားချိန်မှာ စိုက်ပျိုးနေ - လက်နက်ကြီးအချက် ၁၀၀ ကျော် ပစ်ခံရလို့ ထိခိုက်သေဆုံးမှုရှိနိုင်

မုံရွာ - မန္တလေးလမ်းပေါ်မှာ မိုင်းရှာနေတဲ့ စစ်အုပ်စု မိုင်းဆွဲခံရ( ရုပ်/သံ)

မေလ ၅ ရက် မနက် ၁၀ နာရီကျော်လောက်မှာ မြင်းမူမြို့နယ်၊ ဂွေးပင်တောနဲ့ ဘိုးမင်းကြီးအကြား စစ်ကြောင်းရောက်ရှိချိန် မိုင်း ၄ လုံးနဲ့ ၂ ကြိမ်ဆွဲပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်

မြိုင်နယ်၊ မန်ကျည်းလေးပင်ရွာက အိမ်တွေကို ပျူတွေ မီးထပ်ရှို့ပြန်

“ဖမ်းဆီးခံရတဲ့ပြည်သူတွေတော့ မရှိပါဘူး။ သားအမိနှစ်ယောက်ကတော့ လက်နက်အစ ထိမှန်သွားတာတော့ ရှိတယ်။ ရွာထဲကို မီးလာရှို့တာက ပျူတွေပဲ အင်အားဘယ်လောက်နဲ့ ဝင်လာလဲမသိရသေးဘူး”

သမချေးငွေပြန်မဆပ်နိုင်သူတွေရဲ့ ကလေးငယ်အပါအမျိုးသမီးအချို့ကို ဓါးစာခံအဖြစ် စစ်ကောင်စီက ဖမ်းဆီး

"အခုက နိုင်ငံရေးအခြေအနေကမကောင်း၊ လူတွေကလည်း လုပ်ရကိုင်ရတာ အဆင်မပြေကြဘူးဗျ။ ကျနော်တို့ဆိုရင် ၂ သိန်းချေးထားတာ။ တချို့ဆိုရင် ၅ သိန်း၊ ၆ သိန်းချေးကြတာပေါ့။ အဲတာကို ရဲ၊ စကစတွေက တောင်းတာဗျ။ လူတွေကလည်း ၁ သိန်းရှိတသိန်းပေးကြတယ်။ ၅ သောင်းရှိရင် ငါးသောင်းပေးကြတယ်ဗျ။ ဒါကိုအကြွေးမရလို့ဆိုပြီး ဖမ်းတာ။ ဖမ်းရင်လည်း ရိုက်နှက်ကြတယ်။ ဒါကြောင့် ပြေးနေရတာ"

ဒရုန်းနဲ့ ၂ ကြိမ်တိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ဒဏ်ရာရသူများဟုဆို

"ချသမျှ ဗုံးသီးတွေကတော့ ကျကွဲပါတယ်။ ပထမတကြိမ် ဗုံးချတဲ့အကြိမ်မှာ စကစဘက်က ထိခိုက်သေဆုံးတဲ့ အခြေနေကို မြေပြင်သတင်းပေးပို့ချက်တွေအရ ပြန်သိရတယ်။ နောက်တနေ့ နေ့လည်လောက်မှာ ဖြစ်တဲ့ဟာကျတော့ ထိခိုက်သေဆုံး ထပ်မသိရဘူး။ မြေပြင်နဲ့ အဆက်အသွယ် မရသေးလို့ပါ"

လေကြောင်းရန်တွေကြားက အကျဉ်းချုံးကျင်းပခဲ့တဲ့ ကွန်မန်ဒိုသင်တန်းဆင်းပွဲနဲ့ ကတိသစ္စာဆိုပွဲ

“လေယာဉ်တွေဝဲနေတဲ့ကြားက ကျနော်တို့ရဲ့ အထိမ်းမှတ်နေ့လေးဖြစ်နေလို့ လုပ်ခဲ့တာ၊ သင်တန်းဆင်းပွဲမှာဆို ပထမဆုံး အမျိုးသမီးရဲဘော်တွေ ပါဝင်လာတယ်”

ပေါင်းတည် NLD မြို့နယ်အလုပ်မှုဆောင်တဦး ဖမ်းဆီးခံရပြီး ၁ ပတ်ကျော်အကြာမှာ သေဆုံး

"ကိုမြင့်ထွန်းသေဆုံးတဲ့သတင်းက မေလ ၂ ရက်ကတည်းက ပေါင်းတည်မြို့ထဲမှာ ပျံ့နေပြီ၊ မိသားစုက မသိဘူး။ မနေ့(ဧပြီလ ၃ ရက်)ကမှ သူ့မိသားစုကတဆင့် စကားကြားပြီး လိုက်စုံစမ်းမှ အလောင်းက ပြည်မြို့ကုတင် ၁၀၀ ဆေးရုံမှာ ရှိနေတယ်ဆိုတာသိရတာ။ သင်္ဂြိုလ်တဲ့အခါမှာလည်း မိသားစုဝင် ၂ ဦးပဲလာဖို့ စစ်အုပ်စုဘက်ကပြောလို့ မိသားစုက သင်္ဂြိုလ်တာကိုမသွားဘူး“

ရေစကြို စုပေါင်းရုံးကို ပစ်ခတ်တိုက်ခိုက်ခံရလို့ ကင်းသမားတဦး သေဆုံး( ရုပ်/သံ)

"ဒီကောင်တွေက ပခုက္ကူဘက်ကအင်အားတွေခေါ်ပြီး ရေစကြိုမြို့ပေါ်မှာ တိုးချဲ့ထားတာ။ လွန်ခဲ့တဲ့ ၃ ရက်က ပြည်သူအိမ်တွေဖျက်ဆီးတာ‌တွေလည်းရှိတယ်။ ဒါကြောင့်မလို့ ကျနော်တို့ဘက်က သတိပေးတဲ့အနေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာ"

နောက်ကျန်ခံပစ်ရင်း သေဆုံးခဲ့တဲ့ရဲဘော်အတွက် ရက် ၆၀ ပြည့်ကုသိုလ်ကောင်းမှု ပြုလုပ်

"တခြားရဲဘော်တွေလွတ်ဖို့ ခံပစ်ရင်းကတိုက်ပွဲမှာ ကျခဲ့တာပါ။ စစ်ကူသွားရင်းလမ်းမှာ စကစ တွေရဲ့ချောင်းပစ်တာကို ခံရတယ်။ ကျဆုံးရဲဘော်ရဲ့အလောင်းတော့မရလိုက်ဘူး။ စကစ တွေမီးရှို့သွားတယ်။"

အရာတော်နယ်က ကြွေပုဂံရွာကို စစ်တပ်က ဒုတိယအကြိမ်မီးရှို့

“တိုက်ပွဲမဖြစ်ပဲနဲ့ ရွာထဲကိုဝင်လာတယ်။ ပြီတော့ ရွာကိုမီးရှို့တယ်။ ဒီနေ့မနက်နေအိမ်တွေ မီးထဲဘယ်လောက်ပါသွားလဲ မသိရသေးပါဘူး။ ရွာသားတွေလည်း ထွက်ပြေးနေကြတယ်။ ရွာထဲကို မဝင်ကြသေးဘူး။ အခုချိန်ထိတော့ ဖမ်းဆီးခံရတဲ့ပြည်သူတွေ ရှိတယ်လို့မကြားမိသေးပါဘူး”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10