ပြည်ခရိုင်တွင် အကြမ်းဖက်ဥပဒေနှင့် ၅၀၅(က)တို့ ဖြင့်ဖမ်းဆီးတရားစွဲထားသူ ၁၂၅ ဦးရှိပြီး အပြင်းထန်နှိပ်စက်ခံထားရ
"ရိုက်နှက်တာကတော့ပြောမနေနဲ့တော့ ၅၀၅ လိုအမှုတောင်ရိုက်စစ်တာပဲ အကြမ်းဖက်ဆိုတော့ ဗျင်းတာပေါ့ဗျာ။ မိန်းကလေးတောင်မလွတ်ဘူး။ တရက်ထက်တရက်လည်း ဖမ်းဆီးတာကတအားဖြစ်နေတာ တရားရုံးတွေမှာနိုင်တောင်မနိုင်ဘူး တချို့အမှုတွေဆို ရုံးတင်ထားတယ် မစစ်နိုင်လို့ ပြန်ပြန်ချိန်းနေရတယ် ရဲစခန်းတွေမှာကလည်း အမှုဖွင့်ထားတာကော ဖမ်းထားရော များတော့ ကင်းပတ်ရတာ၊ လုံခြုံရေးယူရတာ၊ တခြားအမှုအခင်းဖြစ်လို့ သွားရတာ။ အထက်ကအရေးပေါ်ဆိုပြီး ခိုင်းတာတွေ တရားရုံးတွေကအမှုတွေမှာ တရားလိုလုပ်တာ သက်သေထွက်ဆိုရတာနဲ့ မနိုင်တော့ဘူးမအားရဘူး"