သတင်း

စစ်ကောင်စီရဲ့ သံပြားကာ ကားတန်း မိုင်းဆွဲခံရလို့ ၇ ဦးသေဆုံး၊ ကား ၂ စီးပျက်စီး

"မိုင်း ၁၅ လုံး စလုံးကွဲတယ်။ စစ်** ၇ ယောက်ကတော့ နေရာမှာပဲ သေတယ်လို့ ပြောတယ်။ တပ်တွင်းနဲ့ နီးစပ်တဲ့သူက သတင်းပေးပို့ပေးတာပါ။ သူတို့ဘက်က အထိခိုက်များတော့ စက်သေနတ်တွေနဲ့ရော ၄၀ မမတွေနဲ့ရောပါ ပစ်တာ၊ အရပ်သားထိခိုက်မှုတော့ မရှိခဲ့ဘူးဗျ။"

ကလေးမြို့နယ်က စစ်ဘေးရှောင် ၄၀၀ ကျော်ကို NUG က ဆန်တင်း ၂၀၀ ထောက်ပံ့လှူဒါန်း

"NUG ကနေပြီးထောက်ပံ့တာပါ။ စစ်ဘေးရှောင်တွေကတော့ အခုချိန်မှာတော့ စားဝတ်နေရေးအဓိကပါပဲ။ စားဝတ်နေရေးနဲ့ ဒီနေရာထိုင်းခင်းနဲ့ ဆေးဝါးစောင့်ရှောက်မှုပါပဲ။"

နမခကနေ ပျူရွာကို လက်နက်ခဲယမ်းနဲ့ ရိက္ခာပို့တဲ့ ရေယာဉ် ၂ စီး အသွားအပြန် တိုက်ခိုက်ခံရ(ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ နမခ ထဲကနေ ကံကြီးကုန်းရွာဘက်ကို ချင်းတွင်းမြစ်ကြောင်းအတိုင်း လက်နက်ခဲယမ်းနဲ့ ရိက္ခာပို့တဲ့ ရေယာဉ် ၂ စီးကို ဒီဇင်ဘာ ၁၁ ရက်မှာ ဒေသခံကာကွယ်ရေးတပ်တွေက အသွားအပြန်စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ Chindwin Fighter Group-CFG ဆီက သိရပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့ဝင်မင်္ဂလာပွဲ ဗုံးကြဲခံရပြီးကတည်းက စစ်ရှောင်နေရတဲ့ မတောရွာပြည်သူတွေ အကူအညီလိုအပ်

"လိုအပ်တာကတော့အခုနေတော့ သူရောကိုယ်ရော ငွေခက်ခဲကြတာပါ့။ ဘယ်လုံ‌ လောက်ပါ့မလဲ။ စားစရာသောက်စရာကတော့ အခုနေတော့ဆန်တို့ပေါ့နော့ အဲ့လိုမျိုးတွေခက်ခဲတယ်။ဆောင်းပိုင်းရောက်တော့စောင်တို့၊ အနွေးထည်တို့အဲ့လိုမျိုးတွေပါ့။"

မုံရွာကိုခြင်းခတ်သွားတဲ့ ဆားလင်းကြီးက လူငယ် ၂ ဦးကို စစ်တပ်က ဖမ်းဆီးပေါ်တာဆွဲ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကနေ မုံရွာမြို့ပေါ်ကို ခြင်းခတ်သွားတဲ့လူငယ် ၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးပေါ်တာဆွဲသွားတယ်လို့ မုံရွာမြို့ခံတွေက ပြောပါတယ်။

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းမှာ WAB ဦးဆောင်ပြီး လူ့အခွင့်အရေးနေ့ လှုပ်ရှားမှုပြုလုပ်ခဲ့ (ရုပ်/သံ)

ဒီဇင်ဘာလ ၁၀ ရက်မှာကျရောက်ခဲ့တဲ့ ၇၆ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် အမျိုးသမီးမဟာမိတ်အင်အားစု Women Alliance Burma - WAB အဖွဲ့က ဦးဆောင်ပြီး စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းက မြို့နယ်တချို့မှာ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။

ရေနံချောင်းမှာ ရဲဒုတပ်ကြပ် ၂ ဦးပစ်သတ်ခံရပြီး လက်ပစ်ဗုံးနဲ့ပစ္စည်းတချို့ရရှိ

“ရဲဒုတပ်ကြပ် ၂ ဦးကို မကျည်းတိုင်း-ဖိုးကိုးလမ်းမပေါ်မှာ လိုက်လံဖမ်းဆီးတာ၊ အဖမ်းမခံဘဲနဲ့ သူတို့မှာပါတဲ့ လက်ပစ်ဗုံးနဲ့ ပြန်လည်ခုခံတာလုပ်လို့ နေရာမှာတင်ပစ်ခတ်ခဲ့တာပါ၊ ၁ ဦးက‌တော့ ၁ ချက်မှန်ပြီး နောက်၁ ဦးကတော့ ၂ ချက်မှန်တာ၊ နေရာမှာတင် ၁ ဦးကတော့သေတယ်၊ ၁ ဦးကတော့ အသက်ရှင်လျက်ပါလာပြီး သွေးထွက်လွန်သေသွားတာ”

ကလေးမြို့နယ်မှာ စစ်ကောင်စီလက်နက်ကြီး ကျည်ထိလို့ ကိုယ်ဝန်ဆောင်အပါအဝင် အမျိုးသမီး ၃ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နတ်မြောင်းရွာမှာ ဒီဇင်ဘာ ၁၂ရက် ဒီနေ့မနက်အစောပိုင်းမှာ စစ်ကောင်စီလက်နက်ကြီးကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦးအပါအဝင် ဒေသခံအမျိုးသမီး ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တော်လှန်ရေးအင်အားစု‌တွေဘက်က ပြောပါတယ်။

မြို့ပေါ်ဈေးတက်ရောင်းချိန် စျေးသည်တွေ စစ်ကောင်စီရန်ကြောင့် ခရိီးပိုကြာတဲ့ တောလမ်းကိုအသုံးပြုနေရ

"မနက်ပိုင်းလည်း သူတို့ရှေ့က မဖြတ်ရဲဘူး။ ညနေအပုပ်ချိန်ဆို ပိုးဆိုးတာပေါ့။ အဲ့ဂိတ်ကဟာတွေက နေ့ညမရွေး ပုလင်းလိုက် ထောင်သောက်တာ။ လက်တားခေါ်ပြီး ပိုက်ဆံဆို သိန်းဂဏန်းအောက်မလျော့ဘူး တောင်းတာ၊ မိန်းမပျိုလေးတွေပါရင် ထားခဲ့ခိုင်းတာတော့။ ဒူးထောက်ပါ တောင်းပန်ရတယ်။ အဲ့ကြောင့် သူတို့ရှေ့က မဖြတ်သွားရဲတော့တာ။"

စစ်တပ်ကဗုံးကြဲလို့ အမျိုးသမီး ၁ ဦးသေဆုံးပြီး အိမ် ၁၂ လုံးပျက်စီး

“ဂျက်ဖိုက်တာနဲ့ ၂ ကြိမ် ပတ်ပြီးကြဲချသွားတာ။ ဗုံးကတော့ ဘယ်အမျိုးအစားတွေသုံးတာ‌‌တော့ မသိဘူး။ ဗုံး ၂ လုံးရွာထဲကျတဲ့အခါမှာ နေအိမ် ၁၂ လုံးကျော် ပျက်စီးသွားတယ်။”

စစ်ကိုင်းနဲ့မကွေးတိုင်းအတွင်းမှာ WAB ဦးဆောင်ပြီး လူ့အခွင့်အရေးနေ့လှုပ်ရှားမှုပြုလုပ်ခဲ့

WAB အဖွဲ့ဝင်အမျိုးသမီးတွေက အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း-UDHR ပါ အချက်တွေ၊ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေးဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ် - CEDAW နဲ့ ပတ်သက်တဲ့အကြောင်းအရာတွေ ကျား၊မရေးရာအခြေပြု အကြမ်းဖက်မှု - GBV ဆိုင်ရာ အသိပညာတွေကိုမျှဝေပေးခဲ့တယ်လို့ WAB ရဲ့အဖွဲ့ဝင် ဆရာမ မနွယ်နွယ်မိုးက ပြောပါတယ်။

မြိုင်မြို့နယ်က လောင်းကစားဝိုင်းတွေကို အုံလိုက်ကျင်းလိုက်ဝင်ရောက်ဖမ်းဆီးမယ်လို့ မြို့နယ်ပကဖ စာထုတ်

“မြို့နယ်တွင်းမှာ လောင်းကစားပြုလုပ်မှုတွေကြောင့် စီးပွားရေးပျက်တယ်၊ ဆင်းရဲမွဲတေမှုတွေ ဖြစ်တယ်။ ခိုက်ရန်ဖြစ်ကြတယ်၊ သတ်ဖြတ်လုယက်မှုတွေလည်း ဖြစ်လာနိုင်တယ်။ အဲ့လိုဆိုးကျိုးတွေ မဖြစ်လာဖို့အတွက် ဖမ်းဆီးအရေးယူမှုတွေ လုပ်ဆောင်သွားမယ်။”

သုံးဆယ်မြို့က ၀င်္ဂဘာဘုရားပွဲကာလအတွင်း လူငယ် ၁၅ ဦး ပေါ်တာဆွဲခံရ

"စစ်မှုထမ်းအတွက် ဖမ်းတာပါပဲ။ (ပိုက်ဆံ)ပေးနိုင်တဲ့သူကတော့ ပြန်ထွက်ပေါ့။ မပေးနိုင်တဲ့သူကတော့ တပ်ထဲသွားပေါ့။ ခွဲတမ်း ၅ ဦးပေးရမယ်ဆို ၁၀ ယောက်လောက်၊ ၂၀ ယောက်လောက် ဖမ်းလိုက်တယ်။ ပိုက်ဆံရတဲ့သူကို ပိုက်ဆံယူတယ်။ မရတဲ့သူကို စစ်မှုထမ်းထည့်တာ။"

ပျူစောထီးထိန်းချုပ်ထားတဲ့ဇီးပြားရွာက ဘုန်းကြီး ၄ ပါးအပါ ၁၇ ဦး အစာပြတ်လပ်လို့ PDF ထံ ထွက်ပြေးခိုလှုံလာ

“ဆား၊ ဆီ၊ ဆန်တို့မရှိတော့ကျတော့ ရွာထဲမှာ လုံးဝ‌မနေချင်ကြတော့တာ။ တချို့ကျလည်း စစ်** ရဲ**တွေက ရွာထဲကထွက်လို့ရှိရင် ပစ်သတ်မယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကလည်း ခင်ဗျားတို့ကိုတွေ့ရင် ပစ်သတ်မှာဆိုပြီး ခြိမ်းခြောက်ခံထားရလို့ သူတို့တွေမထွက်ရတာ။ အခုတော့ ထွက်ရတာအဆင်ပြေလို့ သူတို့အရဲစွန့်ပြီး ထွက်လာတာ။”

ကလေးမှာ စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးနေပြီး ကျပ်သိန်း ၁၀၀ နဲ့ပြန်ရွေးခိုင်း

"ဖမ်းသွားတဲ့သူကို သိန်း ၁၀၀ ပေးနိုင်ရင် လွှတ်ပေးတယ်။ မရွေးနိုင်တာတို့ ရွေးချိန်နောက်ကျတာတို့ဆိုရင် စစ်မှုထမ်းတဲ့အထဲ ထည့်တယ်။ အသက် ၁၈ နှစ်မပြည့်ရင်တော့ ပြန်လွှတ်တယ်။"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10