သတင်း

မန္တလေးမြို့မှာစစ်မဖြစ်ရေးဟုဆိုကာ စစ်တပ်က လက်သပ်မွေးထားတဲ့ ပျူစောထီးတွေဆန္ဒပြ

"ပြောရရင် လူမိုက်ပေါက်စလေးတွေကို ခေါ်ထားတာပေါ့။ နားအပေါက်ကြီးကြီးဖောက်ထားတဲ့ကောင်တွေ၊ တက်တူးအပြည့်နဲ့ကောင်တွေ၊ ပုံမှန်ဆို တီရှပ်အစိမ်းရောင်ကို မြန်မာအလံရင်ဘတ်မှာ ရိုက်ထားတဲ့ အင်္ကျီဝတ် ထားတဲ့ ပျူစောထီးတွေ။ အခုအဝတ်လဲပြီး ဆန္ဒပြန်ပြနေတာ"

သပိတ်ကျင်းတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ဒုတပ်ရင်းမှူး ရုပ်အလောင်းကို ဂူသွင်းသင်္ဂြိုဟ် (ရုပ်/သံ)

ကျဆုံးရဲဘော်ဟာ အသက် ၃၆ နှစ်အရွယ် ဒုတပ်ရင်မှူး ရဲဘော်စံသိန်း ဆိုသူဖြစ်ပြီး သြဂုတ် ၂၆ ရက်က မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကွင်း ၅၀၀ တိုက်ပွဲမှာကျဆုံးခဲ့တာလို့ တပ်ထောက်တာဝန်ခံ နေမျိုးပဲခူး က ပြောပါတယ်။

ကလေးနယ်က ယာယီဆေးခန်း လေကြောင်းကနေဗုံးကြဲခံရလို့ PDF တဦး ကျဆုံး

“ဆေးခန်းရဲ့ လှေကားပေါ်ကို တည့်တည့်ကျတာ။ ဆေးခန်းလုံခြုံရေး တာဝန်ယူထားတဲ့ ရဲဘော်တဦး ကျတယ်။ ခန္ဓာပျောက် ဦးခေါင်းနဲ့ ခြေထောက်ပဲကျန်တယ်။ ၂ ဦး အပြင်းအထန်ဒဏ်ရာရတယ်။”

ခရီးသွားကားတွေကို ပိုက်ဆံတောင်းနေတဲ့စစ်အုပ်စု တိုက်ခိုက်ခံရပြီး သေဆုံးမှုများဟုဆို

“လက်နက်ကြီးနဲ့ပစ်တာ ၃ လုံးက စခန်းကိုကျော်ကျပြီး ကျန်တဲ့အလုံးတွေက စခန်းထဲကိုကျတယ်။ (ဒရုန်းနဲ့) ဗုံးကြဲမှုမှာတော့ စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးတယ်။”

ပြည်သူတွေလှူဒါန်းတဲ့ပိုလျှံငွေဖြင့် စာသင်ဆောင် ၁၀ ခုမြောက်ကို ဆောက်လုပ်ပေး (ရုပ်/သံ)

"စာသင်သား ကလေးတွေကများလာတယ်။ မြေပြင်မှာလည်း တကယ်လိုအပ်နေလို့ လှူဖြစ်တာပါ။ အလှူရှင်တွေက ပိုလှူကြတာတွေရှိပါတယ်။အဲ့ဒီပိုလျှံငွေတွေထဲက ကျောင်းဆောင်လှူဖြစ်ခဲ့တာပါ"

မင်းတုန်းမြို့နယ် ပကဖ သင်တန်းဆင်းပွဲကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

သင်တန်းဆင်းပွဲကို မင်းတုန်းမြို့နယ်တနေရာမှာ သြဂုတ် ၂၈ ရက်က ပြုလုပ်ခဲ့တာဖြစ်ပြီး နံနက်၉ နာရီမှာ သင်တန်းဆင်းပွဲကို အောင်မြင်စွာ ပြုလုပ်ပြီးနောက် နာရီဝက်အကြာမှာ အခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာပါ။ ဗုံးကြဲတိုက်ခိုက်ခံရပေမယ့် ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ ဆိုပါတယ်။

ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်းမှ ဒုတပ်ရင်းမှူးဈာပနကို မွေးရပ်မြေမှာပြုလုပ် (Photo News)

ရှမ်း-မန်းစစ်ဆင်ရေးအတွင်း ကျဆုံးခဲ့တဲ့ ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်းက ဒုတပ်ရင်းမှူးတဦးရဲ့ ဈာပနကို သူ့မွေးရပ်မြေ စစ်ကိုင်းတိုင်းထဲကကျေးရွာတရွာမှာ သြဂုတ် ၂၈ ရက်က ပြုလုပ်ခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်း တပ်ထောက်တာဝန်ခံ ကိုနေမျိုးက ပြောပါတယ်။

လက်ပံတန်းမှာ စစ်ကောင်စီတပ်နဲ့ PDF တိုက်ပွဲဖြစ်ပြီး နှစ်ဘက်ထိခိုက်မှုရှိ

“တိုက်ပွဲက အသာစီးရပြီး အလောင်းတွေလည်း မြင်နေရပြီ။ လက်နက်ကောက်မလို့လုပ်တဲ့ အချိန်မှာ သူတို့ဘက်က လက်နက်ကြီးတွေ ဒရုန်းတွေနဲ့တိုက်ခိုက်လာလို့ ကျနော်တို့တပ်ခွဲမှူးတဦးလည်း ဒဏ်ရာရသွားတယ်၊ အဲဒါနဲ့ နောက်ပြန်ဆုတ်ခဲ့ရတာ။”

တောင်သာနယ်က နေအိမ်မီးရှို့ခံရသူတွေကို ရိက္ခာထောက်ပံ့

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်းက နေအိမ်မီးရှို့ခံရတဲ့ ဒေသခံအိမ်ထောင်စုတွေကို ရိက္ခာထောက်ပံ့ပေးခဲ့တယ်လို့ တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

ပန်းတောင်းမြို့နယ် ရခိုင်ရိုးမပေါ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အပိုင် ရခိုင်ရိုးမပေါ်ကိုတက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၂ တပ်ရင်း သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ Red Star ကပြောပါတယ်။

အဓမ္မဖမ်းဆီးခံရပြီး စစ်သင်တန်းတက်ခဲ့ရတဲ့ စစ်သားတဦး လက်ပစ်ဗုံးယူပြီး အလင်းဝင်လာ

“သူက သင်တန်းဆင်းကာလကလည်း အလင်းဝင်ဖို့ ကြိုးစားတယ်၊ အခက်အခဲအမျိုးမျိုးကြောင့် ဒီဘက်ကို အလင်းမဝင်နိုင်ခဲ့ဘူး။ အခုက ၃ လသင်တန်းပြီးလို့ ရှမ်းပြည်ဘက်ကို တာဝန်ချထားတဲ့အချိန်မှာ သူထွက်ပြေးလွှတ်မြောက်လာပြီးတော့ အလင်းဝင်လာတာပါ”

ငါန်းမြာကြီးရွာကို လေကြောင်းသုံးတိုက်ခိုက်လို့ ပြည်သူ ၂ ဦး သေဆုံး

“အဖိုးကြီး ၁ ယောက်ကတော့ ဒီအတိုင်းပဲ ဒဏ်ရာနဲ့သေသွားတယ်။ အဖွားကြီး။ ၁ ယောက်ကတော့ ဗုံးဒဏ်မခံနိုင်လို့ လေရိုက်ပြီးသေသွားတယ်။ နောက်ထပ်အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရတယ်။ ပြည်သူတွေက ပြေးချိန်တောင် မရလိုက်ဘူး။”

အမြန်လမ်းမှာ ကုန်တင်ကားချင်းကျော်တက်ရာက တိုက်မိပြီး ၁ ဦးသေဆုံး ၁ ဦးဒဏ်ရာရ

" Hino Ranger ယာဥ်ကို Nissan Condor ယာဥ်က ကျော်တက်ရာကနေ ခေါင်းနဲ့ချိတ်ပြီး တိုက်မိသွားတာ။ အရှိန်လည်းပါတာဆိုတော့ ကျော်တက်နဲ့ယာဥ်က ယာဥ်မောင်းသေတယ်။ ယာဥ်နောက်လိုက် ဒဏ်ရာရတယ်"

ပဲခူးအနောက်ခြမ်းမှာ စစ်တပ်က ပေါ်တာအဆွဲကြမ်းနေ

“ လူတွေဂုတ်ကို သေနတ်နဲ့ထုပြီး ဖမ်းခေါ်သွားတာ။ လွတ်လာတဲ့သူက ဘယ်သူ့အမျိုးပါလို့ တာဝန်ရှိသူကိုပြောတော့ လွတ်လာတာတဲ့။ သူ့မှာလည်း သေနတ်နဲ့ထုထားတာ ရောင်ရမ်းနေတာပဲ”

ပေါက်မှာ စစ်တပ်ကဒရုန်းနဲ့တိုက်ခိုက်လို့ အမျိုးသား ၁ ဦးသေဆုံး

" စစ်တပ်က အကြောင်းမဲ့တိုက်ခိုက်တာပါ။ အဲ့ဒီဘက်မှာ တိုက်ပွဲဖြစ်တာမရှိဘဲ ဒရုန်းနဲ့ ဗုံးလာချခဲ့တာပါ။ အိမ်ရှင်အမျိုးသား ၁ ဦး ပွဲချင်းပြီးသေသွားတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10