သတင်း

ရွာပေါင်း ၂၀ ကျော်ပါဝင်ပြီး ၁၀ ရက်ဆက်တိုက် ကျင်းပခဲ့တဲ့ ရိုးရာဘုရားပွဲ (ရုပ်/သံ)

ပေါက်မြို့နယ်၊ အရှေ့ခြမ်းနဲ့ မြိုင်မြို့နယ် အနောက်တောင် တကြောလုံးက ကျေးရွာပေါင်း ၂၀ ကျော်မှာ ရိုးရာဘုရားပွဲကို ၁၀ ရက်ဆက်တိုက် ရက်ရှည်ကျင်းပခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

PDF ကို ၃ နှစ်ကြာတိုက်ပြီး ရလဒ်ကောင်းမရပေမယ့် နမခတိုင်းမှူး ရာထူးတိုး ■ ကာကွယ်ရေးဝန်ကြီးနဲ့ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း/ရေ/လေ) ရာထူးကဖယ်ရှားခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက်ပြီး စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်စစ်ဆင်ရေးတွေကို ကွပ်ကဲနေတဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်ကို ဒုတိယဗိုလ်ချုပ်ကြီးအဆင့်တိုးမြှင့်ပေးပြီး စစ်ဦးစီးအရာရှိချုပ်(ကြည်း) အဖြစ်ခန့်အပ်လိုက်တယ်လို့ နေပြည်တော်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။

ဒီပဲယင်းက ပရဟိတဆေးခန်းမှာ လူ ၁၀,၀၀၀ ကျော် ဆေးကုပေးခဲ့၊ ထပ်မံတိုးချဲ့ရန် ဆေးဝါးလိုအပ်လျက်ရှိ

“ကျနော်တို့အနေနဲ့က ထပ်မံပြီးတော့ ခွဲစိတ်ခန်းတွေ တိုးချဲ့ဖို့တွေ ရည်မှန်းထားတာရှိတယ်။ ဒါပေမဲ့ အခု လက်ရှိအနေအထားအရဆိုရင် ကျနော်တို့ ပုံမှန်ကုသနေရတဲ့ ဆေးဝါးကို အလျဉ်မီအောင် တော်တော်လေး ရုန်းကန်နေရတယ်။ နောက်ပြီးတော့ ကျနော်တို့အနေနဲ့ကလည်း ဆေးခန်းကို ရပ်ပစ်ရမဲ့ အနေအထားထိကို အခုချိန်မှာ ဖြစ်နေတယ်ပေါ့လေ။ ကျနော်တို့လည်း တတ်နိုင်သလောက်တော့ တောင့်ခံနေတယ်။”

လင်းကတောရွာကစစ်ရှောင်တွေ အနွေးထည်နဲ့ စောင်တွေ လိုအပ်နေ၊ ရာသီဥတုကြောင့် သေဆုံးသူတချို့ရှိ

“အခုရက်ပိုင်းအတွင်း လူလတ်ပိုင်း ၂ ယောက်လည်းသေဆုံးတာရှိတယ်။ ရောဂါအခံတော့ ရှိတာပေါ့။ ဆေးရုံ ဆေးခန်းလည်း မလွယ်ကူတာလည်းပါတာပေါ့၊ ရာသီဥတုဒဏ်တွေကြောင့် ရောဂါအခြေနေဆိုးပြီး ဆုံးပါးသွားတာပေါ့။”

PDF အချုပ်ထောင်ကထွက်ပြေးတဲ့ ပျူစောထီး ၂ ဦး ပစ်ခတ်ဖမ်းဆီးချိန်သေဆုံး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်ရှိ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ဖွဲ့ရဲ့ အချုပ်ထောင်ကနေ ထွက်ပြေးသွားတဲ့ ပျူစောထီး ၂ ဦးကို ပစ်ခတ်ဖမ်းဆီးရာမှာ ၂ ဦးစလုံး သေဆုံးခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။

အင်းတကော်မှာ မြေအက်ကွဲနိမ့်ဆင်းသွားလို့ နေအိမ်အဆောက်အဦ ၉ လုံးပျက်စီး

"ပက်ကြားအက်ပြီး မြေက နိမ့်ကျသွားတာ။ ၄ အိမ် ၅ အိမ်လောက်က မီးဖိုချောင်လေးတွေ ပါသွားတယ်။ အိမ်မ နည်းနည်းထိသွားတာ။ ကျန်အိမ်တွေက ပက်ကြားအက်သွားတယ်။ ဘာဖြစ်တာလဲတော့ မသိဘူး။ ကမ်းပါးဘက်ကို လန်ကျသွားတာ၊ ထွက်ကျသွားတာလည်းမရှိဘူး။ နိမ့်ဆင်းသွားတာ။"

မန္တလေးတိုင်းက တိုက်ပွဲရှောင် ဆင်ဦးစီးတွေနဲ့ ဆင်အချို့ကို TNLA ဆီ လွှဲပြောင်း

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ရရှိထားတဲ့ ဆင်တွေထဲက အကောင် ၆၀ကို တအောင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA )ဆီကို လွှဲပြောင်းပေးလိုက်တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)တပ်ဖွဲ့ဆီက သိရပါတယ်။

ရေနစ်ပျောက်ဆုံးနေတဲ့ ကိုရင် ၃ ရက်အကြာမှာသေဆုံးလျက်ပြန်တွေ့

မကွေးတိုင်း၊ ပခုက္ကူမြို့၊ အမှတ် ၁၀ ရပ်ကွက်အနီး ဧရာဝတီမြစ်ကမ်းမှာ ရေဆင်းချိုးရင်း ရေနစ်ပျောက်ဆုံးသွားတဲ့ ကိုရင် ကို ၃ ရက်အကြာမှာ သေဆုံးလျက်ပြန်တွေ့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ထောင်မကျဘဲ ရှေ့တန်းပို့ခံရတဲ့ စစ်ကောင်စီတပ်ပြေး ၁ ဦး ပကဖဆီ အလင်းဝင်လာ

စစ်ကောင်စီတပ်သား ၁ ဦး ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီမှာ ဒီဇင်ဘာလအတွင်း အလင်းဝင် လာခဲ့တယ်လို့ တပ်ဖွဲ့တာဝန်ခံဆီက သိရပါတယ်။

ဆိပ်ဖြူမှာ စစ်ကောင်စီကင်းပုန်းကပစ်ခတ်လို့ တပ်စိတ်မှူးကျဆုံးပြီး ၁ ဦးဒဏ်ရာရ

“ပြန်လွတ်လာတဲ့ ရဲဘော်ပြောပြချက်အရ သူအရင်ဆုံးစမြင်တာ၊ ကတ္တရာလမ်းပေါ်အထွက်မှာ စစ်သားကနေထပြီးတော့ သေနတ်နဲ့ချိန်တဲ့အချိန်မှာ ကိုယ့်ဘက်က ရဲဘော်ကအရင်ဆုံးဦးအောင် ပစ်လိုက်တာ၊ ပစ်ပြီးကာမှ ကျသွားတဲ့ရဲဘော်က ဂန်းတလက်ထဲပါတာကို ပစ်တဲ့ရဲဘော်ဆီက ဂန်းကို လုပစ်ပြီးတော့ကျန်နေခဲ့တာ”

စစ်မှုထမ်းကြေးမပေးနိုင်တဲ့ တံငါသည်အမျိုးသား ၁ ဦး ဖမ်းဆီးခံရ

“မရှိရှိတာ ရောင်ပြီးပေးရတာ၊ ၃ သောင်းပေးရင် အုပ်ချုပ်ရေးမှူးနဲ့ မိန်းမကတာဝန်ယူတယ်လို့ ပြောတယ်၊ ငွေနဲ့မရွေးနိုင်လို့ မြို့သစ်မြို့နယ်ထဲက ဌေးဝင်းကျော်ကိုတော့ စစ်တပ်ထဲထည့်လိုက်တယ်၊ ညကြီး ရဲတွေခေါ်ပြီးဆွဲခံရတာ”

စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသမီး ၁ ဦးကြိုးဆွဲချသေဆုံး

"သူကစိတ်မနှံ့ဘူး။ နေအိမ်ကနေထွက်သွားရာကနေ ဒီနေ့မနက်မှာ သစ်ပင်မှာကြိုးဆွဲချသေ​နေတာကို တွေ့ရတာပဲ။ သူတို့က ရော်ဘာခြစ်တဲ့သူတွေ။ သူကအရင်ကတည်းကလည်း စိတ်မနှံ့ဘူး။ "

ကနီမှာ လေကြောင်းကြဲခံရလို့ ကျောင်းသား ၃ ဦးအပါ ၅ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲက ကျေးရွာ ၂ ရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲချခဲ့တာကြောင့် ကျောင်းသား ၃ ဦးအပါအဝင် ၅ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဝမ်ပေါင်စက်ရုံအနီး စစ်ကြောင်းထိုးနေလို့ ကြက်သွန်စိုက်တောင်သူတွေ ထွက်ပြေးနေရ

“လက်ရှိအချိန်က ကြက်သွန်စိုက်ပျိုးချိန်ဆိုတော့ လမ်းနဲ့ နီးတဲ့စိုက်ခင်းတွေကို စိုက်သမတွေသွား မစိုက်ရဲဘူး။ စိုက်ခင်းတွေက ရက်သတ်မှတ်ထားတယ်လေ၊ ခေါ်ထားတဲ့ စိုက်သမတွေ မစိုက်ရဲတော့ စိုက်ရက်တွေလွဲ စိုက်မရပျိုးမရတဲ့ အခြေနေတွေ တွေ့ကြုံနေရတယ်"

စမ်းကလေးမြောက်ရွာကို မီးကြိုးလာပြင်တဲ့စစ်ကောင်စီအဖွဲ့က ရွာကိုမီးရှို့

မကွေးတိုင်း၊ စလင်းမြို့နယ်၊ စမ်းကလေးမြောက်ရွာကို ဒီဇင်ဘာ ၁၆ ရက်နေ့လယ် ၁ နာရီကျော်မှာ စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10