သတင်း

ပဲခူးရိုးမမှာ လူ ၅ ဦး အသတ်ခံရမှုကို စစ်ဆေးဖို့ တော်လှန်ရေးအင်အားစုတွေ NUG ထံ တိုင်ကြား

ဩဂုတ်လအတွင်းမှာ ပဲခူးရိုးမပေါ်ကို ဇီးကုန်းမြို့နယ်၊ ဘော်ဘင် - ကံကြီးကျေးရွာက အမျိုးသား ၅ ဦး ကျွဲဆွဲသွား(သစ်ဆွဲ)စဉ် သာယာဝတီခရိုင်တပ်ရင်း အမှတ် ၁ တပ်ရင်းမှူး ဗိုလ်မိုးကြိုးကြီးက ဖမ်းဆီးစစ်ဆေးပြီး ပျူစောထီးလို့ဆိုကာ သတ်လိုက်တာကို ကန့်ကွက်ရှုတ်ချကြောင်းနဲ့ တရားမျှတမှုပေါ်ပေါက်အောင် စစ်ဆေးဖော်ထုတ်အရေးယူပေးပါလို့ တိုင်ကြားစာမှာ ဖော်ပြထားပါတယ်။

ပခုက္ကူမြို့ မြန်မာ့စီးပွားရေးဘဏ် လုံခြုံရေးစစ်သား ၁ ဦး ပစ်သတ်ခံရ၊ MA 3 ၁ လက်နဲ့ ကျည်၊ ကျည်ဘောက်တွေ သိမ်းဆည်းရရှိ

“ပခုက္ကူမြို့မရဲစခန်းနဲ့ မီတာ ၁၀၀ အကွာမှာရှိတာ၊ ** ၁ ကောင်လဲကျသေပြီး အဲဒီအနားမှာရှိတဲ့ မော်တော်ပီ ကယ် ၃ ကောင်ကတော့ မြန်မာ့စီးပွားရေးဘဏ်ထဲ ထွက်ပြေးသွားကြတယ်။”

Zero ပြောက်ကျားတပ်ရဲ့ ဇာတိမြေကမ်ပိန်း ပြုလုပ် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်အခြေစိုက် Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇ - မြင်းခြံခရိုင်အနေနဲ့ မြင်းခြံခရိုင်ထဲမှာ တိုက်ပွဲတွေဆင်နွှဲကာ ဇာတိမြေပြန်ဖို့အတွက် ဇာတိမြေကမ်ပိန်းပြုလုပ်နေတယ်လို့ အဲ့ဒီတပ်ရင်းရဲ့ တပ်ရင်းမှူး ဗိုလ်သက်ကြီးက ပြောပါတယ်။

စစ်တပ်ကမီးရှို့ခဲ့တဲ့ လက်ပံတန်းက ကျေးရွာ ၂ ရွာမှ ဒေသခံ ၁,၀၀၀ ကျော် ရွာထဲပြန်မဝင်နိုင်သေး

“ရေငံမှာ စစ်တပ်က မီးရှို့ပြီး တပ်စွဲနေလို့ ရွာသားတွေ ပြန်မဝင်ရသေးဘူး။ အဲလိုပဲ ရေငံနဲ့ တမိုင်လောက်ဝေးတဲ့ အုတ်ဖိုစုက ရွာသားတွေကလည်း စစ်တပ်ကို ကြောက်လို့ ရွာထဲပြန် မဝင်ရဲကြဘူး”

မီတာခ ၂ ဆကျော်တိုးကောက်ဖို့ စစ်ကောင်စီပြင်ဆင်

"ကျနော်တို့လုပ်ငန်းက လျှပ်စစ်နဲ့ကောစက်သုံးဆီနဲ့ပါသုံးပြီး တွဲလုပ်နေရတာ။ အရင်ကတောင် တလ ၃ သိန်းလောက်မီတာခ ပေးနေရတာ။ အခုဆို ၆ သိန်း ၇ သိန်းလောက် ကျတော့မယ်။ စက်သုံးဆီစျေး တက်တာ၊ ပဲစျေးတက်တာတွေကြောင့် လုပ်ငန်းကအခြေနေမကောင်းရတဲ့အထဲ အခုဆိုပိုဆိုးပြီ"

တောင်ငူ ဒုတိယအကြိမ်ရေကြီးမှုမှာ ရေဘေးသင့်သူ ၁၀,၀၀၀ ကျော်ရှိလာပြီး ရေနဲ့ရိက္ခာလိုအပ်နေ

"အဓိက လိုနေတာကတော့ အိမ်တွေမှာကျန်နေတဲ့သူတွေ၊ ကူညီထောက်ပံ့ရေး မသွားနိုင်တဲ့နေရာကသူတွေက ပိုလိုအပ်နေတယ်။ ကျနော်တို့တွေကျတော့လည်း သွားလာဖို့က အခက်ခဲတွေကြောင့် အကန့်အသတ်နဲ့ နိုင်သလောက်ကူပေးနေတာဆိုတော့ နေရာစုံမရောက်ဘူး။ မြို့ပေါ်က ကယ်ဆယ်ရေး စခန်းကလူတွေကျတော့ အခက်အခဲရှိပေမယ့် ကျန်တဲ့ရွာတွေဘက်ကလူတွေထက်တော့ နည်းနည်းပိုအဆင်ပြေတယ်ပြောရမယ်"

ယင်းမာပင်နယ်က PDF ရဲဘော်တွေကို ယူနီဖောင်းထောက်ပံ့ (Photo News)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်း ၃၉ မှ ရဲဘော်တွေအတွက် ပထမဆုံးအကြိမ်ယူနီဖောင်းတွေ ထောက်ပံ့ပေးခဲ့တယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ဆီက သိရပါတယ်။

ခင်ဦးက ကျေးရွာ ၄ ရွာကို လေယာဥ်နဲ့ ဗုံးကြဲလို့ ဒေသခံ ၃ ဦးဒဏ်ရာရ

"ရွာထဲကို ရော့ကတ် ၅ လုံး၊ ဗုံးသီး ၃ လုံး ချသွားတာ။ ကျနော်တို့က အစောပိုင်းကတည်းက ရွာသူ ရွာသားတွေ ရွာမှာမနေဘဲ တောထဲမှာသွားအိပ်ကြဖို့ ပြောထားတဲ့အတွက် အထိအခိုက်က ၃ ဦးပဲရှိတာ။"

ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ယာဥ်မောင်းအိပ်ငိုက်ရာမှ ကားချင်းတိုက်မိလို့ ၇ ဦးဒဏ်ရာရ

"ခရီးသည်တင် ယာဥ်မောင်းက အိပ်ငိုက်သွားတာ။ ကားကလမ်းဘေးထိုးကျချိန် ပြန်ဆွဲတင်ရာကနေ လမ်းတဖက်ရောက်သွားပြီး အိမ်စီးကားကို သွားဝင်တိုက်တာ”

အမြန်လမ်းက စစ်တပ်ဂိတ်စခန်းသိမ်းတိုက်ပွဲမှာ ၅ ဦးသေဆုံးပြီး ဗိုလ်ကြီးအပါ ၂ ဦးဖမ်းမိ

“စခန်းကို သိမ်းဆည်းရမိလိုက်တယ်။ စကစဘက်က ၅ ဦးသေတယ်။ အရှင်ဖမ်းမိတဲ့ထဲမှာ တပ်မ ၉၉ က ဗိုလ်ကြီး ၁ ယောက်ပါတယ်။ အဲ့စခန်းက ပုံမှန်ဂိတ်စခန်းတွေနဲ့ မတူဘူး။ တပ်မ ၉၉ နဲ့ ရေတပ်က လူတွေကို ပေါင်းပြီးထားတာများတယ်။”

တိုက်ပွဲပြန် ဗျူဟာ ၄၇ ရဲဘော်တွေကို ပြည်သူတွေက ဂုဏ်ပြုကြိုဆို (ရုပ်/သံ)

ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ရဲစခန်းတိုက်ပွဲနဲ့ ပုလဲနယ် အင်မထီးပျူစောထီစခန်းတိုက်ပွဲမှာ တိုက်ခိုက်ပြီးပြန်လာတဲ့ ဗျူဟာ ၄၇ ကရဲဘော်တွေကို သြဂုတ် ၂၇ ရက်မှာ ဒေသခံပြည်သူတွေက ကြိုဆိုခဲ့ကြတယ်လို့ ယင်းမာပင်ခရိုင် အမှတ် ၃၆ တပ်ရင်း၊ မဟူတောင်_ဒေါင်းနီတပ်ခွဲဆီက သိရပါတယ်။

ထီးလင်းက စစ်သားတဦး အထက်အရာရှိရဲ့ စနိုက်ပါကိုယူပြီး အလင်းဝင်

“သူထွက်လာမယ်ဆိုတဲ့အချိန်မှာ သူ့သေနတ်က သူ့ရဲ့တပ်ကြပ်ကြီးက ငှားသွားတယ်။ အဲ့ဒါကြောင့် သူ့အထက်အရာရှိရဲ့ သေနတ်ကိုယူပြီးမှ ပြေးလာတာ။ တပ်ထဲကနေ သူပုံမှန်ပဲ လမ်းလျှောက်ပြီးထွက်လာတယ်။ ကျနော်တို့နဲ့တွေ့တဲ့အချိန် ကားနဲ့တင်ပြီး ခေါ်လာတယ်”

မန္တလေးမြို့မှာစစ်မဖြစ်ရေးဟုဆိုကာ စစ်တပ်က လက်သပ်မွေးထားတဲ့ ပျူစောထီးတွေဆန္ဒပြ (ရုပ်/သံ)

မန္တလေးနန်းတွင်းရှေ့ ရှော့တိုက်ဒုံးနဲ့ ထပ်ပစ်ခံရပြီးတဲ့နောက်မှာ မန္တလေးမှာ စစ်ကောင်စီက လက်သပ်မွေးထားတဲ့ ပျူစောထီးတွေနဲ့ ဘုန်းကြီးတွေဦးစီးပြီး မန္တလေးမြို့စစ်မဖြစ်ရေးဆိုကာ သြဂုတ် ၂၉ ရက် ဒီနေ့မှာ ဆန္ဒပြခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ပဲခူးနယ်၊ ဝင်္ဂဘော် ECBT ဆင်စခန်းမှာ ဆင်အမွှာပူးမွေးဖွား

"ဒီဆင်စခန်းမှာ ဒါပထမဆုံး မွေးတာပေါ့နော်။ အထီးတကောင် အမတကောင်ပါ"

မိုင်းထောင်နေချိန် မတော်တဆဖြစ်ပြီးပေါက်ကွဲလို့ အမျိုးသား ၂ ဦးသေဆုံး

"မိုင်းက ဘယ်လိုဖြစ်ပြီး ထကွဲလဲဆိုတာတော့ သေချာမသိရသေးဘူး။ သွားတာက ၃ ဦး။ ခုလောလောဆယ်မှာ မိုင်းပေါက်ကွဲလို ၂ ဦးသေတယ်။ ၁ ဦးပျောက်နေတယ်လို့တော့ သိထားရတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10