သတင်းတို

ရေစကြို၊ ဆင်မရဲပျူစောထီးစခန်း တိုက်ခိုက်ခံရပြီး စစ်အုပ်စု ၁၀ ဦးထက်မနည်းသေဆုံး

" ဒီဘက်က အင်အားအလုံးအရင်းနဲ့ဝင်တော့ စကစတွေဘက်က ရေရှည်တင်းမခံနိုင်ဘဲ ထွက်ပြေးကုန်တယ်။ စကစနဲ့ပျူတွေ သေဆုံးတာတော့ ရှိတယ်"

ရေနံချောင်းက အုပ်ချုပ်ရေးမှူးတဦး ပစ်သတ်ခံရ

“ကျနော်သိရတာကတော့ သူ့အိမ်ကနေထွက်အလာ အိမ်ရှေ့မလှမ်းမကမ်းမှာ သေနတ်နဲ့ ပစ်သတ်သွားတာ”

စစ်ရေးအခြေအနေကြောင့် ဝက်လက်-ရွှေဘိုကားလမ်း ဆက်လက်ပိတ်ထား (ရုပ်/သံ)

စစ်အုပ်စုက ဇန်နဝါရီ ၂၃ ရက်မှာ ရွှေဘိုမြို့ဘက်ကနေ စစ်ကား ၁၃ စီးနဲ့ ဆင်းလာပြီး ဝက်လက်မြို့နယ် စိုင်နိုင်ကွေ့မှာ အထိုင်ချထားတဲ့တပ်ဆီကို ရောက်လာတာဖြစ်လို့ ဒီကားတွေပြန်ထွက်ရင် တိုက်ပွဲဖြစ်လာနိုင်တဲ့ အခြေအနေကြောင့် ကားလမ်းကိုပိတ်ထားတာလို့ တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်တဦးကပြောပါတယ်။

မံစီမြို့နယ်က သိမ်းပိုက်နယ်မြေတွေကို KIA စစ်ဦးစီးချုပ်နဲ့ NUG ကာကွယ်ရေးဝန်ကြီးတို့ လှည့်လည်စစ်ဆေး

ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မန်ဝိန်းကြီးနယ်မြေအတွင်းက စစ်ကောင်စီစခန်းကုန်းနေရာတွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနတာဝန်ရှိသူနဲ့ KIA တာဝန်ရှိသူတွေ လှည့်လည်စစ်ဆေးခဲ့ကြတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၇ ရက် ဒီနေ့မှာထုတ်ပြန်လာပါတယ်။

မဘိမ်းမြို့ကို တော်လှန်ရေးတပ်တွေဆက်ထိန်းချုပ် ထွက်ပြေးတဲ့ စကစတပ်ဖွဲ့ဝင်တချို့ကို ဖမ်းဆီးရမိ (ရုပ်/သံ)

“တိုက်ပွဲဖြစ်ရင်းနဲ့ ထွက်ပြေးတဲ့သူတွေရော သိမ်းပြီးနောက်ပိုင်းမှ ထွက်ပြေးတဲ့သူတွေရော လိုက်ဖမ်းနေတယ်။ လိုက်ဖမ်းရင်း ထိတွေ့မှုဖြစ်တဲ့ ပုံစံမျိုးဖြစ်တာတွေရှိတယ်။ ထပ်မံဖမ်းဆီးရမိထားတာတွေ ရှိပါတယ်၊ အသေးစိတ်အခြေအနေတွေတော့ ပြောဖို့အဆင်မပြေသေးတာပါ ”

ငါန်းဇွန်မှာ စစ်ကောင်စီကား ၂ စီးမိုင်းဆွဲခံရလို့ သေဆုံးမှုရှိ

“မိုင်းဆွဲလိုက်တာမှာ ကား ၂ စီးလုံးဆွဲမိတာ။ ကျနော်တို့က ပဒေသာစဉ်ထားတာ အတန်းလိုက်ကြီး။ မိုင်းတပွိုင့်ကို ၁၀ ပေလောက်ပဲကွာတာ။ မိုင်း ၁၅ လုံးအတန်းလိုက်ထောင်ထားတာ။ Light Truck ကားကတော့ လမ်းဘေးထိုးကျသွားတာ။”

ကန့်ဘလူမြို့ပေါ် ကို စစ်ကောင်စီနဲ့ ပျူစောထီး အင်အားရာကျော်ရောက်ရှိ တိုက်ပွဲပြင်းလာနိုင် (ရုပ်/သံ)

မနက်ပိုင်းမှာ ရွှေဘိုဘက်ကနေ စစ်ကားအများအပြားနဲ့ ရောက်ရှိလာပြီး မြို့လယ်ခေါင်မှာ ပျူစောထီးခေါင်းဆောင် ဦးဝါသဝအပါအဝင် စစ်တပ်ထောက်ခံသူတွေက ကြိုဆိုခဲ့ကြပါတယ်။

ကော့သောင်းဘက်ကလာတဲ့ စစ်ကူတွေ ကျောက်ကြီးကို စစ်ကြောင်းထိုးရမယ်ဆိုလို့ ၁၂ ဦးထွက်ပြေး

“ ကျောက်ကြီးကို အင်အားဖြည့်ဖို့ ကော့သောင်းကနေ ရန်ကုန်ကိုသင်္ဘောနဲ့တဆင့်၊ ရန်ကုန်ဆိပ်ကမ်းကနေ ကားတွေနဲ့ခေါ်လာပြီး ပဲခူးမှာ တညအိပ်နားပြီးတော့ တောင်ငူကို ၂၄ ရက်နေ့မနက်ပိုင်းက ရောက်လာတယ် ။ အဲ့ဒီညပိုင်းမှာပဲ ဖြူးနယ်ထဲကို စစ်ကြောင်းထွက်ရတဲ့အချိန်ထွက်ပြေးကြတာ။ ထွက်ပြေးတာက တောင်ငူနဲ့ဖြူးကြားမှာလို့ သိရတယ် ”

နတ်မောက်မြို့နားထိကပ်ကာ လက်နက်အပြည့်အစုံနဲ့ ဆန္ဒပြခဲ့ကြတဲ့ ဂဠုန်တပ်

"ကျနော်တို့က မြို့အထိကပ်နေပြီ။ ကျနော်တို့နဲ့ ထိပ်တိုက်တွေ့ဖို့ သူတို့မှာရင်မဆိုင်ရဲဘူး။ အခုကျနော်တို့ ဆန္ဒပြတဲ့နေရာကို သူတို့သိတယ်။ ဆန္ဒပြမှန်းလည်း သိတယ်။ သူတို့လာပြီးတော့ မတိုက်ခိုက်ရဲဘူး။"

တောင်ငူနယ်မှာ စစ်ကောင်စီဘက်က တပ်စခန်း ၃ ခု စွန့်ခွာထွက်ပြေး

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ထဲက တပ်စခန်း ၃ ခုကို စစ်ကောင်စီဘက်က ထပ်မံစွန့်ခွာ ထွက်ပြေးသွားတယ်လို့ ဇန်နဝါရီ ၂၇ ရက်မှာ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

စလင်းက ပျူစောထီးခေါင်းဆောင် အုပ်ချုပ်ရေးမှူးကို PDF တွေ ဖမ်းဆီး

"သူက အုပ်ချုပ်ရေးမှူးရော ပျူပါလုပ်တယ်။ ပြည်သူတွေကတိုင်ကြားလာလို့ စစ်ဆေးဖို့ သွားဖမ်းတာပါ”

ဆိပ်ဖြူဘာမထီတပ်စခန်း မီးရှို့ခံရပြီး ရဲဘော် ၂ ဦးကိုလည်း စစ်တပ်က မီးရှို့သတ်သွား

“ကျနော်တို့ လက်လုပ်ပစ္စတို ၁ လက်တော့ ပါသွားတယ်။ ဆိုင်ကယ် ၂ စီး၊ မိုင်းခဲယမ်း အကုန်မီးထဲပါသွားတယ်။ ရဲဘော်ကလည်း ထင်းခွေသွားရင်း မိတာပါ။ စခန်းရောက်မှ ပစ်သတ်ပြီး မီးရှို့ခဲ့တာ”

စစ်ကိုင်းစစ်ကောင်စီဝန်ကြီးချုပ်ဇာတိ ကာဘိုးရွာပျူစောထီးစခန်းတိုက်ပွဲ စစ်အုပ်စုသေဆုံးမှုများပြီး သေနတ် ၈ လက်ရ

" တိုက်ပွဲက တော်တော်ကြာတယ်လို့ ပြောလို့ရတယ်။ ရွာဝန်းကျင်က ကာကင်းတွေအကုန်နီးပါး သိမ်းနိုင်ခဲ့ပြီးတော့ ရွာလယ်က ဘန်ကာတခုလောက်ပဲ ကျန်ခဲ့တာ"

မဘိမ်းမြို့သိမ်းတိုက်ပွဲအပြီး မြင်တွေရတဲ့ စစ်ကောင်စီတပ်ခုခံခဲ့တဲ့ မြို့မရဲစခန်းနဲ့ ခလရ ၂၂၃ တပ် (Photos)

မဘိမ်းမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်က မြို့အခြေစိုက် ခလရ ၂၂၃ တပ်ရင်းနဲ့ မြို့မရဲစခန်းတို့ကနေ အပြင်းအထန်ခုခံခဲ့တာဖြစ်ပြီး အဲ့ဒီနေရာ ၂ ခုကို နယ်ရှင်းလင်းရေးလုပ်ဆောင်ပြီးနောက် ဇန်နဝါရီ ၂၆ ရက်မှာ မြင်တွေ့ရတာလည်း ဖြစ်ပါတယ်။

နွားထိုးကြီးမှာ စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲခံရပြီး ပျူ ၁ ဦးသေဆုံး

“ဖရဲသီးသတင်းပေးချက်အရ ကား ၃ စီးကို နနွင်းတော်ဘို လမ်းခွဲပိုင်းကနေ စောင့်ကြိုပြီး မိုင်းဆွဲ တိုက်ခိုက်ခဲ့တာ၊ အဓိကဆွဲတာက ရှေ့ဆုံးကားကိုမိုင်းဆွဲခဲ့တာပါ၊ ဒါပေမဲ့ ရှေ့ဆုံးကားက Jammer ပါလို့လားမသိဘူး၊ ရှေ့ဆုံးကားကိုမဆွဲမိဘဲနဲ့ နောက်ဆုံးကားကျမှ မိုင်းက ထကွဲတာ”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10