သတင်းတို

မနက်အစောကြီး ဒရုန်းနဲ့ဗုံးချလို့ ကလေး ၂ ဦးအပါအဝင် မိသားစုဝင် ၃ ဦးသေဆုံး (ရုပ်/သံ)

"တကယ့်အိပ်ကောင်းတဲ့အချိန်ပါ။ တော်တော်လေးအိပ်ကောင်းတဲ့အချိန် ဘယ်သူမှလည်း မထင်မှတ်ထားဘူး။ မထင်မှတ်တဲ့အချိန်မှာ လုပ်တာဆိုတော့။ ဆုံးသွားတဲ့ ကလေးတွေဆို ဘာဖြစ်လို့ဖြစ်မှန်းတောင်သိလိုက်မှာမဟုတ်ဘူး။"

သန်းခေါင်စာရင်းကောက်ဖို့လာတဲ့ စစ်အုပ်စု မိုင်းဆွဲခံရလို့ စခန်းမှူးအပါ ရဲ ၂ ဦးဒဏ်ရာရ

"မိုင်းဆွဲခံရတယ်လို့တော့ သိရတယ်။ ၂ ယောက်ထိတယ်။ နယ်ထိန်း ၁ ယောက်နဲ့ စခန်းမှူးက နည်းနည်းထိတယ်။ စခန်းမှူးကတော့ အသစ်ရောက်တာ မကြာသေးဘူး။"

ငါန်းဇွန်မှာ စစ်အုပ်စုဖမ်းဆီးထားသူ ၂၉၀ ကျော်ထဲက အများစုပြန်လွတ်လာ

“အရိုက်ခံရတဲ့သူတွေတော့ ရှိတယ်။ ပေါက်ပြဲအောင် ရိုက်တာမျိုး မဟုတ်ဘူး။ သူတို့ ပြန်လွတ်လာပေမယ့်လည်း ညညအိပ်မပျော်တဲ့သူတွေလည်း ရှိတယ်။ မစားမသောက်နိုင်တဲ့ သူတွေလည်း ရှိတယ်။ ဟိုမှာ သူတို့ကို ဘယ်လောက်ထိရက်စက်ပြခဲ့လဲ မသိဘူး။ ဒီရောက်လာတဲ့အခါ အကြောက်တရားက တော်တော်ကြီး ဆိုးလာတယ်။ သူတို့ကို သွားတွေ့တဲ့အချိန်မှာတောင် သူတို့ ဖြစ်ခဲ့တာတွေကို အကုန်မပြောရဲကြဘူး။ ကြောက်နေကြတယ်”

ထောင်တွင်းဆန္ဒပြမှုတွေမဖြစ်ရေး “ဝန်ကြီးချုပ်မသေဆုံးမီ ဆေးကုသခွင့်ပေးခဲ့ကြောင်း “ အိုးဘိုထောင် အာဏာပိုင်တွေက နိုင်ကျဉ်းတွေကို လာရောက်ရှင်းပြတယ်လို့ဆို

အကျဉ်းထောင်အာဏာပိုင်တွေဘက်က ဒေါက်တာဇော်မြင့်မောင်အပေါ် ဆေးကုသခွင့် အပြည့်အဝပေးခဲ့တယ်လို့ လာရောက်ရှင်းပြခဲ့ပေမယ့် လက်ရှိအထိ အိုးဘိုထောင်အတွင်းနိုင်ကျဥ်းတွေအပေါ် ဆေးဝါးကုသခွင့်ပိတ်ပင်တာနဲ့ ဆေးသယ်ယူခွင့်တင်းကျပ်ထားပြီး အဲ့ဒီလို စစ်ကောင်က ပိတ်ပင်ထားတာနဲ့ပတ်သက်လို့ ထပ်ဆင့်ဝိုင်းဝန်းတောင်းဆိုပေးကြဖို့ကိုလည်း မန္တလေးအိုးဘိုထောင်နိုင်ကျဥ်းတွေက ပြည်သူတွေထံ စာပေးပို့လိုက်ပါတယ်။

အင်အားအလုံးအရင်းနဲ့ စီးနင်းခံထားရတဲ့ မြစ်ခြေမြို့မှာ ဒေသခံ ၃၀ ခန့် ဖမ်းဆီးစစ်ဆေးခံနေရ

“အဖမ်းခံရတာက ကျမမိသားစုတွေပါ။ မိသားစု ၆ စုအဖမ်းခံလိုက်ရတာ။ အိမ်ကနေ ထွက်ပြေးလာတဲ့အခါ စကစတွေနဲ့ လမ်းမှာတွေ့အဖမ်းခံလိုက်ရတာ”

ဗုံးသီး ၅၀၀၀ ကျော် လေယာဉ်နဲ့ကြဲချတဲ့ကြားက ပင်လည်ဘူးမြို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း NUG ထုတ်ပြန်

ပင်လည်ဘူးမြို့သိမ်းစစ်ဆင်ရေးကို ဩဂုတ် ၁၅ ရက်က စတင်ကာဆင်နွှဲခဲ့တာဖြစ်ပြီး ၂ လနီးပါးအကြာ အောက်တိုဘာ ၈ ရက်မှာ အောင်မြင်စွာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ကာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က တိုက်လေယာဉ်၊ တိုက်ခိုက်ရေးရဟတ်ယာဉ်မျိုးစုံနဲ့ အကြိမ်ရေ ၆၇၀ ကျော်၊ ဗုံးသီး အလုံးရေ ၅၀၀၀ ကျော်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

မန္တလေးပျူစောထီးတပ်ဖွဲ့ဝင်အသစ် စစ်သင်တန်းတွေမှာ အမျိုးသမီးတွေပါဝင်မှု များလာ (ရုပ်/သံ)

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက ဖွင့်လှစ်တဲ့ ပျူစောထီးစစ်သင်တန်းမှာ အမျိုးသမီးတပ်ဖွဲ့သစ်တွေ ပါဝင်ခဲ့သလို ယခုအောက်တိုဘာလမှာ ဖွင့်လှစ်တဲ့ ပြည်သူ့စစ်သင်တန်းအပတ်စဉ် ၁၁ မှာလည်း အမျိုးသမီးတပ်ဖွဲ့ဝင်အသစ်တွေ ထပ်မံပါဝင်ခဲ့ပြီး ၎င်းစစ်သင်တန်းကို မန္တလေး ရန်ကင်းတောင်ခြေရှိ တပ်မ ၃၃ လက်အောက် တပ်ရင်းတခုမှာ ဖွင့်လှစ်နေတာလို့ ဆိုပါတယ်။

ရဲ ၁ ဦး အရက်ဆိုင်အိမ်သာထဲမှာ ပစ်ခံရပြီးသေဆုံး (ရုပ်/သံ)

ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့၊ မြို့လယ်အရက်ဆိုင်အိမ်သာထဲမှာ ရဲ ၁ ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့ပါတယ်။

မြစ်ခြေမြို့ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာလို့ မြို့လုံးကျွတ်ထွက်ပြေးနေရ

“ ကျနော်ဆိုရင် အလုပ်လုပ်နေရာကနေ အလုပ်ကိုပစ်ပြီးတော့ မိသားစုနဲ့ထွက်ပြေးလာကြတာ။ ကလေးတွေ (PDF) ရှောင်ဖို့ပြောတယ်။ မြို့အပြင်ဖက်ကနေ သေနတ်ပစ်သံတွေ ကြားခဲ့ရတယ်။”

မန္တလေးပျူစောထီးတပ်ဖွဲ့ဝင်အသစ် စစ်သင်တန်းတွေမှာ အမျိုးသမီးတွေပါဝင်မှု များလာ

မန္တလေးမြို့မှာ စစ်ကောင်စီတပ်က ၎င်းတို့လက်အောက် ပြည်သူ့စစ်(ပျူစောထီး)တပ်ဖွဲ့ဝင်အသစ်တွေကို လစဉ်စစ်သင်တန်းတွေပို့ချနေပြီး အဲ့ဒီစစ်သင်တန်းတွေမှာ ပျူစောထီးအမျိုးသမီးတွေ ဆက်တိုက်ပါဝင်လာတယ်လို့ မန္တလေးစစ်ကောင်စီတပ်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ၁၅ ဆောင်မြောက် စာသင်ဆောင် ဆောက်လုပ်ပြီးစီး (ရုပ်/သံ)

ကျောင်းဆောင်သစ်ဖွင့်ပွဲမှာ ကျောင်သား/ကျောင်းသူတွေကို ဒံပေါက် ကျွေးမွေးခဲ့ပြီး အထက်တန်းကျောင်းသား/ကျောင်းသူတွေအတွက် လိုအပ်နေတဲ့ ဂဏန်းပေါင်းစက် ၁၀ လုံးကိုလည်း ပေးအပ်လှူဒါန်းခဲ့ပြီး စုစုပေါင်း ကျပ်သိန်း ၄၀ ကျော်ကုန်ကျတယ်လို့ ဦးဆောင်သူ မဖူးပွင့်ဝေက ပြောပါတယ်။

အောင်လံမှာ ဆိုင်ကယ်တွေကိုအကြောင်းအမျိုးမျိုးနဲ့ဖမ်းဆီးကာ သိန်းနဲ့ချီငွေညှစ်နေပြီး မပေးနိုင်ရင် စစ်မှုထမ်းရမယ်လို့ ခြိမ်းခြောက်

“ ဆိုင်ကယ်လိုင်စင် စစ်တယ်။ အကုန်စုံရင် လူငယ်တွေဆိုဖမ်းတယ်။ ငွေမပေးနိုင်ရင် စစ်မှုထမ်းရမယ်။ အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးနေတာ နေ့တိုင်းပဲ။”

မင်းတုန်းနယ်ထဲ စစ်ကြောင်းထိုးပြီး ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ လူငယ် ၃ ဦး စစ်ကြောင်းပြန်ထွက်ချိန်အထိ လွတ်မလာ ■ စစ်ကြောင်းထိုးစဉ် ဒေသခံတွေရဲ့ငွေနဲ့ပစ္စည်း ကျပ်သိန်း ၇၀၀ ဖိုးခန့် လုယူသွားတယ်လို့ဆို

“ ကျောက်ဖျာလည်ရွာကနေ ဖမ်းသွားတဲ့ ပြည်သူတွေ ပြန်မလွတ်သေးဘူးလို့ သတင်းရတယ်။ အဲ့လိုပဲ အခြားရွာတွေကနေပြီးတော့ ဖမ်းဆီးတဲ့ပြည်သူတွေရှိတယ်။”

ရှေ့တန်းရောက် PDF တွေအတွက် နေပြည်တော်တိုင်းစစ်ဦးစီးအဖွဲ့က ကျည်ကာပြားနဲ့ ဦးထုပ်တွေ တပ်ဆင်ပေး (Photo News)

"၁ စုံကို မြန်မာကျပ်နဲ့ဆိုရင် ၁၆ သိန်းလောက် ရှိမယ်။ ပြည်တွင်းပြည်ပအလှူရှင်တွေ ထည့်ဝင်တဲ့ငွေနဲ့ ဝယ်တာပါ။"

ယာဉ်စစ်ဆေးဖမ်းဆီးဖို့လာတဲ့စစ်အုပ်စု မိုင်းဆွဲခံရလို့ အမျိုးသမီးယာဥ်ထိန်းရဲ ၁ ဦး ဒဏ်ရာပြင်းထန်

"ဆိုင်ကယ်ဖမ်းမလို့ ထွက်လာတာ။ ဆပလိုင်းချက်(ရှောင်တခင်စစ်ဆေးဖမ်းဆီးခြင်း) ထွက်လာတာ။ သူတို့ရောက်ပြီးသိပ်မကြာဘူး။ ‘အုန်း’ဆို ထကွဲတာ။ တလုံးတည်းကွဲတာ။ လက်ပံပင်ကြီးအောက်က ကွဲတာ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10