သတင်းတို

ရာသီတုပ်ကွေးအဖြစ်များနေလို့ ခင်ဦးနယ်ကစစ်ရှောင်တွေ ဆေးဝါးလိုအပ်နေ

"အခုအချိန် နှာစေး၊ ချောင်းဆိုးတာလောက်တော့ ဖြစ်နေကြတာမို့ ဆေးဝါးအခက်အခဲတွေကတော့ လိုအပ်နေပါတယ်။ ကျ‌နော်တို့ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ကနေပြီး ၁၅ ရက်တခါ စစ်ရှောင်စခန်းတွေကိုလိုက်ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေလည်းပေးနေပါတယ်" လို့ ဗိုလ်လင်းရောင်က ပြောပါတယ်။

ပခုက္ကူက နယ်မြေရဲစခန်းရှိ လုံခြုံရေးရဲတဦး ပစ်ခတ်တိုက်ခိုက်ခံရလို့ သေဆုံး

"ရဲစခန်းရှေ့မှာ ဘန်ကာ ၄ ခုရှိတာ၊ ဘန်ကာတခုကို ရဲတယောက်ဆီ အသင့်စောင့်နေတာကို ဒုတိယမြောက် ဘန်ကာထဲကရဲကို အလစ်အငိုက်ပစ်ခတ်ခဲ့တာပါ။ ပွဲချင်းပြီးသေသွားတယ်။"လို့ သတင်းနဲ့ ပြန်ကြာရေးတာဝန်ခံ ရဲဘော်ဒိုင်းနမိုက်က ပြောပါတယ်။

ဝမ်းတွင်းမှာ SB ရဲအုပ်တဦး သေနတ်နဲ့ ပစ်ခံရလို့သေဆုံး

"သူကမီးပွိုင့်နားက ထမင်းဆိုင်နားမှာ တယောက်တည်း ရစ်တစ်တစ်လုပ်နေတာကိုပစ်ခဲ့တာပါ။ သူ့ကိုလိုက်ထောက်နေတဲ့သူက တွေ့တာနဲ့ ဆော်လိုက်တာပွဲချင်းပြီးပဲ" လို့ WTRF ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

မြိုင်မှာစစ်ဆေးရေးဂိတ်က စစ်အုပ်စုဗုံးကြဲခံရလို့ စစ်သား ၁ ဦးသေဆုံး ၁ ဦးဒဏ်ရာရ

"မြိုင်မြို့မြောက်ဘက် ဘန်ကာတွေနဲ့ အခိုင်အမာလုပ်ထားတဲ့ဂိတ်ကို ဒရုန်းနဲ့ဗုံးကြဲချခဲ့တာ၊ သူတို့က ဒရုန်းလာတာမသိဘူး။ ၁ ဦးကတော့ လဲကျသွားတာတွေ့ရတယ်။ ကျန်တဲ့ ၂ ဦးကတော့ ထိခိုက်ဒဏ်ရာရတယ်။ မနေ့ညက စုံစမ်းတာတော့ မြိုင်ဆေးရုံမှာ ၁ ဦးက သေသွားပြီးပြောတယ်။ ၁ ဦးကတော့ ဒဏ်ရာနဲ့ ကုသဆဲပါ။ သေတာက စစ်ခွေးပါ။"

စစ်အုပ်စုက လက်နက်ကြီးနဲ့ပစ်လို့ လင်မယား ၂ ဦး ထိမှန်ဒဏ်ရာရ

“လက်နက်ကြီးထိမှန်ထားတဲ့ လင်မယားကို ဆေးဝါးကုသမှု ပြုလုပ်ပေးထားပါပြီ။ သူတို့ရဲ့နာမည်တွေကိုတော့ လုံခြုံရေးအရ ပြောလို့မရပါဘူး။ အဲ့ဒီကောင်(စစ်ကောင်စီ)တွေက ဒီရွာတွေကို စစ်ကြောင်းအမြဲထိုးတယ်။ တိုက်ပွဲတွေလည်းဖြစ်တယ်။ အဲ့ဒီရွာထဲမှာ စကစတွေ အထိနာ ထားတဲ့နေရာလည်းဖြစ်တယ်”

ယင်းမာပင်က ပျူစောထီးရွာကို ဒရုန်းနဲ့တိုက်ခိုက်စဥ် ဒရုန်းတစင်းဆုံးရှုံးခဲ့

"ဒရုန်း ၃ စင်း ဗုံးသီး ၆ လုံးနဲ့တိုက်ခိုက်ခဲ့တာမှာ ဒရုန်းတစင်းတော့ ပျက်ကျသွားပါတယ်။ မောင်းသူမဲ့ ဒရုန်းဖြစ်တော့ ကင်မရာ မပါတဲ့အတွက် ထိခိုက်သေဆုံးမှုတော့မသိရဘူး။ ထိခိုက်မှုရှိမှာပါ"

မြင်းမူမြို့နယ်က စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရလို့ သေဆုံးမှုများနိုင်

"ပေ ၁၀၀ လမ်းမပေါ်ကို စကစ စစ်ကြောင်း တပ်စိတ် ၂ စိတ်က အင်အား ၂၀ လောက်နဲ့ ကျနော်တို့ စောင့်နေတဲ့ နေရာကိုရောက်လာတာမှာ ကျနော်တို့က လမ်းဘေးမြောင်းထဲကနေ အနီးကပ် လက်နက်ငယ်တွေနဲ့ ပစ်တာ"

ကမ္ဘာ့လက်ဝှေ့ချန်ပီယံဟောင်း တူးတူး သေဆုံးကြောင်း ၃လကြာမှ မိသားစုကို အသိပေး

“စကစက တူးတူးကို ဖမ်းပြီးကတည်းက သူနဲ့ပတ်သက်တဲ့သတင်းတွေ အမှောင်ချခဲ့ပါတယ်။ ၄ လပိုင်းတုန်းက သေဆုံးကြောင်း သတင်းတွေ ထွက်လာတော့လည်း ကောလာဟလလို့ ထင်ရအောင် သတင်းအမှောင်ထပ်ချခဲ့တယ်။ မိသားစုက သူလွတ်မြောက်ဖို့ အသနားခံစာတင်မယ့်ကိစ္စ ကြိုးစားနေတုန်းမှာ သေဆုံးကြောင်း အသိပေးတာပါ။ တူးတူးသတင်းကို ဘာလို့ အမှောင်ချခဲ့မှန်းတော့ ခန့်မှန်းမရပါဘူး။”

ဝက်လက်မှာ စစ်တပ်က ရွာ ၂ ရွာကိုမီးရှို့ပြီး အမျိုးသားတဦးကို သတ်ခဲ့

အင်အား ၇၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းက သာလိုင်းရွာထဲကို မနက် ၈ နာရီလောက်မှာ ဝင်ရောက်မီးရှို့ခဲ့ပြီးနောက် ကျန်းမာရေးမကောင်းလို့ ရွာကနေမတိမ်းရှောင်ဘဲ ကျန်နေခဲ့ရတဲ့ အသက် ၆၀ အရွယ် ဦးသံချောင်းကို သေနတ်နဲ့ပစ်သတ်ခဲ့တာပါ။

မိုင်းထိဒဏ်ရာနဲ့ဆေးရုံတက်ကုနေတဲ့ PDF သတင်းပေးခံရလို့ ဖမ်းဆီးခံရပြီး ၂ ရက်အကြာမှာ သေဆုံး

"သူဆေးရုံတက်နေရတာကို ဆေးရုံဝန်ထမ်းတဦးက စကစကို သတင်းပေးလိုက်လို့ လာဖမ်းသွားတာ။ သူ့ကို လူနာစောင့်ပေးနေတဲ့သူတွေတောင် မနည်းလွတ်အောင်ပြေးလာရတာ"လို့ နတ်မောက်ဂဠုန် PDFတာဝန်ခံ ဗိုလ်အောင်ဒင်က မြေလတ်အသံကို ပြောပါတယ်။

စျေးတက်ဝယ်ချိန် ဖမ်းခံထားရတဲ့ပြည်သူ ၂၀ နီးပါးကို ထောင်ချမယ်လို့ စစ်ကောင်စီပြော

"ဖမ်းဆီးခံရသူတွေက ဆိုင်ကယ်လိုင်စင်မပါလို့ အဲ့ဒါနဲ့ဆိုင်တဲ့ အမှုတွေနဲ့ ဖမ်းဆီးခံထားရတယ်လို့တော့ သိရတယ်။ သူတို့တွေက ကျောက်ကြီးနဲ့ ရွှေကျင်မြို​ပေါ်တွေတက်ပြီး စျေးမဝယ်ရဲလို့ ကျောက်တံခါးလာဝယ်ရင်းကနေ ဖမ်းဆီးခံရတာ။ ခုတော့ ကျောက်တံခါးရဲစခန်းမှာ ဖမ်းခံထားရတယ်။ ကျန်တဲ့ အသေးစိတ်အခြေနေတော့ မသိရဘူး"

ယင်းမာပင်တိုက်ပွဲမှာ စစ်တပ်ကလေကြောင်းပစ်ကူလို့ PDF ၃ ဦးသေဆုံး၊ အဘွားအိုတဦးပါ အသတ်ခံရ

သေဆုံးရဲဘော်များမှာ ယင်းမာပင်ခရိုင် ကွပ်ကဲရေးတပ်ရင်းမှ ရဲဘော် အောင်အောင် ၂၆ နှစ်နဲ့ အခြားရဲဘော် ၂ ဦးဖြစ်ပြီး ၃ ဦးစလုံးက တိုက်ပွဲအတွင်း နမခ ကနေတက်လာတဲ့ Mi35 လေယာဥ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့တာလို့ သိရပါတယ်။

ညောင်လေးပင်ရှိ စစ်ကောင်စီတံတားစစ်ဆေးရေးဂိတ် ဒရုန်းနဲ့ဗုံးကြဲခံရလို့ တဦးသေဆုံး

“**ဗိုလ်တယောက်နေတဲ့ တဲရှေ့ကျပြီး ပေါက်ကွဲတယ်။ အဝေးဆုံး ၁၀ ပေပေါ့၊ **ရော၊ပျူရော ရွာဘက်ကို ထွက်ပြေးကြတယ်။ တယောက်သေတာတော့ သေချာတယ်၊ တခြားထိခိုက်ဒဏ်ရာ ရနိုင်ချေတွေလည်းရှိတယ်။ သူတို့က လက်နက်ကြီးတွေ တအားထုပြီး ပြည်သူကိုအမျိုးမျိုး သောကပေးနေတာ၊ များများတောင် ပစ်စေချင်တယ်”

မြင်းမူမှာ စစ်အုပ်စုက ရွာသားတဦးကိုပစ်သတ်၊ ဘုန်းကြီးကျောင်းဆောက်မယ့်အလှူငွေကိုပါ လုယူ

"ဦးပဥ္ဇင်းကျောင်းပေါ် တက်လာပြီး လွယ်ထားတဲ့အိတ်ထဲက ဘာတွေလည်းဆိုပြီး ပိုက်ဆံတွေမြင်တော့ လုသွားတာ။ ပိုက်ဆံ ၂၆ သိန်းနဲ့ ရွှေက ၂ ကျပ်သား ဦးပဥ္ဇင်းက ကျောင်းဆောက်ဖို့ငွေတွေပါဆိုလို့ စစ်သားတယောက်က ရွှေတကျပ်သားကို ပြန်ပေးသွားတာ"

PDF စိုးမိုးထားတဲ့ ဝက်လက်မြို့ပေါ်မှာ Non-CDMဝန်ထမ်းတွေ ရိက္ခာပြတ်လပ်

"မြို့ပေါ် သုံးရပ်ကွက်လောက်ပဲ သွားလာလို့ရပြီး စားသောက်ကုန်ကအစ အဲ့ထဲကဝယ်စားနေရလို့ သာမန်ထက်ကို စျေးအရမ်းကြီးတယ်။ ဒီကြားထဲ ပညာရေးရုံးလည်း ဗုံးထုခံရတော့ အကုန်ကျီးလန့်စာစားဖြစ်ပြီး (စကစကို) အကူအညီ တောင်းထားကြတယ်။ ဝက်လက်နယ်ကို ပြန်ထိန်းချုပ်ပေးမယ်လို့တော့ သတင်းကြားတယ်" လို့ ဝက်လက်မြို့ပေါ်က Non-CDM ဝန်ထမ်းတဦးက ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10