သတင်းတို

လက်နက်ကိုင်လမ်းစဥ်ကို စွန့်လွှတ်ကာ နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ PDF အပါ လက်နက်ကိုင်အဖွဲ့တွေကို စစ်ကောင်စီဖိတ်ခေါ်

နိုင်ငံတော်မှာ ဖြစ်ပေါ်နေတဲ့ ဆုံးရှုံးနစ်နာမှုတွေက်ို ထောက်ရှုပြီးတော့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းတွေ၊ PDF အဖွဲ့အစည်းတွေအနေနဲ့ လက်နက်ကိုင်လမ်းစဥ်ကို စွန့်လွှတ်ကာ ပါတီနိုင်ငံရေးလမ်းကြောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းတွေနဲ့ နိုင်ငံရေးပြဿနာကို ဖြေရှင်းဖို့ ကမ်းလှမ်း ဖိတ်ခေါ်တယ်လို့ ဆိုပါတယ်။

တံတားဦးမှာ စစ်တပ်က နေ့စဥ်နီးပါးပေါ်တာဆွဲဖမ်းဆီးနေ

"မနက် ၆ နာရီလောက်ဆို သူတို့ (စကစပူးပေါင်းအဖွဲ့)ရောက်နေပြီ။ လာသမျှဆိုင်ကယ်တွေ အကုန် တားပြီး ယောကျာ်းလေးမှန်သမျှ အကုန်ခေါ်တာ။ ကားပေါ်ဆွဲတင်တယ်။ ပြီးရင် တံတားဦး မြို့နယ်ထွေအုပ်ရုံးထဲကို ပို့တယ်။ အဲဒီမှာ လူပြန်စစ်တယ်။ အသက် ၄၀ ကျော်၊ ၅၀ တွေရော ပါတယ်။"

တော်လှန်ရေးတပ်တွေ သိမ်းယူထားတဲ့ စဉ့်ကူးမြို့မြင်ကွင်း (Photo News)

တော်လှန်ရေးတပ်တွေသိမ်းယူထားတဲ့ စဉ့်ကူးမြို့ကို တိုက်ပွဲတွေအပြီး ယခုစက်တင်ဘာလအတွင်းမှာ တွေ့မြင်ရတဲ့ မြင်ကွင်းတွေ ဖြစ်ပါတယ်။

ရေစကြို မင်းရွာက ပျူစောထီးစခန်း ၃ ရက်ဆက် ဒရုန်းနဲ့ဗုံးကြဲခံရ (ရုပ်/သံ)

စက်တင်ဘာ ၂၁ ရက်မှာ ဗုံးသီး ၉ လုံး၊ ၂၂ ရက်မှာ ဗုံးသီး ၁၁ လုံးနဲ့ ၂၃ ရက်မနက်ပိုင်းမှာပါ ဗုံးကြဲချခဲ့တာလို့ တိုက်ခိုက်မှုမှာပါဝင်တဲ့ ရဲဘော်ညီနောင် PDF သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ကင်းစောင့်နေတဲ့စစ်သားကို PDF က သေနတ်ထောက်ဖမ်းခေါ်ပြီး လက်နက်တွေပါသိမ်းဆည်းနိုင်

“ရန်သူ့စခန်းအနားကိုရောက်တဲ့အချိန် ကင်းစောင့်ရင်း ဖုန်းသုံးနေတဲ့ စစ်ကောင်စီတပ်သားတဦးကို သေနတ်နဲ့ထောက်ပြီး ဖမ်းခေါ်ခဲ့တာ။ ကျနော်တို့ ဖမ်းဆီးတဲ့အချိန် ပြန်လည်ခုခံခြင်းမရှိလို့ ဖမ်းဆီးနိုင်ခဲ့တာ။"

အိုးဝေမောင်းသူတွေ မကြာခဏသတ်ခံနေရလို့ ခရီးသည်ရွေးပြီးလက်ခံနေရ ■ ပုသိမ်ကြီးကပြန်လာတဲ့ အိုးဝေယာဥ်မောင်းတဦးလည်း ပျောက်နေ

“အခုလိုတွေ အသတ်ခံရ အလုခံရလို့ တောင်းဆိုမှုကလုပ်လို့လည်းမရပါဘူး။ တိုင်းပြည်အနေအထားကိုယ်က တရားဥပဒေစိုးမိုးမှုနည်းနေတဲ့ အနေအထားကြီး ဖြစ်နေတာကို။ အခုနောက်ပိုင်း ကျနော်တို့က ကိုယ့်အသိအလိမ္မာနဲ့ ကိုယ်ပေါ့။ ဒီလိုဖြစ်ပြီးနောက်ပိုင်း လူပြတ်တဲ့နေရာတို့ဘာတို့ဆို မလိုက်တော့ဘူး။ အစွန်အဖျားတွေ ရပ်ကွက်သိပ်ပြီးမသန့်ဘူးထင်တဲ့နေရာတွေဆို မလိုက်ကြတော့ဘူး။”

တလအကြာ မန္တလေးကထွက်သွားတဲ့ စစ်သင်္ဘောတွေ လမ်းမှာအကြိမ်ကြိမ်တိုက်ခိုက်ခံရ ■ စစ်သင်္ဘောတွေ ဒီနေ့ဝင်လာနိုင်ပြီး မန္တလေးဂေါဝိန်ဆိပ်အနီး အစစ်ဆေးတင်းကျပ်

သြဂုတ်လကတည်းက စစ်သားတွေအပြည့်တင်ပြီး မန္တလေးကထွက်သွားတဲ့ စစ်သင်္ဘောတွေ စက်တင်ဘာ ၂၆ ရက် ဒီကနေ့မှာ မန္တလေးကို ပြန်ရောက်လာနိုင်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

စစ်တပ်နဲ့ပေါင်းပြီး လူငယ်တွေကိုဖမ်းဆီးနေတဲ့ ရာအိမ်မှူး သိန်းဦး နေအိမ်မှာပဲသတ်ခံရ

“သူ့ကိုရှင်းလင်းဖို့က အချိန်ယူရတယ်။ ကျနော်ရဲဘော်တွေကို အဲ့နေရာကို အတွင်းကျကျလွှတ်ထားရတယ်။ လွှတ်ထားပြီးမှ ဒီလူကသေချာပြီလား ရာအိမ်မှူးလုပ်နေတဲ့သိန်းဦးက ပြည်သူ့ဘက်ကရပ်တည်နေလား စစ်**တွေဘက်က အမာခံလုပ်နေတာလားဆိုတာကို ကျနော်တို့ သတင်းအချက်အလက်တွေ ရအောင်ယူတယ်၊ ယူပြီးကာမှ အဲလိုမျိုးရှင်းလင်းခဲ့ရတာပါ ။”

မြိုင်ရိပ်ဝေစစ်ရှောင်စခန်းမှာ ရေကြီးလို့ စစ်ရှောင်တွေ နေရာပြောင်းရွှေ့နေရ

"ချောင်းမှာလှမ်းထားတဲ့အဝတ်တွေ ဖိနပ်တွေ ထင်းတွေ ရေနဲ့မျောကုန်တယ်။ လူတွေမျောတာ သေတာမရှိပါဘူး။ အိမ်သာတွေလည်း ရေမျောသွားတယ်"

နတ်မောက်မှာ အုပ်ချုပ်ရေးမှူးဟောင်းဇနီး စစ်တပ်သတင်းပေးအမျိုးသမီးတဦး အသတ်ခံရ

"သူ့ရွာမှာက ထပ်ရှင်းရမယ့်သူတွေက အများကြီး။ အဲ့လူတွေပါ ထပ်သတ်နေရင် အများကြီး သတ်နေရမှာမို့လို့ ဒါကိုနမူနာအနေနဲ့ လုပ်ပြတာဖြစ်တယ်။ သူကအဲ့ရွာမှာဆို အဆိုးဆုံးပဲ။"

၅ နှစ်အရွယ်ကလေးငယ်ကို အဓမ္မပြုနှိပ်စက်ခဲ့သူတွေထဲက အမျိုးသားကို ဖမ်းဆီးထား

"နစ်နာသူမိသားစုဘက်က အမှုဖွင့်ထားတော့ သူတို့ဘက်က စခန်းမှာလာရှင်းချိန် တခါတည်း ဖမ်းထားလိုက်တာ။ ဖမ်းတော့ ဖမ်းထားတယ်။ လွတ်အောင် ညှိဖို့ကြိုးစားနေတယ်။ ဒီဘက်ကလည်း ဝိုင်းဖိတော့ ညှိလို့မရတော့ဘူး ဖြစ်သွားတယ်"

စစ်တောင်းမြစ်ဝှမ်း ရေတာရှည်စစ်ဆင်ရေးအဖြစ် တောင်ပိုင်းတိုင်းနဲ့ နေပြည်တော် PDF ပူးပေါင်းကာ စစ်ကောင်စီကိုတိုက်ခိုက် (ရုပ်/သံ)

ရေတာရှည်မြို့နယ်၊ ရွာသစ်ကျေးရွာအတွင်းမှာ ရေတာရှည်နဲ့ ဆွာမြို့က စစ်ကောင်စီတပ်သားတွေ အင်အား ၅၀ ကျော်နဲ့ တပ်စွဲထားတဲ့စခန်းကို စက်တင်ဘာ ၂၃ ရက်က တိုက်ခိုက်ခဲ့တာလို့ နေပြည်တော် PDF ၉၀၁ တပ်ရင်း တာဝန်ခံတဦးက ပြောပါတယ်။

ရေစကြိုက ဆင်မရဲရွာစစ်စခန်းကို ရက် ၂၀ကျော်ကြာတိုက်ခိုက်ပြီးနောက် သိမ်းပိုက်နိုင်ခဲ့ ■ တပ်ကြပ်ကြီးတဦးနဲ့ ပြည်သူ့စစ်ခေါင်းဆောင်သေဆုံးပြီး လက်နက်ခဲယမ်းအချို့ရရှိ (ရုပ်/သံ)

"ဒရုန်းနဲ့က မြေပြင်ဝင်ရောက်မတိုက်ခိုက်ခင်အချိန်ထိ ဗုံးကြဲချခဲ့တာ။ စစ်**တွေ အထိုင်ချနေတဲ့ အထက်တန်းကျောင်းနေရာတွေ၊ ရွာလယ်မှာရှိတဲ့ အုပ်ချုပ်ရေးမှူး ပျူခေါင်းဆောင် ကျော်တိုးအိမ်၊ ရွာတောင်ဖျားမှာရှိတဲ့ ဘန်ကာတွေကို အဓိကထားဗုံးကြဲခဲ့တာ"

ကျေးရွာရဲစခန်းက ကင်းပတ်လာတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရလို့ ၂ ဦးသေဆုံး ၁၀ ဦးဒဏ်ရာရ (ရုပ်/သံ)

တိုက်ခိုက်မှုမှာ စစ်အုပ်စုဘက်က သေဆုံးသူ ၂ ဦးကိုတော့ ရဲဘော်တွေ ကိုယ်တိုင်မြင်ခဲ့ရပြီး ၁၀ ဦးဝန်းကျင်ဒဏ်ရာရတဲ့အကြောင်းကို ဒေသခံပြည်သူအချို့ရဲ့ သတင်းပေးပို့ချက်အရ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အောင်လံမြို့ပေါ်မှာတိမ်းရှောင်နေတဲ့ ပျူခေါင်းဆောင်အုပ်ချုပ်ရေးမှူးနဲ့တပည့် ပစ်ခတ်ခံရပြီး သေဆုံး

"အခင်းဖြစ်တဲ့နေရာမှာတော့ မြင့်ဆွေသေတယ်။ ဆေးရုံမှာကျတော့ သူတပည့်သေတယ်။ အရပ်သားကတော့ ဒဏ်ရာရတယ်။ သူတပည့်ဆိုတာကလည်း မြို့ပေါ်ရောက်မှခေါ်ထားပြီး သူသွားလေရာ ခေါ်သွားနေတဲ့ကောင်လေးပါ။"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10