သတင်းတို

ခြုံကြီးရွာမှာအသတ်ခံလိုက်ရတဲ့ PDF ရဲဘော်ရဲ့မိသားစုကို ငွေကျပ် ၁၀ သိန်းထောက်ပံ့

အသတ်ခံခဲ့ရတဲ့ အသက် ၂၄ နှစ်အရွယ် ရဲဘော် အောင်ဖြိုးဇော် (ခ) ဘောကြီးရဲ့ မိသားစုဝင်တွေကို စက်တင်ဘာ ၁၉ ရက်မှာ MOD ကိုယ်စား သွားရောက်ထောက်ပံ့ပေးခဲ့တာလို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ရေဘေးလှူပြီးပြန်လာတဲ့ကား တိမ်းမှောက်လို့ သံဃာတော်တွေအပါ ၈ ဦးဒဏ်ရာရ

"အရှိန်များပြီး လမ်းလယ်ကျွန်းပေါ် တိမ်းမှောက်သွားတာလို့ သိရတယ်။ ရမည်းသင်းဘက်က ရေဘေးလှူပြီးပြန်လာကြတာ။ သံဃာတွေလိုက်လာတဲ့ကားပါ"

ဒီပဲယင်းမြို့က စစ်တပ်ရဲ့နေရာ ၅ ခုကို တပြိုင်နက်တိုက်ခိုက်ခံရလို့ ဒဏ်ရာရသူတွေရှိ (ရုပ်/သံ)

“သူတို့ မြို့ထဲမှာပဲနေတာ။ ကျနော်တို့ အရင်တခါစခန်းသိမ်းပြီး အခု ပြန်နေတာဆို ၁ လလောက်တော့ ရှိသွားပြီ။ တနေရာမှာ အင်အား ၂၀ လောက်ရှိတယ်။ ပစ်ခတ်မှုအတွင်း သူတို့ဘက်ကလူတွေကို ဆွဲခေါ်သွားတာတွေကို မျက်မြင်တွေ့တယ်။ ကျနော်တို့ဘက်ကတော့ ထိခိုက်မှုမရှိပါဘူး။ ”

မုန်တိုင်းအရှိန်ကြောင့် ၅ ရက်အတွင်း ပဲခူး၊ မကွေးနဲ့ မန္တလေးတိုင်းမှာ မိုးကြီးနိုင်၊ ရေကြီးမြေပြိုမှုအန္တရာယ်ပါ သတိပြုဖို့လိုအပ်

စက်တင်ဘာ ၂၀ ရက် မနက်ဖြန်ကစပြီး စက်တင်ဘာ ၂၅ ရက်အထိ နေပြည်တော်၊ မန္တလေး၊ မကွေး၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီ၊ တနင်္သာရီတိုင်းနဲ့ ရှမ်း၊ ချင်း၊ ကယား၊ ကရင်၊ မွန်ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသတွေမှာ ဒေသအလိုက်မိုးကြီးတာနဲ့ နေရာကွက်ပြီးမိုးကြီးတာအပြင် လေပြင်းတိုက်ခတ်တာတွေ ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။

စစ်တပ်ကသွားလာရေးကန့်သတ်ထားလို့ ရေဘေးသင့်ကျေးရွာ ၁၀၀ ကျော်မှာ လုံလောက်တဲ့ ကူညီထောက်ပံ့မှုတွေမရ

"အကူအညီက ဒီဘက်ခြမ်းကို စကစဘက်ကပိတ်ထားလို့ ဘယ်အကူအညီမှမလာရဲဘူး။ အဲ့တော့ နယ်မြေခံ ပကဖ၊ ၃၅၀၁၊ ၃၅၀၂၊ ပုဝါနီစစ်ကြောင်း၊ ED စစ်ကြောင်းတွေက ရှာကြံပြီးကျွေးရတာ။ ဆန်၊ ဆီ၊ စားကုန်တွေက ဝေမျှထောက်ပံ့ပေးနေရတယ်။ လုံလောက်မှုတော့ မရှိဘူး။ တနေ့သုံးနပ်တော့ ရအောင်ကျွေးတယ်။"

မဒေါင်းလှရွာက စစ်သားနဲ့ပျူတွေ ရွာကထွက်ပြေး၊ နယ်မြေရှင်းလင်းရေးဝင်လုပ်ချိန် မိုင်းကွဲလို့ PDF ၅ ဦးဒဏ်ရာရ

“မနေ့က ပထမဦးဆုံး ရှင်းလင်းရေးအဖွဲ့ ဝင်တာ။ ဝင်တဲ့အခါကျတော့ မဒေါင်းလှရွာ စာသင်ကျောင်းရှိတယ်။ စာသင်ကျောင်းနဲ့ မီတာ ၅၀ လောက်အကွာမှာ နင်းမိုင်းတွေမြှုပ်ထားတာ။ အဲ့ဒီနင်းမိုင်းတွေကို နင်းမိတာ။ ရဲဘော် ၂ ယောက်ကတော့ ခြေထောက်ပေးဆပ်လိုက်ရတယ်။”

အုတ်တွင်းရေဘေးရှောင်စခန်းမှာ ရေဘေးသင့်ပြည်သူတွေအပါ လူ ၆၀ ကျော် အစာအဆိပ်သင့် (ရုပ်/သံ)

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ဝက်ဖြူကုန်းကျေးရွာ ရေဘေးရှောင်စခန်းနဲ့ ကျေးရွာထဲကလူတွေဟာ အလှူရှင်တွေလာလှူတဲ့ ဘဲဥဟင်းနဲ့ကြာဆံကြော်စားပြီး လူ ၆၀ လောက် အစာအဆိပ်သင့်ခဲ့တယ်လို့ ဒေသခံပရဟိတအဖွဲ့ဝင်တွေဆီက သိရပါတယ်။

ရေကြီးနေတဲ့ ခုံကြီးရွာကို တပတ်ကြာတဲ့အထိ ကယ်ဆယ်ရေးတွေမရောက်လို့ စားသောက်ရေး အခက်တွေ့နေ

“ဘယ်ကယ်ဆယ်ရေးအဖွဲ့ ခုချိန်ထိမရောက်သေးပါဘူး။ ဆန်၊ ဆားနဲ့ ဆီ အဓိကလိုအပ်နေတာ။ စားနပ်ရိက္ခာကလည်း ပြတ်နေပြီ။”

ရိက္ခာဖူလုံဖို့ စိုက်ပျိုးမွေးမြူရေးတွေ လုပ်ကိုင်လာတဲ့ BMT တပ်ဖွဲ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ် ရွေ့လျားစစ်ကြောင်း Budalin Mobile Team -BMT တပ်ဖွဲ့ဝင်တွေက တပ်ရိက္ခာအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ လုပ်ကိုင်နေကြပါတယ်။

စစ်တပ်က သေနတ်နဲ့ပစ်ခဲ့တဲ့အမျိုးသားတဦး ဒဏ်ရာပြင်းထန်လို့ ဆေးရုံတင်ထားရ

“ဆိုင်ကယ်စီးလာတာမှာ ဆိုင်ကယ်ဦးထုပ်မဆောင်းလို့ ရပ်ခိုင်းတာမှာ မရပ်လို့ဆိုပြီး စစ်အုပ်စုကပစ်တာ။ နောက်ကျောကနေ ရင်ဘတ်ကို ကျည်ဆန်က ထုတ်ချင်းပေါက်သွားတာ။”

အုတ်တွင်းရေဘေးရှောင်စခန်းမှာ ရေဘေးသင့်ပြည်သူတွေအပါ လူ ၆၀ ကျော် အစာအဆိပ်သင့်

စက်တင်ဘာ ၁၈ ရက်ညနေပိုင်းမှာ ဝက်ဖြူကုန်းရေဘေးရှောင်စခန်းကိုလှူတဲ့ ဘဲဥချဥ်ရည်ဟင်းနဲ့ ကြာဆန်ကြော်တွေကို ကယ်ဆယ်ရေးစခန်းအတွင်းရှိ ရေဘေးရှောင်နေသူတွေနဲ့ ကျေးရွာနေပြည်သူ ၃၀၀ ကျော်လောက်က စားခဲ့ကြပြီးနောက် ည ၉ နာရီမှာ အစားအသောက်တွေစားသုံးထားသူတွေထဲက ကလေးငယ်တွေအများစုအပါအဝင် လူဦးရေ ၆၀ လောက်မှာ မူးဝေအော့အန်တာ၊ နုံးချိတာတွေ ဖြစ်ခဲ့တာပါ။

လူမှုကွန်ရက်ပေါ်မှာ စစ်ကောင်စီကိုဝေဖန်တာနဲ့ လူထုလှုပ်ရှားမှုလုပ်လို့ ဖမ်းခံရသူ ၁၇၀၀ နီးပါးရှိပြီး အဖမ်းခံရသူအများဆုံးစာရင်းထဲ ပဲခူးနဲ့ပြည်မြို့ ပါဝင်

အွန်လိုင်းလူမှုကွန်ရက်တွေပေါ်ကနေ စစ်ကောင်စီကို ဝေဖန်ဆန့်ကျင်ရေးသားတာနဲ့ တော်လှန်ရေး လူထုလှုပ်ရှားမှုပြုလုပ်ကြတဲ့သူတွေကို စစ်ကောင်စီက စောင့်ကြည့်ဖမ်းဆီးအရေးယူခဲ့ရာမှာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီကနေ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအထိ ဖမ်းဆီးခံရသူ ၁၆၉၁ ဦးရှိခဲ့တယ်လို့ Data for Myanmar က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။

စစ်မှုထမ်းကြေးမတောင်းဖို့ပြောတဲ့ အဘိုးတဦးကို စစ်အုပ်စုကဖမ်းဆီး

“ပြည်သူတွေအဆင်မပြေလို့ စစ်မှုထမ်းကြေးမကောက်ဖို့နဲ့ စစ်တပ်ခိုင်းတိုင်းမလုပ်ဖို့ အုပ်ကြီးကိုပြောတာ။ အုပ်ကြီး ကိုမွှေးက အဲ့ဒီအကြောင်းကို စစ်တပ်ကိုပြန်ပြောလို့ လာဖမ်းသွားတာ။”

မလည်ရွာတိုက်ပွဲမှာ စစ်အုပ်စုဘက်ကလည်း လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်ထက်မနည်းပြုလုပ်ခဲ့

“မနေ့ကတည်းက မနက်ခင်းမှာရော လေကြောင်းတိုက်ခိုက်မှု တမနက်လုံးလုပ်တယ်။ ပြီးတော့ ဒီမနက်လည်း လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေတာ။ အခုချိန်ထိ စက်သေနတ်တွေရော ရော့ကတ်တွေရော ဗုံးသီးတွေရော ကြဲတယ်။ လေကြောင်းပစ်ခတ်မှုက တခါလုပ်ရင် နာရီဝက်ကြာတယ်။ အိမ်တွေတော်တော်များ မီးလောင်တယ်၊ ဘုရားတွေလည်း ပျက်စီးတယ်။”

ရေစကြိုမြို့ပေါ်ရပ်ကွက်ထဲကို စစ်တပ်က ရုတ်တရက်ပစ်ခတ်စစ်ဆေးလို့ ဒေသခံတွေတိမ်းရှောင်ရ

“PDF တွေလာတယ်အထင်နဲ့ ရပ်ကွက်ထဲက အိမ်တွေဝင်ရှာ၊ မွှေပြီးတော့ လမ်းတွေထဲကို သေနတ်တွေနဲ့ပစ်တာ။ တောက်လျှောက်ကို မနားတမ်းပစ်တာ။ PDF တွေ ခင်ဗျားတို့ရပ်ကွက်ထဲကို လာလား၊ မြင်လားဆိုပြီး ပြည်သူတွေကို လိုက်မေးတယ်။ ခင်များတို့မလိမ်နဲ့ လိမ်ရင်သတ်ပစ်မယ်ဆိုပြီးလည်း ပြောတယ်။”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10